Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Missi Pyle
4.9
Still Waiting… (2009)
Still waiting (2009)အနည်းငယ်အမြင်ရိုင်းတဲ့ ဇာတ်ဝင်ခန်းနဲ့ စကားအသုံးအနှုန်းလေးတွေပါတဲ့အတွက် အသက်မပြည့်သေးသူများနဲ့ မကြည့်သင့်သလို မိသားစုနဲ့အတူကြည့်ရှုလို့မသင့်ကြောင်းတော့ သတိပေးပါရစေနော်။ပိတ်ရက်မှာပေါ့ပေါ့ပါးပါးလေးကြည့်ဖို့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးမှာတော့ ဆိုင်မန်နေဂျာလေဖြန်းသွားလို့ သောင်ပြင်မှာလွတ်ကျန်ခဲ့တဲ့ ယဉ်ကျေးလိမ္မာကျောင်းဆင်းဝန်ထမ်းတစ်သိုက်ကို တွေ့ရမှာပဲဖြစ်ပါတယ်။ ငါ့လူထိရင် ငြိမယ်ဆိုပြီး ဖောက်သည်တွေကို Lesson ပေးလွှတ်တတ်တဲ့ပွကြီးတို့တစ်သိုက်ရဲ့ အကွက်ဆန်းတွေနဲ့အတူ စတိုမန်နေဂျာနေရာကနေ ဆိုင်မန်နေဂျာနေရာတတ်ဖို့ ရှယ်ပလန်နဲ့ချောင်းနေတဲ့ FA အကြီးစားတို့စုနေတဲ့ ဂယက်တစ်သိန်းနဲ့ ဆိုင်ပါပဲ။ရှေ့လူပြုတ် နောက်လူတက်မယ်လို့ လွယ်လွယ်မှန်းထားခဲ့ပေမဲ့လည်း လက်တွေ့မှာတော့ လွယ်မနေခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Target ဒေါ်လာ ၉၀၀၀ မှ ပြည့်အောင် မရောင်းနိုင်ခဲ့ရင် ဆိုင်ပိတ်ရတော့မှာမို့လို့ပါပဲ။ ဒါပေမဲ့ ပွကြီးဟာကံကောင်းပါတယ်။ တားဂတ်ပြည့်ဖို့လိုခါမှ သူတို့ရဲ့ဆိုင်ရှေ့တည့်တည့်မှာ ဆိုင်အပြိုင်ပေါ်လာတော့တာပါပဲ။ အဝတ်ပါရုံဝတ်ထားတဲ့ စားပွဲထိုးမအလန်းလေးတွေနဲ့ ညတိုင်းအပန်းဝင်ဖြေချင်စရာ Vibe လေးနဲ့ ပုရိသအကြိုက် Performance လေးတွေနဲ့ပေါ့လေ။ဒီဆိုင်ရောက်လာတဲ့ကျေးဇူးကြောင့် သူတို့ဆိုင်က စကီအလန်းလေးတွေကလည်း ကိုင်းကူးချင်ချင်တွေဖြစ်လို့ပေါ့။ ဆိုင်အတွက် အာရုံစိုက်နေရပါတယ်ဆိုမှ ပွကြီးဟာ ...
movie
Still Waiting… (2009)
The Moon and Back (2022)
ကောင်းတဲ့အမှတ်တရတွေနဲ့ ပျော်ရွှင်စရာဇာတ်သိမ်းတွေမှာပဲ ပိတ်လှောင်မိနေတဲ့ ဆယ်ကျော်သက်မလေးရဲ့ ဖခင်ဆုံးပြီးဘဝအကြောင်းကိုရိုက်ထားတာဖြစ်ပြီး The moon and back ဆိုတဲ့ဇာတ်ကားရဲ့ နာမည်အတိုင်းပဲ ချစ်ခြင်းမေတ္တာရဲ့ တန်းခိုးစွမ်းအင်ကြီးမားပုံကို ဒီဇာတ်ကားမှာ မတူညီတဲ့ ရှုထောင့်မျိုးစုံကနေခံစားလို့ရမှာဖြစ်ပါတယ်။ဖခင်ရဲ့ကွန်ပြူတာရှင်းရင်းမှ တွေ့လိုက်ရတဲ့ဇာတ်လမ်းကလစ်ဒ်ဒီယာ့ကိုဘယ်လိုပြောင်းလဲပေးမှာလဲ၊ ချစ်ရတဲ့လူကိုဖခင်အနေနဲ့ ဆုံးရှုံးလိုက်ရတဲ့ သမီးလစ်ဒ်ဒီယာနဲ့ ချစ်သူကိုဆုံးရှုံးလိုက်ရတဲ့မိခင်ကြားက သဘောထားကွဲလွဲမှုလေးတွေကရော ဘာတွေလဲ။ပျော်လိုက်၊ငိုလိုက်၊ရယ်လိုက်နဲ့ တစ်ခုခုအဆင်မပြေရင်ဘဝမမည်တဲ့ လောကကိုသူတို့သားအမိတွေဘယ်လိုခွန်းအားတွေနဲ့ ရှေ့ဆက်လည်းဆိုတာကို လွမ်းဖွယ်ကြည်နူးဖွယ်တွေ့မြင်ရမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်တာကြောင့် channel myanmar ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။ File size…(1.7 GB)/(854 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Theint
movie
The Moon and Back (2022)
6.3
If You Were the Last (2023)
If You Were the Last (2023)~ IMDb - 6.3/10, Rotten Tomatoes - 85% ~အခုလတ်တလောမှ ထွက်ရှိလာတဲ့ Sci-Fi / Romance အမျိုးအစားလေးကိုမှ Comedy လေးစွက်ထားတဲ့ ကားတစ်ကားပါ။ အလုပ်ကနေအပြန် စိတ်အပန်းဖြေဖို့အတွက် ပေါ့ပေါ့ပါးပါးကြည့်ဖို့ဆိုရင် မေ့မထားသင့်တဲ့ရွေးချယ်မှုပါပဲ။ Cast အနေနဲ့ဆိုရင်လည်း တလောကမှ Twisted Metal မှာ ပရိသတ်အကြိုက်တွေ့နေကြတဲ့ Falcon တဖြစ်လဲ ကပ္ပတိန်အမေရိကလက်သစ်ဖြစ်တဲ့ Anthony Mackie က အဓိကမင်းသားအနေနဲ့သရုပ်ဆောင်ထားတာပါ။နာဆာရဲ့မစ်ရှင်တစ်ခုက အမှားအယွင်းဖြစ်ပြီးတော့ အာကာသယာဉ်ကလမ်းပျောက်ပြီး သုံးနှစ်လောက် ဂျူပီတာနဲ့ စေတန်ဂြိုဟ်ကြားမှာ မြောနေခဲ့ပါတယ်။ အာကာသယာဉ်မှူး သုံးယောက်ရှိခဲ့ပေမဲ့ အခုတော့ ဂျိန်းရယ် အဒမ်ရယ်နှစ်ယောက်ပဲကျန်ပါတော့တယ်။ ယာဉ်ပေါ်မှာ ဂေဟစနစ်ပါတဲ့အတွက် စားဖို့သောက်ဖို့နေဖို့က မပူရပေမဲ့ အိမ်ပြန်လမ်းမဲ့နေတဲ့လူနှစ်ယောက် အချင်းချင်းကူညီဖေးမကြပုံတွေ၊ ယာဉ်ကိုကြိုးစားပြင်ကြပုံတွေနဲ့ တစ်ကိုယ်ရည်လိုအပ်ချက်တွေ နည်းမျိုးစုံနဲ့ဖြည့်ဖို့ကြိုးစားကြတာကို ...
