Channel Myanmar

Mitsuko Baisho

52-Hertz Whales (2024) 6.9
52-Hertz Whales (2024) မိသားစုရဲ့နှိပ်စက်မှုဒဏ်တွေကိုငယ်စဉ်ကတည်းက ခံစားလာခဲ့ရတဲ့ မီရှီမာခီကို ဆိုတဲ့ အမျိုးသမီးငယ်လေးတစ်ယောက် တစ်နေ့မခံ‌တော့တဲ့အဆုံး စူစိုက်လုပ်ဖို့ကြိုးစားနေစဉ်မှာပဲ ကျောင်းတုန်းကသူငယ်ချင်းနဲ့ အန်ကိုဆိုတဲ့‌ကျောင်းဆရာလေးနဲ့တွေ့ပြီး သူ့ဘဝလေး တဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။သုံးယောက်သား ပျော်ရွှင်စွာအချိန်တွေအတူကုန်ဆုံးပြီးနောက် အန်ကိုက ခီကို့အပေါ် ချစ်ကြိုက်မိသွားတယ်။ တစ်နေ့မှာတော့ ခီကိုက အိုအီတာမြို့လေးကို ပြောင်းသွားပြီးနောက် မူရှိ(ပိုးကောင်) ဆိုတဲ့ ကလေးလေးနဲ့ဆုံတွေ့ခဲ့တယ်။ပိုးကောင်လေးက မိခင်ဖြစ်သူရဲ့ရိုက်နှက်မှုဒဏ်တွေခံလာခဲ့ရတဲ့ကလေးဆိုတော့ ခီကိုက နားလည်ခံစားမိသွားပြီး ကလေးကိုကာကွယ်ပေးဖို့ဆုံးဖြတ်လိုက်တယ်။အဲလိုနဲ့ ခီကိုတစ်ယောက် သူအလုပ်လုပ်‌နေတဲ့နေရာကအလုပ်ရှင်နဲ့ချစ်ကြိုက်သွားမိတဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုရမဲ့ ဂျပန်ဒရာမာ‌ကားကောင်းလေးပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(1.7GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:10:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing 
movie

52-Hertz Whales (2024)

Tales from Earthsea (2006) 6.3
Tales from Earthsea (2006) Earthsea ဆိုတဲ့ ကမ္ဘာကြီးမှာ လောကကြီးရဲ့ ဟန်ချက်ညီမှုတွေပျက်စီးပြီး ကပ်ဆိုးတွေအမျိုးမျိုး ဖြစ်ပေါ်လာခဲ့တယ်။ဒီဖြစ်ရပ်တွေရဲ့ အကြောင်းအရင်းကို စုံစမ်းဖို့အကြီးမြတ်ဆုံးမှော်ဆရာတစ်ဦးဟာသူ့ရဲ့ရှည်လျားလှတဲ့ခရီးစဉ်ကို စတင်ခဲ့ပါတယ်။သူ့ရဲ့ခရီးစဉ်မှာ Arren ဆိုတဲ့ ပြည်ပြေးမင်းသားတစ်ပါးနဲ့မိတ်ဆွေဖြစ်ခဲ့ပြီး အတူတကွခရီးဆက်ခဲ့တယ်။ လမ်းခရီးတစ်လျှောက် လောကကြီးရဲ့ ဟန်ချက်ညီမှုကိုပျက်စီးစေမယ့် ထာဝရရှင်သန်မှုကို ရှာဖွေနေတဲ့မှော်ဆရာတစ်ဦးနဲ့ ရင်ဆိုင်ရတဲ့အခါ အဲ့ဒီမှော်ဆရာကိုသူတို့တွေ ရင်ဆိုင်နိုင်ပါ့မလား၊ လောကကြီးရဲ့ဟန်ချက်ညီမှုကို ပြန်လည်ထိန်းသိမ်းနိုင်ပါ့မလားဆိုတာကိုကြည့်ရှုခံစားရမှာပါ File size…    1.5 GB /  679 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55m Genre ..... Animation/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Tayza
movie

Tales from Earthsea (2006)

Dreams (1990) 7.7
Dreams (1990) Dreams (1990)~ IMDb - 7.7/10, Rotten Tomatoes - 66% ~ကူရိုဆာဝါဟာ ရုပ်ရှင်ရဲ့မဏ္ဍိုင်တစ်ခုလို့ဆိုကြတာနဲ့အညီ လက်ရှိနာမည်ကျော် အမေရိကန် ဒါရိုက်တာတွေအပေါ် အတော်လွှမ်းမိုးမှုကြီးတဲ့ဒါရိုက်တာပါ။ စပီးဘာ့ဂ်တို့ လူးကတ်စ်တို့ မာတင်စကောဆေးစိတို့လို လူတွေတောင် ကူရိုဆာဝါရဲ့ အရိပ်အငွေ့နဲ့မကင်းပါဘူး။ Dreams ကိုတော့ စပီးဘာ့ဂ်က ပရိုဂျူဆာလုပ်၊ သူရဲ့ကုမ္ပဏီ Amblin က ဖြန့်ပေးထားပြီး ရုပ်ရှင်ရဲ့ VFX Effects တွေကိုတော့ လူးကတ်စ်ရဲ့ ILM က လုပ်ပေးထားသလို မာတင်စကောဆေးစိကလည်း ဗင်းဆင့်ဗန်ဂိုးအဖြစ် သရုပ်ဆောင်ပေးထားပါတယ်။Dreams ဟာ ထူးထူးခြားခြားပဲ ကူရိုဆာဝါကိုယ်တိုင် သူထပ်ခါထပ်ခါမက်နေတဲ့ အိပ်မက်တွေကနေ ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ သူ့ရုပ်ရှင်ရိုက်သက်ရှည်ကြီးရဲ့ ရှားရှားပါးပါး သူတစ်ယောက်တည်းဇာတ်လမ်းဇာတ်ညွှန်းရေးထားတဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ တစ်နည်းပြောရင် Dreams ဟာ သူ့အိပ်မက်တွေကို ရိုက်ထားတဲ့ရုပ်ရှင်လည်းဟုတ်သလို သူမပြောဖြစ်ခဲ့တဲ့စကားတွေ သူပြောပြချင်တာတွေကို ရိုက်ပြထားတဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ( ...
movie

