Channel Myanmar

Morgana Robinson

Robin and the Hoods (2024) 5.0
Robin and the Hoods (2024)  ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးရုပ်ရှင်တွေကိုကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ကလေးသရုပ်ဆောင်တွေနဲ့အသားပေးရိုက်ကူးထားတဲ့ Fantasy Adventure ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဇာတ်လမ်းပုံစံက ထူးခြားတယ်လို့ ပြောလို့ရပါတယ်။ကလေးတွေရဲ့စိတ်ကူးနဲ့ လက်တွေ့လောကနဲ့ကို ယှဉ်တွဲရိုက်ပြထားပြီးတော့ ကိုယ်တွေငယ်ငယ်တုန်းကလည်း သူတို့လိုစိတ်ကူးယဉ်ခဲ့ပါလားဆိုပြီးတော့ ငယ်ဘဝကိုပါ သတိရသွားစေပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ Robin နဲ့သူငယ်ချင်းတစ်စုဟာ သူတို့အိမ်နားကသစ်တောထဲမှာ ကစားနေကျဖြစ်ပါတယ်။ တစ်နေ့ စီးပွားရေးလုပ်ငန်းတစ်ခုက အဆောက်အအုံတစ်ခုဆောက်ဖို့အတွက် သူတို့ရဲ့ကစားနေကျနေရာကို ဖျက်ဆီးပစ်ဖို့လုပ်လာပါတယ်။ အဲဒါကို Robin က သူရဲ့သူငယ်ချင်းတွေကိုဦးဆောင်ပြီးတော့ တားဖို့ကြိုးစားတဲ့အခါ ဘယ်လိုအဖြစ်အပျက်တွေကို တွေ့ကြုံရမလဲ၊ အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ၊နောက်ဆုံးမှာရော တားဆီးနိုင်သွားပါ့မလားဆိုတာတွေကိုကလေးသဘာဝအရ အလွဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရမှာဖြစ်ပါတယ်။ File size…1.81GB / 1.03GB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 40m Genre ….. Adventure , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie

Robin and the Hoods (2024)

Roald Dahl’s The Witches (2020)
Roald Dahl’s The Witches (2020) CM ပရိသတ်တွေကို ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့   October 22 ကမှ လောလောလတ်လတ်ထွက်ရှိထားတဲ့ ဇာတ်ကားသစ်လေးပါ   မင်းသမီးချော Anne Hathaway ပါဝင်သရုပ်ဆောင်ထားပြီး   မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားဖြစ်ပါတယ်   ဇာတ်လမ်းလေးကတော့ စုန်းမတွေက ကလေးတွေကို အရမ်းမုန်းကြပါတယ်   အဲ့တာကြောင့်မို့ သူတို့ကို အမြဲဖျက်ဆီးဖို့ ကြံစည်နေကြပါတယ်   တစ်နေ့မှာတော့ စုန်းမတွေရဲ့ခေါင်းဆောင် စုန်းမချုပ်ကြီးက   ကလေးတွေအကုန်လုံးကို ကြွက်အဖြစ်ပြောင်းဖို့ အကြံရခဲ့ပါတယ်   တခြားတစ်ဖက်မှာလည်း မိဘတွေကိုဆုံးရှုံးလိုက်ရပြီး   အဖွားနဲ့နေနေတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်   အဲ့ကောင်လေးက စုန်းမတစ်ယောက်ရဲ့ ပစ်မှတ်ဖြစ်လာတဲ့အခါ   ကောင်လေးနဲ့ သူ့အဖွားဘယ်လိုရင်ဆိုင်ကြမလဲ Anne Hathaway ရဲ့   သရုပ်ဆောင်ချက်တွေကလည်း အရမ်းဗီလိန်ပီသလွန်းတယ်လို့ မှတ်ချက်တွေပေးခံနေရတာပါ   ကောင်လေးက ကြွက်အဖြစ်ပြောင်းသွားမလား   တခြားကလေးတွေကိုရော ဘယ်လိုကယ်တင်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ရှုစားလိုက်ကြပါဦးရှင်  File Size : (975 MB) and (357 MB) Quality : WEBDL 720p Running Time : 1 hr 46 ...
movie

Roald Dahl’s The Witches (2020)