Channel Myanmar

Muthukumar

Visaranai (2015) 8.4
Visaranai (2015) Visaranai (2016) "ထောင်ချောက်"CM ပရိသတ်ကြီးအတွက် ဖြစ်ရပ်မှန်ဝတ္ထုတစ်ပုဒ်အား ပြန်လည်အသက်သွင်းထားတဲ့ တကားအဟောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရီဗျူးကောင်းတွေရထားသလို ဒီရုပ်ရှင်ထဲက အကြောင်းအရာတစ်ချို့ကြောင့် အတော်လေးလူပြောစရာဖြစ်ခဲ့ပြီး သရုပ်ဆောင်တွေကိုအမှန်တကယ် ရိုက်နှက်ခဲ့တယ်ဆိုကာ ဝေဖန်ခံခဲ့ရပါသေးတယ်တေလဂူးစကားပြောတဲ့ အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာ တမီးလ်ရွှေ့ပြောင်းလုပ်သားတွေက ဘာသာစကားတောင် မတတ်ဘဲ ပင်ပင်ပန်းပန်းရပ်တည်ကြရပါတယ်အိမ်ခြေရာမဲ့ တမီးလ်အလုပ်သမားလေးယောက်ဟာ ပန်းခြံထဲမှာအိပ် ကြုံရာကျပန်းလုပ်ကိုင်ကြရင်း ဘုမသိဘမသိ ရဲဖမ်းတာခံလိုက်ရပြီး စခန်းရောက်တော့ ဘာမပြောညာမပြော ရိုက်နှက်စစ်ဆေးခံရပါတယ်ဘာအကြောင်းရင်းမှ မသိဘဲ ဒုစရိုက်ကျော့ကွင်းထဲ သွတ်သွင်းခံလိုက်ရတဲ့ သူတို့တွေ ဘာဆက်ဖြစ်မှာလဲ ဘယ်လိုမြှုပ်ကွက်တွေရှိနေမှာလဲ ...တမီးလ်မဆလာရုပ်ရှင်တွေနဲ့ ကွဲထွက်နေတဲ့ ဒီရုပ်ရှင်လေးမှာ ပရိသတ်ကြီး ခံစားအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…1.79GB / 851MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Visaranai (2015)

Rathnam (2024) 8.4
Rathnam (2024) Rathnam 2024 (ပတ္တမြားမှန် နွံမနစ် )*******************************မူရင်းအသံ Tamilဗားရှင်းပြန်လည် UPDATEပေးထားပါပြီဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ထွက် တမီးလ်ဘာသာစကားပြော အက်ရှင်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။IMDb rating အနေနဲ့ကတော့ 8.4 အထိတောင် ရရှိထားလို အတော်လေး ကြည့်လို့ကောင်းမှာကတော့ အသေအချာပါပဲ။ဒီဇာတ်ကားကို ဒါရိုက်တာ Hari ကနေ ရိုက်ကူးထားပြီးတော့ 2023 ခုနှစ်က ထွက်ရှိထားတဲ့ Mark Antony ဇာတ်ကားမှ မင်းသားချော Vishal မှလည်း ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။သူတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အားလုံးရဲ့ အချစ်တော် ဟာသသရုပ်ဆောင် Yogi Babu ကလည်း ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်ကားအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ရာသ်နမ်ဆိုတဲ့ လူဟာ MLA ပါနီးရ်ဆယ်လ်ဗမ်ရဲ့ လက်အောက်မှာ လက်မရွံနောက်လိုက်တစ်ယောက်အနေနဲ့ အလုပ်လုပ်ရင်း ဇာတ်ကားရဲ့ အစ‌မှာတော့ အန်ဒရာ-တမီးလ်နာဒူနယ်စပ်မှာ အကြီးစားဓားပြတိုက်မှုတစ်ခုနဲ့ စတင်ခဲ့ပါတယ်။နာမည်ကြီး မင်းသမီးချော Priya Bhavani Shankar သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်မိန်းကလေးမာလီဂါဟာ အင်တာဗျူးဖြေဖို့ ဗဲလ်လောရ်ကို လာတဲ့အချိန်မှာတော့ ရာသ်နမ်နဲ့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာတော့ ဒီမိန်းကလေးရဲ့ မိသားစုပိုင်ဆိုင်တဲ့မြေယာ ကိစ္စနဲ့ပတ်သက်တဲ့ အငြင်းပွားစရာတွေ ဖြစ်လာသလို သူမဟာလည်း အန်ဒရာအခြေစိုက်ကြေးစားဂိုဏ်တစ်ခုရဲ့ ...
movie

