Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Minori Hagiwara
7.0
Insomniacs After School (2023)
Insomniacs After Schoolဂျပန်ကျောင်းသားအချစ်ဒရမ်မာဇာတ်ကားကောင်းလေးဖြစ်လို မျက်ရည်ခိုင်တဲ့သူမှဆက်ကြည့်ဖိုအကြံပြုချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့... ဂန်တာ နာကာမီဆိုတဲ့ကောင်လေးဟာ အိပ်ပျော်နေတုန်း အမေအိမ်ကထွက်သွားပြီးကတည်းက ညအိပ်မပျော်တဲ့ရောဂါဖြစ်သွားတယ်။ တစ်ဖက်မှာလည်း နှလုံးရောဂါသည်မလေး မာဂရီကလည်း အိပ်ပျော်နေရင် သူ့နှလုံးခုန်သံကိုမကြားရလို ညညဆိုမအိပ်ဘဲနေရင်းကနေ အိပ်မပျော်ရောဂါဖြစ်သွားတယ်။ ဒီလိုနဲ့တစ်ရက်ကျောင်းသန့်ရှင်းလုပ်ဖို နာကာမီတစ်ယောက် ဂိုဒေါင်ထဲမှာ လှေကားသွားယူရင်း ခိုးအိပ်နေတဲ့ မာဂရီနဲ့ ပထမဆုံး ဆုံတွေ့ခဲ့တယ်။ ရောဂါတူ အကျင့်တူနေတဲ့သူတိုနှစ်ယောက်လည်း သူငယ်ချင်းတွေဖြစ်သွားကြပြီး နတ္ခတ်တာရာအသင်းတစ်ခုကို ဖွဲစည်းဖိုလုပ်ခဲ့ကြတယ်။ ဆရာမရဲ့အကူအညီတွေယူ သူငယ်ချင်းတွေရဲ့အကူအညီတွေနဲ့ ပြပွဲလေးဖြစ်မြောက်ဖိုရှိသေးတယ် နွေခေါင်ခေါင်ကြီးမိုရွာလို ပြပွဲက ပျက်စီးသွားတယ်။ နှလုံးရောဂါသည်မလေးနဲ့ အူကြောင်ကြောင်နာကာမီတိုရဲ့အချစ်ဇာတ်လမ်းက happy ending ဖြစ်သွားမလား... sad ending ပဲဖြစ်သွားမလား.... သိချင်ရင်တော့ ဇာတ်ကားလေးပဲဆက်လက်ကြည့်ရှူပေးကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nga Tay Gyi ပါ )File size_(1.7GB)/(880MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Nga Tay Gyi
movie
Insomniacs After School (2023)
5.7
Make a Bow and Kiss (2017)
Make a Bow and Kiss (2017) Genre - Drama,Romance IMDb - 5.7/10ဂျပန်လေးပစ်အားကစား(ကျူဒို)ကို အရမ်းသဘောကျတဲ့ Kishimoto တစ်ယောက် ဘွဲ့ရဖို့အတွက် ဝင်ခွင့်စာမေးပွဲဖြေဖို့ ကြိုးစားရမှာမလို့ ကျူဒိုအသင်းခေါင်းဆောင်နေရာကို တစ်ခြားသူကိုလွှဲပေးဖို့ဖြစ်လာပါတော့တယ်။ ကျူဒိုကိုအများကြီးသဘောကျတာကြောင့် ငယ်ငယ်တည်းကဒီအားကစားကို ဆော့ခဲ့ပေမယ့် စကားလည်းနည်းပြီးတော့ ရှက်ကြောက်တတ်တဲ့အကျင့်စရိုက်ကြောင့် Kishimoto ကတစ်ယောက်တည်းပဲလေ့ကျင့်၊ တစ်ယောက်တည်းပဲကြိုးစားပြီး ပြိုင်ပွဲတွေကိုဝင်ပြိုင်တာပါ။ ဒါကြောင့် ရသင့်သလောက်ရလဒ်ကိုမရပဲ ဆုနဲ့အမြဲလွဲချော်နေသူပါ။တစ်ဖက်မှာတော့ ကျူဒိုကိုစိတ်မဝင်စားပေမယ့် ပြိုင်ပွဲတိုင်းကိုလည်း နိုင်ပြီး အရည်အချင်းရှိတဲ့ Mikamiဟာ အသင်းခေါင်းဆောင်နေရာကို ဆက်ခံဖို့ဖြစ်လာပါတယ်။ စီနီယာ Kishimoto ကိုလည်း တိတ်တိတ်လေးသဘောကျနေတဲ့ Mikami တစ်ယောက် အရှက်အကြောက်ကြီးတဲ့ စီနီယာမမ Kishimoto ကို ကျူဒိုဆက်ဆော့ပြီး အဖွဲ့ကမထွက်အောင် ကူညီလေ့ကျင့်ပေးရင်းနဲ့ ချဉ်းကပ်ဖို့လုပ်ပါတယ်။အရာရာဦးဆောင်ပြီးတော့ သူ့သဘောအတိုင်းပဲဖြစ်စေချင်တဲ့ Mikami နဲ့ ရိုးသားပြီး နုံအတဲ့ Kishimoto တို့ရဲ့ မမနဲ့မောင်လေး အချစ်ဇာတ်လမ်းလေးကို ပေါ့ပေါ့ပါးပါး ...
