Channel Myanmar

Mirosław Baka

A Short Film About Killing (1988) 8.0
A Short Film About Killing (1988)  Rt-90% ~ IMDb-8.0ပိုလန်ဒါရိုက်တာ Krzysztof Kieslowski ရဲ့ လက်ရာကောင်း ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ရိုက်ပြတဲ့ ကင်မရာရှုထောင့်တွေက သဘောကျစရာကောင်းတဲ့အပြင် rating တွေကလည်း ကောင်းတာမလို့ အေးဆေးခံစားကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။ဇာတ်လမ်းကတော့ တက္ကစီဆရာ ဝေါဒီမာ၊ အိမ်ခြေရာမဲ့ လူငယ် ယာဆက်နဲ့ ဘားစာမေးပွဲဖြေပြီး ရှေ့နေဖြစ်လာတော့မဲ့ ပီရော့တာတို့ကို ရှုထောင့်သုံးခုကနေ ရိုက်ပြထားပါတယ်။ သူတို့သုံး‌ ယောက်ကြားထဲက ဆက်နွယ်မှု၊ လူသ-တ်မှုတစ်ခုကျူးလွန်ပုံနဲ့ ‌ေ-သဒဏ်ကျခံရပုံတို့ရဲ့ ရက်စက်မှုကိုအပြန်အလှန်ရိုက်ပြထားတာပဲဖြစ်ပါတယ်။ မိုးအေးအေးနဲ့ခံစားကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.6 GB)/(740 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:24:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT
movie

A Short Film About Killing (1988)

Squared Love All Over Again (2023)
Squared Love All Over Again (2023)   ဇာတ်လမ်းကတော့ မိုနီကာဆိုတဲ့ မူလတန်းပြ ကျောင်းဆရာမလေးက တစ်ဖက်မှာလည်းကလောက်ဒီယာ ဆိုတဲ့ နာမည်နဲ့ မော်ဒယ် ဆယ်လီတစ်ယောက်ပါ ။ ကျောင်းဆရာမ ပီပီကလေးတွေနဲ့ဆက်ဆံရေးကောင်းပြီး ကလေးချစ်တတ်တဲ့သူတစ်ယောက် ဖြစ်ပြီး ကလေးတွေအတွက် Talent show တစ်ခုမှ Host လုပ်ပေးဖို့ကမ်းလှမ်းခံပါတယ်။ကျောင်းဆရာမအလုပ်နဲ့ မော်ဒယ်အလုပ်နှစ်ခုကို Balance ညီအောင်လုပ်ရင်း အချစ်ရေးမှာပါ ထိခိုက်လာခဲ့ ပါတယ်။ အဲ့လိုနဲ့သူ့ရဲ့ အလုပ်နှစ်ခုနဲ့ အချစ်ရေးကို Handle လုပ်ရင်း အခက်အခဲတွေကို ပေါ့ပေါ့ပါးပါး ဟာသလေးတွေနှောပြီး ကြည့်ရှုရမယ့် ပိုလန် Love Romance ကားလေးတစ်ကားပါ။ File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie

Squared Love All Over Again (2023)

The Peasants (2023) 7.8
The Peasants (2023)  The Peasants ဇာတ်ကားဟာ ၁၉၄၂ ခုနှစ်မှာ စာပေဆိုင်ရာနိုဘယ်ဆုရရှိခဲ့တဲ့ ပိုလန်ဝတ္ထုတစ်ခုကို အခြေခံရိုက်ကူးထားတဲ့ဘောင်ဝင်တန်းဝင် ဇာတ်ကားကြီး ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်. အခုလို ရိုက်ကူးထွက်ရှိလာတဲ့အခါမှာလည်း ဆုတွေအများကြီးဆန်ကာတင်စာရင်းတွေထဲ အများကြီးဝင်ထားတဲ့ အရမ်းကိုအနုပညာဆန်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်..ဒီဇာတ်ကားက သူများနဲ့ မတူတာကတော့ တစ်ကားလုံးကိုrotoscoped oil painting စတိုင်မျိုးနဲ့ ပြုလုပ်ထားတာဖြစ်လို့ဇာတ်ကားရဲ့ ဘယ်နေရာကိုပဲ pause pause ပန်းချီကားတစ်ချပ်ကိုခံစားနေရသလိုမျိုး မြင်နေရမှာ ဖြစ်ပါတယ်. ဇာတ်လမ်းကိုတော့ ကြည့်ရပေါ့သွားမှာစိုးလို့ အများကြီးမပြောတော့ဘူးနော်. အဓိကကတော့ Jagna ဆိုတဲ့ ပိုလန်ရွာလေးတစ်ရွာက အရမ်းချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ရဲ့ဇာတ်ကြောင်းပါ. ချောမောသူဖြစ်တဲ့အလျှောက် ရွာထဲက လူပျိုလူအို မုဆိုးဖို စတဲ့သူ အကုန်လုံးက သူနဲ့ လက်ဆက်ချင်ကြပါတယ်.ပိုလန်ရိုးရာတွေကို အသားပေးရိုက်ပြထားပြီး သူမရဲ့ အချစ်ရေးအိမ်ထောင်ရေး ဇာတ်လမ်းတွေ ဘယ်လိုရှုပ်ထွေးမလဲ...အဆုံးသတ်မှာ သူဘယ်လိုဖြစ်သွားမလဲဆိုတာကို ပန်းချီပြခန်းထဲလမ်းလျှောက်သွားသလို ကြည့်ရှုခံစားနေရမှာဖြစ်လို့ကြည့်ကိုကြည့်ရမဲ့ကားလေး ဖြစ်ကြောင်း အသိပေးပါရစေ... File size…2.3 GB / 1.13 GB Quality…WEB-Rip 1080p ...
movie

