Channel Myanmar

Morgan Freeman

A Good Person (2023) 7.0
A Good Person (2023) A Good Person (2023) =============== IMDb Rating - 7.0/10Nathan နဲ့ Allison တို့က စေ့စပ်ထားပြီး တစ်ယောက်ကို တစ်ယောက်အရမ်းချစ်ကြတဲ့ ပျော်ရွှင်စရာ စုံတွဲတစ်တွဲပါ။ ဒါပေမဲ့ Allison မောင်းလာတဲ့ကား ယာဥ်တိုက်မှုဖြစ်သွားပြီး မကြာခင် ယောင်းမတော်ရမယ့် Nathanရဲ့အစ်မ Mollyနဲ့ သူ့ခင်ပွန်းဟာ ဆုံးပါးသွားခဲ့တယ်။ အဲ့ကြေကွဲစရာ အဖြစ် အပျက်ကြီးအပြီးမှာလည်း ကျန်ခဲ့သူတွေရဲ့ဘဝဟာလည်း ပူဆွေးမှုတွေနဲ့ ပျက်ဆီးသွားခဲ့ရတယ်။Danielက သူ့သမီးMolly ဆုံးသွားပြီးနောက်ပိုင်း သူ့ရဲ့မြေး မလေး Ryanကို သူတစ်ယောက်တည်း ပြုစုပျိုးထောင်ပေး နေခဲ့တယ်။ Allison ရဲ့ တောက်ပနေတဲ့အနာဂတ်လည်း ထို ကားတိုက်မှုအပြီး အရာအားလုံး ပျက်ဆီးသွားပြီး သူ့အမှား အတွက် လိပ်ပြာမလုံ ခံစားနေခဲ့ရတယ်။ Allison နဲ့ Danielတို့ ပြန်လည်တွေ့ဆုံတဲ့အခါမှာတော့ သူတို့အချင်းချင်းကြား ခွင့် လွှတ်မှု၊ ခင်မင်မှုတွေပေါ်လာပြီး လူကောင်းတစ်ယောက်ဖြစ် အောင် ဘယ်လိုကြိုးစားမလဲဆိုတာကို ခံစားချက်ထိထိမိမိ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။IMDb rating 7.0 ထိ ရထားပြီး Traumaတွေကို ကျော်ဖြတ် ဖို့ ကြိုးစားနေသူနှစ်ဦးရဲ့ အဓိပ္ပါယ်ရှိတဲ့ ဘဝပညာပေး ဇာတ်လမ်း ကောင်းတစ်ပုဒ်ပဲ ...
movie

A Good Person (2023)

2023
The Contract(2006) 5.6
The Contract(2006) ဝါရင့်မင်းသားကြီး Morgan Freeman နဲ့ John Cusack တို့ရဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီမင်းသားတွေရဲ့ဇာတ်ကားဆိုတော့ ဇာတ်ကားကောင်းပါတယ်ဆိုပြီး အထွေအထူးပြောနေစရာတောင် မလိုတော့ပါဘူး။ဇာတ်လမ်းအကျဉ်းကိုပြောရရင် ရေး ဟာ ဇနီးသည်မရှိတော့ဘဲ ကျန်ခဲ့တဲ့သားတဲ့အတူ နေထိုင်တဲ့သူဖြစ်ပါတယ်။ ဇနီးသည်သေဆုံးပြီးကတည်းက အဆင်မပြေနေခဲ့တဲ့ သူတို့ဘ၀ကို ပြန်ပြီးအဆင်ပြေအောင်လုပ်ဖို့အတွက် တောတွင်းစခန်းချဖို့ လာခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်ကအနားယူပြီးနောက်ပိုင်း နာမည်‌တုတွေနဲ့လှုပ်ရှားတဲ့ ကြေးစားအဖွဲ့တစ်ဖွဲ့ဟာ သူတို့စာချုပ်ချုပ်ထားတဲ့ ‌အလုပ်တစ်ခုအတွက် လူတစ်ယောက်ကိုလုပ်ကြံဖို့ စီစဉ်နေကြပါတယ်။ ဒီလိုနဲ့ တောတွင်းစခန်းလာချကြတဲ့ရေးတို့သားအဖနဲ့ ကြေးစားလူသတ်သမားတို့ထိပ်တိုက်တွေ့ပြီးတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ The Contract ဇာတ်လမ်းကြီး စတင်ပါတော့တယ်။ File size…2.74 GB / 1.01 GB / 595MB Quality…WEB-DL 1080p 5.1 CH / 720p / 480P Format…mp4 Duration….1h 36m Genre ..... Action , Adult , ...
movie

The Contract(2006)

