Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Muhammad Khan
6.7
13 Bombs (2023)
13 Bombs or 13 Bom Di Jakarta [2023] (IMDb 6.8/10)ဇာတ်လမ်းအစမှာ အင်ဒိုနီးရှားအစိုးရရဲ့ ငွေသယ်ကား တိုက်ခိုက်ခံရပါတယ်.. ဒါပေမယ့် အစောင့်တွေသာ သေသွားတယ် ငွေတွေကို ယူမသွားခဲ့ပါဘူး... ပိုက်ဆံတွေကို အနီးအနားက ပြည်သူတွေကသာ ယူသွားကြပါတယ်... ဒီအမှုဟာ အကြမ်းဖက်တိုက်ဖျက်ရေးဗျူရိုရဲ့ ခေါင်းပေါ်ကို ကျရောက်လာပါတော့တယ်... အစကတည်းက စီးပွားရေးအကြပ်အတည်း ရင်ဆိုင်နေရချိန်မှာ အခုလိုဖြစ်ရပ်မျိုး ပေါ်ပေါက်လာတာဟာ အစိုးရအတွက် ခေါင်းခဲစရာဖြစ်လာပါတယ်... ဒီနောက်မှာတော့ ဗျူရိုရဲ့ ဆာဗာထဲထိ ဖောက်ထွင်းဝင်ရောက်လာပြီးတော့ အကြမ်းဖက်သမားတွေက သတိပေးဗီဒီယိုထုတ်လွှင့်ခဲ့ပါတယ် … အဲ့ဒါကတော့ ဂျာကာတာမြို့တခွင် ဗုံး၁၂လုံးထောင်ထားပြီးတော့ ၈နာရီခြားတစ်ခါ ဗုံးခွဲမှာဖြစ်ကြောင်းနဲ့ Indodax ဆိုတဲ့ ငွေလွှဲအပ်ပလီကေးရှင်းကနေတဆင့် Bitcoin ၁၀၀ကို ပို့ပေးခဲ့ရင် ဗုံးခွဲမှုကို ရပ်တန့်ထားမယ်လို့ ပြောကြားခဲ့ပါတယ်... ဒီလိုနဲ့ Indodax ရဲ့ ပိုင်ရှင်နှစ်ယောက်ဖြစ်တဲ့ ဝီလ်နဲ့ အော့စ်ကို ထောက်လှမ်းရေးက ဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတော့တယ်... အကြောင်းပြချက်ကတော့ အကြမ်းဖက်မှုမှာ ပါဝင်ပက်နေလို့ဆိုတာပါပဲ... ဒီလိုနဲ့ သူတို့ကိုဖမ်းဆီးလိုက်သည့်တိုင် အကြမ်းဖက်အဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးမရဖြစ်နေပါတယ်... ဒီလိုနဲ့ ခြေရာခံကြည့်ရင်းက အကြမ်းဖက်အဖွဲ့ဟာ ...