Rathnam (2024)

Kuiko (2023) 6.8
Kuiko (2023) Kuiko 2023 (ကိုလူကြမ်းတို့ဘဝအဖုံဖုံ)IMDb-7.7/10ဟာသမင်းသားကြီး ယိုဂီဘာဘူနဲ့ တမီးလ်မင်းသားကြီး Vidharth တို့ပါဝင်ထားတဲ့ Netflix ကနေထုတ်လွှင့်လာတဲ့ ဟာသဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဒဿနပေါင်းများစွာနဲ့ ဘဝကြီးကိုပုံဖော်နေတဲ့ ကျောင်းဆရာတစ်ယောက်က ဆေးလိပ်ခိုးသောက်နေတဲ့ ကျောင်းသားတွေဆီက အကြံနဲ့ဆေးလိပ်လုသောက်ပြီး ဆေးလိပ်ဒဿနဖွင့်နေတဲ့အချိန် ကျောင်းအုပ်ကြီးနဲ့တွေ့ပြီး အလုပ်ထုတ်ခံလိုက်ရပါတယ် အလုပ်မရှိဝင်ငွေမရှိနဲ့ ချန်နိုင်းမှာလုပ်မဲ့ IPL ပွဲကြည့်ချင်စိတ်ပြင်းပြလာတော့ ရှေ့အကြွေးတွေမဆပ်ရသေးတဲ့ ဦးလေးဆီကိုပဲ မျက်နှာပြောင်တိုက် ထပ်ချေးငှားရတာပေါ့ဦးလေးဖြစ်သူဟာလည်း ငွေတိုးပေးစားနေပေမဲ့ အရမ်းသနားတတ်တော့ ငိုပြလိုက်ချေးလိုက် ပြန်မရလိုက်နဲ့ သဘောမနောကောင်းငွေတိုးရှင်ကြီးပါတဲ့။ ဇာတ်‌လိုက်ကျော်ယိုဂီဘာဘူကြီးကတော့ ဆော်ဒီရောက် အသဲကွဲသမားလေး။ မိခင်ဖြစ်သူနာရေးကြောင့် ဇာတိကိုပြန်လာမဲ့သူ။ဒီနာရေးမှာ အခေါင်းအတွက် ချေးငှားပေးရသူက သဘောမနောကောင်းငွေတိုးရှင်ကြီး။ IPL ပွဲသွားကြည့်ချင်တဲ့ အလုပ်လက်မဲ့ ဒဿနကျောင်းဆရာလေးက ဒီအခေါင်းကို လိုက်တာဝန်ယူစောင့်ရှောက်ပေးရမဲ့သူ။ ဒီသုံးယောက်ရဲ့ အလွဲအချော်လေးတွေက တဟားဟားရယ်မောရတာမဟုတ်ဘဲ ကြည့်ရင်းတွေးရင်းသဘောပေါက်ရင်းပြုံးမိရင်း ရှုစားရမဲ့ဇာတ်လမ်းတစ်ပုဒ်ပါအညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.68GB  / 1.2GB Quality…WEB DL 1080p /720p Format…mp4 Duration…1h 54m Subtitle….Myanmar ...
movie

Kuiko (2023)

