Channel Myanmar

Miu Tomita

Nemesis the Movie: Mystery of Golden Spiral (2023) 5.0
Nemesis the Movie: Mystery of Golden Spiral (2023) Eiga Nemesis : Ougon Rasen no Nazo (2023) =======================================(2021)ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်စုံထောက်စီးရီး Nemesis ရဲ့နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်သွားပြန်ရှင်းပြထားပြီး ပါဝင်တဲ့အကြောင်းအရာတွေက အရမ်းကြီးဆက်စပ်မနေတာမို့ စီးရီးကိုမကြည့်ဖူးလည်း အခုမူဗီကိုကြည့်လို့ရပါတယ်။ 99.9 Criminal Lawyer လိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ ဂျပန်စုံထောက်ကားဖြစ်ပါတယ်။ အောက်မှာဇာတ်ညွှန်းလာပါပြီ။ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ်သုတေသနကို အောင်မြင်သွားတဲ့ သိပ္ပံပညာရှင်တာချိဘနဟာဂျိမဲ အသတ်ခံရပြီးတဲ့နောက် ကမ္ဘာပေါ်မှာ သူ့အမွေဆိုလို့ သူ့သမီးတဖြစ်လဲ ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ် မီခမိအန်နာနဲ့ လည်ဆွဲထဲက သုတေသနဒေတာတွေပဲ ကျန်ခဲ့ပါတယ်။ အဲဒီဒေတာတွေကိုလိုချင်နေတဲ့ မသမာသူလူချမ်းသာတစ်စုက အန်နာ့နောက်ကို လိုက်ကြနေတာပေါ့။ အန်နာ့မှာ သူမတူတဲ့စွမ်းရည်တွေရှိပြီး Nemesis စုံထောက်အေဂျင်စီမှာ သူ့ဒုတိယအဖေတို့၊ သူငယ်ချင်းတွေတို့နဲ့အတူ အလုပ်လုပ်နေပါတယ်။ ဒါပေမဲ့ Nemesis ခမျာ နှစ်လလုံးလုံး အမှုအပ်သူမရှိတာကြောင့် မွဲကိန်းဆိုက်ပြီး ရုံးခန်းပါပြောင်းလိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ အန်နာဟာ ဒေတာတွေကိုလက်လွှဲမပေးရင် သူတန်ဖိုးထားရတဲ့သူတွေတစ်ယောက်ပြီးတစ်ယောက် အသတ်ခံရတဲ့ အိပ်မက်ဆိုးကို ညတိုင်းထပ်ခါထပ်ခါမက်နေရပါတယ်။ ...
movie

Nemesis the Movie: Mystery of Golden Spiral (2023)

Traveling Sandwich (2022)
Traveling Sandwich (2022) Traveling Sandwich (2022)အလောင်ကားတွေ အဆွေးကားတွေအကြည့်များပြီး ပြာဖြစ်နေတဲ့CM ပရိသတ်တို့အတွက် ကျေးလက်သဘာဝအကြောင်းရိုက်ကူးထားတဲ့ ဂျပန် ရုပ်ရှင်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တောတောင်ရေမြေရဲ့သဘာဝ၊ စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်တဲ့ ဂျပန်နယ်မြို့လေးရဲ့ နေထိုင်မှုဘဝကို တစေ့တစောင်းရိုက်ကူးပြထားပြီး သွားရည်ယိုချင်စရာ Sandwich လေးတွေကိုပါ ငမ်းရမှာဆိုတော့ ညဘက်မှာကြည့်မိရင်တော့ ‌ရေခဲသေတ္တာထဲ လှန်လှောရှာမိစေမယ့်ရုပ်ရှင်လေးပါပဲ။တိုကျိုမှာSandwichဆိုင်ဖွင့်ထားတဲ့ Kurumiနဲ့ Kaedeဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က ပုံမှန် ဖြစ်ရိုးဖြစ်စဉ်ဘဝတွေထဲမှာ ရှင်သန်ရတဲ့ဘဝကို မနှစ်မြို့ရာက စလို့ ကားပေါ်မှာ‌ Sandwichဆိုင်ပြောင်းဖွင့်ဖို့ အကြံရရာကနေ အစပြုထားပါတယ်။ ဦးတည်ရာမဲ့လျှောက်သွားရင်းနဲ့ ရောက်တဲ့နေရာမှာရှိတဲ့ပစ္စည်းနဲ့ မီနူးသစ်ကိုတီထွင်တာကတော့ Traveling Sandwich ဆိုင်လေးရဲ့ ထူးခြားချက်တစ်ခုပါပဲ။ ဒီတစ်ခါမှာတော့ Sandwich ကားလေးက ရောက်တတ်ရာရာသွားရင်းနဲ့ တာကာဆာကီဆိုတဲ့ စိုက်ပျိုးရေးမြို့လေးကို ရောက်သွားပါတယ်။"ပေါင်မုန့်ဆိုတာ ရှိနေရင်ဝေမျှရတယ်" ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့ Kurumiတစ်ယောက် လမ်းမှာတွေ့သမျှလူတွေကို ကူညီရင်းနဲ့ ရွာသားတွေနဲ့ ဘယ်လိုရင်းနှီးသွားမလဲ။ စိုက်ပျိူးရေးမြို့ငယ်လေးဖြစ်တာနဲ့အညီ ဒေသထွက်ကုန်ဖြစ်တဲ့ လတ်ဆတ်တဲ့ သစ်သီးဝလံ ဟင်းသီးဟင်းရွက်တွေနဲ့ ဘယ်လိုထူးခြားတဲ့ sandwich တွေကို ဖန်တီးသွားမလဲ။ သူတို့ကိုတည်းခိုခွင့်ပေးထားတဲ့‌တောင်သူကြီးယိုဂျီရဲ့ပြဿနာကိုရော ဘယ်လိုကူညီဖြေရှင်းပေးသွားမလဲ‌ဆိုတာကို အားလုံးအတူကြည့်ရှုရမှာဖြစ်ပါတယ်။စိတ်အပန်းဖြေဖို့ ရုပ်ရှင်လေးတစ်ကားလည်းကြည့်ချင်တယ် အချိန်လည်းအများကြီးမပေးချင်ဘူးဆိုသူတွေအတွက် တစ်နာရီနဲ့ Healingဖြစ်စေမယ့် ဒီရုပ်ရှင်လေးကိုကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ...
movie