movie
If You Were the Last (2023)
2023
5.6
Bringing Down the House (2003)
Bringing down the House (2003) Genre – Comedy IMDB – 5.6/10ခွက်ထိုးလန် ရယ်ရတာမျိုး မဟုတ်ပဲ ပေါ့ပေါ့ပါးပါးနဲ့ ပြုံးရယ်နေရမယ့် ၂၀၀၃ ခုနှစ်တုန်းက ဟာသကားလေး တင်ဆက်ပေးချင်ပါတယ်ဗျ။မင်းသားကတော့ Pink Panther တို့ Cheaper by Dozen တို့လို ဟာသကားကောင်းလေးတွေ ရိုက်ကူးခဲ့တဲ့ဟာသမင်းသားကြီး Steve Martin ဖြစ်ပြီး အမွှေစိန်နေရာက မင်းသမီးတစ်ဖြစ်လဲရပ်ပ်အဆိုတော်လည်း ဖြစ်တဲ့ Queen Latifah တို့ အဓိက သရုပ်ဆောင်ပြီး ပံ့ပိုးထားကြတာပါ။American Pie ရုပ်ရှင်တိုင်းမှာ ပါလေ့ရှိတဲ့ ဘဲကြီး Eugene Levy ကလည်း ဒီကားထဲ ပရမ်းပတာနဲ့ ဝင်ဖောက်ထားပါသေးတယ်။ဒီကားလေးထဲမှာတော့ သက်လတ်ပိုင်းအရွယ် ကြုံဆုံရတဲ့ ဒုက္ခတွေနဲ့အတူလူမျိုးရေး ခွဲခြားမှု အိမ်ထောင်ရေး ပြဿနာ အဆင့်အတန်း ခြားနားမှုတွေကိုခပ်ပါးပါး သရော်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ပီတာဆိုတဲ့ အခွန်ရှေ့နေက ...
movie
Bringing Down the House (2003)
Just My Luck (2006)
Just My Luck (2006) ================ကံဆိုတာ အမြဲတမ်းကောင်းမနေသလို အမြဲလည်း ဆိုးမနေတတ်ပါဘူး။ ဒါပေမဲ့ ဒီကားကတော့ အမြဲကံကောင်းတတ်တဲ့ ကောင်မလေးနဲ့ ဘာလုပ် လုပ် ကြံဖန်ကံဆိုးတတ်တဲ့ ကိုလူချောတို့အကြောင်းကို ဟာသလေးတွေ နှောပြီး တွေးစရာလေးတွေပါအောင် ရိုက်ကူးထားပါတယ်။Ashley ဆိုတဲ့ မိန်းမချောလေးဟာ အလုပ်ကောင်းကောင်းရှိပြီး အစစအရာ ရာအဆင်ပြေနေတဲ့ မိန်းကလေးပါ။ နာမည်ကျော်သူဌေးသားတစ်ယောက် နဲ့လည်း တွဲနေပါသေးတယ်။ သူ့လက်နဲ့ထိရင် ရွှေဖြစ်တယ်လို့ တင်စားရလောက် အောင် သူ့လုပ်သမျှတိုင်းက ကံအားလျော်စွာ အဆင်ပြေခဲ့တာချည်းပါပဲ။Jake ကတော့ Ashley နဲ့ ဆန့်ကျင်ဘက်ပါပဲ။ ကံဆိုးမသွားရာ မိုးလိုက်ရွာသလို ဘာလုပ်လုပ် အဆိုးတွေပဲ ဖြစ်နေသူပေါ့။ တစ်နေ့မှာ Ashley စီစဉ်တဲ့ ပါတီပွဲကြီး တစ်ခုကို Jake ၀င်ရောက်နိုင်ခဲ့တာကတော့ သူ့အတွက် ကံကောင်းခြင်းလို့ ပြော ရမလိုပါပဲ။ အကြောင်းကတော့ အဲဒီမျက်နှာဖုံးတပ်ပါတီပွဲမှာ Ashley နဲ့ Jake တို့ မထင်မှတ်ဘဲ တွဲကဖြစ်ပြီး နမ်းမိကြရာကစလို့ နှစ်ယောက်လုံးရဲ့ကံကြမ္မာဟာ ပြောင်းပြန်လှန်ပစ်သလို ပြောင်းလဲသွားတာကြောင့်ပါပဲ။အဲဒီနောက်ပိုင်းမှာ မယ်ကံကောင်းနဲ့ မောင်ကံဆိုးတို့ ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘယ်သူကကံကောင်းပြီး ဘယ်သူက ...