The Ritual Killer (2023) 4.1
The Ritual Killer (2023) The Ritual Killer (2023) =================မင်းသားကြီး Morgan Freeman ပါဝင်ထားတဲ့ Thriller ကားသစ်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ် ကြောင်းကတော့ ရက်ရက်စက်စက် လူလိုက်သတ်တဲ့ ကွင်းဆက်လူသတ်သမားအကြောင်းပေါ့လေ။ဒီထဲမှာတော့ Morgan Freeman ဟာ ပရော်ဖက်ဆာ တစ်ယောက်နေရာကနေ ပါဝင်ထားပါတယ်။ စုံထောက် ဘွိုက်ကတော့ သမီးလေးကို ဆုံးရှုံးထားရတဲ့ စိတ်ဒဏ် ရာနဲ့ဖခင်တစ်ယောက်ပါ။တစ်နေ့ကျ ဟိုတစ်နေရာ ဒီနေရာကနေ ကျားမမရွေး အရွယ်စုံလူမျိုးစုံ လူသေအလောင်းတွေပေါ်လာပါတော့ တယ်။ ပုံစံအနေအထားအရ လူတစ်ယောက်တည်းက လုပ်မှန်းထင်ရှားနေပါပြီ။ ရိုးရာသက်ဝင်ယုံကြည်မှုတွေပါ ပါလာတာကြောင့် ပရော်ဖက်ဆာနဲ့ စုံထောက်ကြီးတို့ ပူးပေါင်းပြီး လူသတ်သမားကို ဖော်ထုတ်ကြတာပေါ့။ ဇာတ်ညွှန်းကို ဒီမှာတင်ပဲရပ်ပါရစေ အများကြီးရေးရင် ပေါ့သွားမှာစိုးလို့ ပရိတ်သတ်ကြီးတို့ ကိုယ်တိုင်ပဲ ကြည့် လိုက်ကြပါတော့။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှ ရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်)File Size..........(1.45 GB) / (575 MB) / (335 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 32Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......CM Team Encoder..........SWM
movie

The Ritual Killer (2023)

2023
Thick as Thieves (2009) 6
Thick as Thieves (2009) Thick as Thieves (2009)ရစ်ပလေ ဆိုတဲ့နာမည်ကတော့ သိုးဆောင်းတို့ဘာသာစကားမှာ တော်တော်ဟိတ်ဟန်ကြီးသ‌ဗျ။ တွမ် ရစ်ပလေ ဆိုတဲ့ ဇာတ်ကောင်တစ်ကောင်နဲ့ ကျွန်တော် လူကြီးမင်းတို့ကို မိတ်ဆက်ပေးဖူးတယ်။ အဲဒီကောင်ကလည်း လူဆိုးဂိုဏ်းလောကမှာ တစ်ကိုယ်တော် လူစွမ်းကောင်း။အခုဇာတ်ကားမှာတော့ ကစ်သ် ရစ်ပလေ တဲ့ဗျာ။ တကယ့်လူ။ နှစ်ဖက်ချွန်တာနဲ့ အားမရတော့ သုံးဖက်ချွန်တဲ့ စမူဆာလိုလူကြီး။ နောက်ပိုင်းမှာ အဖက်ဖက်ကိုချွန်နေတဲ့ ဆိုင်ကယ်စပေါ့ကတ်ကြီး ဖြစ်နေပါရော့လား။ စပေါ့ကတ်တောင် ခွေးသွားစိတ်များတဲ့ နံပါတ်ကြီးဗျ။လူဆိုးဂိုဏ်းသားကြီးတော့ မဟုတ်ပါဘူးလေ။ တစ်ကိုယ်တော် သူခိုးကြီးပါ။ တစ်ပွဲစားအဆင့်ကြီးပေါ့။ သူတပါးပစ္စည်း အပျောက်ဖျောက်တဲ့နေရာမှာ အနုပညာမြောက် ကျွမ်းကျင်မှော်ဝင်သူ။သူခိုးကားတွေရဲ့ ထုံးစံလိုပါပဲလေ။ တွဲဖက်တစ်ယောက်ရှိတယ်။ သူများသတ်လို့သေသွားတယ်။ ဒီတော့ တွဲဖက်ရဲ့ မပြီးဆုံးသေးတဲ့ကိစ္စတွေကို ပြီးဆုံးအောင်လုပ်ပေးဖို့တာဝန်ရယ်၊ သူ့သမီးလေးကို စောင့်ရှောက်ရမယ့်တာဝန်ရယ်။ ဒီတာဝန်တွေကို တစ်ဦးတည်းဆောင်ရွက်ဖို့ အသက်ကြီးသွားပြီဖြစ်တဲ့ ကစ်သ် ရစ်ပလေ က လူငယ်ခြေတက်၊ သူခိုးပေါက်စလေး ဂေဘရီရယ် ရဲ့အကူအညီကို ...
movie

Thick as Thieves (2009)

