Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Morfydd Clark
5.5
Starve Acre (2023)
ဒါကတော့ ဗြိတိန်ကျေးလက်ရိုးရာ Horror ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ လယ်ကွင်းထဲက စတာ့ဗ်ဧကလို့ခေါ်တဲ့မိသားစုအိမ်ကြီးကို ပြောင်းရွှေ့လာကြတဲ့ ရစ်ချတ်နဲ့ ဂျူးလိယက်ဝေလ်လဘီလို့ခေါ်တဲ့ လင်မယားနှစ်ယောက်မှာ အိုဝင်လို့ခေါ်တဲ့တစ်ဦးတည်းသောသားလေး ရှိပါတယ်။သားဖြစ်သူက ပန်းနာရင်ကျပ်ရှိလို့ လေကောင်းလေသန့်ရတဲ့နေရာကို ပြောင်းလာရင် ပိုကောင်းမယ်ဆိုတဲ့အတွေးနဲ့ပြောင်းလာကြတဲ့ လင်မယားနှစ်ယောက်....သူတို့ရဲ့သားလေးဖြစ်သူက တစ်နေ့မှာ ရန်လိုတဲ့အပြုအမူတွေစလုပ်လာခဲ့တဲ့အတွက် ဆေးခန်းပြ စစ်ဆေးနေရင်းနဲ့မှပန်းနာရင်ကျပ်ရောဂါထပြီး ရုတ်တရက်သေဆုံးသွားတဲ့အခါ...သားဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အတွက် အမေဖြစ်သူကဝမ်းနည်းမှုတွေနဲ့ပြည့်နှက်နေခဲ့ပြီး ဝိညာဉ်ပိုင်းဆိုင်ရာအကူအညီတွေရယူလို့ ဝမ်းနည်းမှုကို ကျော်လွှားဖို့ကြိုးစားနေခဲ့ပါတယ်...အဖေဖြစ်သူကတော့ ငယ်စဉ်ကတည်းက ကြားဖူးခဲ့တဲ့ဒဏ္ဍာရီလာသစ်ပင်ကြီးရဲ့ သဘာဝလွန်ဒြပ်စင်တွေကို တူးဖော်တွေ့ရှိခဲ့ရာကနေ..အဲဒီသစ်ပင်ကြီးက အမှောင်ဘက်ခြမ်းစွမ်းအားတွေနဲ့ပတ်သက်မှုရှိနေကြောင်းသိရှိလာတာနဲ့အမျှသူ့သားသေဆုံးမှုနဲ့ ပတ်သက်နေရမယ်လို့ ယူဆရင်း...သူတို့အိမ်ပတ်လည်က နယ်မြေရဲ့လျှို့ဝှက်ချက်တွေကိုစတင်ရှာဖွေပါတော့တယ်...အဲဒီလိုနဲ့ သားဖြစ်သူသေဆုံးရတဲ့ အကြောင်းအရင်းမှန်ကိုရှာတွေ့သွားမလား လင်မယားနှစ်ယောက်လုံး ဝမ်းနည်းပူဆွေးရမှုတွေကနေ လွတ်မြောက်သွားမလားဆိုတာကိုထိတ်လန့်မှုတွေ၊တွေးတောစရာတွေအပြည့်နဲ့ ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.24GB / 644MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt
movie
Starve Acre (2023)
6.0
Pride and Prejudice and Zombies (2016)
ယခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Cinderella (2015)ထဲကမင်းသမီးချော Lily James နဲ့ Maleficent ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်ခဲ့တဲ့မင်းသား Sam Riley တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇွန်ဘီကားလေးပဲဖြစ်ပါတယ်။ ဒီဇွန်ဘီကားဟာ 19 ရာစုမှာအခြေတည်ထားပြီး ထူးဆန်းတဲ့ ဇွန်ဘီပလိပ်ရောဂါကြောင့်အင်္ဂလန်နိုင်ငံဟာ စစ်တလင်းဖြစ်ခဲ့ရပုံကိုပြသထားပါတယ်။ ဒီဇာတ်ကားထဲကဇွန်ဘီတွေက သာမာန်ဇွန်ဘီကားတွေထဲကလို တွေ့ကရာအကုန်လိုက်ကိုက်နေတာမျိုးမဟုတ်ပဲသူတို့မှာလည်း ဦးနှောက်ရှိတဲ့အတွက် ဉာဏ်ပြေးကြပါတယ်။ ဝူးရှူးဝါးတွေမလုပ်ပဲလူ့ ဦးနှောက်စားရဖို့အတွက် ထောင်ခြောက်လည်းဆင်တတ်သလို လူတွေကြားထဲလည်းသွားလာတတ်ကြပါသေးတယ်။ ဒီလိုဉာဏ်ကောင်းတာကြောင့်ပဲ ဇွန်ဘီတွေကတဖြေးဖြေးနဲ့အင်အားကောင်းလာတာမို့ လူသားမျိုးနွယ်တွေအတွက် ခြိမ်းခြောက်မှုကြီးတစ်ရပ်ဖြစ်လာပါတော့တယ်။ ဒီလိုတွေကြားထဲမှာမှ လူသဘောလူ့သဘာဝလူမှုရေး ချစ်ရေးကြိုက်ရေး နိုင်ငံရေး ဒါမျိုးတွေကိုရောထည့်ပေါင်းစပ်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။ ဇွန်ဘီကားကြိုက်တဲ့ ပရိတ်သတ်တွေအတွက်ကတော့အမြင်တစ်မျိုးထူးခြားနေမှာဖြစ်လို့ ကြည့်သင့်တဲ့ဇာတ်ကားဖြစ်တယ်လို့ညွှန်းလိုက်ပါရစေ။ File size…1.59 GB / 750MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Action , Comedy , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
Pride and Prejudice and Zombies (2016)
6.7
Saint Maud (2019)
Saint Maud (2019)~ IMDb - 6.7/10, RT - 92%, Meta - 83% ~Katie ဆိုတဲ့ကောင်မလေးဟာ အင်္ဂလန်ကမ်းခြေမြို့လေးတစ်မြို့က သူနာပြုမလေးတစ်ယောက်။ သူဟာ ဘုရားသခင်အပေါ် အတော်ယုံကြည်သက်၀င်သူ။ နိစ္စဓူဝ အလုပ်တွေကိုတောင်မှ ဘုရားကို အမြဲတိုင်တည်နေတတ်သူ။ ဆိုတော့ ကိုယ့်ကိုယ်ကိုယ်ပါ နာမည်ပြောင်းထားပါသေးတယ်။ Maud တဲ့...။တစ်နေ့သူဟာ ကင်ဆာရောဂါသည်တစ်ယောက်ကို သူနာပြုလုပ်ပေးဖို့ တာဝန်ကျလာတယ်။ အဲဒီကင်ဆာရောဂါသည်ကတော့ ဘုရားကို မယုံဘူး။ Lesbian လည်း ဖြစ်နေသေးတယ်။ Maud ဟာ သူ့ကို ဘာသာရေးနယ်ပယ်ထဲ ဆွဲခေါ်ပေမဲ့ မရခဲ့။ လူတွေ ဝိုင်းရှုံ့ချတာ လှောင်တာကို ခံခဲ့ရတယ်။ သူဟာ ဘုရားအပေါ်ကို မေးခွန်းထုတ်လာမိတယ်။အထီးကျန်မှုတွေနဲ့ အိမ်အပြန်လမ်းတစ်လျှောက်ဟာ သူ့အတွက် ခြောက်ခြားစရာတွေအပြည့်။ သူ ဘုရားကို ပြန်တောင်းပန်ခဲ့တယ်။ ဘုရားသခင်ကလည်း သူ့ကို ဗျာဒိတ်တစ်ခု ပြတော်မူခဲ့ပါတယ်။" ...
movie
Saint Maud (2019)
2019
6.2
Eternal Beauty (2019)
Eternal Beauty (2019)================IMDb Rating - 6.2/10#Unicodeဒါရိုက်တာ Craig Roberts ရဲ့ လက်စွမ်း ပြထားတဲ့ ရုပ်ရှင်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။စိတ်ဓာတ်ကျနေတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို အသားပေးရိုက်ကူးပုံဖော်ထားပြီးလူတစ်ယောက်မှာရှိတဲ့ သူ့ရဲ့ အမှောင်ဘက်ခြမ်း အားကြီးသွားတဲ့အခါ အဲ့လူဟာ ဘယ်လိုပုံစံဖြစ်လာပြီး ဘယ်အခြေအနေတွေနဲ့ ဖြတ်သန်းခဲ့ရတယ် ဆိုတာ သိချင်ရင်တော့ ဒီကားလေးကို ကြည့်ဖို့အကြံပေးပါရစေ...ဇာတ်ကား ကောင်းတစ်ကားကို မြုပ်ကွက်တွေဖေါ်ပြီး ပြောပြလိုက်ရင် ကြည့်ရတာ အရသာမရှိတော့မှာစိုးလို့ စိတ်ဓာတ်ကျနေတဲ့လူတွေ စိတ်ကျဝေဒနာ ခံစားနေရတဲ့ လူတွေနဲ့ Dark side အကြောင်းစိတ်ဝင်စားသူတွေအနေနဲ့ မလွတ်တမ်းကြည့်ရမဲ့ ကားတစ်ကားလို့ပဲ ညွှန်းဆိုချင်ပါတယ်။ ဒီကားလေးဟာComedy, Drama, Romance အမျိုးအစားဖြစ်ပြီး IMDb Rating - 6.2/10 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Parris ပဲဖြစ်ပါတယ်။)#Zawgyiဒါရိုက်တာ Craig Roberts ရဲ့ လက်စွမ်း ပြထားတဲ့ ရုပ်ရှင်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။စိတ်ဓာတ်ကျနေတဲ့ ...