movie
Just My Luck (2006)
5.7
A Tourist’s Guide to Love (2023)
A Tourist's Guide to Love (2023)~ Rotten Tomatoes - 71% ~ဒီဇာတ်ကားကတော့ American နဲ့ Asian ဒရာမာနှစ်မျိုးလုံးကို ပေါင်းစပ်တင်ဆက်ပေးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင်တော့ တစ်ချိန်က She's All That ဇာတ်ကားနဲ့ နာမည်ကျော်ခဲ့ဖူးပြီး အခုလက်ရှိမှာတော့ Producer Writer အဖြစ်နဲ့ပါ လုပ်ကိုင်နေတဲ့ Racheal Leigh Cook ကနေ ဇာတ်ဆောင်မင်းသမင်းအဖြစ်ပါဝင်ထားပါတယ်။ တစ်ဖက်မှာတော့ ဗီယက်နမ်သွေးပါတဲ့ အမေရိကန်မင်းသား Scotty Ly က ဇာတ်ဆောင်မင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အမန်ဒါရိုင်လေ ဆိုတဲ့ အမျိုးသမီးလေးဟာ မကြာခင်ကမှ အူကြောင်ကြောင်ရည်းစားနဲ့ မထင်မှတ်ဘဲလမ်းခွဲခဲ့ရပါတယ်။ ဒီအခါမှာ သူဟာ စိတ်ထွက်ပေါက်လည်းရ၊ အလုပ်အတွက်ပါ ခွင်တည့်တယ်ဆိုပြီး ဗီယက်နမ်မှာ ခရီးသွားလုပ်ငန်းအကြောင်း သွားစုံစမ်းဖို့သွားပါတော့တယ်။ ဒီလိုနဲ့ပဲ ဗီယက်နမ်ရောက်တဲ့အခါ ဆင်းဆိုတဲ့ သူက သူ့ရဲ့ခရီးသွားအကြံပေးအနေနဲ့ စောင့်နေခဲ့ပါတယ်။ ...
movie
A Tourist’s Guide to Love (2023)
2023
5.6
Unseen (2023)
IMDb 5.6/10 ထိရရှိထားပြီးHorror & thriller အမျိုးအစားဖြစ်ပါတယ် ရည်းစားနဲ့လမ်းခွဲတဲ့အခါကိုယ့်ရည်းစားကစိတ္တဇဟုတ်မဟုတ်အရင်စစ်ဆေးကြည့်တာမမှားပါဘူး မှန်ကြောင်မလေးအမ်မလီကတော့သူ့ကိုမမေ့နိုင်တဲ့စိတ္တဇရည်းစားဟောင်းချာလီပြန်ပေးဆွဲတာကိုခံလိုက်ရပါတယ် အမ်မလီကချာလီ့လက်ကနေထွက်ပြေးဖို့ကြိုးစားပေမဲ့မျက်မှန်မရှိတော့လို့ဘာကိုမှကောင်းကောင်းမမြင်ရတော့ပါဘူး အဲဒီအချိန်မှာအမ်မလီတစ်ယောက်ဖုန်းဆက်ရင်းဘယ်သူမှန်းမသိတဲ့သူတစ်ယောက်ကိုအကူအညီလှမ်းတောင်းရပါတော့တယ် မမြင်ရတဲ့အမ်မလီနဲ့အကူအညီပေးတဲ့သူတို့ပူးပေါင်းပြီးချာလီရဲ့လက်ကလွှတ်မြောက်နိုင်မလား၊ သူတို့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုရင်တမမနဲ့စောင့်ကြည့်ရမှာပါ။File size…(1.3 GB)/(730 MB)/(360 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:16:00 Genre...Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Unseen (2023)
Galaxy Quest (1999)
IMDb-7.4/10 ~ RT-90% "ဘယ်တော့မှ အရှုံးမပေးနဲ့၊ ဘယ်တော့မှ အညံ့မခံနဲ့" ဆိုတာကတော့ "Galaxy Quest" ဆိုတဲ့ နာမည်ကြီးတီဗီရှိုးမှာ အန်အီးအက်စ်အေ ကာကွယ်သူယာဉ်ရဲ့ ကွန်မန်ဒါ ပီတာ ကွင်စီ တက်ဂါ သုံးခဲ့တဲ့လက်သုံးစကားပါ။ "Galaxy Quest" တီဗီရှိုးဟာ နာမည် ကျော်လူကြိုက်များ အောင်မြင်ခဲ့ပေမဲ့လည်း ဖျက်သိမ်းခံလိုက်ရပြီး ဒီစီးရီးနဲ့ပတ်သတ်တဲ့ Geek တွေ၊ အရူးအမူးအားပေးတဲ့ ပရိသတ်တွေက ၁၈ နှစ်ကျော်တဲ့အထိ နှစ်စဉ်နှစ်တိုင်းတွေ့ဆုံပွဲတွေလုပ်နေကြတုန်းပါပဲ။ တွေ့ဆုံပွဲတိုင်းမှာလည်း မူလသရုပ်ဆောင်တွေကိုဖိတ်ခေါ်ပြီး လက်မှတ်ထိုးတဲ့အစီအစဉ်တွေကိုပြုလုပ်ကြလေ့ရှိပါတယ်။ဒီလိုအရူးအမူးအားပေးတဲ့ အထဲမှာ သာမီယန်းဂြိုလ်သားတွေပါ ပါဝင်ပြီး ဒီစီးရီးကို တကယ့်ဖြစ်ရပ်မှတ်တမ်းတွေအဖြစ် မှတ်ထားခဲ့ကြတာပါ။ ဒီလိုနဲ့ပဲ ၁၈ နှစ်ပြည့် တွေ့ဆုံပွဲမှာတော့ ကွန်မန်ဒါ တက်ဂါနေရာမှာသရုပ်ဆောင်တဲ့ ဂျေဆင် နက်စမစ်ဆီကို သာမီးယန်းဂြိုလ်သားတွေရောက်ရှိလာပြီး သူတို့ကိုနှိပ်စက်နေတဲ့ ဆဲရစ်ဆိုတဲ့ လူဆိုးကြီးနဲ့ညှိနိုင်းပေးဖို့ အကူအညီတောင်းပါတော့တယ်။ ဂျေဆင်လည်းသူ့ကိုသရုပ်ဆောင်ခိုင်းနေတယ်အထင်နဲ့ သာမီးယန်းယာဉ်ပေါ်လိုက်သွားပြီး ဆဲရစ်ကိုအမြှောက်စာ နှစ်ချက်ကျွေးလိုက်ပြီး ...