movie
13 Bombs (2023)
2023
5.5
Susuk (2024)
Susuk (2024) အညွှန်းဒီအင်ဒိုသရဲကားကိုမကြည့်ခင်မှာ အားလုံးကို Susuk ရဲ့ အဓိပ္ပါယ်ကိုရှင်းပြပါမယ်။ Susuk ဆိုတာ ရွှေအပ်လေးတစ်မျိုးဖြစ်ပြီး လူခန္ဓာကိုယ်ရဲ့ တစ်ရှူးအလွှာထဲကို ထိုးထည့်ရတဲ့အရာပါ။ Susuk မှာ အလှအပသက်သက်အပြင် အဆစ်အမြစ်နာကျင်ခြင်းနှင့် အခြားအသေးစားရောဂါများကို ကုသခြင်းအထိ ရည်ရွယ်ချက်အမျိုးမျိုးရှိပါတယ်။ ဤအလေ့အကျင့်ကို ထိခိုက်ဒဏ်ရာရခြင်းနှင့် မတော်တဆထိခိုက်မှုမှ အကာအကွယ်အဖြစ်လည်း အသုံးပြုကြပါတယ်။ Susuk အလေ့အကျင့်ကို ဒေသအတွင်း အစ္စလာမ္မစ်အသွင်ကူးပြောင်းရေး မတိုင်မီကတည်းက ယခုခေတ်အစ္စလာမ့်ပညာရှင်များ ( ဟရာမ် ) မှ တားမြစ်ပိတ်ပင်ထားပါတယ်။ Susuk ကို ဂါထာများဖြင့် မြှပ်နှံထားသည်ဟု ဆိုကာ ၎င်း၏ ထိရောက်မှုကို တိုးမြှင့်ရန်အတွက် တစ်ချိန်တည်းတွင် ပြုလုပ်လေ့ရှိပါတယ်။ Susuk ကို မသေဆုံးမီ ဖယ်ရှားရန် လိုအပ်ပြီး မဟုတ်ရင် လူက သေဆုံးရန် ခက်ခဲမည် ဟုလည်း ဆိုကြတယ်။ ထို့ကြောင့် သက်ဆိုင်သူက အသက်ကြီးလာတဲ့အခါ ဒါမှမဟုတ် နာမကျန်းဖြစ်တဲ့အခါတွေမှာ Susuk ကို ဖယ်ရှားကြတာများတယ်။ Susuk ကို ဖယ်ရှားခြင်းက တတ်ကျွမ်းသူ၏ ကျွမ်းကျင်မှုလည်း ...
movie
Susuk (2024)
2024
6.5
Sweet Dreams (2023)
" Sweet Dreams " ဆိုတဲ့ဇာတ်လမ်းလေးကတော့ ဒတ်ခ်ျ ဆွီဒင်ဇာတ်လမ်းလေးဖြစ်ပြီး 20 ရာစုအစောပိုင်းကဒတ်ခ်ကိုလိုနီခေတ်ကိုဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ဒတ်ခ်ျလူမျိုးပြောင်းလုပ်ငန်းရှင်ကြီးမတော်တဆသေဆုံးသွားပြီး သူပိုင်တဲ့စက်ရုံ အိမ် နဲ့စိုက်ပျိုးမြေတွေကိုတရားဝင်တစ်ဦးတည်းသောသားကိုမပေးဘဲ သူ့အိမ်ကအင်ဒိုနီးရှားလူမျိုးအစေခံနဲ့ရထားတဲ့ 10 နှစ်အရွယ်တရားမဝင်သားဆီကိုလွဲပေးဖို့သေတမ်းစာချန်ထားခဲ့ရာကနေ ပြဿနာတွေစတက်ပါတော့တယ်။သားအရင်းဖြစ်သူက ဒီဥရောပမှာပိုင်ဆိုင်သမျှအကုန်ရောင်းပြီးနယ်မြေမငြိမ်းချမ်းတဲ့ဥရောပအစား ကိုယ်ဝန်အရင့်မာရှိနေတဲ့ဇနီးနဲ့အတူ ငြိမ်းချမ်းတဲ့ဆွဇ်ဇလန်ကိုပြောင်းချင်ပေမယ့် အမွေတွေဟာသူ့အတွက်မဟုတ်ဘဲ တရားမဝင်သားဆီရောက်သွားတာမလို့ ဒေါသူပုန်ထပါတော့တယ်။မုဆိုးမအမေဖြစ်သူကျပြန်တော့လဲ ဥရောပမှာပဲခေါင်းချချင်သူပါ ဒီပြဿနာတွေကိုဘယ်လိုရှင်းကြမလဲဆိုတာကို ဇာတ်လမ်းလေးမှာကြည့်ရှုလိုက်ပါဦးနော် File size…(1.5 GB)/(1.1 GB) Quality….Blu-ray 1080p / 720p Format…mp4 Duration….01:42:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris
movie
Sweet Dreams (2023)
7.5
Stealing Raden Saleh (2022)
