Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mirai Moriyama
6.0
Mountain Woman (2023)
18 ရာစုနှောင်းပိုင်း Tohokuမှာ ဖြစ်ခဲ့တဲ့ အကြောင်းလေးကို ဇာတ်လမ်းဖန်တီး ရိုက်ကူးထားတဲ့ကားလေးပါအထီးကျန်ဆန်လွန်းတဲ့ မိန်းကလေး Rin က အငတ်ဘေးဒဏ်ခံနေသော ရွာတစ်ရွာမှာ နေထိုင်နေတာပေါ့သူမက လူသားတွေ ကွယ်လွန်ပြီး ဝိညာဉ်များ တက်သွားတဲ့ Hayachin Mt. Hayachin ကတော့ အစွမ်းတွေရနေတဲ့နောက်...File size_(1.6GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Fantasy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Y
movie
Mountain Woman (2023)
7.0
Shadow of Fire (2023)
ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန် ဂျပန်တွေ စစ်ရှုံးကာလဝန်းကျင်ကို အခြေပြု ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့ cm ပရိသတ်ကြီးကို မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားဟာ နာမည်ကြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေဖြစ်တဲ့ မြူးနစ်ရုပ်ရှင်ပွဲတော်နဲ့ ဗင်းနစ် ရုပ်ရှင်ပွဲတော်တွေမှာ၂၀၂၃ အကောင်းဆုံးဇာတ်ကားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။စစ်ကြီးအတွင်းမှာ ဂျပန်နိုင်ငံကို မဟာမိတ်တပ်ဖွဲ့တွေဗုံးကြဲတိုက်ခိုက်မှုတွေ အများအပြားရှိခဲ့ပြီး နာမည်ကြီးဟီရိုရှီးမားနဲ့ နာဂါဆာကီ အဏုမြူဗုံးကြဲချမှုတွေအပြင်"အနက်ရောင်ဆီးနှင်းကျတဲ့ည"လို့တင်စားခေါ်ဝေါ်တဲ့တိုကျိုဗုံးကြဲတိုက်ခိုက်မှုမှာ တစ်ညအတွင်း လူပေါင်းတစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ကြပြီး နိုင်ငံသားအများအပြား အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရတာပါ။ဇာတ်လမ်းကို မိသားစုတစ်ခုလုံး မီးလောင်ဗုံးကြဲမှုမှာအသက်ဆုံးရှုံးခဲ့ရပြီး ပြည့်တန်ဆာအဖြစ် အသက်မွေးနေရတဲ့အမျိုးသမီးလေး တစ်ယောက်၊ အစားအစာတွေကိုလစ်သလိုခိုးယူပြီး ရှင်သန်နေရတဲ့ မိဘမဲ့ ကောင်လေးတစ်ယောက်နဲ့ စိတ်ဒဏ်ရာအများအပြား ရရှိထားတဲ့ စစ်ပြန်စစ်သားတစ်ယောက်တို့ အတူတွေ့ဆုံမှုနဲ့ စဖွင့်ထားပါတယ်။သူတို့တွေ ဆုံးရှုံးခဲ့ရတဲ့ မိသားစုဘဝတွေကို ခဏတာအစားပြန်ရသလို ပျော်ရွှင်ခဲ့ကြပေမယ့် ရရှိထားကြတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့ ပျော်ရွှင်မှုကို ရေရှည်ပိုင်ဆိုင်ခွင့် ရဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ဒီဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေအတွက် မျှော်လင့်ချက်ကင်းမဲ့မှုတွေ၊ ကြေကွဲဝမ်းနည်းမှုတွေနဲ့အတူ အထီးကျန်မှုကိုပါထင်ဟပ်ပြသထားပြီး ...