movie
Galaxy Quest (1999)
DodgeBall: A True Underdog Story (2004)
Peter La Fleur ဆိုတာ ရည်မှန်းချက်မည်မည်ရရ မရှိဘဲ ဘဝကို အေးဆေးဖြတ်သန်းနေတဲ့ လူတစ်ယောက်ပါ။ Average Joe’s ဆိုတဲ့ ရပ်ကွက်အားကစားရုံအသေးလေးတစ်ရုံ ပိုင်ပါတယ်။ သူ့ gym မှာ ကစားနေကျ ဖောက်သည် တစ်သိုက်ရှိပေမဲ့ ပိုက်ဆံမရတာတော့(၁၃)လရှိပါပြီ။ တစ်နေ့မှာတော့ အေးဆေးနေတဲ့ ပီတာ့ဘဝထဲကို သတင်းဆိုးကြီး ဝင်ရောက်လာပါတော့တယ်။ ရက်(၃၀)အတွင်း $50,000 မဆပ်နိုင်ရင် gym ကို ဘဏ်က သိမ်းပါတော့မယ်။ သူတို့ Gym ဘေးက ဒိတ်ဒိတ်ကြဲနာမည်ကြီးနေတဲ့ Globo Gym က ကားပါကင်လုပ်ဖို့ ဝယ်မှာပါ။ Average Joe’s ဆိုတာ ပီတာတို့ဘော်ဒါတစ်သိုက်အတွက်တော့ အားကစားလုပ်ဖို့ သက်သက်မဟုတ်ပါဘူး။ ဘဝအပန်းပြေစေတဲ့ ခိုနားရာလေးဖြစ်ပါတယ် ။ သူတို့အားလုံးအတွက် အရေးကြီးလို့ အဆုံးရှုံးမခံနိုင်ကြပါဘူး။ဒီတော့ ပီတာနဲ့ ဘော်ဒါတစ်သိုက် ရက်(၃၀)အတွက် $50,000 ရှာဖို့ နည်းမျိုးစုံစဉ်းစားကြရပါပြီ။ ...
movie
DodgeBall: A True Underdog Story (2004)
Captain Fantastic (2016)
ဘန်နဲ့ သူ့ရဲ့အမျိုးသမီး လက်စလီတို့ဟာ မြို့ပေါ်မှာမနေတော့ဘဲ တောထဲမှာသွားရောက်နေထိုင်ပြီး သဘာဝအတိုင်း ခေတ်မီပစ္စည်းတွေမသုံးဘဲနဲ့ ရှင်သန်နေထိုင်ဖို့ရွေးချယ်ခဲ့ပါတယ်။ သူတို့သားဦးလေးငယ်စဉ်ကတည်းက မြို့ကနေထွက်လာခဲ့ကြပြီးတော့ ကလေး ၆ ယောက်ရတဲ့အထိ အားလုံးကိုတောထဲမှာပဲ ပြုစုပျိုးထောင်ခဲ့ကြပါတယ်။ ကလေးတွေကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်အောင်၊ တိုက်ခိုက်တတ်အောင် တောထဲမှာပုံမှန်လေ့ကျင့်ပေးပြီး စာပေပညာရပ်အားလုံးကိုလည်း သူတို့ကိုယ်တိုင်ပဲသင်ပေးခဲ့ကြပါတယ်။ ကလေးတွေက နည်းပညာ၊ ခေတ်မီပစ္စည်းအသုံးအဆောင်ဘာဆိုဘာမှ သုံးခွင့်၊ သိခွင့်မရကြပါဘူး။ တောထဲမှာပဲနေရင်း သဘာဝအလှအပတွေခံစားတတ်အောင်လေ့ကျင့်ပေးခံခဲ့ရပါတယ်။ တစ်နေ့မှာတော့ နဂိုကတည်းက စိတ်ရောဂါအခံရှိတဲ့သူတို့အမေ လက်စလီဟာ မြို့ပေါ်ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ လက်စလီရဲ့အဖေက သူ့ရဲ့သမီးနဲ့ဘန်တို့တောထဲမှာနေဖို့ဆုံးဖြတ်ခဲ့တာကို အလွန်စိတ်ဆိုးခဲ့တဲ့အတွက် ဘန့်ကို လက်စလီဈာပနပွဲကို တက်ခွင့်မပြုဘူးလို့ပြောလိုက်ပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီးမြို့ပေါ်သွားပြီးဆေးကုရင်းနဲ့ သေဆုံးသွားတဲ့မိခင်ကို ကလေးတွေကလွမ်းနေကြပြီးတော့ ဈာပနပွဲသွားလိုစိတ်ပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘန့်အနေနဲ့ သူတို့ကလေးတွေကို ပုံမှန်ကမ္ဘာကြီးထဲကို ပထမဆုံးခေါ်သွားရပါတော့တယ်။ တကယ့်ကမ္ဘာအစစ်ထဲကိုရောက်တဲ့အခါမှာ ကလေးတွေက သူတို့ကြီးပြင်းခဲ့ရတဲ့ပုံတွေကို စိတ်ကျေနပ်မှုရှိရဲ့လား၊ ဘန်နဲ့လက်စလီတို့ ကလေးတွေကိုလေ့ကျင့်သင်ပြပေးထားတာတွေက သူတို့လေးတွေ တကယ့်ကမ္ဘာမှာရှင်သန်ဖို့ တကယ်လက်တွေ့အသုံးဝင်ရဲ့လား၊ ဘန်ကိုယ်တိုင်ကရော ဖခင်တစ်ယောက်အနေနဲ့ ...