Traveling Sandwich (2022)

2022
High & Low The Worst(2019) 6.7
High & Low The Worst(2019) High and Low ပရိသတ် တွေအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီ High and Low:The Worst ဟာ High & Low movieတွဲတွေထဲမှာ (၆)ကားမြောက်ဖြစ်ပြီး timeline အားဖြင့် Final Mission အပြီး ခရူးယုဂိုဏ်းရှုံးနိမ့်သွားချိန်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်ကြောင်းကို နည်းနည်း ပြောပြရရင် Final Mission အပြီးမှာ ခရူးယုဂိုဏ်း ၊သံသယဂိုဏ်းတို့နဲ့ အတူ ပျောက်ကွယ်သွားတဲ့ ရတ်ဒရမ်မူးယစ်ဆေးတွေဟာ SWORD ရဲ့ လမ်းမတွေပေါ်မှာ တစ်စတစ်စနဲ့ ပြန်ပေါ်လာပါတော့တယ်။ဆေးရောင်းချမှုတွေဟာ တဖြည်းဖြည်းနဲ့ ပမာဏများလာပြီး မူရာယာမတို့ရဲ့ အိုယာအထက်တန်းကျောင်းအထိ ပြန့်နှံ့ရောက်ရှိလာပါတယ်။အဲ့ဒီအချိန်မှာ အိုယာအထက်တန်းကျောင်းဂိုဏ်းမှာလည်း ပြဿနာတွေတက်နေပြီး ပုဂ္ဂိုလ်စွဲတွေနဲ့ ဂိုဏ်းခွဲတွေ အများကြီး ကွဲလာပါတော့တယ်။ ဒီလိုအတွင်းရေး ပြဿနာတွေကြားထဲမှာ အိုယာဂိုဏ်းသားတွေဟာ ရတ်ဒရမ်ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ၊သူတို့ကြားထဲမှာရော ဘယ်လိုကိစ္စတွေကြောင့် ပြဿနာတွေတက်နေရတာလဲ၊အိုယာကျောင်းဂိုဏ်းမှာရော ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာတော့ ...
movie

High & Low The Worst(2019)

Sunny: Our Hearts Beat Together ( 2018 ) 6.8
Sunny: Our Hearts Beat Together ( 2018 ) IMDb Rate 6.8 ရရှိထားတဲ့ဇာတ်ကားကောင်းလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်တစ်ချိန်က ညီအစ်မအရင်းတွေလို ညီအစ်ကို အရင်းတွေလို ချစ်ကြခင်ကြပြီး...အခုတော့ အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းတွေ ရှိကြလား..ရှိတယ်ဆိုရင်တော့ ဒီကားလေးကြည့်ပြီးတာနဲ့ ချက်ချင်း ဆက်သွယ်မိကြမယ်ထင်ပါရဲ့အာဘဲ နာမိဆိုတဲ့ အမျိုးသမီးတစ်ယောက် မိခင်ကြီးဆေးရုံတက်လူနာသတင်းမေးရင်း အနှစ် ၂၀ လောက် အဆက်အသွယ်ပြတ်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်ကို ကင်ဆာဝေဒနာသည်အဖြစ်မြင်တွေ့လိုက်ရပြီးနောက်... မိတ်တွေဟောင်းတွေကို ရှာဖို့ ဖြစ်လာပါတော့တယ်...ဒီလိုနဲ့ သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက်ကိုရှာနေတဲ့ အာဘဲ နာမိ သူငယ်ချင်းတွေအကုန်လုံးကို ရှာတွေ့ပါ့မလား..မတွေ့တာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေ ဘာတွေပြောင်းလဲကုန်ကြပြီလဲ...ဘယ်လိုရသတွေ ပေးနိုင်မယ်ဆိုတဲ့ အဖြေကို ဇာတ်ကားလေးထဲမှာ ရှာကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်... Translated & Review By Chu ChuEncoded By LK
movie

Sunny: Our Hearts Beat Together ( 2018 )

2018