Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Min Kyung-jin
My Dictator (2014)
My Dictator (2014)********************မင်းသားကြီး Sol Kyung Gu နဲ့ Park Hae Il တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားလေးကတော့ ဇာတ်ကားခေါင်းစဉ်အတိုင်းအဖေဖြစ်သူရဲ့ ဘဝတစ်ခုလုံးကိုသာမက သားဖြစ်သူရဲ့ဘဝကိုပါ လွှမ်းမိုးမှုတွေစိုးမိုးမှုတွေ ပြောင်းလဲမှုတွေကိုပါ ဖြစ်စေခဲ့တဲ့အကြောင်းအရာတွေကိုဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ပြထားတာဖြစ်လို့ လက်လွှတ်မခံနဲ့နော် ပရိသတ်ကြီးတို့ရေ..။ဇာတ်ညွှန်းအမြည်းအနေနဲ့ကတော့ သရုပ်ဆောင်အလုပ်ကိုလွန်စွာစိတ်အားထက်သန်သော်လည်း ပြဇာတ်ရုံတွေမှာ ဖြတ်လျှောက်အဆင့်လောက်သာပါဝင်ခွင့်ရတဲ့ သာမညသရုပ်ဆောင် ဂင်ဆန်းဂွမ်ဟာ မုဆိုးဖိုကလေးအဖေဖြစ်ပြီးကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့ဝန်မလေးတတ်သော်လည်း ဇာတ်ဆောင်ဆိုတဲ့ဝေါဟာရဟာသူ့ဘဝအတွက်တော့ အလှမ်းဝေးလှပါတယ်။ထိုအချိန်မှာပဲ တောင်ကိုးရီးယားနိုင်ငံအတွင်းမှာ တောင်မြောက်ထိပ်သီးအစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း ကြေညာချက်ထွက်ပေါ်လာပြီး ဗဟိုထောက်လှမ်းရေးဘက်ကနိုင်ငံရေးလှည့်ကွက်အနေနဲ့ ထည့်သုံးမယ့် ဇာတ်ဆောင်သရုပ်ဆောင်တစ်ဦးကို ကင်းထောက်တဲ့အခါမှာမမျှော်လင့်ဘဲ မုဆိုးဖိုဂင်ဆန်းဂွမ်ဟာ ဗဟိုထောက်လှမ်းရေးရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ဒီဆန်းကြယ်မှုကို ကံကြမ္မာရဲ့မျက်နှာသာပေးမှုလို့ ဂင်ဆန်းဟွမ်တစ်ယောက်ထင်မှတ်ခဲ့ပေမဲ့လက်တွေ့မှာတော့ ကံကြမ္မာရဲ့ရက်စက်မှုတစ်ခုဖြစ်နေခဲ့ပါတယ်။သရုပ်ဆောင်တစ်ယောက်ရဲ့ စိတ်နစ်မျောပုံတွေကို မြင်တွေ့ရနိုင်တဲ့အပြင်ထိပ်တန်းမင်းသားကြီး Sol Kyung Gu ရဲ့ ဂင်ဆန်းဂွမ်ဇာတ်ကောင်ရဲ့ပြောင်းလဲမှုကိုအဆင့်ဆင့်ပုံဖော်သွားပုံကိုလည်း အထင်ကြီးဖွယ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။သားအဖနှစ်ယောက်ရဲ့ဘဝကို ဘယ်လိုရိုက်ခတ်မှုတွေဖြစ်သွားစေခဲ့လဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါနော်။ (အညွှန်း နဲ့ ရုပ်ရှင်ကားကိုတော့ Thinn မှ ဘာသာပြန်ရေးသားထားပါတယ်။) File size…2.33GB ...
