Channel Myanmar

Mirjana Joković

Maid in Manhattan (2002)
Maid in Manhattan (2002)  ဒီဇာတ်ကားလေးကတော့ 2002 ခုနှစ်ကထွက်ရှိထားတဲ့ Romance Drama အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Jennifer Lopez, Ralph Fiennes စတဲ့ နာမည်‌ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်း‌လေးကတော့ ဟိုတယ်အကူအမျိုးသမီးလေးတစ်ယောက်ကို လွှတ်တော်အမတ်လောင်းတစ်ယောက်က ချစ်ကြိုက်မိသွားတဲ့ ခေတ်သစ်စင်ဒရဲလားကားလို့ပြောရပါလိမ့်မယ်။မာရီဆာဗန်တျူရာဆိုတဲ့ Single Mom တစ်ယောက်ဟာ နယူးရော့ခ်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ပြီး အဆင့်မြင့်ဟိုတယ်တစ်ခုမှာ အကူလုပ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ခရစ်မာရှယ်လို့ခေါ်တဲ့ ဆွေကြီးမျိုးကြီး နိုင်ငံရေးသမားတစ်ယောက်ဟာ ဟိုတယ်မှာအလုပ်လုပ်‌နေတဲ့မာရီဆာကို ဧည့်သည်အမှတ်နဲ့ သဘောကျနှစ်သက်သွားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ရင်ခုံစရာအချစ်ဇာတ်လမ်းကို ကြည်နူးဆွတ်ပျံ့ဖွယ် တင်ဆက်ပြသထားပါတယ်။ Romance ချစ်သူတို့အနေနဲ့ ကြည့်သင့်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.7 GB)/(919 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moon 
movie

Maid in Manhattan (2002)

Underground (1995) 8.0
Underground (1995)  IMDb 8/10 ဒုတိယကမ္ဘာစစ် နာဇီတွေ ဥရောပမှာအင်မတန်တန်ခိုးထွားနေချိန်.... နာဇီဆန့်ကျင်ရေးအတိုက်အခံ ယူဂိုစလပ်ကွန်မြူနစ်တွေကို လက်နက်မှောင်ခိုထုတ်ပြီးရောင်းတဲ့ ''မာကို''နဲ့ ''ဘလက်ကီ''(ဆိုးဖော်ဆိုးဖက်သူငယ်ချင်းနှစ်ယောက်) ဘလက်ကီတစ်ယောက် နာဇီနှိပ်စက်ခံရပြီး မာကို့အိမ်အောက်က လက်နက်မှောင်ခိုထုတ်တဲ့ဧရာမမြေအောက်ခန်းကြီးထဲမှာ ဆေးကုရင်း တခြားရဲဘော်တွေနဲ့အတူ နေထိုင်ဖို့ဖြစ်လာရာကနေ မာကိုဟာ ဘလက်ကီတို့တစ်သိုက်ကို သွေးအေးအေးနဲ့အချိုသပ်ပြီး ရက်ရက်စက်စက် ကြိုးကိုင်ဖို့ကြိုးစားခဲ့ပါတော့တယ်.....ဒီရုပ်ရှင်ဟာ dark comedy,drama ဖြစ်ပြီး ဒုတိယကမ္ဘာစစ်၊ စစ်အေးခေတ်နောက်ခံနဲ့ နိုင်ငံရေးရှုပ်ထွေးမှုတွေကိုအခွင့်ကောင်းယူပြီိး ခေါင်းပုံဖြတ်အမြတ်ထုတ်ခဲ့တဲ့ လူတန်းစားနဲ့ သူတို့ကြောင့်ဘဝပျက်သွားရတဲ့လူတန်းစားနှစ်ရပ်အကြောင်းကို dark comedy ဝေဝေဆာဆာနဲ့ ဇာတ်ကောင်တစ်ခုချင်းစီ ပီပီပြင်ပြင်ပုံဖော်ထားတာမို့ ကြည့်ရတာတန်မဲ့ ကားကောင်းတစ်ကားပါပဲ File size…(3.8 GB)/(2.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:47:00 Genre... Comedy, Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C An Dy
movie

Underground (1995)

At Middleton (2013) 6.5
At Middleton (2013) လူငယ်တို့ရဲ့ချစ်ခြင်းမဟုတ်တဲ့ အိမ်ထောင်ရှိလူကြီးနှစ်ယောက်ရဲ့တနေ့တာကာလအတွင်းကြုံတွေ့ခဲ့ရတဲ့ အချစ်တွေကို ရိုက်ပြထားတဲ့အချစ်ဟာသဇာတ်မြူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။Conjuring Universe မှာ Lorraine Warren အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသမီး Vera Farmiga နဲ့ မင်းသားကြီး Andy Garcia တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အီဒစ် မာတင် (Vera Farmiga) ဟာကလေးအသုံးအဆောင်ပရိဘောဂတွေရောင်းတဲ့အမျိုးသမီးတယောက်ဖြစ်ပြီးသူ့ရဲ့သမီး အော်ဒရေ မာတင် ကောလိပ်တက်ဖို့အတွက် မစ်ဒဲတန်ကောလိပ်ကိုသူ့သမီးနဲ့အတူ လာရောက်လေ့လာသူပါ။ဂျော့ ဟာ့မန်း (Andy Garcia) ကတော့ နှလုံးခွဲစိတ်ပါရဂူတယောက်ဖြစ်ပြီးမစ်ဒဲတန်မှာ ကောလိပ်တက်ဖို့စိတ်မပါတဲ့ သူ့သားဖြစ်သူ ကွန်ရတ် ဟာ့မန်းနဲ့အတူကျောင်းကိုလာလေ့လာသူပါ။ဒီလိုနဲ့ သူတို့နှစ်ဖွဲ့လုံး မစ်ဒဲတန်ကောလိပ်လေ့လာရေးခရီးစဉ်မှာဆုံမိကြပြီးခေါင်းမာတတ်တဲ့မိဘတွေရဲ့သဘာဝအရ သူတို့သားသမီးတွေကိုအရှက်ခွဲမိသလိုဖြစ်သွားခဲ့ပါတယ်။ဒါကြောင့် အီဒစ်နဲ့ ဂျော့တို့ နှစ်ယောက်သား အဖွဲ့ထဲကနေလစ်ထွက်လာခဲ့ပြီးဘာကိုမှတာဝန်ယူစရာမလိုတဲ့ လူငယ်တွေအဖြစ်ကျောင်းဝန်းထဲမှာ လျောက်သွားကြပြီး ပေါက်ကရတွေလုပ်ကြရင်းနေ့တဝက်ထဲမှာတင် ချစ်မိသွားကြပုံကိုရယ်ရယ်မောမောနဲ့ ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…  2.5 GB /  780 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 42m Genre ...
movie

At Middleton (2013)