Channel Myanmar

Ming Wang

First Kill (2017) 5.0
First Kill (2017) First Kill (2017) IMDb: 5.0/10 Genre: Action/ThrillerWall Street Broker တစ်ယောက်ဖြစ်တဲ့ ဝီလ်ဘီးမန်းရဲ့ဘဝဟာ ဇနီးနဲ့သားဖြစ်သူအတွက် အချိန်ပေးဖို့ကြိုးစားနေတဲ့ သာမန်စီးပွားရေးသမားအပြင် မပိုခဲ့ပါဘူး။တစ်ရက်မှာတော့ သားဖြစ်သူ ဒန်နီရဲ့ ကျောင်းမှာအနိုင်ကျင့်ခံရမှုကို ကြားခဲ့ရပြီးနောက်မှာတော့ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းချိတ်ဆက်ဖို့ သူ့မွေးရပ်မြေကို အလည်အပတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဆယ်စုနှစ်များစွာ အေးဆေးငြိမ်သက်နေတဲ့ ဂရန်းဗီးလ်မြို့လေးမှာ လတ်တလော ဘဏ်ဓားပြမှုခင်း တစ်ခုကြောင့်ကျီးလန့်စာစားဖြစ်နေခဲ့ပါတယ်.။ ထိုအချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် ပြန်လည်ရောက်ရှိလာတဲ့ ဝီလ်ဘီးမန်းတို့မိသားစုကတော့ သူတို့ကို ဘယ်လိုအန္တရာယ်တွေ စောင့်ကြိုနေမှန်း ကြိုမသိနိုင်ခဲ့ပါဘူး။သူကြီးပြင်းခဲ့တဲ့အရပ်ကို ပြသချင်တာကြောင့်ရော၊ ကြမ်းတမ်းတဲ့လောကကို ရင်ဆိုင်နိုင်ဖို့ သင်ခန်းစာပေးဖို့ ရည်ရွယ်ရင်းနဲ့ ဝီလ်ဟာ ဒန်နီကို အမဲလိုက်ခရီး ခေါ်သွားခဲ့ပါတယ်။ တောတွင်းတစ်နေရာအရောက်မှာ မမျှော်လင့်ဘဲ လူ ၂ ယောက် အချင်းများရန်ဖြစ်နေတာကို ချောင်းကြည့်ရင်း သေနတ်နဲ့ချိန်ထားသူက ကျန်တဲ့သူကို ပစ်လိုက်တာကို တွေ့လိုက်ရပါတယ်။သေနတ်သံကြောင့် အာမေဋိတ်ထွက်သွားတဲ့ ဒန်နီကြောင့် သေနတ်သမားရဲ့ ရန်မှုပစ်ခတ်ခြင်းကို ခံရပါတယ်။ သားဖြစ်သူရဲ့ အသက်အန္တရာယ်ကြောင့် ဝီလ်အနေနဲ့ သေနတ်သမားကို အမဲလိုက်သေနတ်နဲ့ ပြန်ပစ်ခဲ့ရပါတယ်။ နေရာမှာတင် ပွဲခြင်းပီး သေဆုံးခဲ့တာကြောင့် ...
movie

First Kill (2017)