The Peasants (2023)

Kill Me If You Dare (2024)
Kill Me If You Dare (2024) Kill me if you dare (2024)ပိတ်ရက်မှာ ဇာတ်လမ်းပေါ့ပေါ့ပါးပါးလေး ကြည့်ရင်း အပန်းဖြေနိုင်ဖို့ ပိုလန်နိုင်ငံက ရိုက်ကူးပြီး Netflix က ဖြန့်ချီထားတဲ့ Romance/ Comedy ရုပ်ရှင်လေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ပိုလန်နိုင်ငံက ရိုက်ကူးတာမို့ မြင်နေကျ Hollywood ရုပ်ရှင်တွေနဲ့ ကွဲထွက်နေပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ပျော့တ်နဲ့ နာတာလီယာတို့ဟာ ရုန်းကန်နေရတဲ့ သာမန်လင်မယားတွေပါ။ ငွေကြေးလည်း မချမ်းသာသလို စားနိုင်ရုံသောက်နိုင်ရုံပါပဲ။ အိမ်ထောင်သက်ကြာပြီဖြစ်တာမို့ ယောကျ်ားက မိန်းမကို ဂရုမစိုက်နိုင်တာ၊ ပိုက်ဆံနှမြောတာ အစရှိသဖြင့် ပြဿနာအသေးအမွှားတွေတော့ ရှိပေမယ့် အဆင်ပြေတဲ့ အိမ်ထောင်ရေးတစ်ခုပါပဲ။ နှစ်ပတ်လည်နေ့မို့လို့ ညစာထွက်စားရင်း ခဲခြစ်ကံစမ်းမဲလာရောင်းတဲ့ အဘွားကြီးဆီကနေ ခဲခြစ်ကံစမ်းမဲ ဝယ်ပြီး ကံစမ်းရာကနေ ပိုက်ဆံ ၅ သန်း မဲပေါက်သွားပါတယ်။ ဒီလိုနဲ့ လင်မယား ၂ ယောက်ကြား ငွေကြေးဝင်လာပြီး တစ်ယောက်ကို တစ်ယောက်ကများ သတ်ပစ်ပြီး ပိုက်ဆံတွေ လုမလားဆိုတဲ့ သံသယတွေ ဝင်လာကြလို့ တလွဲတွေဖြစ်တာကို ဟာသတွေနဲ့ ကြည့်ရှုရမယ့် ရုပ်ရှင်ဇာတ်ကားလေးပါ။အညွှန်း နဲ့ ...
movie

Kill Me If You Dare (2024)

