Channel Myanmar

Morgan Rusler

Solaris (2002)
Solaris (2002)  CM ပရိသတ်ကြီးအတွက် sci-fi romance ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်Chris ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ကို တစ်နေ့မှာ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်က Solaris အမည်ရ ဂြိုဟ်တစ်ခုကို လာရောက်ပေးဖို့ အကူအညီတောင်းလာပါတယ်အကြောင်းကတော့ Solaris က အာကာသယာဥ် အဖွဲ့သားတွေဟာ ထူးဆန်းတဲ့ ပုံရိပ်တွေကို မြင်နေရပြီး ရှင်းပြလို့မရတဲ့ စွဲလမ်းမှုတွေ ရှိနေတာကို အဖြေရှာလို့ အားလုံးကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်နိုင်ဖို့ပါဒါကို အဖြေရှာဖို့ Solaris ဂြိုဟ်ကို ရောက်လာတဲ့ Chris ကိုယ်တိုင်ကပါ သေဆုံးသွားပြီးဖြစ်တဲ့ ချစ်သူ Rheya သူ့ဆီ ပြန်ရောက်လာတာကို တွေ့ကြုံလာရတဲ့အခါမှာတော့ ....မင်းသား George Clooney ရဲ့ ရုပ်ရှင်အဟောင်းလေးကို ပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦး File size…(1.4 GB)/(585 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama, Science Fiction, Mystery  Subtitle….Myanmar Subtitle ...
movie

Solaris (2002)

The Green Hornet (2011) 5.8
The Green Hornet (2011) The Green Hornet (2011)နာမည်ကျော်ဟာသမင်းသား seth rogen အော်စကာဆုပိုင်ရှင် သရုပ်ဆောင်ဆရာကြီး Christoph Waltz , တရုတ် ကိုရီးယား အမေရိကန် ဂျပန် ကားမျိုးစုံကို ရိုက်ခဲ့တဲ့ ထိုင်ဝမ်အဆိုတော် မင်းသားJay Chou တစ်ခေတ်တစ်ခါက အလှနတ်ဘုရားမဖြစ်ခဲ့ဖူးတဲ့ Cameron Diaz ဒီလိုနာမည်ကြီးတွေ အစုံပါတဲ့အပြင် seth rogenရဲ့ ဘော်ဒါ ဂျိန်းဖရန်ကိုကလည်း ဧည့်သည်အဖြစ်သရုပ်ဆောင်ပေးထားသေးတယ်။ဒီဇာတ်လမ်းကတော့ ကျွန်တော်တို့ငယ်ငယ်လေးကတည်းက နာမည်ကြီးခဲ့ဖူးတဲ့ စူပါဟီးရိုးရုပ်ရှင်ပဲဆိုတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်မှာပါ။ ချမ်းသာတဲ့ သတင်းစာတိုက်ပိုင်ရှင်ရဲ့သားနဲ့ သိုင်းလည်းတော် တီထွင်တာလည်းတော်တဲ့ တရုတ်ကလေးတစ်ကောင်ပေါင်းပြီး မြို့ကြီးကို ကယ်တင်ဖို့ ဘတ်မန်းလိုလို စူပါဟီးရိုးထလုပ်တဲ့ ဇာတ်လမ်းပါပဲ။ ထူးတာက ဒီကားက စူပါဟီးရိုးဇာတ်ဖြစ်ပေမဲ့ ရိုက်တဲ့ဒါရိုက်တာက Michel Gondryပါ။ Eternal Sunshine of the Spotless Mindရဲ့ ဒါရိုက်တာပေါ့။ ကြည့်ဖူးရင်လည်း အမှတ်တရပြန်ကြည့်ဖို့ကောင်းသလို ...
movie

The Green Hornet (2011)