UFO (2018) 6.2
UFO (2018)  ဒီစကြ၀ဠာကြီးထဲမှာ သက်ရှိဆိုလို့ ကျွန်တော်တို့ လူသားတွေပဲရှိနေတယ်လို့ ယုံကြည်နေကြတဲ့ လူတွေရှိသလို တခြားဂြိုလ်ကဂြိုလ်သားတွေလိုမျိုး သက်ရှိတွေလည်း ရှိနေဦးမယ်ဆိုပြီးယုံကြည်တဲ့ လူတွေအများကြီး ရှိနေပါတယ်။အဲ့ဒါကတော့၂၀၂၄ ခုနှစ်အထိ ရောက်လာခဲ့တာတောင် အဖြေမပေါ်သေးတဲ့ငြင်းခုံစရာ ကိစ္စရပ်တစ်ခု ဖြစ်နေတုန်းပါပဲ။သေချာရေရာတဲ့အဖြေတွေ မထုတ်နိုင်သေးသလို ဂြိုလ်သားတွေနဲ့ ပတ်သတ်ပြီးကြားခဲ့ဖူးတဲ့ ဟိုသတင်းဒီသတင်းတွေလည်း ရှိပါသေးတယ်။အဖြေမထုတ်နိုင်ရသေးတဲ့ အဓိကအကြောင်းပြချက်တွေထဲမှာအစိုးရတွေက အဲ့လိုသတင်းတွေ ထွက်လာရင်ချက်ချင်းဖုံးဖိတတ်တာမျိုးကလည်း အဓိကဖြစ်နေပါတယ်။အခုတင်ဆက်ပေးမဲ့ဇာတ်ကားကတော့ ၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ညနေ ၄ နာရီ ၁၅ လောက်မှာချီကာဂိုအိုဟဲလေဆိပ်အပေါ်မှာUFO(ပန်းကန်ပြားပျံ)တွေ့ခဲ့ရတယ်လို့ဆိုတဲ့အဖြစ်အပျက်အကြောင်းကိုအသေးစိတ်ပြန်လည် ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ UFO ပဲဖြစ်ပြီး IMDbRating 6.2 ‌အထိရရှိထားပါတယ်။ဒဲရက်ဆိုတဲ့ တက္ကသိုလ်က သင်္ချာကြောင် ကျောင်းသားတစ်ယောက်က တစ်နေ့မှာတော့ အထက်မှာပြောခဲ့တဲ့ UFOတွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်းကိုကြားခဲ့ပြီး ကျောင်းစာတွေကိုပစ်ကာ အဲ့ဒီအကြောင်းကို လိုက်လံစုံစမ်းပါတော့တယ်။အစိုးရကတော့ အဲ့ဒီတွေ့ရှိခဲ့ရတဲ့အရာက ဒရုန်းတို့ လေယာဉ်ပျံတို့လို့ပြောပြီး လိုက်ဖုံးဖိနေသလောက် သူကတော့သူ့ရဲ့သင်္ချာဉာဏ်ကြီးရှင်ဦးနှောက်နဲ့ လိုက်လိုက်ဖော်နေတော့တာပါပဲ။ကျောင်းစာတွေအပြင် ကောင်မလေးနဲ့ သူငယ်ချင်းတို့ကိုပါပစ်ထားပြီး နေ့မအိပ်ညမအိပ်ကြိုးစားခဲ့တဲ့ ရလာဒ်တွေကသူလိုချင်တဲ့အတိုင်း ...
movie

UFO (2018)

The Dark Knight Rises (2012) 8.5

The Dark Knight Rises (2012)

2012
4K HEVC IMAXHDR
Extremely Wicked, Shockingly Evil and Vile 6.8
Extremely Wicked, Shockingly Evil and Vile အမေရိက သမိုင်းရဲ့ အချောဆုံး အခန့်ညားဆုံး လူသတ်ကောင် . .(သို့မဟုတ်)Ted Bundy ဆိုတဲ့ စိတ္တဇ လူသတ်သမားတစ်ယောက်ရဲ့ အကြောင်း . ._________________ ဖြစ်ရပ်မှန် အဖြစ်အပျက်ပါ။ _________________၁၉၇၀ ဝန်းကျင်တုန်းက အမေရိက မှာ Ted Bundy ဆိုတဲ့ လူတစ်ယောက် ရှိဖူးခဲ့တယ်။ သူက ရုပ်ချောတယ်။ တဖက်သားကို အရမ်း လွမ်းမိုးနိုင်တယ်။ သူ့ကိုမြင်တဲ့ ကောင်မလေးတိုင်း တဖြုတ်ဖြုတ် ကြွေကြတယ်။ စကားပြောညက်တယ်။ လူကြီးလူကောင်း ပီပီသသ နဲ့ တကယ့် ယောကျာ်းဖြောင့်ကြီး တစ်ယောက်လို နေတတ်တယ်။ဒါပေမယ့် . . သူက လူ သတ်သမား တဲ့။ သတ်တာမှ ကောင်မလေးတွေ အမျိုးသမီးတွေကို သတ်တာ။ ပိုးစိုးပက်စက် ကို သတ်တာ။ လွှနဲ့ ခေါင်းဖြတ်သတ်တယ်။ မျက်နှာတစ်ခုလုံး ကြေမွသွားအောင် တုတ်နဲ့ ရိုက်တယ်။ မုဒိန်းကျင့်တယ်။ ဘာအကြောင်းမှ ...
movie