movie
Make a Bow and Kiss (2017)
6
[18+] Hirugao (2017)
Hirugao (2017)Hirugao: Love Affairs in the Afternoon ဆိုတဲ့ ဇာတ်လမ်းတွဲ အောင်မြင်ပြီးနောက်မှာ Hirugao The Movie ဆိုပြီး ထွက်လာတဲ့ကားပါပဲ။ စီးရီးထဲက သရုပ်ဆောင်တွေကိုပဲ သုံးပြီး ရုပ်ရှင်အနေနဲ့ ရိုက်ထားတာပါ။ Shin Ultraman ရဲ့မင်းသား Takumi Saito က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသမီးကတော့ နာမည်ကျော် Azumi ကားတွေရဲ့ မင်းသမီး Aya Ueto ပါ။ မင်းသားချောချော မင်းသမီးချောချောနဲ့ ၁၈ပလပ်ဆန်ဆန်ရိုက်ထားပေမဲ့ တကယ်ကြည့်ကောင်း လှပတဲ့ကားလေးပါပဲ။ဇာတ်လမ်းကတော့ အိမ်ထောင်သည်စုံတွဲ၂ခုက ယောက်ျားနဲ့ မိန်းမက ဖောက်ပြန်ကြတယ်။ သူတို့အိမ်ထောင်ဖက်တွေသိသွားတော့ မိန်းကလေးရဲ့ယောက်ျားက မိန်းကလေးကိုကွာရှင်းပြီး ယောက်ျားလေးရဲ့မိန်းမက အဲဒီမိန်းကလေးကို သူ့ယောက်ျားနဲ့ အဆက်အသွယ်ထပ်မလုပ်ဖို့ စာချုပ်ချုပ်ခိုင်းထားခဲ့တယ်။ ဒီလိုနဲ့ ကောင်မလေးဟာတစ်ရပ်တကျေးမှာ ဘဝသစ်ထူထောင်ခဲ့တယ်။ တစ်နေ့ သူတို့ပြန်တွေ့ကြတဲ့အခါမှာတော့ မဖြစ်သင့်မှန်း သိသိလျက်ကြားကနေ ...
movie
[18+] Hirugao (2017)
2017
6.3
Someone (2016)
Someone (2016) ဘွဲ့ရပြီးတဲ့ ဂျပန်လူငယ်ငါးယောက်၊ ဘွဲ့ရအလုပ်လက်မဲ့ဆိုတာ ကျွန်တော်တို့လို Third World Country တွေမှာ ပေါများသလို Japan လိုတိုးတက်ပြီးသားနိုင်ငံမှာ မရှိပါဘူးရယ်တော့ ပြောလို့မရပါဘူး၊ ဂျပန်နိုင်ငံမှာဘွဲ့ရထားပြီး အလုပ်ခွင်ဝင်ဖို့ကြိုးစားတဲ့အခါ အလုပ်လျှောက်ကြတဲ့အခါ အခက်အခဲကိုမျိုးစုံကြုံကြရပါတယ်တဲ့။ဒီလိုဘွဲ့ရပြီးသားဂျပန်လူငယ် ငါးယောက်က အလုပ်လျှောက်ဖို့ပြင်ကြတဲ့အခါ သူတို့ငါးယောက်လုံးက တိုက်ခန်းတူနေပါတယ်၊ ဒီလိုနဲ့တူတူကြိုးစားကြ တူတူအလုပ်တွေလျှောက်ဖြစ်ကြတယ်ပေါ့ဗျာ၊ ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက်ရသွားလိုက်ကြတာ မရသွားတဲ့ကောင်လေးတစ်ယောက်ကတော့ကျန်ရစ်ဖြစ်ပြီး စွန့်ပစ်ခံရသလိုခံစားနေရတဲ့အခါ သူတို့ကြားကဆက်ဆံရေးတွေကအရင်လိုမဖြစ်နိုင်တော့ပါဘူး။ဂျပန်နိုင်ငံရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအကြောင်းကို အနည်းအကျဉ်းဆိုသလိုထိတွေ့ခွင့်ရမယ့် ဝတ္ထုတစ်ပုဒ်အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး မင်းသား မင်းသမီးတွေကလည်း ဂျပန်သိပ်မကြည့်တဲ့ သူတွေနဲ့တောင် မစိမ်းတဲ့လူတွေပါပဲ။ ကန်ရှင်းမင်းသား၊ Flying colors မင်းသမီး၊ Drive My Car ထဲက ဒုတိယမင်းသားတို့တွေပါ။ ထိပ်တန်းသရုပ်ဆောင်တွေချည်းပါပဲ။ဒီနေ့ခေတ် ဒီနိုင်ငံမှာ ဂျပန်ကိုသွားဖို့ အစီအစဉ်ရှိနေတဲ့သူတွေ များသလို ဂျပန်စာလေ့လာနေကြတဲ့သူတွေလည်း မနည်းပါဘူး။ မြင်မိသလောက် လူငယ်သုံးချိုးတစ်ချိုးလောက်နီးပါးပါပဲ။ ဒီရုပ်ရှင်ဟာ ဂျပန်မှာ အလုပ်သွားလုပ်ချင်တဲ့သူတွေ ဗဟုသုတအနည်းအကျဉ်းရအောင် ကြည့်ထားသင့်တဲ့ကားပါ။ (ဇာတ်ကားနဲ့အညွှန်းကို ...