2024
Jack Strong (2014) 7.0
Jack Strong (2014) ဒီ IMDB 7/10 ရတဲ့ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အပြီးစစ်အေးတိုက်ပွဲအတွင်းက ပိုလန်သူလျှိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းကိုရိုက်ကူးထားပြီး ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီး ၁၉၇၀ နဲ့ ၁၉၈၀ ကြားမှာ ဗိုလ်မှူးကြီးရစ်ဇာ့ဒ်ကူလင်စကီဟာအရမ်းကိုအလုပ်ကြိုးစားပြီး မျိုးချစ်စိတ်ထက်သန်တဲ့ဗိုလ်မှူးတစ်ယောက်ပါ။သူဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ကမ္ဘာစစ်ထပ်ဖြစ်အောင်ကြိုးစားနေတဲ့စီမံချက်တွေ အကြံအစည်တွေကိုသိနေပြီး ကမ္ဘာစစ်ဖြစ်လာမှာကိုမလိုလာပါဘူး။ဒါကြောင့်ကူလင်စကီဟာ သူ့တိုင်းပြည်ဖြစ်တဲ့ပိုလန်ရဲ့ အနာဂတ်အတွက်နဲ့သူ့မိသားစုရဲ့လုံခြုံရေးအတွက် "Jack Strong" ဆိုတဲ့ လျှို့ဝှက်နာမည်ကိုသုံးပြီးအမေရိကန်စစ်ရေးသတင်းထောက်လှမ်းရေးအေဂျင်စီတွေနဲ့ လက်တွဲပြီးအလုပ်လုပ်လိုက်တယ်။ဒီလိုတခြားနိုင်ငံကို ထိပ်တန်းလျှို့ဝှက်စစ်ရေးသတင်းတွေပေးခြင်းဟာတရားမဝင်သလို သူရောသူ့မိသားစုပါ ဒုက္ခရောက်မယ်ဆိုတာ သူကောင်းကောင်းကြီးသိပါတယ်။ဒီလိုမျိုး ကြီးလေးတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နိုင်ဖို့ ကူလင်စကီရဲ့စိတ်တွင်းမှာဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာကို ထင်ရှားအောင် ဒီဇာတ်ကားကဖော်ပြပေးသွားတာပါ။စစ်အေးတိုက်ပွဲအတွင်းက ရက်စက်မှုတွေနဲ့ ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကိုပါထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဗဟုသုတနဲ့သည်းထိတ်ရင်ဖိုဖြစ်မှုကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။   File size…  2.1 GB /  895 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 8m Genre .....   Thriller , Action Subtitle…. Myanmar Subtitle (Hard ...
movie

Jack Strong (2014)

2014
Squared Love Everlasting (2023)
Squared Love Everlasting (2023) ပို​လန်ရုပ်ရှင်​တွေဖြစ်တဲ့​ Squared Love ဇာတ်ကား​တွေ​ရဲ့​ တတိယ​မြောက်​ဇာတ်ကား​ဖြစ်တဲ့​ Squared​ Love​ Everlasting​ က​ Romance​ Comedy​ အမျိုး​အစား​ဇာတ်ကား​ဖြစ်ပြီး​ ၂၀၂၃ ခုနှစ်​မှာ​ထွက်ရှိ​ခဲ့တဲ့​ Netflix​ ရဲ့ဇာတ်ကားဖြစ်ပါတယ်။ အရင်​နှစ်ကား​မှာ​ သရုပ်ဆောင်​ခဲ့တဲ့​သူတွေပဲ ပြန်လည်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အရင်​ဇာတ်ကား​နှစ်ကားကိုမကြည့်ရသေးရင်လည်း ဒီဇာတ်ကားကိုကြည့်လို့ရမှာပါ။ Rom/Com အမျိုးအစား​ပီပီ​ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုခံစားလို့ရမဲ့​ လှပတဲ့အချစ်​ရုပ်ရှင်လေးဖြစ်ပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့​ အန်​ဇိုစတက်ဖန်နဲ့ မိုနီကာတို့နှစ်ဦးသား လက်ထပ်ဖို့စိုင်းပြင်နေတဲ့အချိန်မှာ ထင်မှတ်မထားတဲ့ဖြစ်ရပ်တစ်ခုပေါ်လာခဲ့ပါတယ်။ ဒီ​ကိစ္စ​က​ သူတို့​နှစ်ဦးရဲ့​ relationship​ ကိုပါသက်ရောက်လာခဲ့တဲ့အခါ​ သူတို့​နှစ်ဦးကြားကနားလည်မှုကို​ ပြန်လည်တည်ဆောက်နိုင်ပါ့မလား သူတို့​ဘဝမှာကြုံတွေ့နေရတဲ့ အခက်အခဲ​တွေကို​ရော​ ကျော်​လွှားနိုင်ပါ့မလားဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဒီ​နောက်​ဆုံး​ဇာတ်ကားက​ Squared​ ​Love​ ​ရုပ်ရှင်​တွေထဲမှာ​ အကောင်း​ဆုံး​လို့သတ်မှတ်နိုင်ပါတယ်။ ဥရောပ​အချစ်ဟာသကားလေးဖြစ်တဲ့အတွက်​ ကြည့်နေ​ကျ​ အမေရိကန်​ရုပ်ရှင်​တွေနဲ့​ မတူတဲ့​ vibe တစ်ခုတော့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်း​က​ရိုး​ရှင်းပေမဲ့​ ကြည်နူးဖို့လည်းကောင်းပြီး ပိုလန်ရဲ့ သဘာဝရှုခင်းနဲ့ညမြင်ကွင်းအလှတွေကို​ ကြည့်ရတာနဲ့တင်တန်နေပြီလို့ဆိုနိုင်ပါတယ်။ Rom/com ကြိုက်​တဲ့သူတွေ​၊ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးကိုကြည့်ပြီး​ စိတ်​အပန်းဖြေ​လိုသူတွေကြည့်သင့်တဲ့ကားလေးပါ။ File size…(1.8 GB)/(1 ...
movie

