Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Moya Brady
6.7
Sixty Six (2006)
ဒီကားလေးကတော့ ၂၀၀၆ခုနှစ်ကထွက်ခဲ့တဲ့ Comedy/ Sport အမျိုးအစား ဗြိတိန်ကားလေးဖြစ်ပါတယ်။ ဘာနီဘယ်ရွန်ဆိုတဲ့ ဂျူးလူမျိုးကောင်လေးက ကျောင်းမှာလည်းလူရာမ၀င် အိမ်မှာလည်း မိဘတွေကပါ ကမ်းခြေမှာမေ့ပြီး ထားခဲ့ခံရတဲ့အထိ အမေ့ပျောက်ခံလူတန်းစားလေးပါ။ဒါပေမဲ့ ဂျူးဘာသာရေးထုံးစံအရ ဘားမစ်ဇ်ဘက်ဆိုတဲ့ (၁၃)နှစ်ပြည့်အရွယ်ရောက်ပွဲ ကျင်းပရတော့မှာဖြစ်ပါတယ်။ အဲဒီနေ့ကျရင် ပါတီပွဲအကြီးကြီးပေးပြီး လူတွေသူ့ကိုဂရုစိုက်လာကြမယ် အာရုံစိုက်လာကြမယ်ဆိုပြီး ကလေးအတွေးနဲ့ အပျော်ကြီးပျော်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပွဲကျင်းပမယ့်နေ့က (8)ကြိမ်မြောက် ကမ္ဘာ့ဖလားဖိုင်နယ်ပွဲဖြစ်နေတဲ့အခါမှာ ဘာနီတစ်ယောက် စိတ်ဓါတ်တွေကျပြီး အင်္ဂလန်အသင်း ဖိုင်နယ်မရောက်ဖို့ ဆုတောင်းပါတော့တယ်။တစ်ကားလုံးက ပေါ့ပေါ့ပါးပါးနဲ့ရယ်မောနေရတဲ့အတွက် အပန်းဖြေကြည့်ချင်တဲ့သူတွေအတွက် ရွေးသင့်တဲ့ကားကောင်းလေးပါပဲ။ File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre... Biography, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe
movie
Sixty Six (2006)
6.6
Scoop (2006)
Scoop (2006)မင်းသားကြီး Hugh Jackman နဲ့ မင်းသမီး Scarlett Johansson တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Crime Fantasy ကားလေးပါပဲ။ Hugh Jackmanရဲ့ ငယ်ရွယ်ခံညားမှုနဲ့အတူ Scarlett Johanssonရဲ့ မျက်မှန်လေးနဲ့ ကျောင်းသူပုံစံယဥ်ယဥ်လေးကို မြင်တွေ့ရမှာပါ။သူတို့နှစ်ယောက်ကြားဆက်သွယ်ချက်က ဘယ်လိုလဲဆိုတော့ မင်းသားက တော်ဝင်မျိုးနွယ်၊ ကျိကျိတက် ချမ်းသာတဲ့၊ ဂုဏ်သတင်းမွှေးတဲ့ နိုင်ငံရေးသမား ... မင်းသမီးကတော့ သတင်းစာပိုင်းအထူးပြုကျောင်းသူလေး ...ကံစပ်ချင်တော့ သေဆုံးပြီးသား ဝိညာဥ်တစ်ယောက်က မင်းသမီးကို ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်း သတင်းလာပေးပါတယ်။ ဝိညာဥ်ကလာပြောတာဆိုတော့ ယုံရခက်ခက်ပေါ့။ သတင်းကလည်း လူရည်မွန်လေးဖြစ်တဲ့ မင်းသားကိုမှ လူသတ်သမားတဲ့။မင်းသမီးကလည်း သတင်းထောက်ဖြစ်ချင်သူပီပီ ဒီအကြောင်းကို အသွင်ယူစုံးစမ်းဖို့ မင်းသားနား ချဥ်းကပ်ရင်းက...တရားခံနဲ့မှ ချစ်မိသွားတဲ့ Scarlett Johanssonလေးရဲ့ သရုပ်ဆောင်ပုံကို တဝကြီးမြင်တွေ့ရမှာပါ။ ငယ်ရွယ်သူအချစ်က တကယ်မျက်ကန်းနိုင်ပါတယ်။ သို့ပေမဲ့ ချမ်းသာပြီး တော်ဝင်မျိုးနွယ် ဂုဏ်သရေရှိတဲ့ လူချောလေး Hugh Jackman ...
