Channel Myanmar

Molly Nutley

Dancing Queens (2021) 6.0
Dancing Queens (2021)  အဘွားကလည်း အကမယ် အမေကလည်းအကမယ်ဖြစ်ခဲ့တဲ့ ဒီလန်ရဲ့သွေး‌ကြောထဲမှာ အကကိုချစ်တဲ့သွေးတွေ စီးဆင်းနေတာပေါ့။ ဒါပေမဲ့အသွေးအသားထဲအထိ အကကိုချစ်တဲ့ဒီလန်တစ်ယောက်အကကို ဘဝထဲက ခေတ္တခဏ ထုတ်လိုက်တဲ့ဆီရောက်သွားပါတယ်။အကြောင်းကတော့ သူ့ရဲ့အမေဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက်အမေနဲ့အမှတ်တရတွေများလွန်းတဲ့ ဒစ္စကိုအကဟာပျော်ရွှင်မှုကနေ ဝမ်းနည်းမှုဖြစ်သွားစေလို့ပါပဲ။အချိန်တွေကြာပေမဲ့ အနာမကျက်နိုင်တဲ့ဒီလန်ကိုအဘွားဖြစ်သူက လူရွေးပွဲဝင်ပြိုင်ဖို့ တိုက်တွန်းပေမဲ့ရက်စွဲမှားကြည့်လို့ ထပ်ပြီးလွဲချော်ခဲ့ပြန်တဲ့ ဒီလန်တစ်ယောက်၊ Dancing Queens ဆိုတဲ့drag showclubမှာ တစ်ပတ် သန့်ရှင်းရေးလုပ်ရဖို့ ဖြစ်လာပါတော့တယ်။Dancing Queensကလည်း ရေရှည်ရပ်တည်ခဲ့တဲ့ကလပ်တစ်ခုပီပီ ခေတ်ရေစီးကြောင်းနဲ့အမီလိုက်ဖို့အခက်တွေ့နေတာကတစ်ကြောင်း တစ်ဖက်က အကအဖွဲ့ခေါင်းဆောင်ရဲ့ အချစ်ဆုံးသူငယ်ချင်းက ‌ဆုံးသွားတာကတစ်ကြောင်းနဲ့ နာလံမထူနိုင်ဖြစ်နေတာပါ။ ဒီလိုနဲ့ပဲအကသွေးတွေ ပြန်ကြွလာပြီး drag showဝင်ကဖို့ဒီလန်တစ်ယောက် ယောက်ျားလေးလိုဟန်ဆောင်ရင်းအဖွဲ့ထဲဝင်ဖို့ ကြိုးစားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ File size…2.17GB / 1.01GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Dancing Queens (2021)

Feed (2022)
Feed (2022)   အခုတစ်ခေါက်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်က တော့သွေးထွက်သံယို အကြမ်းပတမ်းကြိုက်သူ တွေအတွက်နောက်ဆုံးအချိန်အထိ ရင်တမမကို ကြည့်ရမယ့်ဇာတ်ကားဖြစ်မျိုးပါတယ်ဇာတ်လမ်း အကျဉ်းကတော့ ဆိုရှယ်မီဒီယာဆယ်လီတစ်စုက နယ်ခံသရဲဇာတ်လမ်းဗီဒီယိုတစ်ခုရိုက်ကူးဖို့ကျွန်းတစ်ခုကိုအလည်အပတ်သွားခဲ့ကြတယ်။ ဒေသခံတွေရဲ့စကားအရ ‌ကျွန်းရဲ့ရေထဲမှာအဆုံးစီရင် သွားတဲ့ စုန်းမတစ်ကောင်ရှိတယ်ဆိုကြပါတယ်။အစပိုင်းမှာ မှာအယုံအကြည်မရှိခဲ့ကြပေမဲ့ အထူးအဆန်းတွေဆက် တိုက်ကြုံလာရတဲ့ ဆယ်လီတသိုက် အသက်ရှင်လျက် ကျွန်းကထွက်နိုင်ဖို့အသက်လုကြိုးစားရာမှာတော့ အောင်မြင်နိုင်မလား မအောင်မြင်ဘူးလားဆိုတာ....... File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Yanni
movie

Feed (2022)

So Different (2009) 4.8
So Different (2009) So Different (2009) ===============ဒီ‌တစ်ခေါက်မှာတော့ ဆွီဒင် အချစ်ကားလေးတစ်ကား မိတ်ဆက် ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ နှစ်ယောက်တစ်ဘ၀၊ တစ်အိုး တစ်အိမ် ထူထောင်ပြီးရင်တောင် စိတ်သဘောထားချင်းမတူညီရင်၊ တစ်ယောက်ကိုတစ်ယောက်မချစ်ရင် အဆင်မပြေနိုင်တဲ့အကြောင်း ကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ လော့တ်တာ နဲ့ စန်နာ ဆိုတဲ့ ညီအစ်မနှစ်ယောက်ဟာ သူတို့ရဲ့ သက်ဆိုင်ရာနယ်ပယ်မှာ သိပ်ကိုထူးချွန်တဲ့သူတွေ ဖြစ်ကြပါ တယ်။ လော့တ်တာဟာ သူ့ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်သက်တမ်းကြာ ပေမယ့် စရိုက်ချင်းမတူတဲ့အခါမှာ အဆင်မပြေဖြစ်ပြီး ကွာရှင်းထားတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်‌နေ့မှာ အောင်မြင်တဲ့နိုင်ငံရေးပါတီတစ်ခုရဲ့ ဥက္ကဌ ရာထူးကို ရရှိပြီးတဲ့နောက် ကျန်ခဲ့တဲ့သမီးနှစ်ယောက်နဲ့ ပါတီအရေးကြားမှာ မထိန်းချုပ်နိုင်ဖြစ်လာပါတော့တယ်။စန်နာဟာဆိုရင်လည်း ရိုက်ကူးရေးအစီအစဉ်တစ်ခုမှာ ညှိနှိုင်းသူတစ် ယောက်အနေနဲ့ လုပ်ကိုင်နေတာဖြစ်ပြီး သူ့အချစ်ရေးကို လေးလေးနက် နက် မစဉ်းစားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ ဒီညီအစ်မနှစ်ယောက် သူတို့ရဲ့အလုပ်နဲ့ အချစ်ရေးကြားမှာ ဘယ်လိုတွေအဆင်ပြေအောင် ကိုင် တွယ်သွားကြမလဲ၊ ဘယ်လိုအခက်အခဲတွေကို ဘယ်လိုပုံစံမျိုးနဲ့ ဖြတ်ကျော် ကြမလဲဆိုတာကို စိတ်၀င်စားစရာ ကြည့်ရှုရမှာလည်းဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူက တော့  Jaka ဖြစ်ပါတယ်)File Size..........(2.17 GB) / (927 MB) / ...
movie

So Different (2009)

2009