2023
Pathu Thala (2023) 7.8
Pathu Thala (2023) Pathu Thala 2023 (IMDb 7.8/10)ယခုတခါ တင်ဆက်ပေးမှာက ဒီနှစ်မှထွက်လာတဲ့ တောင်ပိုင်းတမီလ်စကားပြော မှုခင်းအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်AGR ဆိုတာ တမီနဒူလ်ပြည်နယ်မှာ နောက်ကွယ်ကအစိုးရလို့တောင်ပြောလို့ရပါတယ် သူတို့သဘောကျတဲ့ပါတီ သူတို့နဲ့အဆင်ပြေတဲ့သူမှဝန်ကြီးချုပ်ဖြစ်တဲ့အထိ ဩဇာကြီးမားတဲ့အဖွဲ့အစည်းပါ တစ်ရက်မှာလက်ရှိဝန်ကြီးချုပ်ကို အဲ့အဖွဲ့ကပြန်ပေးဆွဲပြီး သူတို့အလိုကျ ဝန်ကြီးချုပ်တစ်ယောက်ကိုတင်ပေးလိုက်ပါတယ်ဒါကိုလိုက်စုံစမ်းဖို့ ရဲတစ်ယောက်က ဂိုဏ်းစတားအသွင်ယူပြီး တစ်ဆင့်ပြီးတစ်ဆင့်ယုံကြည်မှုရအောင် လုပ်ပါတော့တယ် ထိုအချိန်မှာပဲ AGR ပြုသမျှကို ခေါင်းငုံ့မခံတဲ့ အမျိုးသမီးအရာရှိတစ်ယောက်ကလဲ အဲ့နယ်ကိုပြောင်းလာတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ပရိသတ်ကြီးပဲ အက်ရှင်ခန်းတွေမြိုင်မြိုင်နဲ့ ကြည့်ရှုရမှာဖြစ်လို့ ကိုယ်တိုင်ပဲဆက်ခံစားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…2.95GB  / 1.3GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Nyein~Sai~Yunni~BpL
movie

Pathu Thala (2023)

2023
Mahaan (2022) 8.5
Mahaan (2022) Mahaan (2022) ------------------------- ယခုနှစ်မှထွက်ရှိလာတဲ့အိန္ဒိယတောင်ပိုင်း ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ မဟတ္တမဂန္ဒီကို လေးစားအားကျတဲ့မိသားစုမှာမွေးဖွားလာတဲ့ဂန္ဒီမဟန်ဆိုတဲ့လူတစ်ယောက်အကြောင်းကိုအခြေခံပြီး တင်ဆက်ထားတာပါ။ဂန္ဒီမဟန်ရဲ့အဖိုးနဲ့အဖေဟာ မဟတ္တမဂန္ဒီကိုအင်မတန်လေးစားတာကြောင့်သူ့ရဲ့နာမည်ကိုပါဂန္ဒီလို့ပေးထားတဲ့အပြင် မဟတ္တမဂန္ဒီနဲ့မွေးနေ့တစ်ရက်ကွာနေလို့မွေးစာရင်းမှာပါ တစ်ရက်စောသွင်းလိုက်တဲ့အထိပါပဲ။ နောက်တော့သူကိုယ်တိုင်ကလည်းမဟတ္တမဂန္ဒီကိုစံပြအဖြစ်သတ်မှတ်ထားတဲ့ နာချီဆိုတဲ့အမျိုးသမီးနဲ့လက်ထပ်ခဲ့ပါတယ်။နာချီဟာအရမ်းကိုစည်းကမ်းတင်းကြပ်ပြီး ဟောလီးဝုဒ်ဇာတ်ကားတွေရဲ့ပိုစတာကိုမြင်ရင်တောင်သူ့သားကိုမျက်လုံးပိတ်ထားခိုင်းတဲ့အထိပါပဲ။ ဘာကြောင့်လဲဆိုတော့ ဟောလီးဝုဒ်ဇာတ်ကားတိုင်းမှာကြမ်းတမ်းပြီးညစ်ညမ်းတဲ့ဇာတ်ဝင်ခန်းတွေပါဝင်တယ်လို့ သူကယုံကြည်ပါတယ်။ဂန္ဒီမဟန်အနေနဲ့ကတော့ သူ့ဘေးကလူတိုင်းဟာ ဂန္ဒီကိုအတိုင်းထက်အလွန်ကိုးကွယ်နေကြရုံမကသူ့ကိုပါအမြဲဖိအားပေးလေ့ရှိတာကြောင့် ဂန္ဒီအကြောင်းကြားရင် စိတ်အနှောင့်အယှက်ပါဖြစ်လာတဲ့အထိပါပဲ။သူ့အမြင်မှာတော့ မဟတ္တမဂန္ဒီရဲ့လမ်းစဥ်ဟာ တချို့နေရာမှာတရားသဘောနဲ့မကိုက်ညီရင်တောင် လွပ်လပ်ပျော်ရွှင်မှုကိုရှာဖွေဖို့ဖြစ်ပါတယ်။ဒီလိုနဲ့ပဲ သူ့မိန်းမနဲ့အ ဖေရဲ့ဖိအားပေးမှုတွေကြောင့် သူတို့ပြောသလို မဟတ္တမဂန္ဒီရဲ့နေထိုင်မှုပုံစံအတိုင်းနေလာခဲ့ရင်းအသက်လေးဆယ်အရွယ်မှာတော့ သူ့ရဲ့ငယ်သူငယ်ချင်းစက်သီယန် နဲ့အမှတ်မထင်ပြန်လည်တွေ့ဆုံခဲ့ပါတယ်။စက်သီယန်က အဲဒီအချိန်မှာသူ့အဖေရဲ့အရက်ချက်လုပ်ငန်းကိုဆက်ခံထားသူဖြစ်ပြီးတော့ဂန္ဒီမဟန်ကလည်းသူနဲ့ပြန်ပေါင်းမိတဲ့အချိန်မှာ အရင်ကမလုပ်ဖူးတဲ့မကောင်းမှုတွေကိုဆက်တိုက်လုပ်ရင်း မဟတ္တမဂန္ဒီကိုမုန်းတီးသူတစ်ယောက်ပါဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ဆက်သွားရင်းသူ့ဘဝအတွက်အရမ်းကိုအရေးပါတဲ့ရွေးချယ်မှုတစ်ခုကိုလုပ်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့...။လူတွေမြင်ဖူးနေကျဇာတ်လမ်းမျိုးလည်းမဟုတ်တဲ့အပြင်ဇာတ်ကားကပုံမှန်ထက်ကြာပေမယ့် ပျင်းစရာမကောင်းသလို ကြည့်ရကျိုးလည်းနပ်မယ့်ကားကောင်းတစ်ကားဖြစ်လို့ ရုပ်ရှင်ပရိသတ်တွေ အထူးသဖြင့်တောင်ပိုင်းကားတွေကြိုက်တတ်ရင်တော့ မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။  File size…1.2Gb / 2.8GB Quality…720p WEB DL AAC 2.0  / 1080p HEVC  Format…mp4 / mkv Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Haruko & Shwe ...
movie

