Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Monroe Pfiefer
A View To Kill For (2023)
မိသားစုနဲ့ပိုက်ဆံကြားလွန်ဆွဲတဲ့ဖြစ်ရပ်ဆိုး အမွေအတွက်နဲ့တလွဲတွေဖြစ်ကုန်တဲ့ ဖြစ်ရပ်မျိုးတွေဖြစ်နေတာမြင်ဖူးကြမယ်ထင်ပါတယ်။ A View to Kill For ရုပ်ရှင်ဟာဒီသဘောကိုအကောင်းဆုံးပြသသွားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ မိသားစုနဲ့ပိုက်ဆံ ချစ်ခြင်းနဲ့ငွေကြေးကြားက သဘောကိုရိုက်ပြသွားတာဖြစ်ပါတယ်။မော်လီနဲ့သူ့မိသားစုဟာငွေရေးကြေးရေးမပြည့်သုံပဲ အခက်အခဲတွေရင်ဆိုင်နေရပါတယ်။ ဒါပေမယ့်ကံတရားဆိုတာတစ်ဆစ်ချိုးတတ်ပြီး ကောင်းတဲ့ဘက်ကိုဦးတည်သွားတတ်ပါတယ်။ မော်လီတို့မိသားစုမှာလည်းအဲလိုပဲဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် မော်လီပေါ့လေ။ သူ(မ)ရဲ့မမြင်တောင်မမြင်ဖူးတဲ့ဖခင်ဟာ ငွေကြေးများစွာနဲ့အိမ်ကြီးကိုပါ အမွေပေးခဲ့ပါတယ်။ တစ်ခါမှတောင်မမြင်ဖူးတဲ့ဖခင်ဆီကအမွေရခဲ့တာက တကယ်ကိုကံကောင်းခြင်းပါပဲ။ ဒါမှမဟုတ်ကံကောင်းတာရောဟုတ်ရဲ့လား...ဘလန်ကာဘေး ဆိုတဲ့အိမ်ကြီးရှိရာကိုတစ်မိသားစုလုံးပြောင်းရွှေ့သွားခဲဲ့ကြပါတယ်။ ခက်တာက သူတို့ကိုကြိုဆိုတဲ့လူသိပ်မရှိဘဲ ဘလန်ကာဘေးဟာလူရွတ် လူချမ်းသာ လူ့ကန့်လန့်တွေနေတဲ့ မြို့ဖြစ်နေပါတယ်။ ဘယ်လိုများဆက်ဖြစ်မှာလဲ။ ရုတ်တရတ်ရလာတဲ့အမွေအပေါ်ကိုလူတိုင်းကကြည်ဖြူနေမှာလား။ မကြိုဆိုတဲ့ပတ်ဝန်းကျင်မှာ မော်လီတစ်ယောက်ဘယ်လိုခရီးဆက်မှာလဲ။ မထင်မှတ်ထားတဲ့ အချိုးအကွေ့လည်းပါတာကြောင့် အဆုံးထိကြည့်ဖို့အကြံပေးပါရစေ။ File size…(1.4 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre... Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff
movie
A View To Kill For (2023)
Pretty Stoned (2023)
အလှပြင်ဆိုင်မှာအလုပ်လုပ်တဲ့ စတယ်လာဟာ အနာဂတ်မှာ ဆေးခြောက်အရောင်းဆိုင်ဖွင့်ချင်တယ်ဆိုတဲ့ အိပ်မက်အပြင် တခြားအိပ်မက်ရေရေရာရာမရှိပဲ အချိန်ပြည့်ဆေးကွဲနေတဲ့သူတစ်ယောက်ပါ။ အားလပ်ချိန်တွေမှာတော့ အပိုဝင်ငွေရဖို့အတွက် ဆေးခြောက်တွေကိုလိုက်ပို့ပေးတဲ့အလုပ်ကိုလည်းလုပ်ပါသေးတယ်။ ဒီလိုနဲ့ သူတစ်နေကုန်အခန်းအောင်းပြီး ဝိသောက်မယ်လို့တွေးထားတဲ့ ၄ လပိုင်း ၂၀ ရက်နေ့ (၄၂၀) မှာ သူ့ရဲ့ လုပ်ကလုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဒါဆီ မွှေတာကြောင့် အလုပ်မနားရပဲ အလုပ်သွားရပါတော့တယ်။ဒါပေမဲ့လည်းသူ့ရဲ့ဆေးကွဲမဲ့ အစီအစဉ်ကိုဖျက်လိုဖျက်ဆီးလုပ်တဲ့ ဒါဆီ ကိုတစ်ပတ်ပြန်ရိုက်ပြီး အလုပ်ကနေအစောကြီးပြန်လစ်ခဲ့တာကြောင့် Performance Anxiety ရှိတဲ့ ဒါဆီတစ်ယောက်ထဲလူအများကြီးကိုအလှပြင်ပေးရတာမလို့ အလွဲလွဲအချော်ချော်တွေဖြစ်ပြီး ကာစတန်မာတွေနဲ့ရန်ဖြစ်ကာ အလုပ်ဖြုတ်ခံလိုက်ရပါတော့တယ်။ အလုပ်ဖြုတ်ခံလိုက်ရတဲ့ဒါဆီတစ်ယောက် ငါခံရသလို နင်လည်းပြန်ခံစေရမယ်ဆိုပြီး စတယ်လာနေတဲ့အိမ်ကိုလိုက်သွားတာ စတယ်လာအိမ်မှာရှိနေတဲ့ ဆေးခြောက်တွေကို အိမ်သာထဲထည့်ပြီးရေဆွဲချလိုက်ပါတယ်။ဖြစ်ချင်တော့ အဲဒီဆေးခြောက်တွေက စတယ်လာပို့ပေးရမဲ့ပစ္စည်းတွေဖြစ်နေပြီး တစ်ပေါင်ကို ဒေါ်လာ နှစ်သောင်းတန်တဲ့ ပင့်ခ် ဟက်ရှမီနာ အမျိုးအစားဆေးခြောက်တွေဖြစ်နေတဲ့အတွက်သူတို့ဆေးခြောက်ကိုဖြောင်သွားပြီဆိုတဲ့ အထင်နဲ့ ဆေးခြောက်ပိုင်ရှင်မူးယစ်ရာဇာ မဒမ်အိတ်စ်က သူ့လူတွေကိုလွှတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့စတယ်လာနဲ့ ဒါဆီတို့လည်းသူတို့နောက်ကို လိုက်လာတဲ့ မူးယစ်ရာဇာရဲ့ လူတွေနဲ့မတွေ့အောင်ရှောင်ထွက်နိုင်မလား၊ ...
movie
Pretty Stoned (2023)