movie
Scoop (2006)
6.5
Catherine Called Birdy (2022)
Catherine Called Birdy (2022) ===================== IMDb Rating - 6.5/10"ရှင်တို့ယောကျ်ားတွေက နတ်ဘုရားတွေမဟုတ်ဘူး။ ကျွန်မတို့ဘယ်လိုလူလဲ၊ ဘယ်ကိုသွားရမလဲ၊ ဘယ်လောက်တန်တယ်ဆိုတာ ရှင်တို့ဆုံးဖြတ်စရာမလိုပါဘူး။ ကျွန်မတို့ကအရာဝတ္ထုပစ္စည်းတွေမဟုတ်ဘူး လူတွေပါ..."အင်္ဂလန်အလယ်ခေတ်က အဲဒီလိုကျား/မခွဲခြားမှုတွေ၊ မိန်းကလေးတွေကို ရောင်းကုန်တစ်ခုလိုသဘောထားတာတွေကို ဟာသနဲ့ဒရမ်မာလေးနှောပြီး ရိုက်ကူးထားတဲ့ ခေတ်ဟောင်းနောက်ခံရုပ်ရှင်လေးတစ်ပုဒ်ပါ။ ဘာဒီလို့ချစ်စနိုးခေါ်ကြတဲ့ အသက် ၁၄ နှစ်အရွယ် ကတ်သရင်းလေးဟာ သခင်ရိုလိုနဲ့လေဒီအက်ရှ်လင်းတို့ရဲ့တစ်ဦးတည်းသော သမီးငယ်လေးပါ။ သူ့မှာ အက်ဒ၀ပ်နဲ့ရောဘတ်ဆိုတဲ့ အစ်ကိုနှစ်ယောက်ရှိပါတယ်။ စီးပွားကျနေတဲ့ စံအိမ်သခင်ရိုလိုဟာ ဘေးစကားတွေနားယောင်ရင်း သူတို့ခေတ်ထုံးစံအတိုင်း အရွယ်ရောက်ခါနီးသမီးပျိုကို သူဌေးတွေနဲ့ပေးစားဖို့ကြံပါတယ်။လင်ယူသားမွေးကိစ္စတွေကိုလန့်နေတဲ့ ကလေးသာသာ ဘာဒီလေးဟာ ပိုးပန်းသူ တွေကို နည်းအမျိုးမျိုးနဲ့ လန့်ပြေးအောင်လုပ်ပါတယ်။ ဖခင်ကရိုက်နှက်ပေမဲ့ မမှုပါဘူး။ သူအပျိုဖြစ်တာမသိအောင်လည်း ဖုံးကွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူ့အဘိုးအရွယ်လောက်ရှိတဲ့ သခင်ကြီးတစ်ယောက်ကို လက်ထပ် ရဖို့ဖြစ်လာပါတယ်။ သူ့အတွက်ကယ်တင်ရှင်ဟာ ဦးလေးဖြစ်သူ အန်ကယ်ဂျော့ဂ်ျလို့ ထင်ခဲ့ပေမဲ့ ထင်သလိုဖြစ်မလာဘဲ ဘ၀အပြောင်းအလဲများစွာကို ရင်ဆိုင်ရတဲ့အခါ... ဘာဒီတစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို ဥရောပအလယ်ခေတ်က မိန်းကလေးတွေရဲ့ဘ၀နဲ့ ကွဲပြားတဲ့ခေတ်အခြေအနေကို မီးမောင်းထိုးပြပြီး စိတ်၀င် စားစရာရိုက်ကူးထားပါတယ်။ ခေတ်ဟောင်းနောက်ခံကားပေမဲ့ ဟာသလေးတွေနှော ထားတာမို့ ခပ်မြူးမြူးလေးနဲ့ တကယ်ကြည့်ကောင်းပါတယ်။IMDb rating 6.5/10 နဲ့ Rotten Tomatoes 88% ...