Extremely Wicked, Shockingly Evil and Vile

2019
The Marksman(2021) 6.0
The Marksman(2021) The Marksman(2021)အညွှန်း**************************((1080P ရပြီဗျို့)မက္ကဆီကို နယ်စပ်မှာ အထီးကျန်နေတဲ့ မရိန်းလက်ဖြောင့်တပ်သားဟောင်းကြီးတစ်ယောက်ရှိတယ်...ဝီစကီလေးမော့လိုက် ကားလေးမောင်းလိုက်နဲ့ပေါ့... တစ်နေ့မှာ မက္ကဆီကိုထဲက ခိုးဝင်လာတဲ့ သားအမိနှစ်ယောက် ရောက်လာတယ်.... သူတို့သားအမိကို မက္ကဆီရဲ့ ကြမ်းပေ့ဆိုတဲ့ လူဆိုးဂိုဏ်းက သတ်ဖို့လိုက်လာတယ်။ ဒီသားအမိဟာ ကံကောင်းထောက်မစွာ မရိန်းလက်ဖြောင့်တပ်သားဟောင်းကြီးနဲ့ဆုံဖြစ်ခဲ့တယ်....မက္ကဆီဂိုဏ်းက ဒီသားအမိကို မဖြစ်မနေသတ်ဖို့ ကိစ္စကြီးတစ်ခုရှိလာတဲ့အခါမှာတော့.......မင်းသားကြီး Liam Neeson ရဲ့ သဲထိတ်ရင်ဖို အက်ရှင်ခန်းတွေကို ခံစားကြည့်ကြပါဉီး..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneoပဲဖြစ်ပါတယ်.....    File Size :1GB Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre :  Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Phyo Pyae
movie

The Marksman(2021)

HEVC 1080p 5.1
All the Bright Places (2020) 6.5
All the Bright Places (2020) All the Bright Places (2020) IMDb - 6.5/10_____Rotten - 66% (Unicode)နုနုရွရွ ရိုမန်းတစ် ဇာတ်လမ်းလေးတွေကို ကြည့်ရှုချင်တဲ့သူတွေအတွက် ၂၀၂၀ ထွက် All the Bright Places ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်IMDb – 6.5/10 နဲ့ Rotten tomatoes – 75% ရရှိထားပြီးတော့ Elle Fanning နဲ့ Justice Smith တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးရဲ့အစကတော့ ဖင့်ချ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ တစ်မနက်မှာ တံတားပေါ်ပြေးနေတုန်းတံတားဘောင်ပေါ်မှာ မတ်တပ်ရပ်ပြီး တံတားအောက်ကို ငုံ့ကြည့်နေတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ် …ကောင်မလေးက သူတို့အတန်းထဲက ဗိုင််အိုလက် ဆိုတဲ့ကောင်မလေးပေါ့ …ဖင့်ချ်ဟာ ဗိုင်အိုလက် တံတားအောက် ခုန်ချမယ်အထင်ကြောင့်လားမသိ …အာရုံလွှဲဖို့ သူပါ တံတားဘောင်ပေါ် တက်လာခဲ့တယ်…သူတို့နှစ်ယောက်ရဲ့ ...
movie