movie
My Dictator (2014)
7.1
The Host(2006)
The Host(2006)***************ဒီကားက ဆုပေါင်း ၂၉ဆုရရှိခဲ့ပြီး ဒါရိုက်တာကလည်း Parasite တို့ Memories of Murder တို့လို့အထင်ကရ ရုပ်ရှင်တွေဖန်တီးတဲ့ Bong Joon Ho ဆိုတော့ကား နင်းကန်ဒေါင်းကြည့်သင့်ပါတယ်..ဂန်ဒူးဆိုတဲ့သူဟာ ခဏခဏအိပ်ငိုက်တတ်ပြီးတော့ ဟန်မြစ်ကမ်းဘေးမှာသူ့အဖေနဲ့အတူ ဆိုင်လေးဖွင့်ထားပါတယ်။သူ့မှာ အရမ်းချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။စာမတတ်ပေမတတ်၊ မိန်းမကလည်းပစ်သွားတဲ့သူ့ဘဝမှာ သမီးလေးကအရာရာပါပဲ။တစ်နေ့မှာတော့ ဓါတ်ခွဲခန်းတစ်ခုကနေ စွန့်ပစ်လိုက်တဲ့ အန္တရာယ်ရှိစွန့်ပစ်ပစ္စည်းတွေကြောင့်ဟန်မြစ်ထဲမှာ အကောင်ကြီးတစ်ကောင်ပေါ်လာပါတယ်။အဲဒီအကောင်ကြီးဟာ မြစ်ကမ်းဘေးကိုတက်လာပြီး ဂန်ဒူးရဲ့သမီးလေးယောင်းဆူကိုဖမ်းခေါ်သွားပါတော့တယ်။အကုန်လုံးကသေပြီလို့ထင်ထားတဲ့ယောင်းဆူက ညဘက်ကြီးသူ့အဖေကိုဖုန်းခေါ်လာတဲ့အခါ....ဂန်ဒူးနဲ့ သူ့ရဲ့မိသားစုဟာ ယောင်းဆူကိုကယ်ဖို့ ဘယ်လိုမျိုးကြိုးစားကြလဲဆိုတာတစ်ကားလုံးရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပါ။၂၀၀၆ ခုနှစ်မှာထွက်ရှိထားပြီးတော့ rating 7.1 ရရှိထားပြီး ဆုတွေလည်းအများကြီးရရှိထားတဲ့ဇာတ်ကားမလို့အခုထိမကြည့်ရသေးရင် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။ File Size :(4.7GB)(1.5GB) and (380 MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:00:00 Genre : Horror,Sci-Fi , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo ...
movie
The Host(2006)
7.6
Christmas in August (1998)
Christmas in August ( 1998 )သိဟ်ရာသီထဲထည့်ထားသလို ဒီမြို့ကလေးက ဘယ်လောက်မှ မကြာညောင်းတဲ့ မြို့ကျဉ်းကျဉ်းကလေးပေါ့။ ဆယ်စုနှစ်သုံးခုနဲ့ ဆယ်စုနှစ်နှစ်ခုဟာ ဒီမြို့ကလေးမှာ အနှစ်နှစ်ဆယ်ကျော် ဘာရယ်ကြောင့် မဆုံစည်းခဲ့ကြလဲပဲ။ ချစ်ခြင်းဆိုတာ တစ်ခါတလေကျ ဓာတ်ပုံဟောင်းတွေလိုလိုပါ။ အပြုံးရဲ့အငွေ့အသက်လွှမ်းဆဲ အခိုက်အတန့်တွေကို