Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Moustache
7.5
How to Steal a Million (1966)
နာမည်အတိုင်းပါပဲ Criminal ကို အချစ်၊ ဟာသလေးတွေနဲ့ အားထပ်ဖြည့်ထားတဲ့ ဇာတ်မြူးဖောက်ထွင်းရေး ရုပ်ရှင် ဖြစ်ပါတယ်။ ရုပ်ရှင်ကတော့ အဘိုးတို့ခေတ် (၁၉၆၆ ခုနှစ်)က ရုပ်ရှင်ဖြစ်တဲ့အတွက် စိတ်တွေမွန်းကြပ်လို့ ရုပ်ရှင်ကားဟောင်းတွေ ကြည့်ရင်း ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးတွေနဲ့ အပန်းဖြေချင်တဲ့သူတွေအတွက် အံကိုက်စေမယ့် ရုပ်ရှင်လေးတစ်ကားပါ။နီကိုးလ်ရဲ့ အဖေဟာ ပန်းချီကားတွေကို အတုပြန်ဆွဲပြီး ရောင်းချတဲ့သူဖြစ်ပါတယ်။ နီကိုးလ်ကတော့ အဖေဖြစ်သူကို တားမရတဲ့အဆုံးလွှတ်ထာရပြီး တရက်မှာတော့ အိမ်မှာ ဖခင်ဖြစ်သူရဲ့ နာမည်ကျော် ရုပ်တုအတုကို ပြတိုက်မှာပြဖို့ ဖခင်က ဆုံးဖြတ်လိုက်ပါတယ်။ ပြတိုက်မှာ ရုပ်တုဖွင့်ပွဲအတွက် အိမ်မှာ လူမရှိတုန်း အိမ်ကို သူခိုးကပ်လို့ နီကိုးလ်တစ်ယောက် ရင်ဆိုင်ဖြေရှင်းရင်း သူခိုးရဲ့လက်မောင်းကို မတော်တဆ သေနတ်နဲ့ပစ်လိုက်မိပါတယ်။ အဲ့လိုကနေ သူခိုး(ဒါးမော့တ်) နဲ့ နီကိုးလ်တို့ ခဏခဏ တွေ့ဆုံဖြစ်ကြပြီးနောက်မှာတော့ မမြင်ရတဲ့ ကြိုးလေးတွေ ဖြစ်တည်လာပါတော့တယ်။ နှစ်ဦးနှစ်ဖက်ကလည်း အချင်းချင်း ခံစားချက်တွေရှိကြပါတယ်။တရက်မှာတော့ ...
movie
How to Steal a Million (1966)
7.1
Love in the Afternoon (1957)
လူဆိုတာ မလုပ်ရဘူးဆိုတာကို ပိုလို့လုပ်ချင်တတ်တဲ့ အကျင့်နဲ့ သတ္တဝါမျိုးပါ.....အဲဒီလို သတ္တဝါမျိုးကိုမှ ဘာကိုမှမမြင်တော့လောက်အောင် ကန်းစေမဲ့ အချစ်မျိုးထည့်ဖြည့်ပေးလိုက်ရင် မိုးပေါ်က သိကြားမင်းမကလို့ တဖက်၅၀၀စီရှိတဲ့ နတ်သမီးတွေ တောင်းပန်ခယလည်း နောက်ပြန်လှည့်တော့မှာမဟုတ်ပါဘူး.....အချစ်ဆိုတဲ့ စကားလုံးလေးက အင်မတန်ရိုးရှင်းပါတယ်.....ဖွင့်ဆိုရတဲ့ အဓိပ္ပာယ်တွေကတော့ ဆန်းကြယ်လွန်းတာမှ အနန္တစကြာဝဠာဆိုတာ တကယ်ရှိနေပါလားဆိုတာထက်ကို ပိုဆန်းကြယ်လွန်းပါတယ်.....ဒီအရာကို တခြားလူလုပ်ရင်မကြိုက်ပေမဲ့ ကိုယ့်မျက်စိထဲ ချစ်စရာကောင်းတယ်လို့ထင်တဲ့လူလုပ်နေရင်တော့ စိတ်ဝင်စားစရာ သည်းခံချင်စရာလေးဖြစ်သွားတဲ့အထိကို လူ့စိတ်ကိုပြောင်းလဲစေတာလည်း အချစ်ပါပဲ.......တခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်ကို မြင်တဲ့အချိန်ကနေစပြီး အသက်ဆုံးသွားတဲ့အချိန်ထိ ကိုယ့်ဘေးမှာ မပူမပင်မကြောင့်မကျဘဲ ထားချင်တာလည်း အချစ်ပါပဲ.....ဒါပေမဲ့ ကိုယ်အင်မတန်မုန်းတီးပါတဲ့ဆိုတဲ့အရာကို ကိုယ်အင်မတန်ချစ်ပါတယ်ဆိုတဲ့သူ လုပ်လို့ အသက်ဆုံးရှုံးတဲ့အထိ တုံ့ပြန်တတ်တာလည်း အချစ်ပါပဲ.....ပြောရရင်ကုန်မှာကိုမဟုတ်ပါဘူး အနန္တစကြာဝဠာဆိုတာ အချစ်ရဲ့ အဓိပ္ပာယ်ရှင်းတမ်းနဲ့ယှဉ်ရင် မြူမှုန်တဝက်သာသာရယ်ရှိတာပါ.....ဒီဇာတ်ကားလေးကတော့ ပလေးဘွိုင်းလို့ သိနေလျက်နဲ့ ကိုယ့်အဖေစုံထောက်ကြီးကလည်း စုံစမ်းနေလျက်နဲ့ကို စုံလုံးကန်း ချစ်မိသွားတဲ့ အကြောင်းလေးကို ဟာသလေးနှော အပြောကောင်းကောင်းလေးတွေပေါင်းထည့်ပြီး တင်ဆက်ရိုက်ပြထားတာပါ......ဒီခေတ်ရဲ့ ချစ်စကားတွေနဲ့ အရင်ခေတ်က ချစ်စကားတွေ ဒီခေတ်လူငယ်တွေနဲ့ ...
movie
Love in the Afternoon (1957)