movie
Captain Fantastic (2016)
8.1
Gone Girl (2014)
IMDb Rating 8.1 / Rotten Tomatoes (88%)ဒီရုပ်ရှင်ကားကို ကြိုုက်လည်းကြိုက်မိသလို မုန်းလည်းမုန်းမိတယ်.. စိတ်ထဲကျေနပ်မိသလို ဘဝင်လည်းမကျမိပါ။ သဘောကျမိသလို စိတ်ပျက်မိတာတွေရော။ ဘယ်လိုစကားလုံးနဲ့ဖော်ပြရမလဲမသိပါ။ တစ်လုံးတည်းဆိုရရင်တော့ Frustration ဆိုတာဒီဇာတ်ကားကြည့်ပြီးဖြစ်လာတဲ့ခံစားချက်ပါ။ ဒေါသလားဆိုတော့ အခြေခံကဒေါသပါ။ ဒါပေမဲ့ ဆန့်ကျင်ဘက်နှစ်မျိုးတခါတည်း ခံစားရတဲ့ ဒေါသပါ။ ရုပ်ရှင်ပြီးလို့သာ အဆုံးသတ်သွားတယ်။ open ending နဲ့ကိုယ်စဉ်းစားချင်တာတွေ စဉ်းစားနိုင်အောင်ဖွင့်သွားတုန်းပဲ။ဒါ့ကြောင့်လည်း ပိုပိုပြီး စဉ်းစားမိပြန်ရော.. စဥ်းစားမိတော့ ညများတောင်အိပ်မပျော်နိုင်။ Amazing Amy ... ပဟေဠိ လူသားအေမီ၊ သတ်ပစ်ချင်လောက်အောင်မုန်းစရာကောင်းသာအေမီ၊ ဆောက်တည်ရာမရသော အေမီ၊ သနားစရာကောင်းသောအေမီ၊ ကြောက်စရာကောင်းသော အေမီ၊ ဇာတ်လမ်းအစက ပြဿနာကြီး သို့မဟုတ် အရှုပ်တော်ပုံအစတစ်ခုဖြစ်သလို အဖြစ်အပျက်တစ်ခုရဲ့အဆုံးသတ်ပါ။ ဒါပေမဲ့ သာမာန်နံနက်ခင်းတစ်ခုပါပဲ။ Nick Dunne ဆိုတဲ့လူတစ်ယောက် အိမ်ရှေ့ကို အမှိုက်ပုံးထုတ်တယ်။သာမာန်အိမ်ရှင်ထီးတစ်ယောက်လုပ်ရမဲ့အလုပ်လုပ်တယ်။ ပြီးတော့ မြို့ထဲက သူ့ညီမနဲ့ သူနဲ့အတူတူဖွင့်ထားတဲ့ The bar ဆိုတဲ့ဘားကိုသွားတယ်။ ညီမနဲ့စကားစမြည်ပြောတယ်။ ...
movie
Gone Girl (2014)
4K HEVC
Bring It On: Cheer or Die (2022)
Bring It On: Cheer or Die (2022)(1080p ရပါပြီ)ဒီကားလေးကတော့ Halloween horror, Thriller ကားလေးပါ။Abby တို့ကျောင်းမှာ Cheerleader အဖွဲ့က အရမ်းအနှိမ်ခံရပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀လောက်က ပြိုင်ပွဲမှာ Cheerleader တစ်ယောက်သေပြီး နောက်ပိုင်း ဘာစတန့်မှမလုပ်ရ ဘာပွဲမှမပါရဘဲ နေနေရပါတယ်။လာမဲ့ ပြည်နယ်ပေါင်းစုံပြိုင်ပွဲမှာ ပြိုင်ဖို့ Abby တို့အဖွဲ့ ခိုးပြီး လေ့ကျင့်ကြတဲ့အခါ လူမသိတဲ့ကျောင်းဟောင်းဆီ သွားကြပါတယ်။Abby တို့ကျောင်းဟောင်းကို သွားတဲ့ညက Halloween ည ဖြစ်နေပြီး သူတို့ကို လိုက်သတ်တဲ့လူသတ်သမားရှိနေတဲ့အခါ ဘာဆက်ဖြစ်မလဲ? Abby တို့အဖွဲ့ ဘယ်လိုအလွဲတွေလုပ်မလဲ? လူသတ်သမားရန်ကနေ လွတ်အောင်ရှောင်နိုင်ပါ့မလား? ဆိုတာတော့ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie က ပါ။)File Size : 2.3GB, 859MB, 438MB Quality ...
movie
Bring It On: Cheer or Die (2022)
2022
5.4
Teen Titans Go! & DC Super Hero Girls: Mayhem in the Multiverse (2022)
Teen Titans Go! & DC Super Hero Girls: Mayhem in the Multiverse (2022) ====================================================Teen Titans Go! ဆိုတာ Teen Titans အန်နီမေးရှင်းစီးရီးကို ဟာသဗားရှင်းနဲ့ ဆက်ထွက်တဲ့စီးရီးလေးဖြစ်ပြီး မူရင်းစီးရီးတင်မကပဲ တခြားစူပါဟီးရိုးကားတွေကိုပါ လှောင်ပြောင်ပေါက်ကရလုပ်ထားတာပါ။အခု Teen Titans Go! & DC Super Hero Girls: Mayhem in the Multiverse ကတော့ မူဗီတစ်ခုဖြစ်ပြီး DC Super Hero Girls ဆိုတဲ့ စီးရီးနောက်တစ်ခုနဲ့ crossover လုပ်ထားတာပါ။crossover ဆိုရာမှာ သမားရိုးကျ crossover မဟုတ်ပဲ စူပါဟီးရိုးကားတွေရဲ့ ထုံးစံတွေကို ပညာသားပါပါဟာသလုပ်ထားတာကိုတွေ့ရမှာပါ။ လက်စ်လူသာရဲ့ မဟာ အကြံအစည်ကြီးကို Super Hero Girls အဖွဲ့က တားဖို့လုပ်တာကိုကြည့်ရရင်း သာမန်ကလေး ကာတွန်းကားလို့ ခံစားရလာပြီဆိုရင် Teen Titans တို့က ...