movie
Eternal Beauty (2019)
2019
6.3
The Personal History of David Copperfield (2019)====================================IMDb Rating - 6.3/10Rotten Tomatoes – 94 %#Unicodeဒီဇာတ်ကားက အင်္ဂလိပ်စာရေးဆရာကြီး Charles Dickens ရဲ့ ဂန္ဓာဝင်ဝတ္ထုတွေထဲကတစ်ခုကိုရုပ်ရှင်ဇာတ်လမ်းဖန်တီးထားတာဖြစ်ပါတယ်။ ဒေးဗစ်ကိုပါဖီး တစ်ယောက် ဟာ ငယ်စဉ်က ဆွေကြီးမျိုးကြီးထဲက ဆင်းသက်လာရပြီး အပူအပင်မရှိဖြတ်သန်းလာခဲ့ရတာပါ ။ မွေးကတည်းက အဖေဆိုတာကို နာမည်သာကြားခဲ့ဖူးပေမယ့် တွေ့ခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် သူရဲ့ မိခင် ကလာရာကိုပါဖီးကကြွယ်ဝချမ်းသာတဲ့ မျိုးဆက်ဖြစ်တဲ့အတွက်လိုလေသေးမရှိ ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။ ဒီလိုနဲ့သာယာပျော်ရွှင်နေတဲ့ ဒေးဗစ်တို့ဘဝကို မုန်တိုင်းတစ်ခုကျရောက်ပါတော့တယ် ။ ဒေးဗစ်ရဲ့အမေဟာအသက်ငယ်ရွယ်တဲ့သေးတဲ့အပြင် ရုပ်ရည်ပါလှပတဲ့အတွက် နောက်အိမ်ထောင်ပြုဖို့ကမခက်ခဲခဲ့ပါဘူး။ဒါပေမယ့် ဒေးဗစ်ရဲ့အမေ ရွေးချယ်လိုက်တဲ့သူက ဒေးဗစ်အတွက် ကံကကြမ္မာဆိုးသဖွယ်ပါပဲ။ အိမ်ထောင်ဦးစီးဆိုတဲ့ ဂုဏ်ကိုအပြည့်အဝအသုံးချကာ ဒေးဗစ်အပေါ်ရက်စက်ပါတော့တယ်။ အဲ့ဒါအပြင် အသက်ငယ်ငယ်လေးပဲရှိသေးတဲ့ဒေးဗစ်ကို လန်ဒန်ကိုတစ်ယောက်တည်း ပို့လိုက်ပါတော့တယ် ။ ငယ်ရွယ်လွန်းတဲ့ဒေးဗစ်ဟာ ဆင်းရဲဒုက္ခတွေကို တစ်ယောက်တည်း ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကတော့ ...