movie
Shadow of Fire (2023)
7.1
Inu-Oh (2021)
Inu-oh (2021)အေးချမ်းတဲ့ ဒါနိုအူရာရွာလေးမှာ နေထိုင်တဲ့ တိုမိုနာတစ်ယောက် တစ်နေ့မှာ မတရားမှုနဲ့ ကြုံတွေ့လိုက်ရတာကြောင့် အဖေသေပြီး မျက်စိအမြင်ကွယ်ခဲ့ရပါတယ်။ မတရားသေဆုံးသွားရတာကြောင့် ငြိမ်းချမ်းရာမရနိုင်တဲ့ အဖေအတွက် လက်စားချေရမဲ့ တိုမိုနာတစ်ယောက် ဟီကဲတွေရဲ့ ပျောက်ဆုံးသွားတဲ့ရွာတွေကို လိုက်လံရှာဖွေနေပါတယ်။ တစ်နေ့ ဘီဝါဘုန်းတော်ကြီး ထီအိချီနဲ့ တွေဆုံပြီး တပည့်အဖြစ်လက်ခံသင်ကြားရင်း ဘီဝါတီးခတ်ဖျော်ဖြေသူတစ်ယောက် ဖြစ်လာပါတော့တယ်။ကျောမှာအကြေးခွံ ဗိုက်မှာအမွေးအမျှင်တွေနဲ့ မျက်စိကလည်း ရှိသင့်တဲ့နေရာမှာမရှိ ခြေတံလက်တံတွေ ရှည်လျားပြီး လူနဲ့မတူတာကြောင့် မကောင်းဆိုးဝါးလို့ အများက သမုတ်ခံထားရတဲ့ အီနူအို။ ကျိန်စာမိထားတယ်လို့ သတ်မှတ်ခံထားရတဲ့ အကျည်းတန်ရုပ်ရည်ကြောင့် မျက်နှာဖုံးစွပ်ထားရသူ အီနူအိုတစ်ယောက် ဘီဝါတီးခတ်နေတဲ့ တိုမိုနာနဲ့အတွေ့ အနုပညာဂီတပိုးတွေ နိုးကြွလာပါတော့တယ်။အီနူအိုနဲ့ တိုမိုနာနှစ်ယောက်ပေါင်းလို့ ကျဆုံးဟီကဲစစ်သည်တွေရဲ့ ဇာတ်လမ်းကို ကပြဖျော်ဖြေရင်း သာမန်ပြည်သူတွေကြားမှာ တစ်စတစ်စနာမည်ကြီးလာပါတော့တယ်။ ပြည်သူတွေရဲ့ အသည်းကျော် အီနူအိုဇာတ်အဖွဲ့ရဲ့ ကောင်းသတင်းက ရှိုးဂန်းတွေဆီကို ရောက်သွားလေတော့ ရှိုးဂန်းကြီးရဲ့ အိမ်တော်မှာ လာဖျော်ဖြေဖို့ အဖိတ်ခံရပါပြီ။ တောင်းဆိုချက်ကတော့ တစ်ခုတည်းပါပဲ။ နောက်ဆုံးအပိုဒ်မှာ အီနူအို မျက်နှာဖုံးချွတ်ပြီး ဖျော်ဖြေရမှာပါ။ငြိမ်းချမ်းရာမရနိုင်တဲ့ ဟီကဲဝိညာဉ်တွေအစား တစ်လောကလုံးသိအောင် ဇာတ်လမ်းတွေ ပြောပြရင်း ဖျော်ဖြေနေတဲ့ အီနူအိုနဲ့ တိုမိုနာတို့မိတ်ဆွေနှစ်ဦးရဲ့ ဂီတတွေဟာ တိုင်းပြည်အာဏာစုစည်းရမဲ့ ...
movie
Inu-Oh (2021)
6.6
Shin Kamen Rider (2023)
Shin Kamen Rider (2023)~ IMDb - 6.6/10, Rotten Tomatoes - 82% ~မှတ်မှတ်ရရဆို Kamen Rider ခေါ် နှံကောင်ရိန်းဂျားကားတွေကို စကြည့်ကြတော့ ပါဝါရိန်းဂျားတွေထက်တောင် စောဦးမယ်။ ဇာတ်ကိုမမှတ်မိရင်တောင် ကလေးဘဝကကြည့်ခဲ့တဲ့သူတွေ တော်ရုံတော့မေ့မှာမဟုတ်ဘူး။ ဟီးရိုးကားပေမဲ့ ရုပ်ထွက်တွေက ဒိဒတ်ပြီး ကြမ်းသကိုး။ ဗီလိန်တွေဆိုလည်း တော်တော်ရွံစရာကောင်းနေတယ်။ ဒီနှစ်မှာတော့ ဒီ Kamen Riderရဲ့ အနှစ်ငါးဆယ်ပြည့်အထိမ်းအမှတ်အနေနဲ့ Shin Kamen Riderဆိုပြီး ထွက်လာတယ်။ ၂၀၂၁မှာပြည့်ဝာာပေမဲ့ ကိုဗစ်ကြောင့် နောက်ကျသွားတာပေါ့။ ဇာတ်ကလည်း ကျွန်တော်တို့ငယ်ငယ်က ဇာတ်ကိုမှ ဒါရိုက်တာကလည်း Hideaki Anno ဆိုတော့ အတိုင်းအထက်အလွန်ပါပဲ။Evangelion တွေရဲ့ ပဲ့ကိုင်ရှင် Hideaki Anno ကိုတော့ ဂျပန်အန်နမဲဖန်တွေထဲ မသိတဲ့လူမရှိလောက်ဘူး။ သူ့အနေနဲ့ Shin Japan Heroes Universe ...