movie
Teen Titans Go! & DC Super Hero Girls: Mayhem in the Multiverse (2022)
2022
6.9
Jumanji: Welcome to the Jungle (2017)
၁၉၉၅ လောက်ကတည်းက ပရိသတ်တွေ ရင်းနှီးခဲ့ပြီးသား Jumanji ဇာတ်လမ်းပြီးနောက် သီးခြားဇာတ်လမ်းတစ်ခုနဲ့ ထပ် ထွက်လာတာမို့ ရသအသစ်အဆန်းလေး ဖြစ်တဲ့အတွက် ပရိ သတ်တွေ သဘောကျကြမှာပါ။ဇာတ်လမ်းအဓိကအကြောင်းအရာကတော့ ဆယ်ကျော်သက်ကလေးလေးယောက် ဗီဒီယိုဂိမ်းကစားကာ ဂျူမန်းဂျိ ကမ္ဘာထဲရောက်သွားပြီး စွန့်စားခန်းမျိုးစုံ ဖြတ်ကျော်ရတဲ့ အကြောင်းလေး တင်ဆက်ထားတာ ဖြစ်ပါတယ်။၁၉၉၆ ကာလက အဲလက်စ် ဆိုတဲ့ ဆယ်ကျော်သက်ကောင် လေးဟာ ဂျူမန်းဂျိဂိမ်းဘုတ်ပြား လေးကို ကမ်းခြေနားက ကောက်ရ ခဲ့ပေမယ့် ဗီဒီယိုဂိမ်းတွေပဲ ကစား ဖြစ်နေတာမို့ ဂိမ်းမကစားဖြစ်ဘဲ သိမ်းထားခဲ့ပါတယ်။ ဒီလိုနဲ့ တစ် ညမှာ ဂျူမန်းဂျိဘုတ်ပြားထဲက ဂိမ်းတွေဟာ ဗီဒီယိုဂိမ်းအဖြစ် ပြောင်းသွားပြီး အဲလက်စ်က ဂိမ်း စက်ဖွင့်လိုက်ပြီးနောက်မှာတော့ သူပါပျောက်သွားခဲ့ပါတယ်။နှစ် ၂၀ လောက်ကြာခဲ့ပြီး နောက်မှာတော့ ဂျူမန်းဂျိဂိမ်းစက် က ပြန်ပေါ်လာခဲ့ပါတယ်။ စပန် ဆာ၊ ဘယ်သန်နီ၊ မာသာနဲ့ ဖရစ်ဂျ်ဆိုတဲ့ ...
movie
Jumanji: Welcome to the Jungle (2017)
4K HEVC
6.7
Charlie and the Chocolate Factory(2005)
Charlie and the Chocolate Factory(2005)IMDb....6.7,,,,Rotten...82%ဝီလီဝန်ကာဟာ အကောင်းဆုံး ချောကလက်လုပ်တဲ့လူပါ...သူရဲ့ သူမတူတဲ့ချောကလက်လုပ်နည်းတွေကြောင့် လူတိုင်းသူ့ချောကလက်တွေကိုနှစ်သက်ခဲ့ကြတယ်။ ဆိုင်ကလေးကနေ စက်ရုံကြီး တည်ထောင်နိုင်တဲ့အထိအကြီးအကျယ်အောင်မြင်ခဲ့တဲ့ ချောကလက်လုပ်တဲ့သူ ဖြစ်ခဲ့တယ်။အောင်မြင်မှုတိုင်းမှာ တန်ဖိုးဆိုတာ ရှိပါတယ်....ဒီလိုနဲ့ သူရဲ့ အကျနေ့တွေရောက်လာခဲ့တယ်။ တခြား ချောကလက်လုပ်သူတွေဟာ ဝီလီရဲ့ နည်းတွေကိုသူလျှိုထည်ပြီး ခိုးခဲ့ကြပါတယ်...ဝန်ကာဟာ သိပ်မကြာခင်မှာပဲချောကလက်စက်ရုံကို ထာဝရ ပိတ်သိမ်းလိုက်ပါပြီလို့ကြေညာခဲ့ပါတယ်..။ထာဝရဆိုတာ...အချိန်အကြာကြီးဆိုတာကို ပြောတဲ့ နာမ်စားတစ်ခုပါပဲ...လူတွေကတော့ ထာဝရ ပိတ်သွားပြီပဲထင်ခဲ့ကြပါတယ်...စက်ရုံထဲကချောကလက်တွေ ထွက်မလာခင်အထိပေါ့.....။ပြန်မွေးဖွားလာတဲ့ဝန်ကာရဲ့ စက်ရုံနဲ့ အတူ ပဟေဠိတွေ ပေါ်ပေါက်ခဲ့ပါတယ်...စက်ရုံထဲမှာ ဘယ်သူတွေ အလုပ်လုပ်နေကြာတာလဲ.... မစ္စတာဝန်ကာရော ဘာဖြစ်သွားခဲ့တာလဲ....။စက်ရုံတံခါးကြီးကတော့ ပိတ်ဆဲ..လူတွေလည်း အံ့သြမြဲ..တစ်နေ့မှာ တော့...နှစ်ပေါင်းများစွာ လူအဝင်မခံခဲ့တဲ့ သူရဲ့ ချောကလက်စက်ရုံကြီးထဲကိုဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ ဖိတ်စာကတော့ ရွှေရောင် လက်မှတ် ၅စောင် ဖြစ်ပြီးဒီ လက်မှတ်တွေကို ချောကလက်တွေရဲ့ အခွံံအောက်မှာ ထည့်သွင်းထားပါတယ်။၅ယောက်ထဲက တစ်ယောက်ကိုလည်း အထူးဆု တစ်ခုပေးဦးမယ်လို့ ပြောခဲ့တယ်။တစ်ကမ္ဘာလုံးက ကလေးတွေ... ဒီ လက်မှတ် ...
movie
Charlie and the Chocolate Factory(2005)
2005
2.5
Home Alone 4 (2002)
ခရစ်စမတ်ကာလရောက်ရင် ကြည့်ရမယ့်ဇာတ်ကားတွေထဲမှာ Home Alone ဇာတ်ကားတွေကလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။Comedy, Family အမျိုးအစားဖြစ်တာကြောင့် နားရက်မှာ မိသားစုနဲ့ အပန်းဖြေဖို့သင့်တော်တဲ့ဇာတ်ကားတွေပါ။Home Alone ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=home+alone မှာဒေါင်းလို့ရပါတယ်။++++++++++++Plot;Kevin McCallister's parents have split up. Now living with his mom, he decides to spend Christmas with his dad at the mansion of his father's rich girlfriend, Natalie. Meanwhile robber Marv Merchants, one of the villains from the first two movies, partners up with a ...
