Channel Myanmar

Mohammed Fawzi

Basma (2024) 5.0
Basma (2024)  အာရပ်က နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်တဲ့Fatima AlBanawi ကိုယ်တိုင် ဒါရိုက်တာလုပ်ဇာတ်ညွှန်းရေးသရုပ်ဆောင်ထားတဲ့ Netflix တန်းဝင်Basma ဆိုတဲ့မိသားစုဒရာမာဇာတ်လမ်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးရဲ့ ပုံစံကတော့အမေရိကန်မှာပညာတော်သွားသင်တဲ့ ဘတ်စ်မာဆိုတဲ့ အာရပ်ကကောင်မလေးတစ်ယောက် ကိုဗစ်ရောဂါကြောင့်မိသားစုနဲ့မတွေ့ရဘဲ အမေရိကန်မှာပဲသောင်တင်နေခဲ့ပြီးဘွဲ့ရပြီး ကိုဗစ်တွေလည်းပြီးတဲ့အခါမှာ အိမ်ကိုပြန်လာခဲ့တဲ့ပုံစံလေးနဲ့ အစပျိုးပြီးရိုက်ကူးထားပါတယ်။မိသားစုနဲ့၂ နှစ်ကြာခွဲခွာခဲ့ရပြီးပြန်လာတဲ့အခါမှာ ဘတ်စ်မာကိုမိသားစုဝင်တွေအကုန်လုံးက နွေးနွေးထွေးထွေးပြန်လည်ကြိုဆိုခဲ့ကြပါတယ်။ဒါပေမယ့် လာကြိုတဲ့မိသားစုဝင်တွေထဲမှာ သူ့အဖေတော့ မပါဘူးဖြစ်နေတဲ့အတွက်မေးမြန်းကြည့်ရာမှာတော့လွန်ခဲ့တဲ့ ၂ လလောက်ကပဲအမေဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီး အရင်အိမ်ဟောင်းကြီးထဲမှာ တစ်ယောက်တည်းသွားနေထိုင်နေမှန်းသိလိုက်ရပါတော့တယ်။သူ့အဖေက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအနည်းငယ် ချို့ယွင်းချက်ရှိသူ ဖြစ်ပြီးဆေးတွေလည်းမသောက် မိသားစုကိုလည်းပြဿနာရှာတာတွေများလာတဲ့အခါမှာ နောက်ဆုံး ဘတ်စ်မာရဲ့အမေက သည်းမခံနိုင်တော့ဘဲ ကွာရှင်းခဲ့တာပါ။အဲ့ဒီအကြောင်းတွေကို အဝေးမှာစာကြိုးစားနေတဲ့သမီးဖြစ်သူမသိစေချင်လို့ ဖုံးကွယ်ထားတာတွေကို သိသွားတဲ့အခါမှာတော့ဘတ်စ်မာလည်း အမေ့အိမ်ပေါ်ကဆင်းပြီး အဖေ့အိမ်ပေါ်မှာသွားနေခဲ့ပါတော့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့ သူတို့မိသားစုကြားမှာတွေ့ရမဲ့ မိသားစုဒရာမာတွေကို ကြည့်ရှုရမဲ့ ပုံမှန်နဲ့ကွဲထွက်နေတဲ့ တစ်မျိုးတစ်ဖုံ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.58GB / 736MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Basma (2024)