movie
Someone (2016)
2016
7.1
Loved Like a Flower Bouquet (2021)
I Fell in Love Like a Flower Bouquet (2021)အသက်၂၁နှစ်အရွယ် တက္ကသိုလ် ကျောင်းသားချစ်သူနှစ်ဦးကြားက ချိုချဉ်ခါးအရသာအစုံ ပေးမယ့် ဂျပန်ရိုမန့်ခပ်ငြိမ့်ငြိမ့်လေးလာပါပြီဗျာရာမာနဲမူကီနဲ့ ဟာချီရာကီနှစ်ယောက် ရထားဘူတာမှာ ဆုံတွေ့ခဲ့ရင်းက ထူးဆန်းစွာပဲ အကြိုက်ချင်း ဝါသနာချင်း အသေးစိတ်လေးကအစ တူညီနေကြတာကို သိလိုက်ရပါတယ်ထပ်တူကျတဲ့ ဝါသနာအကြိုက်လေးအကြောင်းတွေကို ဖလှယ်ရင်း ဆွေးနွေးရင်း နောက်တော့ တရက် မတွေ့ရမနေနိုင်ဖြစ်သွားပြီး ချစ်မိခဲ့ရောပေါ့အဲ့လိုနဲ့ နှစ်ယောက်သား living together နေကြရင်း ဖြတ်သန်းလာကြရတဲ့ ၄နှစ်တာ ချစ်သူမက ဆက်ဆံရေးမှာ လူမှုရေးကိစ္စပြသနာတွေနဲ့ အမြင်ကွဲလွဲမှုတွေဝင်ရောက်လာတဲ့အခါ... စိတ်တူကိုယ်တူသူတို့နှစ်ယောက်ကြား ပျော်ရွှင်မှုဆိုတာ တည်မြဲနိုင်ခဲ့သလားဆိုတာကိုလူငယ်နှစ်ယောက်ရဲ့ အချစ်ရေး စလယ်ဆုံး အမျိုးစုံကြိုးခုန် အဖြစ်အပျက်တို့ကို လက်တွေ့ဆန်ဆန် ပုံဖော်ထားတဲ့ ဒီကားလေးမှာကြည့်ရှုရမှာပါမိုးအေးအေးလေးမှာ ကွေးကွေးလေးနဲ့ အတည်ကြီး ဖီးလ်တတ်ရင် ကြည်နူးမိရင်း ငိုချင်မိသလိုဖြစ်သွားစေမှာလည်း အမှန်အကန်ပါ ။( အညွှန်းရေးသားထားသူကတော့ Hay Mann ...
