Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Monica Sanchez
Trigger Warning (2024)
မင်းသမီး Jessica Alba ရဲ့ Netflix အက်ရှင်ဇာတ်ကြမ်းကားသစ်လေးပါ...အမေရိကန်စစ်တပ်ရဲ့ လက်ရွေးစင်စစ်သမီး ပါကာဟာ အာဖဂန်မှာ စစ်မှုထမ်းပြီး ဖခင်ဆုံးသွားတာကြောင့် သူ့အဖေရှိရာ မြို့ငယ်လေးကိုပြန်လာခဲ့ပါတယ်သူ့အဖေရဲ့ ဘားဆိုင်ကို လက်လွှဲယူပြီး အေးဆေးဖြတ်သန်းနေရင်းနဲ့... သူ့ဖခင်ဆုံးသွားတာက သွေးရိုးသားရိုးမဟုတ်ဘဲ ...မြို့တွင်းက လက်နက်မှောင်ခိုအကျင့်ပျက်ခြစားနေတဲ့ ရဲဝန်ထမ်းနဲ့ လူမိုက်ဂိုဏ်းတွေ ပါဝင်ပတ်သက်နေကြောင်းသိလိုက်ရတဲ့အခါမှာတော့....ဖခင်ရဲ့သေဆုံးမှုကို လက်စားချေရင်း ဒုစရိုက်မှုတွေကိုဖော်ထုတ်ရှင်းလင်းဖို့ ပါကာရဲ့တာဝန်ဖြစ်လာပါတော့တယ်။Rating တွေ မကောင်းလှပေမယ့် ဂျက်စီကာအယ်လ်ဘာ ပရိတ်သတ်နဲ့ အက်ရှင်ပရိတ်သတ်တွေတော့ ကြည့်လို့ကောင်းမှာပါ။(အညွန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)File size…(2.6 GB) / (1.2 GB)/(720 MB) Quality….Webrip 4K HEVC/1080p / 720p Format…mkv/mp4 Duration….01:47:00 Genre... Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing
movie
Trigger Warning (2024)
4K HEVC
5.9
When You Finish Saving the World (2022)
When You Finish Saving the World (2022)ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့တဲ့ အေဘရာဟမ်လင်ကွန်းကို သူ့မိန်းမကတော့ အထင်မကြီဲးနိုင်ခဲ့ဘူးတဲ့။ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်ကြတဲ့ လူငယ်လေးတွေဟာလည်း ပန်းကန်ဆေးရမှာ သိပ်ပျင်းတတ်ကြတယ်။ အချစ်ထက် ကမ္ဘာကြီးကို ဦးစားပေးခဲ့တဲ့လူတွေလည်း ရှိကောင်းရှိခဲ့မှာပေါ့။ ကိုယ့်အနားကအရာတွေကို ပျောက်ရှသွားရင် ကမ္ဘာကြီးကရော ရှိပါ့ဦးမလား။ အားလုံးရဲ့ကမ္ဘာကို ကယ်တင်ပြီး ကိုယ့်ကမ္ဘာကိုယ် ပျောက်ရှခဲ့ဖူးသူတွေ ရှိလိမ့်မယ်။ ကမ္ဘာကြီးကိုလည်း မကယ်တင်နိုင်၊ ချစ်ခြင်းတရားကိုလည်း မကယ်တင်နိုင်ဖြစ်သွားကြတဲ့ လူတွေလည်းဒုနဲ့ဒေး ရှိနေမလားပဲ။ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ ပုံထားတဲ့ ထမင်းပန်းကန်တွေကိုဆေးဖို့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ မွေးထားတဲ့ ကြောင်ကလေးကို ခေါင်းပွတ်ပေးဖို့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ စိုက်ထားတဲ့ သစ်ပင်လေးကို ရေလောင်းပေးဖို့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ ပျိုးထားတဲ့ ငါတို့အတ္တတွေကို ပြန်ငြိမ်းသတ်ဖို့မတတ်နိုင်တဲ့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ မေ့ထားတဲ့ ငါတို့အနားကအရာတွေကို ပြန်သတိရဖို့အရာ ကမ္ဘာကြီးကို ပြောင်းလဲရင်း ကမ္ဘာကြီးက ငါတို့ကိုပြန်ပြောင်းလဲပစ်နိုင်တာ မမေ့ပစ်သင့်တဲ့ ကမ္ဘာ...A24 ကနေ ဖြန့်ပေးထားတဲ့ အမေရိကန် Coming-of-Age Comedy Drama ...
movie
When You Finish Saving the World (2022)
2022
7.0
Whiskey Tango Foxtrot(2016)
Whiskey Tango Foxtrot(2016)**************************ကင်မ်ဘေကာဟာ သတင်းဌာနတစ်ခုမှာ သူများတွေရေးတဲ့သတင်းတွေ၊ ဆောင်းပါးတွေကိုစာချော အောင် ပြင်ပေးရတဲ့အလုပ်ကိုလုပ်ကိုင်သူပါ။ တစ်ရက် အမေရိကန်တို့ အီရတ်ကိုဝင်တိုက်တော့အီရတ်ကို သတင်းဌာနက လူတွေအများကြီးလွှတ်လိုက်ရတဲ့အတွက်ဘယ်သူမှ သိပ်မသွားချင်တဲ့ အာဖဂန်နစ္စတန်ကို စစ်သတင်းထောက် အနေနဲ့ ဌာနက လွှတ်လိုက်ပါတော့တယ်။ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို အာဖဂန်နစ္စတန်ရဲ့ ချီးနံ့ ယင်နံ့တလှောင်လှောင် လေထု၊လိမ်တောင်းတဲ့သူတောင်းစား၊ မိန်းမတွေကိုခွဲခြားမှုတွေ စကြုံပါတော့တယ်။ဒါပေမယ့် မူလက ၃လပဲနေဖို့ စိတ်ကူးခဲ့တဲ့ ကင်မ်ဘေကာဟာ တကယ်တမ်းမှာ (၃)နှစ်ကျော်အာဖဂန်မှာ စစ်သတင်းထောက်လုပ်ဖြစ်ခဲ့ပြီး နာမည်လည်းကြီးသွားခဲ့ပါတယ်။ဒီလိုဖြစ်သွားအောင် ဘယ်လို စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ၊ ဘယ်လိုစိတ်ဒုက္ခတွေ၊ဘယ်လိုမွန်းကြပ်မှုတွေက သူ့ကို တွန်းအားပေး စေ့ဆော်ခဲ့လဲဆိုတာ ဇာတ်ကားထဲမှာ ရှုစား ရမှာပါ။ ဒီဇာတ်ကားဟာ အပြင်မှာတကယ်ရှိတဲ့ စစ်သတင်းထောက် ကင်မ် ဘေကာ (Kim Baker)ရဲ့စာအုပ်ကို မှီးပြီးရိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားရဲ့နာမည်ဖြစ်တဲ့ Whisky.Tango.Foxtrot ဆိုတာကအမေရိကန် မရိန်းတပ်ဖွဲ့တွေ စကားပြောစက်ထဲမှာသုံးတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။အဓိပ္ပါယ်ကတော့ ...
movie
Whiskey Tango Foxtrot(2016)