Stealing Raden Saleh (2022)(1080p ရပါပြီ)ဇာတ်လမ်းအစမှာတော့ နိုင်ငံကျော်ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကိုပုံတူပွားဆွဲတဲ့ပီကိုနဲ့ စထားပါတယ်။ လေလံပွဲမှာ ပီကိုဆွဲထားတဲ့ ကောပီအပွားက သန်းကိုးရာနဲ့ရောင်းထွက်သွားခဲ့ပါတယ်။ပီကို့ရဲ့အဖေကလည်း လုရက်မှု တစ်ခုနဲ့ထောင်ကျနေခဲ့ပြီး အဖေကို ထောင်မကျအောင် အမှုကို ပြန်လည်စစ်ဆေးပေးဖို့အတွက် ၂ ဘီလီယံလိုလာခဲ့ပါတော့တယ်။ အဲ့ဒါနဲ့ သူငယ်ချင်း အူးကျွတ်နဲ့ တိုင်ပင်ရင်း ဇာတ်ကားနာမည်ထဲက ပန်းချီ အကျော်အမော် ရာဒင် ဆာလက်ရဲ့ ပန်းချီကား တစ်ခုကို ပုံတူကူးဆွဲပြီး ရောင်းဖို့ အကြောင်းဖန်လာပါတော့တယ်။ပီကိုကရော ပန်းချီအကျော်အမော် ရာဒင်ဆာလက်ရဲ့ ပန်းချီကားကို ပုံတူဆွဲပြီး အောင်အောင်မြင်မြင်နဲ့ရောင်းချနိုင်ပါ့မလား? သူ့အဖေကိုကော အယူခံဝင်နိုင်အောင် လုပ်ပေးနိုင်ပါ့မလား? ဆိုတာ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ။စကားချပ်အနေနဲ့ကော့ အင်ဒိုနီးရှားဆိုတာ ကျွန်တော်တို့ရဲ့ ဒေသတွင်းအိမ်နီးချင်းနိုင်ငံဖြစ်ပေမဲ့ ရုပ်ရှင်အရည်အသွေးပိုင်းမှာတော့ အများကြီးတိုးတတ်လာပါတယ်။ အဲ့ဒီအပြင် IMDB မှာ rating 7.5 ရရှိထားပြီး အစကနေအဆုံးထိ ရိုးအီမသွားအောင်ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားလေးဖြစ်လို့ ကြည့်ရှု့ခံစားလိုက်ကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ ...
movie
Stealing Raden Saleh (2022)
2022
5.8
Ivanna (2022)
Ivanna (2022)ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ အင်ဒိုနီးရှားသရဲကားလေးပါ။ အင်ဒိုနီးရှားနိုင်ငံမှာ 2022 ခုနှစ်အတွင်း စတုတ္ထမြောက် ဝင်ငွေအများဆုံးရခဲ့တဲ့ဇာတ်ကားလို့လည်း သိရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Amber နဲ့ Dika တို့မောင်နှမက မိဘတွေဆုံးသွားတဲ့နောက်မှာ သူ့မိဘတွေရဲ့မိတ်ဆွေ အဒေါ် Wati တို့နဲ့ ဂေဟာမှာ လာနေကြပါတယ်။ Amber က မျက်လုံးခွဲစိတ်ပြီးနောက်ပိုင်းမှာ တခြားသူတွေမမြင်နိုင်တဲ့အရာတွေကို မြင်နိုင်စွမ်းရှိနေတဲ့သူပါ။ သူတို့သွားနေတဲ့ ဂေဟာကတော့ ဟိုးအရင် အင်ဒိုနီးရှားနိုင်ငံကို အင်္ဂလိပ်တွေ အုပ်စိုးတဲ့အချိန်တုန်းက ဒတ်ချ်လူမျိုးမိသားစု နေခဲ့တဲ့နေရာပါ။ အင်ဒိုနီးရှားနိုင်ငံကို ဂျပန်တွေ လာသိမ်းတဲ့အချိန်မှာတော့ အဲဒီအိမ်မှာပဲ ဒတ်ချ်အမျိုးသမီးတစ်ယောက် ရက်ရက်စက်စက်ခေါင်းဖြတ်ပြီး အသတ်ခံထားရပါတယ်။ သူတို့ရောက်သွားတဲ့အချိန်မှာမှ အဲဒီအမျိုးသမီးရဲ့ဝိညာဉ်က အကြောင်းတိုက်ဆိုင်ပြီး ပေါ်လာတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre.....Horrr, Thriller Quality…. 1080p | 720p | 480p File size…1.2GB | 550MB | 277MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar ...
