Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mo'Nique
5.8
The Deliverance (2024)
လူဖြူအမျိုးသမီးနဲ့ လူမည်းအမျိုးသားက မွေးဖွားလာတဲ့ သွေးနှော လူမည်းအမျိုးသမီး အက်ဘနီကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားပါတယ်။အက်ဘနီကိုယ်တိုင်က မူးယစ်ဆေးစွဲလို့ ပြုပြင်ထိန်းသိမ်းရေးအရာရှိစောင့်ကြည့်တာကို ခံနေရတဲ့ကာလမှာ အမျိုးသားဖြစ်သူကလည်းကလေးတွေနဲ့သူ့ကိုထားခဲ့ပြီး အီရတ်ကို ထွက်သွားကာ အဆက်အသွယ်ပြတ်သွားပါတယ်။အဲဒီလိုနဲ့ ကလေးတွေကို ကိုယ်တိုင်ပျိုးထောင်မယ်၊ ဘဝသစ်စမယ်ဆိုပြီးပြောင်းရွှေ့လာတဲ့ အိမ်သစ်ကို ရောက်ပြီးကာမှ ကလေးတွေမှာ တစ်ခုပြီးတစ်ခု ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဖြစ်လာပါတယ်...ကိုယ်တိုင်က ဆေးစွဲခဲ့ပြီး အရင်တုန်းက သောင်းကျန်းခဲ့တဲ့ ပြစ်မှုဟောင်းတွေရှိတာကြောင့် ကလေးတွေမှာဖြစ်ပျက်နေတဲ့အရာတွေက သူလုပ်တာမဟုတ်ဘဲ ထူးဆန်းတဲ့အရာတစ်ခုခုကြောင့်ဆိုတာကို ဘယ်သူကမှမယုံကြည်ခဲ့ကြပါဘူး...အဲဒီလိုနဲ့ ကိုယ့်ရင်သွေးတွေကို မွေးစားဖို့ပေးလိုက်ရတော့မလိုအခြေအနေဖြစ်နေရာကနေ ဒီအိမ်မှာစွဲကပ်နေတဲ့နတ်ဆိုးဆိုတာကိုဘယ်လိုရင်ဆိုင်မလဲ..သားသမီးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ပြန်နေရပါ့မလားဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...ဒီရုပ်ရှင်ကားက အပြင်ကလက်တွေ့ဖြစ်ရပ်မှန်ပေါ် အခြေတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့၊ကိုယ်ဟာ အချစ်ခံရတဲ့သူတစ်ယောက်ဆိုတာကို ယုံကြည်နိုင်ဖို့...အစရှိတဲ့ လူမှုရေးပြဿနာတွေ၊ အရှုပ်အထွေးတွေနဲ့ပတ်သက်ပြီးဖြေရှင်းသင့်တဲ့နည်းလမ်းမျိုးကို ဘာသာရေးဆန်ဆန် Message တွေပေးထားတဲ့ ဇာတ်ကားတစ်ကားပုံစံ ပိုပေါက်တဲ့အတွက် Jump scenes တွေပါဝင်ပြီး ခြောက်လှန့်တာကိုပဲ ဦးစားပေးထားတဲ့ သဲထိတ်ရင်ဖိုသရဲဇာတ်လမ်းမျိုးတွေကြည့်ချင်တဲ့ပရိသတ်အတွက်တော့ အနည်းငယ်မျှော်လင့်ချက်နဲ့မကိုက်တာမျိုးဖြစ်နိုင်ကြောင်း ...
movie
The Deliverance (2024)
7.3
Precious (2009)
အော်စကာဆု ၂ ခုကို ဆွတ်ခူးထားခဲ့ပြီး IMDb Rating 7.3 ထိ ရထားတဲ့ ဒီဇာတ်ကားဟာဆိုရင် Claireece Precious Jones ဆိုတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။အဓိကဇာတ်ဆောင်ဖြစ်တဲ့ Precious ဟာ အဝလွန်တဲ့ လူမည်းတစ်ယောက်ဖြစ်ပြီး ကျောင်းတက်ပေမဲ့ ဘာစာမှမတတ်တဲ့ ကောင်မလေး၊ အသက် ၁၇ နှစ်အရွယ်မှာတင် Down's Syndrome ရှိတဲ့ ကလေးတစ်ယောက်မွေးထားပြီး ဒုတိယကိုယ်ဝန်ကို လွယ်ထားရတဲ့သူ ဖြစ်တယ်။ ဒုတိယကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာပဲ ကျောင်းက သူ့ကို လက်မခံနိုင်တော့တာကြောင့် ကျောင်းက အထုတ်ခံခဲ့ရပြန်တယ်။ အဲကိုယ်ဝန်ဟာ ဘယ်သူ့ကြောင့်လို့ ထင်ပါသလဲ။အဖေအရင်းဖြစ်သူဆီကပါ။ ငယ်ငယ်လေးကတည်းက အဖေအရင်းဖြစ်သူဆီမှာ အကြမ်းဖက်အနိုင်ကျင့်ခံခဲ့ရသလို အမေဖြစ်သူကိုယ်တိုင်ကလဲ သိရက်နဲ့ တားဆီးခြင်းမရှိတဲ့အပြင် သမီးဖြစ်သူကိုပါ သူ့ယောက်ျားကို ခိုးတယ်ဆိုပြီး မုန်းတီးနေခဲ့တယ်။ Precious ဟာ အကြမ်းဖက်ခံရမှုတွေကြားထဲမှာ ကိုယ့်ဘာသာပဲ Daydreaming လုပ်ပြီး ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ခဲ့တယ်။ကျောင်းက ...
movie
Precious (2009)
5.4
The Reading (2023)
စကိုင်းဆိုတဲ့ ကောင်မလေးဟာ သေသူတွေနဲ့ ဆက်သွယ်လို့ရတဲ့သူ တစ်ယောက်ပါ။ သူနဲ့ သူ့သူငယ်ချင်းတွေက သေသူတွေနဲ့ ချိတ်ဆက်ဟောပြောတဲ့ အလုပ်ကို စီးပွားရေး တစ်ခုလို လုပ်နေကြရာကနေ စကိုင်းက ဒီအလုပ်ကို လုပ်ရမှာ ကြောက်လာပါတယ်။ အဲ့ဒီအချိန်မှာ ပိုက်ဆံအချီကြီးရမဲ့ အခွင့်အရေး တစ်ခုက ပေါ်လာပါတယ်။ အဲ့ဒါကတော့ အေမာ လီဒင်န်ဆိုတဲ့ အမျိုးသမီးကို ဟောကြားပေးဖို့ပါပဲ။ အေမာလီဒင်န်ဟာ သူ့အိမ်ကိုကျူးကျော်ခံရမှုမှာ သူကလွဲပြီး တစ်မိသားစုလုံး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရတာပါ။ ဒါကို စကိုင်းက ဟောကြားပေးရင်းနဲ့ သူတို့ တစ်ဖွဲ့လုံးပါ ဘာတွေ ကြုံတွေ့လာရမလဲ၊ ကျူးကျော်ခံရမှုဆိုတာကရော ဘယ်လိုဖြစ်ခဲ့တာလဲ ဆိုတာကို ထိတ်လန့်ခြောက်ခြားစွာ ကြည့်ရှုရမဲ့ horror thriller ဇာတ်ကားကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ IMDb rating 5.3ရှိပြီးတော့ မထင်မှတ်ထားတဲ့ plot twistတွေက ဇာတ်လမ်းအဆုံးထိ စိတ်ဝင်စားအောင် ဆွဲခေါ်သွားမှာပဲ ...
movie
The Reading (2023)