2009
Oblivion (2013) 7.0
Oblivion (2013) Oblivion (2013) IMDb - 7.0/10_____Rotten - 53%၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသာကြီး တွမ်ခရုစ် ရဲ့ IMDb 7 ထိရရှိခဲ့တဲ့ sci-fi ရုပ်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်လိုက်ပါတယ် အဟောင်းဆိုပေမယ့် မကြည့်ရသေးသူတွေ ပြန်လည်ခံစားချင်သူတွေအတွက်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂြိုလ်သားတွေနဲ့ လူသားတို့ရဲ့ တိုက်ပွဲအပြီး 2077 ခုနှစ်မှာ ဂျက်ရစ်ချာ (တွမ်ခရုစ်) ဟာ ကမ္ဘာကြီးရဲ့လုံခြုံရေးဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သူ့ရဲ့ တာဝန်ပြီးဖို့ ရက်သတ္တပတ်၂ပတ်ခန့် အလိုမှာပဲ မမျှော်လင့်ထားတဲ့ မိန်းမချောလေးတစ်ဦးကိုကယ်တင်မိရာကနေ အဲဒီ့မိန်းကလေးက လူသားမျိုးနွယ်တစ်ခုလုံးကိုကယ်တင်ဖို့ရာ အကြောင်းတစ်ခုဖြစ်လာတဲ့အခါမှာတော့....။ဒီရုပ်ရှင်က ကမ္ဘာပျက်ကိန်းရုပ်ရှင်ကားတွေထဲမှာ တွမ်ခရုစ်နဲ့အတူနာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ရုပ်ရှင်ဖြစ်ပါကြောင်း။ File size…(3.8 GB)/(1.3 GB) /(830 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:04:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Oblivion (2013)

2013
4K HEVC
Last Knights(2015) 6.2
Last Knights(2015) Last Knights(2015)===============ကိုယ်ကိုယ်တိုင် မတရားမခံရမချင်း မတရားမှုကို လက်ပိုက်ကြည့်နေခဲ့ရင်ဘာဖြစ်လာနိုင်မလဲဧကရာဇ်ရဲ့ အတိုင်ပင်ခံတစ်ဦးဖြစ်တဲ့ ဂီးဇာမော့တ်ဟာ အာဏာကို တလွဲအသုံးချပြီး ကိုယ်ကျိုးအတွက် သူကောင်းမျိုးတွေဆီကနေ လက်ဆောင်ပဏ္ဍာတွေ အတင်းအကျပ် တောင်းယူပါတယ် ပြည်သူတွေဆီကနေ အခွန်တွေအဆမတန် တိုးကောက်ပါတယ် သူကောင်းမျိုးတွေကလည်း သူနဲ့ အဆင်ပြေမှအခွင့်အရေးရမှာမို့ မတရားမှုတွေကို ဒီတိုင်းကြည့်နေကြပါတယ်တစ်နေ့မှာတော့ လော့ဒ်ဘားတော့ခ်အလှည့် ရောက်လာခဲ့ပါပြီ အကြောင်းပြချက်ပေးပြီး လာဘ်တောင်းဖို့ သူ့ကို မြို့တော်ဆီ ဆင့်ခေါ်လိုက်ပါတယ်မတရားမှုကို‌ ခေါင်းငုံ့မခံနိုင်တဲ့ လော့ဒ်ဘားတော့ခ် တောင်းဆိုချက်တွေကိုပြောင်ပြောင်တင်းတင်းဘဲ ငြင်းဆန်လိုက်ပါတယ် မတရားမှုကို ခုခံတဲ့အတွက်ပြစ်ဒဏ်အနေနဲ့ သူ့အသက်ကို ပေးရပါတော့မယ်လော့ဒ်ဘားတော့ခ်ရဲ့ တပ်မှူး ရေဒင်နဲ့ နောက်လိုက်တွေဟာ သခင့်နာမည်ကိုပြန်အဖက်ဆယ်နိုင်ဖို့ ဘာတွေလုပ်ကြမလဲ မတရားမှုကို အောင်အောင်မြင်မြင်တွန်းလှန်နိုင်ပါ့မလားမြင်းစီးစစ်သည်တွေရဲ့ တာဝန်နဲ့ သစ္စာတရားကို သရုပ်ဖော်ထားပြီး Dialogueကောင်းကောင်းတွေလည်း ပါဝင်တာကြောင့် ခံစားကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်... File size…1.51GB / 574MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ..... Action ...
movie

Last Knights(2015)