နှင်းအဆက်ဆက်တည်စေချင်တဲ့ စိတ်နဲ့ ဘောင်ဘင်ခတ်ခဲ့ကြခြင်းတွေလည်း မမြဲဘူး။ ဓာတ်အခံနဲ့ ရက်အကျန်တွေကပဲ သူ့ဟာနဲ့သူ လွန်လေခဲ့ပြီးသောတွေကို ငေးမောနေလိမ့်မယ်။ ဟိုးအမြင့်ကြီးကိုရောက်သွားလိုက် ဟိုးအောက်ဆုံးကိုပြန်ဆင်းလိုက် ရိုလာကိုစတာစီးသလို တို့ဘဝတွေမှာ ခဏလောက်ဖြစ်ဖြစ် တွဲထားပေးမယ့် လက်ကလေး လိုသလိုလိုရှိတယ်။ ဒါပေမဲ့လည်း အချိန်ကိုက်အခါကိုက် မဟုတ်ခဲ့ရင် ပက္ကလာနဲ့မိုးအခန့်မသင့်ခဲ့ရင် ရေစုန်မှာမျှောလိုက်ဖို့မှအပ ရွေးချယ်စရာလည်းမရှိခဲ့ပြီ။ သိဟ်ရာသီထဲက ခရစ္စမတ်တစ်ရက်လို အပျော်ဆုံးဘဝတွေ အချိန်အခါလွဲခဲ့ကြပေမဲ့ သိမ်းဆည်းထားလိုက်ဖို့ရာလည်း ဘာရေးထားလဲ မသိလိုက်ရတဲ့စာလေးတစ်စောင်လို ဩဂုတ်စ်လရဲ့ ခရစ္စမတ်လို ချစ်ခြင်းရဲ့ဖွင့်ဆိုချက်က ဘာလဲ ငါတို့သိဖို့မလို။ ။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့လုံးကြီးပေါက်ကွဲ အမှုန်အမွှားတွေလွင့်စင်လိုက် ပြန်စုဝေးလိုက် ဖြစ်နေတဲ့ သံသရာမှာ ကြယ်မှုန်ကဖြစ်လာတဲ့ အစက်အပြောက်ကလေးတွေရဲ့ အဓိပ္ပာယ်ဟာ တစ်ခါတလေ ပျော်ခဲ့ဖူးတဲ့နေ့ရက်တို့တွေ တည်မြဲနေပါစေ။ အခုနေ ငါမရှိတော့ရင်တောင် ငါ့ရဲ့သိဟ်ရာသီအဆက်ဆက်မှ ခရစ္စမတ်တစ်ရက် ရှိခဲ့ဖူးကြောင်းကတော့ နှင်းကိုဝတ်ရုံလိုခြုံထားတဲ့ ...
movie
Christmas in August (1998)
1998
7.5
Failan (2001)
Failan (2001)~ IMDb - 7.5/10, RT - 86%, MyDramaList - 7.4/10 ~Failan ကို Calla, One Day, Maundy Thursday တို့ကို ရိုက်ခဲ့တဲ့ Song Hae-sung ရဲ့ အကောင်းဆုံးရုပ်ရှင်ဖြစ်သလို ချွဲမင်ဆစ်ရဲ့ ပါဖောမင့်န်အပြောင်မြောက်ဆုံး ရုပ်ရှင်လို့လည်း တစ်ချို့က သတ်မှတ်ကြပါတယ်။ ချွဲမင်ဆစ်ဟာ ပတ်ချန်းဝုရဲ့ Old Boy တို့ Lady Vengeance တို့၊ ကင်ဂျီ၀န်းရဲ့ I Saw The Devil တို့နဲ့ အတော်ကြမ်းတမ်းပြီး ရက်စက်တဲ့ ဇာတ်ရုပ်တွေမှာ လုံးဝပီပြင်အောင် သရုပ်ဆောင်ခဲ့ဖူးသလို ခု Failan နဲ့ ကင်ဂျီ၀န်းရဲ့ The Quiet Family တို့မှာ Comedy ဆန်ဆန်ဇာတ်ရုပ်ဆိုလည်း အံ၀င်ခွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ ...