Squared Love Everlasting (2023)

The Messenger(2019) 7.0
The Messenger(2019) The Messenger(2019)*******************၁၉၃၉ ခုနှစ်မှာ နာဇီဂျာမဏီတွေဟာ ပိုလန်နိုင်ငံကို ကျူးကျော်စစ် စတင်ပြီး ဒုတိယကမ္ဘာစစ်မီးကိုမွေးခဲ့ပါတယ်။ ဒီဇာတ်ကားက အချိန်ကာလအားဖြင့် ဒုတိယကမ္ဘာစစ်စပြီး ငါးနှစ်တာအကြာ ပိုလန်နိုင်ငံအခြေအနေကို ဇာတ်အိမ်တည်ထားတာပါ။ ပိုလန်သားတို့က တန်ပြန်တိုက်ခိုက်ခဲ့ကြပေမယ့် အင်အားကြီးတဲ့ဂျာမန်တွေကိုမယှဥ်နိုင်ခဲ့ပါဘူး။ ပိုလန်အစိုးရဟာလည်း နိုင်ငံတွင်းမှထွက်ပြေးခဲ့ရပြီး လန်ဒန်မှာအခြေစိုက်ကာ နယ်နှင်ခံအစိုးရဖြစ်ခဲ့ရပါတယ်။ နိုင်ငံတွင်းမှာ ပိုလန်စစ်တပ်အချို့ဟာ မြေအောက်အဖွဲ့အစည်းတွေအဖြစ်၊ အိမ်စောင့်စစ်တပ်အဖြစ်နဲ့တော်လှန်ပုန်ကန်ဖို့ အချိန်ကိုစောင့်ဆိုင်းနေခဲ့ပါတယ်။ အစိုးရနဲ့ စစ်တပ်ဟာ နိုင်ငံတွေခြားနေရတော့ အရေးတကြီးဆက်သွယ်ဖို့ဆိုရင် အထောက်တော်တွေလိုလာပါပြီ။ သာမန်ကိစ္စမျိုးဆိုကြေးနန်းနဲ့ဆက်သွယ်ရပေမယ့် အရေးကြီးသတင်းအချက်အလက်တွေပေးပို့ချင်ရင်အထောက်တော်တွေကသာ ဂျာမန်တွေသိမ်းထားတဲ့ နိုင်ငံတွင်းခိုးဝင်ခိုးထွက်နဲ့ ဆက်သွယ်ပေးရပါတယ်။ ပိုလန်ကို ဂျာမဏီတို့စကျူးကျော်ခဲ့စဥ်က ဆိုဗီယက်တွေ ဝင်မစွက်ဖက်စေဖို့ဆိုပြီးဂျာမဏီနဲ့ ဆိုဗီယက်က ပိုလန်နိုင်ငံကိုခွဲဝေယူကြမယ်ဆိုကာ တိုးတိုးတိတ်တိတ်သဘောတူထားကြပါသေးတယ်။ နောက်တော့ ဆိုဗီယက်တွေလည်း ပိုလန်ကိုကျူးကျော်လာရော ပိုလန်တို့ခမျာဘယ်သူ့ကိုအရင်တိုက်လို့တိုက်ရမယ်၊ ဘယ်သူ့ကိုအကူအညီတောင်းရမယ် မသိဖြစ်နေပါပြီ။ ဒီလိုအချိန်မှာ မဟာမိတ်တပ်ပေါင်းစုတွေကလည်း ပိုလန်ကို ကူညီဖို့ထက် အခြားစစ်မျက်နှာပြင်ကိုသာအာရုံများနေပါတယ်။ ဒီလို ကူရာကယ်ရာမဲ့နေတဲ့ ပိုလန်အိမ်စောင့်စစ်တပ်နဲ့ ပိုလန်နယ်နှင်ခံအစိုးရကြားအထောက်တော်တွေ ဘယ်လိုဆက်သွယ်ပေးခဲ့ရလဲ၊ ဒီရှုပ်ထွေးလွန်းတဲ့ နိုင်ငံရေး၊ စစ်ရေးကာလကနေ ပိုလန်တို့ ဘယ်လိုရုန်းထွက်တော်လှန်ခဲ့ကြလဲဆိုတာ မြင်တွေ့ရမယ့် စပိုင်ဆန်ဆန် အက်ရှင်ကားကောင်းတစ်ကားပါ....File Size :(1.6GB) and (802MB) Quality ...
movie

