Channel Myanmar

Miranda Robbins

Hell House LLC(2015) 6.4
Hell House LLC(2015)  Hell House LLC ဟာ၂၀၁၅ ခုနှစ်မှာ ဒါရိုက်တာ Stephen Cognetti ကရိုက်ကူးတင်ဆက်ခဲ့တဲ့ Found Footage Horror Film အမျိုးအစားရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပြီး IMDb 6.4/10 ရရှိထားပါတယ်။၂၀၀၉ ခုနှစ်မှာ ဟောလိုးဝင်းပွဲတော်ဆင်နွှဲလိုသူများ လည်ပတ်နိုင်ဖို့အတွက်ခြောက်ခြားဖွယ် သရဲအိမ်ကြီးတစ်အိမ်ကို လူငယ်တစ်စုက နယူးယော့ခ်မြို့တော်ရဲ့အပြင်ဘက်ရှိ မြို့ငယ်တစ်မြို့မှာ ဖန်တီးခဲ့ကြပါတယ်။ ထိုနေရာကတော့အစွန့်ပစ်ခံ အက်ဘဒန်ဟိုတယ်ဟောင်း ဖြစ်ပြီး သူတို့ရဲ့ ခြောက်ခြားဖွယ်ဂေဟာကြီးကို ငရဲအိမ် (Hell House) လို့ အမည်ပေးထားကြပါတယ်။ လူငယ်များရဲ့အင်အားနဲ့ ကြိုးစားပမ်းစားဖန်တီးခဲ့ကြသော်လည်း ဖွင့်ပွဲနေ့မှာပင် လူပေါင်းများစွာအသက်ဆုံးရှုံးစေခဲ့သော ကြေကွဲဖွယ် အဖြစ်အပျက်ကြီး ပေါ်ပေါက်လာပါတော့တယ်။ထိုဖြစ်ရပ်ရဲ့နောက်ကွယ်မှာ...ဘာများ ရှိနေလိမ့်မလဲ...၊ လူအများစုထင်ထားသလိုစက်ပစ္စည်းချွတ်ယွင်းမှုကြောင့်များလား...၊ ထိုဖြစ်ရပ်ဆိုးဟာ အက်ဘဒန်ဟိုတယ်ဟောင်းရဲ့ သမိုင်းကြောင်းနဲ့များ ပတ်သက်နေမလား...စသဖြင့်..ဖုံးကွယ်ထားတဲ့ဗဟေဠိကို documentary ဆန်ဆန် ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးကြည့်ရင်းအဖြေညှိလိုက်ကြပါစို့။(အညွှန်းနဲ့ ဘာသာပြန်ကတော့  Thae Su ပဲ ဖြစ်ပါတယ်) File size…1.79GB / ...
movie

Hell House LLC(2015)