Nurse Betty (2000) 6.3
Nurse Betty (2000) Nurse Betty (2000) ============== IMDb Rating - 6.3/10ကန်းဆက်မြို့လေးက သာမန် အိမ်ထောင်ရှင်မလေး ဘတ်တီ... ရုပ်ရှင်စီးရီးတစ်ခုကို သိပ်သဘောကျရင်း Main character ဆရာဝန် ဒေးဗစ်ကို စွဲလမ်းနေတဲ့ ဘတ်တီ၊ တစ်ခုသော ညနေမှာ စီးရီးလေး ကြည့်နေတုန်း ခင်ပွန်းဖြစ်သူ ထမင်းစားခန်းထဲ ရက် ရက်စက်သက် အသတ်ခံလိုက်ရတာကို မြင်လိုက်ရတဲ့အခါ စိတ် ဖောက်ပြန်သွားပြီး သူ့ကိုယ်သူ စီးရီးထဲက character လို့ထင်သွား တယ်။ဒေးဗစ်ရဲ့ Ex အနေနဲ့ သူ့ကိုယ်သူ သတ်မှတ်ရင်း အပြင်မှာ မရှိတဲ့ စီးရီးထဲက ဇာတ်ကောင်ကို ရှာဖွေဖို့ နည်းလမ်းမျိုးစုံနဲ့ LA အထိ လိုက်လာခဲ့ချိန်မှာ ဘာတွေဆက်ဖြစ်မလဲတော့ ကြည့်ရှုအားပေး လိုက်ကြပါဦး။ နာမည်ကျော် Morgan Freeman နဲ့ Chris Rock တို့ အဓိက ပါဝင်ထားတဲ့အပြင် မင်းသမီး Renee Zellweger ရဲ့ Disney ဆန်ဆန် overacting တွေကိုလည်း ကြည့်ရှုရမှာဖြစ်ပါ ကြောင်းပြောကြားရင်း တင်ဆက်ပေးလိုက်ပါပြီ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ...
movie

Nurse Betty (2000)

2000
Kiss the Girls (1997) 6.6
Kiss the Girls (1997) ကျောချမ်းစရာ မှုခင်းဒရာမာကောင်းကောင်းလေးတစ်ခု တင်ပေးထားပါတယ်။မှုခင်းဆိုင်ရာ စိတ်ပညာရှင် Alex Cross ဟာ သူ့တူမ ပျောက်ဆုံးသွားတာကို သိသွားတာနဲ့တစ်ပြိုင်နက် သူ့တူမ နေထိုင်ရာဒေသကို လိုက်သွားပါတယ်။ အဲဒီက ဒေသခံရဲတပ်ဖွဲ့ဆီက Casanova ဆိုတဲ့ ကွင်းဆက်လူသတ်သမားက ပြန်ပေးဆွဲသွားတာ ဖြစ်နိုင်ကြောင်း သိလိုက်ရပါတယ်။ အဲလိုဖြစ်နေတဲ့အချိန်မှာပဲ တက္ကသိုလ်ဆေးရုံမှ ဒေါက်တာ Kate McTiernan ဆိုသူ အမျိုးသမီးဟာ Casanova ဖမ်းတာခံလိုက်ရပြီး သူ့ကို ဖမ်းဆီးထားတဲ့နေရာမှာ တခြားအမျိုးသမီးတွေလည်း ရှိနေတာကို တွေ့ခဲ့ရပါတယ်။ ကံကောင်းချင်တော့ Kate ဟာ အဲလူသတ်သမားထံမှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး Alex Cross နဲ့ ပူးပေါင်းကာ Casanova ဖမ်းနိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားက James Patterson ရဲ့ Kiss the girls ဆိုတဲ့ bestseller မှုခင်းဝတ္တုကို ဒါရိုက်တာ Gary Fleder ...
movie

Kiss the Girls (1997)