movie
Catherine Called Birdy (2022)
2022
7.0
The Soloist(2009)
The Soloist(2009) အညွှန်း**********************ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးမှာ Jamie Foxx နဲ့ Robert Downey Jr တို့ အပြိုင်ကြဲထားထားပါတယ်။သူ့နာမည်အပြည့်အစုံက နေသန်နီရယ်အန်တိုနီအဲယာစ်ဂျူနီယာ။မိခင်က အလှပြင်ဆိုင်ဖွင့်ထားပြီး အစ်မတစ်ယောက်ရှိတယ်။ဟိုးခပ်ငယ်ငယ် ကလေးဘဝတည်းက ချယ်လိုလို့ခေါ်တဲ့ တယောကြီးတီးရာမှာ တစ်ဖက်ကမ်းခတ် ပါရမီပါသူ။ ဂီတ အနုပညာကို အင်မတန်မြတ်နိုးသလို ဘီသိုဗင်ကိုလည်း အရူးအမူးချစ်ခင်လေးစားသူပေါ့။ကံဆိုးရှာတာက ထိုပါရမီရှင်ဟာ စိတ်ကစဉ့်ကလျား ရောဂါသည်ဖြစ်နေရှာတာပါပဲ။နားထဲ ကြားကြားနေရတဲ့အသံတွေတောင် သူ့မှာ ကျောင်းတစ်ဝက်တစ်ပျက်နဲ့ အယ်လ်အေလမ်းမပေါ်ကို ရောက်ခဲ့ရရှာပေါ့။လှည်းတစ်စီးနဲ့ ဖြစ်သလိုနေ ဖြစ်သလိုစားနေရရှာတဲ့သူဟာ ဂီတကိုတော့ အချစ်မလျော့ခဲ့ရှာဘူး။ ကောက်ရတဲ့ ပျက်လုနီးပါ တယောတစ်လက်ကို တစ်ခါမှမသင်ဖူးပါပဲကျွမ်းကျွမ်းကျင်ကျင် တီးခတ်နေလေ့ရှိပါတယ်။အယ်လ်အေစံတော်ချိန်သတင်းစာတိုက်က နာမည်ကျော်ဆောင်းပါးရှင် စတိဗ်လိုပတ်ဇ်။ သူကတော့ အခန်းဆက်ဆောင်းပါးတွေရေးတဲ့သူဖြစ်ပြီးသူ့စာဖတ်ပရိသတ် အတော်များတာပေါ့။ စာရေးဖို့ ကုန်ကြမ်းရှာရင်း နေသန်နီရယ်ကို သွားတွေ့ရာကဒီတိုင်း ပါရမီရှင်ရဲ့ လမ်းပေါ်က အခြေအနေကို မျက်နှာလွှဲမနေနိုင်တော့တဲ့အခါ။အပြင်မှာ စတိဗ်လိုပတ်ဇ်ဟာ ပူလစ်ဇာဆု စကာတင်စာရင်းမှာလေးကြိမ်တိတိဝင်ခဲ့တဲ့ စာရေးဆရာအကျော်အမော်ဖြစ်သလို နေသန်နီရယ်ဟာလည်းတူရိယာပေါင်းစုံကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်တဲ့ ဖိုးဖိုးကြီးဖြစ်ကြီး လက်ရှိ အယ်လ်အေမှာ ...
movie
The Soloist(2009)
6.8
The Imaginarium of Doctor Parnassus (2009)
The Imaginarium of Doctor Parnassus (2009) ~ The Last Of Heath Ledger ~ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအဆုံးမှာ " A Film From Heath Ledger and Friends " လို့ ရေးထိုးထားပါတယ်။ အတော်၀မ်းနည်းစရာကောင်းတဲ့ စာကြောင်းပါပဲ။"Heath Ledger, Johnny Depp, Jude Law, Colin Farell, Christopher Plummer, Andrew Garfield" ဒီရုပ်ရှင်လောက် နာမည်ကြီး ထိပ်တန်း cast တွေစုနေတဲ့ ရုပ်ရှင်မရှိလောက်ဘူးလို့ ပြောရမယ်။ ဒီလိုလူတွေကို တစ်စုတစ်စည်းထဲမြင်ရတာ ၀မ်းသာစရာကောင်းလားပြောရရင်လည်း ဘာကြောင့် ဒီလိုဖြစ်သွားလဲဆိုတဲ့အချက်က အတော် ၀မ်းနည်းစရာကောင်းပါတယ်။ အကြောင်းရင်းကတော့ ဒီရုပ်ရှင်ရိုက်ကူးနေရင်း တန်းလန်းမှာပဲ Heath Ledger ဟာ အဆုံးမဲ့လွင်ပြင်တစ်ခုဆီ ပျံသန်းထွက်ခွာသွားခဲ့လို့ပါပဲ။ Heath မရှိတော့တဲ့နောက် သူ့သူငယ်ချင်းတွေက ...
movie
The Imaginarium of Doctor Parnassus (2009)
2009