Dreams (1990)

1990
In the Wake (2021) 6.2
In the Wake (2021) In the wake (2021)"Ruroni Kenshin"ထဲက Kenshin တစ်ဖြစ်လဲ Tendo Senseiလို့သိကြတဲ့ မင်းသားSatou Takeru,မင်းသားကြီး Abe Hiroshi,"The door into summer" "My tomorrow,your yesterday"ထဲက မင်းသမီးလေး Kirohaya Kayaနဲ့အတူ နာမည်ရ supportတွေပါဝင်တဲ့ 2021ထွက် ဂျပန် မှုခင်း ဒရာမာရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။၂၀၁၁ ငလျင်နဲ့ ဆူနာမီဖြစ်တဲ့အချိန်မှာ လူပေါင်းများစွာ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရပြီး သေကြေပျက်စီးမှုတွေကလည်း များပြားခဲ့ပါတယ်။ ဒီအချိန်မှာ ဂျပန်အစိုးရကပေးတ​ဲ့ လူမှုဖူလုံရေးထောက်ပံ့ငွေကို ရမှရှင်သန်နိုင်မဲ့သူတွေလည်း အများကြီးရှိလာခဲ့ပါတယ်။ ငလျင်ဒုက္ခသည်ထဲမှာ တိုနဲ ရဆုဟိဆဆိုတဲ့လူငယ်၊ခေး တိုရှိမဆိုတဲ့ အဖွားနဲ့ ကန်ချန်လို့ခေါ်တဲ့ ကလေးမလေးလည်းပါခဲ့ပါတယ်။ တစ်ကောင်ကြွက်တွေဖြစ်ကျန်ခဲ့တဲ့သူတို့၃ယောက်က ကယ်ဆယ်ရေးစခန်းတစ်ခုတည်းမှာ နေရင်း မိသားစုအသစ်တစ်ခုလို သံယောဇဉ်တွယ်လာခဲ့ကြပါတယ်။ဒါပေမဲ့ကိစ္စများစွာဖြစ်ပျက်ပြီးနောက် ၉နှစ်အကြာမှာတော့ တိုနဲက ထောင်ကနေလွတ်လာခဲ့ပါတယ်။ အဖွား ခေးတိုရှိမကတော့ သေဆုံးသွားခဲ့ပြီး ကန်ချန်ကတော့ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်နေခဲ့ပါပြီ။အဲဒီအချိန် ဝါကဘရပ်ကွက်မ​ှာ ...
movie

In the Wake (2021)

Threads – Our Tapestry of Love 6.3
Threads – Our Tapestry of Love Tapestry a.k.a Yarn (2020) =================မမ Nana Komatsu ရဲ့ ၂၀၂၀ တုန်းကထွက်ထားတဲ့ ရုပ်ရှင်လေးပါ။ဘဝဆိုတာ တစ်ဖြောင့်တည်းမျိုးတော့ ဘယ်ဟုတ်မလဲ။ လူပေါင်းများစွာနဲ့ကြုံတွေ့ရတယ်၊ ခွဲခွာရတယ်။ အမှောင်ထဲရောက်လိုက်၊ အလင်းထဲမှာကျင်လည်လိုက်နဲ့ အသက်ရှုနေသမျှကာလပတ်လုံး ရုန်းကန်လှုပ်ရှားရတယ်။ဒီဇာတ်လမ်း‌လေးမှာတော့ ဟဲအီဆေးခေတ်စတင်တဲ့ (၁၉၈၉-၂၀၁၉) မှာ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ၊ အောင်မြင်မှုတွေနဲ့ လုံးလည်ချာလည်လိုက်နေရမှုတွေ၊ တစ်ယောက်‌သောသူပြန်လာမယ်အထင်နဲ့ မြို့ကနေလုံးဝမခွာတဲ့ကောင်လေးနဲ့ နေရာမျိုးစုံလျှောက်သွားနေတတ်တဲ့ကောင်မလေးတို့ရဲ့ ကံကြမ္မာကိုအဓိကထားပုံဖော်ထားတာဖြစ်ပါတယ်။(ဇာတ်ကားနဲ့အညွှန်းကို Nay Lin Thar မှ ပြန်ဆိုရေးသားထားပါတယ်)Size - 1.64GB, 1.12GB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 2H 10Min Type - Romance Subtitle - Myanmar Subtitle (Hardsub) Translated by Nay Lin Thar Encoded by ...
movie

Threads – Our Tapestry of Love

2020