Robin Hood: Prince of Thieves (1991) 6.9
Robin Hood: Prince of Thieves (1991) Robin Hood Prince of Thieves (1991)============================= ရော်ဘင်ဟုဒ်ကားတွေအများကြီးထဲကမှ ဗားရှင်းတမျိုးကားကောင်းအဟောင်းလေးတခုနဲ့မိတ်ဆက်ပေးပါမယ်။Kevin Costner Alan Rickman တို့လို ဝါရင့်သရုပ်ဆောင်ကြီးတွေမှလည်းပါ၀င်ထားပါတယ် ရော်ဘင် လော့စလေ ဟာခရူးဆိပ်စစ်ပွဲမှာ အဖမ်းခံရပြီး ငါးနှစ်အကြာမှာအိမ်ပြန်လာနိုင်ခဲ့သူပါ။ဒါပေမဲ့သူပြန်‌ရောက်လာခဲ့ချိန်မှာသူ့အိမ်ဖြစ်တဲ့လော့စလေ နယ်မြေကတော့ နော့တင်ဟမ်မြို့စားကြီးရဲ့အကောက်ကြံမှုအောက်မှာအလူးအလိမ့်ခံစားနေရပါတယ်။ ဖခင်ဖြစ်သူကလည်းအသတ်ခံရသလိုမိမိအိမ်ကိုလည်းဆုံးရှုံးခဲ့ရတဲ့ရော်ဘင်တယောက် မြို့စားကြီးလက်ကနေလွတ်အောင်ပြေးရင်း ရှားဝုဒ်တောထဲကဂျွန် လစ်တဲယ်ရဲ့လူတစုနဲ့တွေ့သွားခဲ့တဲ့အခါမှာတော့ ရော်ဘင်လော့စလေတဖြစ်လဲရော်ဘင်ဟုဒ်ဟာ မြို့စားကြီးရဲ့အကြံစည်‌တွေကိုစတင်‌ နှောင့်ယှက်ပါတော့တယ်။ ရော်ဘင်တယောက်မြို့စားကြီးကိုအနိုင်ယူနိုင်ပါ့မလား။သူ့ရဲ့သူငယ်ချင်းပီတာက မသေခင်တောင်းဆိုခဲ့တဲ့မေရီယန်ဆိုတဲ့ပီတာ့ညီမလေးကိုရော ကာကွယ်ပေးနိုင်ပါ့မလား။ မြို့စားကြီးကရောဘာတွေကြံစည်နေတာလဲ အဆုံးမှာဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုRobin Hood Prince of Thieves ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးကြပါဦး... File size…3.13GB / 1.22GB / 658MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 23m Genre ..... Action , Drama , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Robin Hood: Prince of Thieves (1991)

Deep Impact (1998) 6.2
Deep Impact (1998) Deep Impactဆိုတဲ့အတိုင်းပါပဲ ကမ္ဘာရှိရာကို ဦးတည်ရိုက်ခတ်လာတော့မဲ့ ကြယ်တံခွန်ကြီး တစ်ခုအကြောင်းကို ဇာတ်အိမ်တည်ပြီး Sci-fiနဲ့ Drama တွဲလျက် ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကိုတော့ ဆယ်ကျော်သက် နက္ခတ္တဗေဒ ဝါသနာအိုးလေးတစ်ယောက်က ညဖက် Telescopeနဲ့ ကြည့်ရင်း အမျိုးအမည်မသိ ကြယ်တံခွန်ကြီး တစ်လုံးကို တွေ့ရာကနေ စပြီးဖွင့်ထားပါတယ်။ ဒီလိုနဲ့ New Yorkမြို့လောက်ကြီးတဲ့ အာကာသထဲက ပြဿနာထုပ်ကြီးကို အစိုးရဖက်က ပါးပါးနပ်နပ် ကိုင်တွယ်ဖြေရှင်း‌ ပုံတွေကို ကြည့်ရှုရမှာပါ။ အမေရိကန်သမ္မတ နေရာကို Morgan Freemanက ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် IMDbကလည်း 6.2ရထားပြီး CGIတွေက မဆိုးလှတဲ့အနေအထား တစ်ခုမှာ ရှိတာမို့ ကြည့်ရကျိုးမနပ်ရင်တောင် အကျိုးတော့မယုတ်ဘူးဆိုတာ အာမခံပါတယ်။File size…(1.91GB)  / (`1016MB) / (614MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:00:00 Genre...  Drama / Action / Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Deep Impact (1998)

The Minute You Wake Up Dead (2022)
The Minute You Wake Up Dead (2022)  "မင်းသေဆုံးပြီး နိုးထလာတဲ့အချိန် ဘယ်နေရာမှာ ရှိနေမလဲ " ဇာတ်ကားထဲက စာသားလိုပဲ တချို့လူတွေ တခါတလေ တွေးမိကြမှာပါ။ ကျွန်တာ်တို့တွေ သေပြီးရင် ဘယ်နေရာကို ရောက်မှာလဲ ပေါ့။ ကောင်းတာလုပ်ရင် ကောင်းတဲ့နေရာ မကောင်းတာလုပ်ရင် မကောင်းတဲ့နေရာ အဲလိုမျိုး ရိုးရိုးရှင်းရှင်းလေးပဲလား။ ဒီသ‌ဘောတရားကို ဒီဇာတ်ကားက ပါးပါးလေးပုတ်ပြသွားပါတယ်။လူသူမသိ နယ်မြို့လေးတစ်မြိုမှာ လူတစ်စုဟာ Russ ကြောင့် ရင်းနှီးမြှုပ်နှံငွေတွေ ဆုံးရှူံးလိုက်ရလို့ သူ့ကို တော်တော်များများကချဉ်နေကြပါတယ်။ ဒီတော့ Russ ဟာ မျက်စိကို နောက်စေ့မှာကပ်ပြီး နေရတဲ့ အခြေအနေရောက်နေလေရဲ့။ တစ်ညမှာတော့ ရက်စ်ရဲ့ ဘေးအိမ်က Delaine နဲ့ Carl တို့ သားအဖရဲ့အိမ်ကို ဖောက်ထွင်းပြီး အဖိုးကြီး Carl ကို သတ်သွားပါတယ်။ အစောကတည်းက နီးရာဓါးကြောက်နေရတဲ့ Russ တစ်ယောက်ဟာ သူ့ကို ဦးတည်တာလို့ထင်ပြီး အိမ်မှသတ်သွားတာလို့ သောကတွေများပါတော့တယ်။ ဒါပေမယ့် အပ်ချည်မျှင်တစ်စဆွဲထုတ်လိုက်သလိုပဲ နှာခေါင်းပေါက်လောက်မြို့လေးမှာ လူသတ်မှုတွေဟာ မီးခိုးကြွက်လျှောက် လိုက်လာတဲ့အခါမှာတော့...။မှုခင်းရုပ်ရှင် ကြိုက်တတ်သူတွေအဖို့ ကြည့်ပျော်တဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး Morgan ...
movie