All the Bright Places (2020)

2020
Dark Waters(2019) 7.6
Dark Waters(2019) Dark Waters(2019)IMDb...7.6(unicode)ဖြစ်ရပ်မှန်ကိုအခြေခံပြီးတော့ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ် ၂၀၁၆ခုနှစ် The New York Times Magazineထဲက Nathaniel Richရေးထားတဲ့ "The Lawyer Who Became DuPont's Worst Nightmare"ကိုအခြေခံပြီး ရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဉ်းကတော့ DuPontလို့အမည်ရတဲ့အမေရိကန်ရဲ့အကြီးဆုံး ဓာတုဗေဒပစ္စည်းတွေထုတ်လုပ်ဖြန့်ချီတဲ့ကုမ္ပဏီကြီးက ကုန်ပစ္စည်းထုတ်လုပ်ရာနဲ့စွန့်ပစ်ရာမှာသုံးတဲ့ဓာတုဗေဒပစ္စည်းတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့သက်ရှိတွေရဲ့ကျန်းမာရေးကိုထိခိုက်လာပါတယ် အဲ့ဒါကြောင့်ထိခိုက်သူတွေကရှေ့နေတစ်ယောက်ကိုငှားပြီးတော့တရားရင်ဆိုင်ရဖို့ဖြစ်လာပါတယ် အဓိကဇာတ်ဆောင်အဖြစ် ကျွန်တော်တို့ရဲ့Hulk မင်းသားကြီးMark Tuffaloကရှေ့နေတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ် အမေရိကန်နိုင်ငံရဲ့အကြီးဆုံးကုမ္ပဏီတွေထဲကတစ်ခုဖြစ်တာနဲ့အညီ အကြီးတန်းအုပ်ချုပ်ရေးပိုင်းကခေါင်းဆောင်တွေနဲ့သိတာကြောင့် DuPontကိုနိုင်နိုင်ချေကလုံးဝမရှိတဲ့အခြေအနေအထိဖြစ်နေလို့‌ရှေ့နေတော်တော်များများကငြင်းဆိုကြပါတယ်.... အစပိုင်းကစိတ်မဝင်စားပေမယ့်လဲသူ့အဖွားနေထိုင်ရာဇာတိအနောက်ဗာဂျီးနီးယာမှာဖြစ်တာကြောင့် အနည်းငယ်စူးစမ်းကြည့်ရာကနေရင်နင့်ဖွယ်ဖြစ်ရပ်တွေကိုတွေ့ပြီးတာဝန်ယူရတဲ့အထိဖြစ်လာပါတော့တယ်..... တကယ်ကိုအန္တရယ်များလွန်းတဲ့တရားခွင်ပါပဲ...သူရင်ဆိုင်နိုင်ပါ့မလား...ဆိုတာကိုတော့ ခံစားကြည့်ပါဦး... ဒီကားက တရားခွင်ကို အဓိက ပြထားတဲ့ဇာတ်ကားတွေ ထုံးစံအတိုင်း ဒိုင်ယာလော့တိုင်းဟာ ပညာသားပါပါတယ်.ခက်ခဲတဲ့ စုံစမ်းထောက်လှမ်းမှုတွေလည်း တွေ့ရပါလိမ့်မယ်...ဒါ့အပြင် ကြည့်ရသူတွေအတွက်လည်း ဗဟုသုတပေါင်းများစွာရသလို အစမှ အဆုံးထိ မပျင်းမရိနဲ့ကိုကြည့်ရပါတယ်.. ခံစားကြည့်ကြပါဦး... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MarTizasဖြစ်ပါတယ်File Size : (1.07 GB)  Quality : Blu-Ray 720p Format…mp4 Duration…02:05:00 Genre : Biography , Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae
movie

Dark Waters(2019)