movie
Shin Kamen Rider (2023)
2023
7.1
One Million Yen Girl (2008)
One Million Yen Girl (2008) ===================== IMDb Rating - 7.1/10ဒီယန်းတစ်သန်းမိန်းကလေးက ၂၀၀၈အနေနဲ့ဆို ဂျပန်ကား တွေမှာ အမျိုးသမီးတစ်ယောက်တည်းကို အဓိကဦးတည် ဇာတ်အိမ်ဖွဲ့ထားတာ ရှားပါးတဲ့သေးတဲ့အချိန်မှာ ဒါရိုက်တာ အသစ်က အမျိုးသမီးတစ်ယောက်တည်းကို အဓိကထား ဇာတ်အိမ်တည်ပြီးရိုက်ထားတာ။ ဒီကားကိုရိုက်တဲ့အမျိုးသမီး ဒါရိုက်တာ Yuki Tanadaက သူတို့လောကမှာ မင်းသမီးတွေ နေရာပိုရအောင် လုပ်ဖို့ကြိုးစားခဲ့တဲ့ ပထမဆုံးမှတ်တိုင်တစ်ခုလို့ ပြောရင်လည်းမမှားဘူး။ Yu Aoi ရဲ့ ပထဆုံး အဓိကဇာတ်ကောင် စစ်စစ် နေရာကို ရခဲ့တဲ့ကားလည်းဟုတ်တယ်။ဒီကားရဲ့ မင်းသမီး Yu Aoi က လက်ရှိ ဂျပန် Film Industry မှာတော့ ညှို့ဓာတ်အပြင်းဆုံး အလှဆုံးမင်းသမီးလို့ပြောလို့ရတယ်။ Aoiဟာ ဒါတင်မကဘဲ ချစ်ဖို့တော်တော်ကောင်းတဲ့ မင်းသမီးဆိုလည်း မမှားဘူး။ သူရိုက်ခဲ့တဲ့ သက်တမ်းတစ်လျှောက်က ရုပ်ရှင်တွေက နာမည်ကြီးဒါရိုက်တာတွေနဲ့ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ကားတွေ တော်တော်များတယ်။ ဂျပန်ရုပ်ရှင်လောကရဲ့ ရုပ်ရှင်ကဝေတစ်ပါး ဖြစ်တဲ့ Shunji Iwaiရဲ့ မာစတာပိစ်ကားဖြစ်ခဲ့တဲ့ All About Lily Chou-Chouမှာလည်း သရုပ်ဆောင်ဖူးသလို Iwaiရဲ့ အစောပိုင်း ရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ Hana ...