The Minute You Wake Up Dead (2022)

Conan the Barbarian (2011) 5.1
Conan the Barbarian (2011) Conan the Barbarian (2011)ဒီနေ့မှာတော့ အားလုံးရဲ့အချစ်တော် Aquaman မင်းသားကြီး Jason Momoa ရဲ့ 2011 ကထွက်ရှိထားတဲ့ Conan the Barbarian ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်ကားကို ဟိုက်ဘိုရီယန်ခေတ်မှာ အခြေတည်ထားပြီးတော့ ခန့်မှန်းအားဖြင့် BC 14000 ကနေ 9500 ကြားလောက်အချိန်အတွင်းဖြစ်ပါတယ်။ ဟိုက်ဘိုရီယန်ခေတ်မတိုင်ခင် အက်ရှရွန်ခေတ်မှာမှော်ဆရာတွေဟာ သေသူကိုပြန်ဆင့်ခေါ်နိုင်ဖို့ ဘုရင်တွေရဲ့အရိုးတွေကိုသုံးပြီး နတ်ဆိုးတွေစီး၀င်‌နေတဲ့ မျက်နှာဖုံးတစ်ခုကို ဖန်တီးလိုက်ကြပါတယ်။ မျက်နှာဖုံးဟာ စွမ်းအားကြီးလွန်းလို့ အက်ရှရွန်တွေဟာ တစ်ကမ္ဘာလုံးကို အုပ်စိုးသွားနိုင်ခဲ့ပေမယ့် သူတို့ကိုတော်လှန်နိုင်တဲ့ ဘာဘေရီယန်ဆိုတဲ့ မျိုးနွယ်စုတစ်စု ကျန်ရှိနေခဲ့ပါတယ်။ဘာဘေရီယန်တွေဟာ မျက်နှာဖုံးကိုခွဲပစ်လိုက်နိုင်ပြီး မသမာသူတစ်ယောက်ယောက်က အစိတ်အပိုင်းတွေကိုပြန်မဆက်နိုင်အောင် တစ်ပိုင်းချင်းစီကို မျိုးနွယ်စုအသီးသီးဆီဖြန့်ကျက်ထားလိုက်ပါတယ်။ဒါပေမယ့် တစ်နေ့တော့ အပိုင်းအစတွေကိုပြန်စုတဲ့လူတစ်ယောက်ပေါ်လာခဲ့တဲ့အခါ ဇာတ်လိုက်ကျော် Jason Momoa တစ်ယောက် ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရင်း တားဆီးဖို့ကြိုးစားသွားမလဲဆိုတာကို စိတ်၀င်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ဒီဇာတ်ကားက မင်းသားကြီးအာနိုးရဲ့ Conan the Barbarian (1982) နဲ့နာမည်တူ ခေတ်ပုံစံတွေတူပေမယ့် ဇာတ်လမ်းဆက်စပ်မှုတော့ ...
movie

Conan the Barbarian (2011)

4K HEVC
The Dark Knight Rises (2012) 8.5

The Dark Knight Rises (2012)

2012
4K HEVC IMAXHDR
Lucy ( 2014 ) 6.4
Lucy ( 2014 ) Lucy ( 2014 ) အညွှန်း********************* လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားကလူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်းအသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကိုသယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီးဗိုက်ကို အကန်ခံလိုက်ရတဲ့အခါမှာတော့......................နာမည်ကျော် ညှို့အားပြင်း မင်းသမီးချော Scarlett Johanssonခေါင်းဆောင်ပါဝင်ပြီး ကိုရီးယား မင်းသားကြီး Choi Min Sik ကJohansson နဲ့ အပြိုင် လူဆိုးကြီးအဖြစ် သရုပ်ဆောင်ထားပါတယ်။ပရော်ဖက်ဆာ နော်မန်အဖြစ် Morgan Freeman က Logic တွေတော်ကီပွားရုံ သရုပ်ဆောင်ထားပြီး Amr Waked က ...
movie