Bad Sister (2015)
Bad Sister (2015) Bad Sister (2015)နွေရာသီကျောင်းပိတ်ရက်အပြီး ကျောင်းပြန်ဖွင့်ချိန်မှာ စိန့်ဗဲလ်‌ကျောင်းက စစ္စတာဆိုဖီယာဆိုတဲ့ သီလရှင်ဆရာမလေးဟာ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းမှာ တာဝန်ချထားခံ‌ခဲ့ရတယ်။ မှတ်တမ်းကောင်းတွေနဲ့ စစ္စတာဟာ ကျောင်းအသစ်က ဂျေဆန်ဆိုတဲ့အတန်းသားတစ်ယောက်ကို စွဲလမ်းနေသူဖြစ်တယ်။ ဂျေဆန်ကတော့ အင်တာနက်ပေါ်မှာ သူ့ရဲ့သီချင်းတွေကို ဂီတာတီးကာဆိုပြလေ့ရှိပြီး ဂီတသမားဖြစ်ချင်သူတစ်ဦးဖြစ်တယ်။အတန်းပထမဆုံးနေ့ မနက်ခင်းဝတ်ပြုဆုတောင်းတဲ့အခါ အတန်းသားတွေကိုပဲတိုင်ခိုင်းပြီး စစ္စတာက လိုက်ဆိုခြင်းမရှိတာကို တစ်တန်းတည်းနေ ဂျေဆန့် ညီမလေးဇိုဝီဟာ သတိထားမိခဲ့တယ်။ ဒါတင်မက စစ္စတာဆိုဖီယာရဲ့ အခြားစစ္စတာတွေနဲ့ မတူတဲ့ထူးခြားတဲ့လုပ်ရပ်တွေကိုလည်း တဖြည်းဖြည်းနဲ့ သူမြင်တွေ့ခဲ့ရပြီး မသင်္ကာဖြစ်နေခဲ့တယ်။ အစ်ကိုဂျေဆန်ကို သတိပေးပေမဲ့လည်း ‌ဂျေဆန်နဲ့စစ္စတာတို့ဟာ အဲဒီအချိန်မှာ လက်လွန်ကြက်သွန်ဖြစ်နေခဲ့ပါပြီ။ ဂျေဆန်ကိုယ်တိုင်လည်း ထုတ်မပြောပေမဲ့ စစ္စတာ့အပေါ် သံသယတွေရှိနေခဲ့တာတော့ အမှန်ပါပဲ။ဒီလိုနဲ့ စစ္စတာဆိုဖီယာဟာ သူ့လမ်းပေါ်ရောက်လာတဲ့ အတားအဆီးမှန်သမျှကို ရရာနည်းနဲ့ ရှင်းထုတ်ခဲ့ရာကနေ လူသတ်မှုကျူးလွန်တဲ့အထိပါဖြစ်လာခဲ့တယ်။ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းအုပ် စစ္စတာရေဘက္ကာသိထားရတဲ့ စိတ်နှလုံးသိမ်မွေ့ပြီး မေတ္တာရှေ့ထား အုပ်ချုပ်တတ်တဲ့ စစ္စတာဆိုဖီယာနဲ့ အခုကျောင်းမှာရှိနေတဲ့ စစ္စတာဆိုဖီယာရဲ့ စည်းကမ်းတင်းကြပ်ပုံနဲ့ ထူးဆန်းတဲ့အပြုအမူတွေဟာ ...
movie

Bad Sister (2015)

