Channel Myanmar

Muretta Moss

Nightmare Pageant Moms (2023) 5.1
Nightmare Pageant Moms (2023)  Thriller ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမ်မလီနဲ့ ဆိုဖီတို့က သားအမိတွေပါ။ အမေဖြစ်သူ အမ်မလီက စီးပွားရေးလုပ်ငန်းတစ်ခုစဖို့ ပြင်ဆင်နေပြီး သမီးဖြစ်သူဆိုဖီကတော့ ကောလိပ်ဆက်တက်ရမယ့်ကျောင်းသူတစ်ဦးပါ။ ဒါပေမဲ့ အမ်မလီတို့သားအမိဟာ စီးပွားရေးကျပ်တည်းနေကြပါတယ်။တစ်ရက်မှာတော့ သူတို့သားအမိဟာ သူတို့ရဲ့အကျပ်အတည်းကိုဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းတစ်ခုကိုရှာတွေ့သွားပါတယ်။ ဒါကတော့ အမေနဲ့သမီး တွဲလျက်ပြိုင်ရတဲ့ အလှမယ်ပြိုင်ပွဲကို ၀င်ပြိုင်ပြီး ဆုကြေးငွေရယူဖို့ပါ။ ဒါပေမဲ့ အမ်မလီတို့သားအမိ သတိမထားမိလိုက်တာက ပြိုင်ပွဲက သူတို့ရဲ့ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ အက်ဒါလိုင်းလို့အမည်ရတဲ့အမေတစ်ဦးဟာ ဒီပြိုင်ပွဲကိုနိုင်ရဖို့အတွက် ဘာမဆိုလုပ်မယ့်သူတစ်ယောက်ဖြစ်နေတာကိုပါ။ ဒီလိုနဲ့ အလှမယ်ပြိုင်ပွဲကို၀င်ပြိုင်ကြရင်းနဲ့ အက်ဒါလိုင်းရဲ့ မကောင်းတဲ့လုပ်ရပ်တွေနဲ့ လျှို့ဝှက်ချက်တွေကိုပါ ဖော်ထုတ်ရဖို့ကြုံလာရတဲ့အခါမှာတော့... File size…(1.6 GB)/(800 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:26:00 Genre... Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie

Nightmare Pageant Moms (2023)

A Loud House Christmas (2021) 5.0
A Loud House Christmas (2021) A Loud House Christmas (2021)=======================ခရစ္စမတ်အချိန်အခါလည်းနီးပြီဖြစ်လို့ Loud မိသားစုရဲ့ ခရစ္စမတ်အမွှေဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။၂၀၁၆ ခုနှစ်ကစတင်ထွက်ရှိခဲ့တဲ့ “The Loud House” animated series ကို ကြည့်ဖူးတဲ့သူတွေဆိုရင်တော့ Loud မိသားစုကိုစိမ်းမှာမဟုတ်ပါဘူး။ မိသားစုဝင်စုစုပေါင်း ၁၃ယောက်ရှိပြီး အဖေ၊ အမေ၊ အစ်မညီမ ၁၀ယောက်နဲ့ တစ်ဦးတည်းသောသားလေးLincoln တို့ပဲဖြစ်ပါတယ်။ခရစ္စမတ်အတွက် သီးသန့်ရိုက်ကူးထားတဲ့ ဒီကားလေးမှာတော့ Loud မိသားစုက နှစ်စဉ်နှစ်တိုင်းခရစ္စမတ်ဆိုရင် မိသားစုဝင်တွေအားလုံးအိမ်မှာတစ်စုတစ်စည်းနဲ့ ပျော်ပျော်ပါးပါးအချိန်ကုန်ဆုံးကြပါတယ်။ အစဉ်အလာမပျက်ပေါ့။ ဒါပေမယ့် ဒီနှစ်ရဲ့ခရစ္စမတ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့်အိမ်မှာလူမစုံမယ့်အခြေအနေဖြစ်ခဲ့ရပြီး အဖေနဲ့အမေကလည်း ဒီခရစ္စမတ်ကိုတော့အိမ်မှာမနေဘဲ မိုင်ယာမီကိုခရီးထွက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအစီအစဉ်ကို Lincoln ကလွဲပြီးအကုန်သဘောတူကြပေမယ့် Lincolnကတော့လုံးဝခါးခါးသီးသီးနဲ့ ခရစ္စမတ်ဆိုအိမ်မှာလူစုံတက်စုံရှိရမယ်ပဲဇွတ်လုပ်နေပါတော့တယ်။ ဒီလိုနဲ့ Lincoln တစ်ယောက်အကြံတူဉာဏ်တူ သူငယ်ချင်းဖြစ်သူ Clyde နဲ့အတူ မိုင်ယာမီခရီးစဉ်ကိုဘယ်လိုပြန်အောင်ဖျက်မလဲ .. သူ့အကြံအစည်ရော အောင်မြင်ပါ့မလား .. အိမ်မှာမောင်နှမနှစ်ယောက်လောက်ပဲရှိရင်တောင် ရန်သတ်ပြီးထိန်းမနိုင်တာ ...
movie

A Loud House Christmas (2021)

2021