Lucy ( 2014 )

2014
4K HEVC
High Crimes (2002) 6.3
High Crimes (2002)    ကလဲရ် ကုဘစ်ဟာ သိပ်ကို တော်တဲ့ အမျိုးသမီး ရှေ့နေတစ်ယောက်ပါ။ သူ့ရဲ့ အမျိုးသား တွမ်နဲ့အတူ အေးအတူပူအမျှ နေထိုင်နေသူပေါ့။ ဒါပေမဲ့ တစ်နေ့မှာ အမေရိကန်စစ်တပ်ဟာ သူ့ရဲ့ အမျိုးသားကို ရုတ်ချည်း ဖမ်းဆီးခဲ့ပြီး သူ့အမျိုးသားဟာ တွမ် ကုဘစ်မဟုတ်ဘဲ။ ရွန် ချက်မန်းလို့ အမည်ရတဲ့ တပ်ပြေးတစ်ယောက်လို့ ဆိုလာပါတယ်။ပိုဆိုးတာက ရွန်ချက်မန်းဟာ လူအစုလိုက် အပြုံလိုက် သတ်မှုနဲ့ သေဒဏ်ကျမယ့် တရားခံဖြစ်နေတာပါပဲ။ သို့ပေမဲ့ ဒါတွေဟာ မဟုတ်မမှန် စွပ်စွဲချက်မှန်း သိလိုက်ရတဲ့အပြင် သူ့ရဲ့ အမျိုးသားကို တရားဆိုင်ဖို့ စစ်တပ်က အညတရ ရှေ့နေတစ်ယောက်သာ ချပေးထားတဲ့ အချိန်မှာ ကလဲရ်ဟာ ချာလီဆိုတဲ့ စစ်ထွက် တပ်သားဟောင်းကြီးရဲ့ အကူအညီနဲ့ စစ်တစ်တပ်လုံးနဲ့ မိန်းမတစ်ယောက် အကြိတ်အနယ် တရားရေးရာတွေ စတင်ပါတော့တယ်။ဒီဇာတ်လမ်းမှာ မင်းသမီး Ashley Jadd က ကလဲရ်၊ ...
movie

High Crimes (2002)

Paradise Highway (2022) 5.3
Paradise Highway (2022) Paradise Highway (2022)ဆယ်လီဆိုတဲ့ အမျိုးသမီးဟာ ကုန်ကားကြီးတွေ မောင်းရင်း ဘ၀ဖူလုံရေးအတွက် ငွေရှာတယ်။ သူ့မှာ ဒန်းနစ်ဆိုတဲ့ ထောင်ကျနေတဲ့ မောင်တစ်ယောက်ရှိတယ်။မဝေးတော့တဲ့ တစ်ရက်နှစ်ရက်မှာ လွတ်တော့မယ့် သူ့ရဲ့မောင်က ထောင်တွင်း မူးယစ်ဆေး ရောင်း၀ယ်ဖို့ သူ့ကို အကူအညီတောင်းတဲ့အခါ ပစ္စည်းရဖို့အရေး ဆယ်လီတစ်ယောက် အပြင်မှာ ထပ်လှုပ်ရှားရတယ်။ဒီလိုနဲ့ ထောင်ထဲက မောင် ဒုက္ခမရောက်ဖို့အရေး လေလာဆိုတဲ့ ၁၀ နှစ်၀န်းကျင်ကလေးမလေးကို လူကုန်ကူးပေးဖို့ အကြောင်းဖန်လာတယ်။ ဒါပေမဲ့ နယ်စပ်ရောက်တဲ့အချိန်မှာ ကလေးမလေးက တစ်ဖက်လူကို ဆယ်လီ့ကားထဲက သေနတ်နဲ့ ပစ်လိုက်လို့ လူသေမှုတစ်ခု ပြဿနာကပါ ဆယ်လီ့ဘ၀ထဲကို ထပ်တိုး၀င်လာပါတော့တယ်။ဒီဇာတ်လမ်းမှာ အမှုစုံစမ်းတဲ့ စုံထောက် duo အဖြစ် မင်းသားကြီး Morgan Freeman နဲ့ Cameron တို့ရဲ့ အတွဲညီမှုက တစ်ဖက်၊ ဆယ်လီအဖြစ် သရုပ်ဆောင်တဲ့ မင်းသမီးကြီး Juliette Binoche နဲ့ လေလာအဖြစ် သရုပ်ဆောင်သူ ကလေးသရုပ်ဆောင် Hala Finley တို့ရဲ့ ...
movie

Paradise Highway (2022)