Mahaan (2022)

2022
1080p HEVC
Jagame Thandhiram(2021) 7.0
Jagame Thandhiram(2021) Jagame Thandhiram(2021) အညွှန်း*******************************IMDb...7.0အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ၂၀၂၁ ခုနှစ်ထွက် အမိုက်စား အိန္ဒိယ Action/Drama ကားလေးပဲဖြစ်ပါတယ်....ဒီဇာတ်ကားထဲမှာ ဇာတ်လိုက်မင်းသား ဆူရီလီ ဟာ အိန္ဒိယနိုင်ငံ  တမေးလ်နာဒူ ဒေသကသာမာန်စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်... ဒါ့အပြင် ကြံ့ခိုင်ထက်မြတ်တဲ့သူတစ်ယောက်ဖြစ်တဲ့ ဆူရီလီ ဟာ ဒေသတွင်းက ပြဿနာတွေကို အကြမ်းနည်းနဲ့ကိုင်တွယ်ဖြေရှင်းလေ့ရှိတဲ့အတွက် ဂိုဏ်းစတားတစ်ယောက်အဖြစ် နာမည်ကျော်ကြားတဲ့ သူလည်းဖြစ်ပါတယ်  .... တစ်နေ့မှာတော့ ဗြိတိန်နိုင်ငံက နာမည်ကြီး ဂိုဏ်းတစ်ခုဟာ လန်ဒန်မှာ သောင်းကျန်းနေတဲ့….သူတို့ရဲ့ပြိုင်ဖက် အိန္ဒိယလူမျိုးဂိုဏ်းတစ်ခုကို ချေမှုန်းဖို့အတွက် ကူညီပေးဖို့ တမေးလ်နာဒူဒေသရဲ့ နာမည်ကျော် ဆူရီလီ ကို ကမ်းလှမ်းလာပါတော့တယ်...အဲ့ဒီနောက်ဘာတွေဆက်ဖြစ် ဆက်ကြမ်းမလဲဆိုတာကိုတော့.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Thar Htet & Thaik San တို့ပဲဖြစ်ပါတယ်...File Size :1.4GB Quality : WEB-DL 720p Format…mp4 Duration…02:37:00 Genre :  Action, Comedy, Crime Subtitle : Myanmar Subtitle ...
movie

Jagame Thandhiram(2021)

HEVC 1080p 5.1