movie
The Personal History of David Copperfield (2019)
2020
6.6
Crawl (2019)
ရုံမှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ခဲ့ရတဲ့ ဟော်ရာ ကားကောင်းတစ်ခုကို တင်ပေးထားပါတယ်။အရမ်းလန့်တတ်တဲ့ သူတွေတော့ သတိထားကြည့်သင့်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ရေကူးအားကစားမယ်တစ်ယောက်ဖြစ်တဲ့ ဟေလီဟာ သူနဲ့ စိတ်ဆိုးပြီးစကားမပြောဖြစ်တဲ့ အဖေ့ဆီကို သွားဖို့ အကြောင်းဖန်လာပါတယ်။အကြောင်းကတော့ အင်အားကြီး ဟာရီကိန်းမုန်တိုင်းတစ်ခု တိုက်မယ့်နယ်မြေထဲမှာဟေလီရဲ့ အဖေဟာ အဆက်အသွယ်ပြတ်ပြီး ပျောက်နေလို့ပါပဲ။သူ့အဖေဆီကို ရောက်သွားတဲ့အချိန်မှာ အဖေဖြစ်သူဘာလို့ ရောက်မလာနိုင်လဲ ဆိုတဲ့အကြောင်းရင်းကိုသူကိုယ်တိုင် တွေ့လိုက်ရပါတော့တယ်။ရေလျှံပြီး ရောက်နေတဲ့ မိကျောင်းတစ်ကောင် ကြောင့်ပါပဲ။ရေထဲမှာ ပြိုင်ဘက်ကင်းသားရဲလို့ ပြောလို့ရတဲ့မိကျောင်းနဲ့ ငါးတစ်ကောင်လို ရေကူး ကျွမ်းကျင်သူတို့ရေထဲမှာ ရင်ဆိုင်ကြရတ့အခါ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါပဲ။ File Size : (750 MB , 219 MB)Quality : WEB-DL 720pRunning ...
movie
Crawl (2019)
2019
7.1
အင်္ဂလိပ်စာရေးဆရာကြီး ချားလ်စ်ဒစ်ကင်းစ် ဆိုရင်ကမ္ဘာ့စာပေလောကမှာမသိတဲ့လူမရှိပါဘူး။သူဟာအောင်မြင်တဲ့စာအုပ်များစွာကိုရေးသားခဲ့ပြီး သူရေးတဲ့စာအုပ်တွေဟာ အံ့သြလောက်အောင် အရောင်းရဆုံးတွေဖြစ်ခဲ့ပါတယ်။သူဖန်တီးခဲ့တဲ့ စိတ်ကူးယဉ်ဇာတ်ကောင်တွေဟာ လူတွေရဲ့နှုတ်ဖျား တွေ ရုပ်ရှင်ကားတွေမှာ ခုထိအသက်ဝင်ရှင်သန်နေတုန်းပါပဲ။မြန်မာနိုင်ငံကအများသိကြတဲ့ စာရေးဆရာကြီးရွှေဥဒေါင်းကလည်း သူ့ဝတ္ထုတစ်အုပ်ဖြစ်တဲ့ Great Expectation ဆိုတဲ့စာအုပ်ကို “မျှော်တလင့်လင့်”ဆိုပြီး မြန်မာမှုပြုရေးသားခဲ့ဖူးပါတယ်။ဒီရုပ်ရှင်လေးကတော့ စာရေးဆရာကြီးချားလ်စ်ဒစ်ကင်းစ်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ခပ်မြူးမြူးလေးရိုက်ပြထားတဲ့Drama/Biography ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ချားလ်စ်ဟာ A Christmas Carol ဆိုတဲ့စာအုပ်ကိုမထုတ်ခင်ရှေ့မှာစာအုပ်သုံးအုပ်ဆက်တိုက်အရှံူးပေါ်ခဲ့ပါတယ်။ဒါနဲ့ခုစာအုပ်ကိုရေးဖို့ သူ့မှာ ဖိအားများစွာဖြစ်ပေါ်လာခဲ့တယ်။နောက်ဆုံးသူဒီစာအုပ်ကိုရေးသားထုတ်ဝေပြီးချိန်မှာ အရင်ခရစ္စမတ်ကိုပစ်ထားကြတဲ့ အင်္ဂလိပ်တွေကစလို့ တစ်ကမ္ဘာလုံးကလူတွေ ခရစ္စမတ်ကိုယနေ့ထိပြန်လည်ကျင်းပလာကြတယ်လို့ဆိုပါတယ်။၂၀၁ရခုနှစ် နိုဝင်ဘာမှာထွက်ခဲ့တဲ့ကားဖြစ်ပြီး Rating တွေကတော့ Rotten Tomatoes 80%, IMDB 7.1/10 ရထားတာဆိုတော့ ဇာတ်ကားကောင်းတစ်ကားဆိုရမှာပါ။တကယ်ကောင်းမကောင်းဆိုတာတော့ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုတော်မူကြပါ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ဆရာ ဇွဲပါ)File Size : (850 MB) and (290 MB) Quality : Blu-Ray 720p Running Time : 1h 44min Format ...
movie
The Man Who Invented Christmas (2017)
2017