2022
The Shawshank Redemption (1994) 9.3
The Shawshank Redemption (1994) The Shawshank Redemption (1994)91% Rotten Tomatoes9.3/10 IMDbမိတ်ဆွေတို့ Google မှာ IMDb rating အမြင့်ဆုံးကားများ လို့ ရိုက်ရှာကြည့်ချင်ပါသလား? Rotten Tomatoes ရဲ့ အကောင်းဆုံးကားများလို့ ရိုက်ရှာကြည့်ချင်ပါသလား? ရုပ်ရှင်သမိုင်းတလျှောက်အကောင်းဆုံးကားများ.....မသေခင်ကြည့်သင့်သော ကားများ....ဘာညာသာရကာ အစုံရိုက်ပြီး ရှာကြည့်လိုက်ပါ။ ဒီဇာတ်ကားကတော့ ထိပ်ပိုင်းတစ်နေရာမှာ အမြဲပါနေပါလိမ့်မယ်။ဇာတ်လမ်း အကျဉ်းလေးကတော့ ရိုးရှင်းပါတယ်။ လူသတ်မှုနဲ့ ထောင်ဒဏ် တစ်သက် ၂ ခါ ကျခံရပြီး ရှောရှန့်ခ် ထောင်ထဲကို ရောက်လာတဲ့ ဘဏ်စီးပွားရေးသမား အန်ဒီ ဒူဖရင်း(Tim Robbins) နဲ့ တကျွန်းသမားဟောင်းကြီး ရက်ဒ်(Morgan Freeman) တို့ ရဲ့ ထောင်ထဲက အခက်အခဲတွေနဲ့ မိတ်ဆွေဘဝ၊ အန်ဒီရဲ့ ငရဲလို မျှော်လင့်ချက်မရှိတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ဘယ်လိုတည်ဆောက်ပြီး နေထိုင်သွားလဲ၊ လွတ်မြောက်မှုကို ဘယ်လိုရှာဖွေသွားလဲ ...
movie

The Shawshank Redemption (1994)

1994
4K HEVC
Evan Almighty (2007) 5.4
Evan Almighty (2007) Evan Almighty (2007) =============ကမ္ဘာဦးအစမှာ အဖြစ်အပျက်တစ်ခု ဘုရားသခင်လက်ထက်မှာ ဖြစ်ပေါ်ခဲ့ဖူးတယ်လို့ ခရစ်ယာန် သမ္မာကျမ်းကဆိုပါတယ်။ အကျင့်ပျက် အကုသိုလ်တွေနဲ့ ဆိုးသွမ်းလာတဲ့ လူသားတွေအပေါ် ဘုရားသခင်က ကြီးမားတဲ့အပြစ်ပေးခဲ့တယ်။ လူသားတွေဟာ ကြီးမားတဲ့ရေလွှမ်းမိုးမှုကြီးအောက်မှာ သေကြေပျက်ဆီးသွားပြီး လူသားမျိုးနွယ် ချုပ်ငြိမ်းရမယ့်အဖြစ်ကို ရင်ဆိုင်ခဲ့ရတာပေါ့။ဒါပေမယ့် နောဧဆိုတဲ့ လူသားတစ်ယောက်ကိုတော့ ဘုရားသခင်က အခွင့်အရေးတစ်ခုပေးခဲ့ပါတယ် ကမ္ဘာကြီးကို restart ချတဲ့ပုံစံနဲ့ ရွေးချယ်ခံရတဲ့ လူသားတွေ တိရိစ္ဆာန်မျိုးစိတ်တွေကို ကယ်တင်နိုင်ဖို့ ကြီးမားတဲ့ အာ့ခ် လှေကြီးတစ်စင်း တည်ဆောက်ရန်အတွက် နောဧကို ဘုရားသခင်က သတိပေးခဲ့တယ်။ နောဧက ဇနီးတစ်ယောက် သားသုံးယောက်နဲ့ လှေကြီးကိုတည်ဆောက်ပြီး လူသားများနဲ့ တိရိစ္ဆာန်မျိုးစိတ်တစ်ခုမှာ အဖိုအမ တစ်စုံစီကို ရေလွှမ်းမိုးမှုကြီးကနေ ကယ်တင်နိုင်ခဲ့တယ်။အဲဒီလိုအဖြစ်မျိုး ယနေ့ကာလမှာ ထပ်မံပေါ်ပေါက်လာဖို့ အကြောင်းဖန်လာပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ရေလွှမ်းမိုးမှုကြီးက ဘုရားသခင်ရဲ့ အမျက်ကြောင့်ဖြစ်ပေါ်လာတာမဟုတ်ဘဲ လူသားတွေရဲ့ အမှားကြောင့်ဖြစ်ပေါ်လာတာပါ။ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်တဲ့ ...
movie

Evan Almighty (2007)

2007