movie
One Million Yen Girl (2008)
2008
6.5
We Couldn’t Become Adults (2021)
We Couldn't Become Adults (2021) ~ IMDb - 6.5/10, Rotten Tomatoes - 67% ~ မရင့်ကျက်ခြင်းများအကြောင်းအလွမ်းသစ်တို့ အဆင့်ဆင့်မြင့်မျောနေသော တိမ်စိုင်တို့ မျောကာလွင့်ကာနေကြ၏။ အချို့တိမ်တို့က ရေခိုးရေငွေ့တို့ကို ထုပ်ပိုးသိမ်းဆည်းထားကြပြီး အချို့တိမ်တို့က အတိတ်မြစ်တို့ကို ထုပ်ပိုးသိမ်းဆည်း ထားကြသည်။ တိမ်ညိုကာမိုးသော မိုးနေ့များတွင် ရွာသွန်းဖြိုးတတ်သော ထိုတိမ်တိုက်တို့ကို မနေ့ကကောင်မလေးနဲ့ အတူ ကျွန်တော် ထားခဲ့လိုက်ချင်ပါသည်။ အတိတ်ကို ထူးထွေစွာ တမ်းတမက်မောမနေတော့ခြင်းသည်လည်း ရင့်ကျက်လာခြင်း၏ ဂုဏ်သတ္တိများထဲမှ တစ်ခုဟု ဆိုကြသည်သာ။မရှိတော့ပြီထင်ရသော တစ်ပိုင်းတစ်စ မှတ်ဉာဏ်ဟောင်းများ ငွေ့ရည်ဖွဲ့လာချိန်တွင် အတိတ်တို့သည် အတိတ်မဟုတ်တော့ပြီ။ ဟောင်းနွမ်းခဲ့ပြီထင်ရသော ရုတ်တရက်အသစ်ဖြစ်သွားတတ်သည့် မှတ်ဉာဏ်များထဲတွင် လွန်လေခဲ့ပြီးသော မနက်ဖြန်တစ်ခုတုန်းကလိုပင် သူမသည် ကျွန်တော့်ဘေး ရှိနေခဲ့သည်ပင်။"ပြန်တွေ့ကြဦးမယ်နော်"လို့ သူမပြောခဲ့ချိန်သည် ကျွန်တော်တို့ချင်း နောက်ဆုံးဆုံတွေ့ကြချိန် ဖြစ်လာလိမ့်မည့်ကြောင်း ကျွန်တော်မသိခဲ့ပါ။ အနှစ်၂၀ကျော်အချိန်သည် အရာရာကို တိုက်စားခဲ့လေပြီ။ ကျွန်တော်တို့ ...
movie
We Couldn’t Become Adults (2021)
2021
6.2
Samurai Marathon (2019)
Samurai Marathon (2019) IMDb - 6.2/10_____Rotten - 75% Zawgyi ******* IMDb 7.1 ရရှိထားတဲ့ ဂျပန်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီတစ်ခါ ဆာမူရိုင်းခေတ်ကို ပြန်သွားကြတာပေါ့... ဂျပန်ပြည်ရဲ့ ပထမဆုံးသော မာရသွန် ဆာမူရိုင်းမာရသွန်အကြောင်းကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးပါ... ဆာမူရိုင်းခေတ် တံခါးပိတ်ဝါဒကျင့်သုံးစဉ် ခေတ်ကနေ အနောက်တိုင်းသင်္ဘောတွေ ဝင်ရောက်ပြီး ပြောင်းလဲလာတဲ့ အခြေအနေကြောင့် ရိုက်ခတ်ခဲ့တဲ့ ဆာမူရိုင်းတို့ရဲ့ သဘောထားအမြင်နဲ့ အကြောက်တရားကို သရုပ်ဖော်ပြသထားပြီး... ဒီဆာမူရိုင်းတို့ရဲ့ မာရသွန်နောက်ကွယ်က ဇာတ်လမ်းလေးတွေကို ပေါင်းစပ်ပြီး ဇာတ်အိမ်တည်ဆောက်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းတင်ဆက်ပေးလိုက်ပါတယ်.... Unicode ******* IMDb 7.1 ရရှိထားတဲ့ ဂျပန်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီတစ်ခါ ဆာမူရိုင်းခေတ်ကို ပြန်သွားကြတာပေါ့... ဂျပန်ပြည်ရဲ့ ပထမဆုံးသော မာရသွန် ဆာမူရိုင်းမာရသွန်အကြောင်းကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးပါ... ဆာမူရိုင်းခေတ် တံခါးပိတ်ဝါဒကျင့်သုံးစဉ် ခေတ်ကနေ အနောက်တိုင်းသင်္ဘောတွေ ဝင်ရောက်ပြီး ပြောင်းလဲလာတဲ့ အခြေအနေကြောင့် ရိုက်ခတ်ခဲ့တဲ့ ဆာမူရိုင်းတို့ရဲ့ သဘောထားအမြင်နဲ့ အကြောက်တရားကို သရုပ်ဖော်ပြသထားပြီး... ဒီဆာမူရိုင်းတို့ရဲ့ မာရသွန်နောက်ကွယ်က ဇာတ်လမ်းလေးတွေကို ပေါင်းစပ်ပြီး ဇာတ်အိမ်တည်ဆောက်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းတင်ဆက်ပေးလိုက်ပါတယ်.... File Size - 1.1 GB Quality - Blu-Ray 720p Format - mp4 Duration ...
movie
Samurai Marathon (2019)
2019