2015
Galaxy Quest (1999)
Galaxy Quest (1999)   IMDb-7.4/10 ~ RT-90% "ဘယ်တော့မှ အရှုံးမပေးနဲ့၊ ဘယ်တော့မှ အညံ့မခံနဲ့" ဆိုတာကတော့ "Galaxy Quest" ဆိုတဲ့ နာမည်ကြီးတီဗီရှိုးမှာ အန်အီးအက်စ်‌အေ ကာကွယ်သူယာဉ်ရဲ့ ကွန်မန်ဒါ ပီတာ ကွင်စီ တက်ဂါ သုံးခဲ့တဲ့လက်သုံးစကားပါ။ "Galaxy Quest" တီဗီရှိုးဟာ နာမည်‌ ကျော်လူကြိုက်များ အောင်မြင်ခဲ့‌ပေမဲ့လည်း ဖျက်သိမ်းခံလိုက်ရပြီး ဒီစီးရီးနဲ့ပတ်သတ်တဲ့ Geek တွေ၊ အရူးအမူးအားပေးတဲ့ ပရိသတ်တွေက ၁၈ နှစ်ကျော်တဲ့အထိ နှစ်စဉ်နှစ်တိုင်းတွေ့ဆုံပွဲတွေလုပ်နေကြတုန်းပါပဲ။ တွေ့ဆုံပွဲတိုင်းမှာလည်း မူလသရုပ်ဆောင်တွေကိုဖိတ်ခေါ်ပြီး လက်မှတ်ထိုးတဲ့အစီအစဉ်တွေကိုပြုလုပ်ကြလေ့ရှိပါတယ်။ဒီလိုအရူးအမူးအားပေးတဲ့ အထဲမှာ သာမီယန်းဂြိုလ်သားတွေပါ ပါဝင်ပြီး ဒီစီးရီးကို တကယ့်ဖြစ်ရပ်မှတ်တမ်းတွေအဖြစ် မှတ်ထားခဲ့ကြတာပါ။ ဒီလိုနဲ့ပဲ ၁၈ နှစ်ပြည့် တွေ့ဆုံပွဲမှာတော့ ကွန်မန်ဒါ တက်ဂါနေရာမှာသရုပ်ဆောင်တဲ့ ဂျေဆင် နက်စမစ်ဆီကို သာမီးယန်းဂြိုလ်သားတွေရောက်ရှိလာပြီး သူတို့ကိုနှိပ်စက်နေတဲ့ ဆဲရစ်ဆိုတဲ့ လူဆိုးကြီးနဲ့ညှိနိုင်းပေးဖို့ အကူအညီတောင်းပါတော့တယ်။ ဂျေဆင်လည်းသူ့ကိုသရုပ်ဆောင်ခိုင်းနေတယ်အထင်နဲ့ သာမီးယန်းယာဉ်ပေါ်လိုက်သွားပြီး ဆဲရစ်ကို‌အမြှောက်စာ နှစ်ချက်ကျွေးလိုက်ပြီး ...
movie

Galaxy Quest (1999)

Catch Me If You Can (2002) 8.1
Catch Me If You Can (2002) IMDb Rating (8.1) / Rotten Tomatoes (96%)ဒါရိုက်တာက နာမည်ကြီး Steven Spielberg ဖြစ်ပြီး မင်းသားတွေကတော့မင်းသားကြီး Tom Hanks ရယ်…မင်းသားချော Leonardo တို့ရယ် ဖြစ်ပါတယ်…။ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်သလို အော်စကာဆုတွေလဲရရှိထားတဲ့ဇာတ်ကားပါ။မင်းသားနှစ်ယောက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့နှစ်ဦးရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းသလိုသူတို့နှစ်ဦးကြားက ဆက်ဆံရေး၊ ဇာတ်လမ်း တည်းဖြတ်ထားပုံကလည်းဇာတ်ကားကို ထူးခြားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်စေပါတယ်။ဇာတ်ရှိန် အတက်အကျ မှန်ပြီး၊ ပါသင့်တဲ့အချက်အလက် အားလုံးစုံအောင် ထည့်သွင်းရိုက်ကူးထားနိုင်ပါတယ်။ဉာဏ်ကောင်းရဲ့သားနဲ့ လမ်းမှားရောက်နေတဲ့ လူငယ်လေးကို တာဝန်အရဖမ်းတာတင်မဟုတ်ပဲလမ်းမှန်ရောက်လာအောင် ပြုပြင်ပေးရုံသာမက နိုင်ငံအတွက်ပါ အကျိုးရှိအောင် အသုံးချနိုင်ခဲ့တဲ့Carl Hanratty အဖြစ် Tom Hanks က ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။အထူးသဖြင့် ပြင်သစ်ရဲတွေ Frank ကို ဖမ်းသွားတော့ မရမက ပြန်ခေါ်ထုတ်ပြီးအမေရိကားကို ပြန်ခေါ်လာနိုင်ဖို့ ကြိုးစားခဲ့ပုံတွေက လူလူချင်းတန်ဖိုးထားတတ်တဲ့ အလေ့အထတွေကိုခံစားမိစေပါတယ်။ကြည့်မိသူတိုင်းကြိုက်ကြတာမို့ လက်လွတ်မခံစေချင်ပါဘူး။ File size… ...
movie

Catch Me If You Can (2002)

2002