movie
Home Alone 4 (2002)
2002
7.7
As Good as It Gets(1997)
As Good As It Gets(1997) ဇာတ်လမ်းအညွှန်း *************************************IMDb....7.7,,,Rotten..85%ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ … ၁၉၉၇ ၀န်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး..ပုံမှန်မြင်တွေ့နေကြရှေးဟောင်းဇာတ်လမ်းတွေလို အဓိကဇာတ်ဆောင်နှစ်ယောက်ကို လှည့်ပတ်ရိုက်ပြတာမျိုးမဟုတ်ဘဲ...ဇာတ်လမ်း တင်ဆက်ပုံအသွားအလာတွေ ထူးခြားစွာကွဲထွက်နေတဲ့ ဒါရိုက်တာ James L. Brooks ရဲ့ ကားလေးပဲ ဖြစ်ပါတယ်…ဇာတ်လမ်းထဲမှာတော့...OCD ဖြစ်နေတဲ့ လူ့ဂွစာ စာရေးဆရာလူပျိုကြီး၊ မယ်လ်ဗင် ယူဒေါလ် ဟာ သူ့ရဲ့အိမ်နီးချင်း လူငယ် Gay ပန်းချီဆရာ၊ဆိုင်မွန် နဲ့ ခွေးလေး ဗာဒဲလ် ကို အင်မတန်မှ အမြင်ကတ်သူပါ... လူ့ဂွစာလူပျိုကြီးပီပီ အသန့်အပြန့်အလွန်ကြိုက်တော့ တွေ့ကရာသေးပန်းတတ်တဲ့ ခွေးလေး ဗာဒဲလ်က သူ့အတွက်တော့ တကယ့်အနှောက်အယှက်လေးပါပဲ...ပတ်၀န်းကျင်က ဘယ်သူနဲ့မှ ကီးမကိုက်တဲ့ ဒီလူကြီးကို သည်းခံတဲ့သူတစ်ယောက်တော့ရှိပါသေးတယ်...သူကတော့ မယ်လ်ဗင် သွားနေကြစားသောက်ဆိုင်က စားပွဲထိုးမလေး ကာရိုးလ် ပဲဖြစ်ပါတယ်...အဲ့ဒီနောက်မှာတော့စာလေးရေးပြီး တစ်ယောက်ထဲ အေးအေးလူလူ နေတတ်တဲ့ မယ်လ်ဗင် တစ်ယောက်… ရုတ်တရက်ဆိုသလို ...
movie
As Good as It Gets(1997)
7.2
Anchorman: The Legend of Ron Burgundy 2004
San Diego မြို့လို ယောကျာ်းလေးများသာ သတင်းတင်ဆက်သူဖြစ်ခွင့်ရှိတဲ့မြို့ကြီးမှာ Ron Burgundy လို့ခေါ်တဲ့ Anchorman ဟာ အာဏာအရှိဆုံးနဲ့ နာမည်အကြီးဆုံးဖြစ်လာခဲ့ပါတယ် သူနဲ့သူ့သူငယ်ချင်းများပါဝင်တဲ့ Channel 4 News Team ဟာ Network မှာငါးနှစ်ဆက်တိုက် နံပါတ်တစ်ဖြစ်လာခဲ့ပါတယ် တစ်နေ့မှာတော့ ပါတီပွဲတစ်ခုမှာ Veronica Coringstone လို့ခေါ်တဲ့ သတင်းထောက်မလေးနဲ့ တွေ့ဆုံပြီး သူမကိုသဘောကျသွားခဲ့ပါတယ် ဖြစ်ချင်တော့ Coringstone ဟာလည်း San Diego ရဲ့ရှေးရိုးစွဲအစဥ်အလာကို ချိုးဖောက်ပြီး သတင်းတင်ဆက်သူဖြစ်ချင်တဲ့ မိန်းကလေးဖြစ်နေတာပေါ့ အဲ့လိုနဲ့ နောက်တစ်နေ့မှာ Coringstone တစ်ယောက် Burgundy ရှိတဲ့ Channel 4 News ကိုရောက်လာပါတော့တယ် အဲ့မှာစပြီး Coringstone ဟာ ဟတင်းတင်ဆက်သူဖြစ်နိုင်မယ့် အခွင့်အရေးကိုစောင့်ဆိုင်းနေရင်း တစ်နေ့မှာတော့ သူဖြစ်မျှော့်လင့်ထားတဲ့ဆန္ဒပြည့်ဝသွားပြီ တွဲဖက်တင်ဆက်သူဖြစ်လာပါတော့တယ် Burgundy ချစ်သော်လည်းအလိုမလိုက်နိုင်ဆိုသလို သူ့နေရာကိုအလုယူခံလိုက်ရလို့ ဒေါသမီးတောက်လောင်ပြီး ...