movie
Loved Like a Flower Bouquet (2021)
7.4
37 Seconds (2019)
unicode၃၇စက္ကန့်အတွင်းမှာ သူမအသက်ရှုခဲ့မယ်ဆိုရင်...တစ်စက္ကန့်လေးပဲဖြစ်ဖြစ် သူမစောပြီးအသက်ရှူခဲ့မယ်ဆိုရင်...ယူမာတာကာဒါဆိုတဲ့ ကောင်မလေးဟာမွေးမွေးချင်း၃၇စက္ကန့်လေးမှာ အသက်မရှုခဲ့တဲ့အတွက်မွေးရာပါအာရုံကြောထိခိုက်သွားပြီးcerebral palsyဆိုတဲ့ရောဂါဖြစ်ပွားခဲ့ကာမသန်စွမ်းဘဝနဲ့ရှင်သန်လာခဲ့ရသူလေးပါ။manga ကာတွန်းရေးဆွဲတဲ့နေရာမှာပါရမီပါခဲ့ပေမယ့်မသန်စွမ်းဆိုတဲ့ခေါင်းစဉ်အောက်မှာအဖိနှိပ်ခံခေါင်းပုံဖြတ်ခံနေရတဲ့ပါရမီရှင်လေးတစ်ယောက်ပေါ့။မိခင်ဖြစ်သူနဲ့ နှစ်ယောက်တည်းနေထိုင်ရင်း အသက်၂၃နှစ်ပြည့်လာခဲ့ပါတယ်။တစ်နေ့မှာတော့လိင်အသားပေးကာတွန်းမဂ္ဂဇင်းမှာအလုပ်ဝင်လျှောက်ခဲ့ပါတော့တယ်။ဒါပေမယ့်စာအုပ်တိုက်ကလိင်အတွေ့အကြုံရှိမှပြန်လာခဲ့ပါလို့ပြောလိုက်တဲ့အခါ...ဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက်37seconds (2019)ဆိုတဲ့ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။Imdb Rating 7.4/10 Rotten Tomatoes 80%တောင်ရရှိထားတာမလို့အထွေအထူးမညွှန်းရင်တောင် ကားကောင်းလေးမှန်းအားလုံးသိကြမှာပါ။69ကြိမ်မြောက်ဘာလင်ရုပ်ရှင်ပွဲတော်မှာပြသခဲ့ပြီး ဆုတွေလဲဆွတ်ခူးနိုင်ခဲ့တဲ့ကားလေးပါ။Drama ကားကောင်းလေးတွေမျှော်လင့်နေတဲ့ပရိသတ်ကြီးအတွက်တော့အကြိုက်တွေ့စေမှာပါ။ဇာတ်ကားလေးနာမည်ကတော့ 37seconds(2019)ပါ။File Size : ( 1 GB , 395MB ) Quality : WEB-DL 720p Running Time : 1 hr 55 min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Moe Myint Lwinzawgyi၃၇စက္ကန့်အတွင်းမှာ သူမအသက်ရှုခဲ့မယ်ဆိုရင်...တစ်စက္ကန့်လေးပဲဖြစ်ဖြစ် သူမစောပြီးအသက်ရှူခဲ့မယ်ဆိုရင်...ယူမာတာကာဒါဆိုတဲ့ ကောင်မလေးဟာမွေးမွေးချင်း...
movie
37 Seconds (2019)
6.5
As the Gods Will (2014)
As the Gods Will (2014) IMDb - 6.5/10_____Rotten - 57% အခုတစ်လော ဗီယက်နမ် ရုပ်ရှင်တင်တဲ့ ဆိုက်တစ်ခုကနေ တင်လိုက်လို့ပြန်လည်နာမည်ကြီး ဟော့နေတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးက IMdb 6.5 ရထားပြီးတော့ anime ကို live action ပြန်ရိုက်ထားတာပါ... အသက်နဲ့ရင်းပြီးကစားရတဲ့ ကစားနည်းတွေ... ဖြတ်ထိုးဉာဏ်.. စည်းလုံးမှု... ကိုယ်အား.. စိတ်အား... ကံ.. ဝီရိယဘက်စုံသုံးပြီး အဆင့်တွေ ကျော်လွှားရတာ... နည်းနည်းကလေးဆန်ပေမယ့် ထင်မထားတဲ့ အကွက်လေးတွေ ပါပါတယ်..m.ကာတွန်းမှာ ကာတွန်းမို့ ဒီတိုင်းကျော်သွားလို့ရပေမယ့် လူနဲ့ပြန်ရိုက်တဲ့အခါမှာတော့ ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတဲ့အကြောင်းအရင်း ရယ် .. ကျောင်းသားတွေ သောက်သောက်လဲသေပေမယ့် ဘာမှအဖြေထွက်မလာတာရယ်ကတော့ ဘဝင်မကျစရာအချက်တွေပါ... ဒါပေမယ့် anime ကို နှစ်သက်သူ... ဂျပန်ကားကို ကြိုက်သူတွေအတွက်တော့ ကြည့်ပျော်ရှုပျော်ဖြစ်မယ့် ကားတစ်ကားပါပဲဇာတ်ကားဘာသာပြန်နဲ့ အညွန်းကိုတော့ ညီသံလွင်ကရေးသားပေးခဲ့တာပါ File Size - 839 MB File Type - Mp4 Qty ...
movie
As the Gods Will (2014)
2014