movie
Ivanna (2022)
2022
7.7
Yuni (2021)
Yuni (2021)"လက်ထပ်ထိမ်းမြားဖို့ လာရောက်ကမ်းလှမ်းတာကို နှစ်ကြိမ်ထက်ပိုပြီးငြင်းပယ်ရင် ကံဆိုးတတ်တယ်။ ဆိုလိုတာက နောက်ပိုင်းမှာ လင်ယောက်ျားရဖို့ ခက်ခဲလိမ့်မယ်" တဲ့။ ဒါကတော့ အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသမီးငယ်လေးတွေ ကြားရလေ့ရှိတဲ့စကားပါပဲ။ လူကြားထဲသွားရင် ဆံပင်၊ အရေပြား ပေါ်နေလို့မရဘူး။ မိတ်ကပ်၊ ရေမွှေး၊ လက်ဝတ်တန်ဆာတွေ မသုံးရဘူး။ ယောက်ျားတွေထက် အသံပိုမကျယ်ရဘူး။ အိမ်ထောင်သည်မိန်းမက ခြုံထည်မပါဘဲ အပြင်မထွက်ရဘူး... စသဖြင့် ကန့်သတ်ချက်တွေက များလှတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်နဲ့ လွတ်လပ်ခွင့်ကို အလွန်အကျွံကန့်သတ်ချုပ်ချယ်ထားတယ်။အင်ဒိုနီးရှားနိုင်ငံမှာ လူအများစုက အစ္စလာမ်ဘာသာကို ကိုးကွယ်ကြတာမလို့ နိုင်ငံတွင်းမှာ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေလည်း များပြားတယ်။ အဲထဲကမှ Rohani Islam (ROHIS) ဆိုတာက တစ်ခုအပါအဝင်ပေါ့။ အဲအဖွဲ့အစည်းက အလယ်တန်း၊ အထက်တန်းကျောင်းတွေကိုသွားပြီး အစ္စလာမ်သွန်သင်ချက်တွေနဲ့အညီဖြစ်ဖို့ အစ္စလာမ်သာသာရေးနဲ့ပက်သက်တဲ့အသိပညာတွေ လူငယ်တွေရရှိစေဖို့ ကျောင်းတွင်းသင်ရိုးနဲ့ လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်တတ်တယ်။ဒီရုပ်ရှင်မှာတော့ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက် မိရိုးဖလာကန့်သက်ချက်တွေနဲ့ သူ့ရဲ့စိတ်ဆန္ဒတွေကြားမှာ ခက်ခက်ခဲခဲ အားပြိုင်ရပုံကို တွေ့မြင်ရမှာပါ။ သူ့နာမည်က ယူနီ၊ ရင်းနှီးတဲ့သူတွေက ယွန်လို့ခေါ်ကြတယ်။ အသက်က ၁၆ နှစ်၊ အထက်တန်းကျောင်းပြီးခါနီးပြီ။ မိသားစုက သာမန်။ မိဘတွေက အဝေးမှာမလို့ ရှေးရိုးဆန်တဲ့ ...
movie
Yuni (2021)
2021