movie
Anchorman: The Legend of Ron Burgundy 2004
6.8
50 First Dates(2004)
50 First Dates(2004)သစ္စာနီကပြောတယ် အချစ်ဆိုတာ ဆပ်ပြာဖူဖောင်းတဲ့ တာရာမင်းဝေကတော့ အချစ်ဆိုတာ မသိစိတ်ရဲ့တည်ရှိခြင်းနဲ့ ဖြစ်ခြင်းကြားက လျှို့ဝှက်သောဆုံမှတ်တဲ့ တက္ကသိုလ်ဘုန်းနိုင်ကတော့ အချစ်စစ်ဆိုတာ တစ်သက်မှာတစ်ခါပွင့်တဲ့ ပိတောက်ပန်းရဲ့သစ္စာတရားနဲ့ခိုင်းနှိုင်းထားတယ် အချစ်ကြောင့်ဖြစ်တဲ့လုပ်ရပ်တွေကိုတော့တစ်ချို့ကပြောကြတယ် ဟန်ဆောင်မှုတွေကျော်လွန်ပြီး သတ္တိတွေရဲ့အလွန်ကိုတွန်းပို့ခြင်းခံရတဲ့လုပ်ရပ်တဲ့ ရူးသွပ်မိုက်မဲခြင်းလို့လည်း ခပ်ကြမ်းကြမ်းခေါင်းစဉ်တပ်ကြတာလည်းရှိတယ်....ကျွန်တော်တို့ဘဝမှာ မိုက်မဲခြင်းရူးသွပ်ခြင်းတွေမြောက်များစွာ လုပ်ခဲ့ကြတယ် ဒီလိုလုပ်ရပ်တွေကြားမှာ အချစ်ကြောင့်ရူးသွပ်သွားတာကတော့ အရမ်းချိုမြိန်ပျော်ရွှင်ဖို့ကောင်းပါတယ် .....ဘာလို့ဆိုနှလုံးသားရဲ့လိုအပ် ချက် အချစ်ကိုတခြားအရာတွေက ဖြည့်ဆည်းပေးနိုင်တာမှမဟုတ်တာ......... ငါးပြတိုက်မှာအလုပ်လုပ်နေတဲ့လူရွယ်တစ်ယောက်ရှိတယ်...တစ်နေ့စားသောက်ဆိုင်မှာထိုင်နေရင်း မုန်တွေ့နဲ့ဆော့ကစားနေတဲ့ကောင်မလေးကိုတွေ့ မိတယ်....အဲ့ကောင်မလေးကိုမြင်တော့စိတ်ဝင်စားသွားပြီး ချဉ်းကပ်မိတယ်.....သူအောင်မြင်ပါတယ်...နောက်နေ့ဒီလိုအချိန်တွေ့ဖို့ကောင်မလေး ကတောင်ပြန်ချိန်းသွားတယ်....နောက်တစ်နေ့မှာ ကောင်မလေးနဲ့တွေ့တော့ သူနှုတ်ဆက်မိတယ်...ထူးဆန်းတာက ကောင်မလေးရဲ့တုန့်ပြန်မှုပဲ... ခပ်စိမ်းစိမ်းကြည့်ရင်း ဘာတွေလာကြောင်နေတာလဲဆိုတဲ့ခွန်းတုံပြန်မှုကြောင့် သူဆွံအသွားတယ်.... နောက်မှသိလိုက်ရတာက ကောင်မလေးဟာ ကားမတော်တဆမှုကြောင့် ခပ်ဆန်းဆန်းအတိတ်မေ့ရောဂါရနေတာပါပဲ..... ကျွန်တော်ပြောတဲ့ သတ္တိတွေရဲ့အလွန် ရူးသွပ်မိုက်မဲခြင်းဆိုတာ အဲ့ဒီမှ စတာပဲ...ဆက်ပြောရင် ပေါ့သွားမှာစိုးရိမ်လို့ ဒီတင်ပဲနားပါရစေ.... " ခင်ဗျား တို့ ကျွန်တော့ကိုရူးတယ်ပဲပြောပြော မိုက်မဲလွန်းတယ်ပြောပြောရပါတယ် ဒါပေမဲ့ ကျွန်တော်ပျော်တယ် ကျွန်တော့ဘဝဟာ သူမပါ.... အားလုံးအတွက်ရင်ဆိုင်နိုင်တယ်...နောက်တစ်ခုပြောချင်တာက ကျွန်တော့ကိုပြစ်တင်ဝေဖန်နေမိတယ်ဆိုရင် သေချာတယ် ခင်ဗျားဟာ အချစ်ကိုမကြုံဖူးသေးသလို ကျွန်တော့လိုအချစ်စစ်တစ်ခုနဲ့မချစ်ဖူးသေးလို့ပါပဲ...." ဒီကားလေးပြီးတော့ လူရွယ်က ကျွန်တော်တို့ကို အသံတိတ် ဒီစကားလေးပြောသွားတယ်လို့ ကျွန်တော်ထင်မိတယ်File Size…(850MB) Quality…BluRay 720p Format…mp4 Duration…01:39:00 Subtitle…Myanmar Subtitle(Hardsub) Encoder… ...
movie
50 First Dates(2004)
2004
6.4
Walk. Ride. Rodeo (2019)
မြင်းစီးပြိုင်ပွဲရဲ့အကျော်အမော် အမ်ဘလေစနိုင်ဒါ ဟာကားအက်စီးဒန့်ဖြစ်ပြီးနောက်မှာ အောက်ပိုင်းသေခဲ့ပါ တယ်သူမချစ်တဲ့အားကစားကိုလည်းလုပ်ဖို့နေနေသာသာလမ်းမလျောက်နိုင်တော့တဲ့အခြေအနေမျိုးနဲ့ ကြုံတွေ့ရပြီးတဲ့နောက်ပြန်လည်ထူထောင်နိုင်မလားသူမချစ်တဲ့အရာကိုလုပ်ဖို့စိတ်အားထက်သန်နေတဲ့အခါအခက်အခဲတွေကို ဖြတ်ကျော်ပြီးဖြစ်အောင်လုပ်နိုင်မလားတခါတလေမှာ ဘဝကကိုယ်လိုချင်တာတွေမဖြစ်ပဲဘဝကပေးတဲ့အရာတွေကို မလိုချင်ပဲလက်ခံလိုက်ရတာ တွေ ရှိခဲ့ဖူးပါသလား????စိတ်ဓာတ်ကျအားငယ်ပြီး ဘဝကို အရှုံးပေးချင်စိတ်တွေကော ဖြစ်ခဲ့ဖူးလားဗျအဲ့တာဆိုရင်တော့ ဒီဇာတ်ကားလေးကိုသေချာပေါက် ကြည့်လိုက်ပါအခက်အခဲအတားအဆီးတွေနဲ့ကြုံတွေ့ရ တာတောင်ဇွဲ့မလျော့တဲ့ ဇာတ်ကောင်ကိုကြည့်ရှုခံစားရမှာ ပါဘဝကို ကိုယ်လိုချင်တာ ရွေးပြီးဖြစ်ခိုင်းလို့မရပေမဲ့ဘဝကပေးတဲ့ခါးသီးတဲ့အရာတွေကို ရရှိပြီးတဲ့နောက်မှာအိပ်မက်တွေရိုက်ချိုးခံလိုက်ရပြီးတဲ့နောက်မှာဘဝကပြီးသွားပြီလို့ ထင်နေရင် မှားပါလိမ့်မယ်အိပ်မက်အသစ်တွေနောက်ကို လိုက်လို့ရပါသေးတယ်ဇာတ်ကားထဲမှာ စိတ်ဓာတ်တက်ကြွစရာစကားလုံးများစွာ လည်းပါဝင်တာကြောင့် ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပါ File Size : ( 934 MB , 337 MB ) Quality : WEB-DL 720p Running Time ...
movie
Walk. Ride. Rodeo (2019)
1
2
Next