The Messenger(2019)

Delivery by Christmas (2022) 5.4
Delivery by Christmas (2022) Delivery by Christmas (2022) ======================ခရစ်စမတ်ကာလမှာ မိသားစုနဲ့ ရယ်မောရင်းကြည့်လို့ ရမယ့်  ခရစ်စမတ် Romance ကားတစ်ကားနဲ့ မိတ်ဆက် ပေးပါရစေ။ မာရီယာဆိုတဲ့ ကောင်မလေးက Single mother တစ်ယောက်ဖြစ်ပြီး Delivery ကုမ္ပဏီတစ်ခုမှာ ပစ္စည်းပို့တဲ့သူ တစ်ယောက်ပါ။ ခရစ်စမတ်အကြိုနေ့မရောက်ခင် တစ်ရက်မှာ သူပို့ရမယ့် ပစ္စည်းတွေကို မာရီယာရဲ့ ကြီးကြပ်ရေးမှုးက လိပ်စာ တလွဲတွေကို ကပ်ပေးလိုက်တဲ့အချိန်မှာတော့ ပြဿနာအကြီး အကျယ်တက်ပါတော့တယ်။လိပ်စာမှားသွားတာကြောင့် မာရီယာတစ်ယောက် ခစ်စမတ် အကြိုနေ့မှာ ပစ္စည်းတွေကို ပြန်လည်ပို့ရင်း အချစ်နဲ့ ဘယ်လို ဆုံတွေ့မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ပေးပါဦး။ ဒီဇာတ် ကားကြည့်ပြီး ရယ်မောပျော်ရွှင်ရင်း ခရစ်စမတ်ကာလမှာ မိသား စုတိုင်း ပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်)File Size..........(1.2 GB) / (450 MB) / (250 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 37mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Parris Encoder...........SWM
movie

Delivery by Christmas (2022)

2022
The Legions (2019) 5.3
The Legions (2019) The Legions (2019)================IMDb Rating - 5.3/10ရုရှားဇာဘုရင်ရဲ့အုပ်ချုပ်မှုအောက်နေ ပိုလန်နိုင်ငံကြီးကိုလွတ်မြောက်ဖို့အတွက် ပိုလန်စစ်သည်တွေရဲ့ကြိုးပမ်းအားထုတ်ခဲ့တဲ့ တစ်ကယ့်သမိုင်းကြောင်းကိုအခြေခံပြီးရိုက်ကူးထားပါတယ်။ အင်အားသုံးဆလောက်ကွာတဲ့ မားသားရုရှားစစ်တပ်ကြီးကို ပိုလန်စစ်သည်တော်တွေရဲ့ရွပ်ရွပ်ချွံချွံရင်ဆိုင်တိုက်ခိုက်ခဲ့ပုံတွေ၊စစ်ပွဲအတွင်းကချစ်သူနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးတွေ၊ အသုံးချခံ FAလေးတစ်ယောက်ရဲ့ရင်နာစရာအဖြစ်အပျက်လေးတွေကို တွေ့မြင်ရပါလိမ့်မယ်။ ပိုလန်ရုပ်ရှင်ပွဲတော်မှာဆုနှစ်ဆုရခဲ့တဲ့ ဒီသမိုင်းကြောင်းနောက်ခံဇာတ်လမ်းလေးကို ခံစားကြည့်ရှု အကဲဖြတ်လိုက်ကြရအောင်လား…….ဇာတ်ကားကြာချိန် ၂ နာရီ ၂၀ မိနစ်ထိရှိတာကြောင့် တဝကြီးလည်း ကြည့်ရှုခံစားရစေမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေး Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CHDuration - 2h 20minSubtitle – Myanmar HardsubFormat – Mp4Genre :  Drama, History, RomanceSource : 1080p.WebRipTranslator – Chit TeeEncoder – SWM
movie

The Legions (2019)