movie
Failan (2001)
2001
6.8
My Dear Desperado (2010)
[Unicode]2010 (31st) Blue Dragon Film Awards မှာ ဒီဇာတ်ကားရဲ့ Best New Director ဆုကိုရရှိခဲ့ပြီး မင်းသမီး Jung Yu-Mi လည်း 2011 (33rd) Golden Cinematography Awards ပွဲမှာ Best Actress ဆုကို ရရှိခဲ့ပါတယ် ။ ပုံမှန်ကြည့်နေကျ Comedy-Romane တွေလိုမဟုတ်ပဲ တစ်မျိုးကွဲထွက်နေတာမို့ ပရိတ်သတ်တွေ အကြိုက်တွေ့လောက်မယ်ထင်ပါတယ်ဇာတ်လမ်းအကျဉ်းဆယ်ဂျင်းဟာ နယ်မြို့လေးတစ်မြို့မှာနေထိုင်ပြီး အဲ့မြို့က တက္ကသိုလ်ကနေပဲ ဘွဲ့ရခဲ့ပါတယ် ဆိုးလ်ကို သွားပြီး အလုပ်လုပ်ကိုင်လိုတာကြောင့် ဖခင် တားမြစ်တဲ့ ကြားကနေပဲ ဆိုးလ်မှာ အလုပ်လုပ်ဖို့ ရောက်လာခဲ့ပါတယ်Company တစ်ခုမှာ အလုပ်ဝင်ပြီး အလုပ်ကိုင်သစ် ချစ်သူအသစ်နဲ့ အရာအားလုံးအဆင်ပြေနေချိန်မှာပဲ... သူမ အလုပ်လုပ်တဲ့ Company ဒေဝါလီခံရပြီး သူမလည်း အလုပ်လက်မဲ့ဖြစ်သွားခဲ့ပါတယ်ချစ်သူနဲ့လည်း လမ်းခွဲခဲ့ရပြီးဈေးပေါတဲ့ တိုက်ခန်းတစ်ခုကို ပြောင်းငှားနေခဲ့ရပါတယ် အဲ့မှာပဲ လူမိုက် အိုဒုံချောနဲ့ သူမတွေ့ဆုံခဲ့ပါတယ်အစပိုင်းမှာ လူမိုက်တစ်ယောက်နဲ့ ...
movie
My Dear Desperado (2010)
7.8
Mother (2009)
Mother (2009) IMDb - 7.8/10_____Rotten - 96% mother ရုပ်ရှင်က အမေတစ်ယောက်ရဲ့မေတ္တာကို အဓိကဖော်ပြထားတယ့်ကားတစ်ကားပါ။ IMDb 7.8 ထိရရှိထားပြီး Rotten tomatoes 95% နဲ့Roger Ebert 4 မှာ 3.5 ထိရရှိခဲ့တယ့် ဇာတ်ကားဖြစ်ပါတယ် Rating တွေမြင့်နေတာလဲ ဇာတ်ကားကြည့်ပြီး မှာဘာကြောင့်မြင့်နေလဲဆိုတာ သဘောပေါက်နိုင်ပါလိမ့်မယ် Budget ကန်ဒေါ်လာ ၅ မီလီယံနဲ့ရိုက်ကူးခဲ့ပြီး Box office မှာ ကန်ဒေါ်လာ ၁၇.၁ မီလီယံထိအောင် ရရှိခဲ့တယ့် crime & Thriller ဇာတ်ကားကောင်းဖြစ်ပါတယ်။ အာရှ ၊ ဥရောပ ၊ အမေရိက နဲ့အရှေ့အလယ်ပိုင်း နိုင်ငံတွေ မှာ စပြီးပြသခဲ့တယ့် မေလ ၂၉ ရက် ၂၀၀၉ ခုနှစ်မှစပြီး ၂၀၁၀ခုနှစ်ထိ ရုပ်ရှင်ဇာတ်ကား ဆုပေးပွဲပေါင်း ၂၆ ခုမှာ ဆုပေါင်း ၅၉ဆုအထိလျာထားခြင်းခံခဲ့ရပါတယ်။ ဇကာတင်ဆုစာရင်းတွေမှာ ဆု၂၀ ဝင်ခဲ့ပြီး ၃၉ ဆုကိုတော့သိမ်းပိုက်ရရှိခဲ့ပါတယ်။ ကိုရီးယားနိုင်ငံရဲ့တောပ့်စတား ဆောင်းဝန်ဘင်း ...
movie
Mother (2009)
2009