Channel Myanmar

Mimmo Mignemi

Santocielo (2023) 5.7
Santocielo (2023) Santocielo (2023) Genre – Comedyအီတလီ ဟာသမင်းသားကြီးနှစ်ယောက် ကိုယ်တိုင်ဇာတ်လမ်းရေးပြီး ကိုယ်တိုင် သရုပ်ဆောင်ထားကြတဲ့ ဘာသာရေးဆိုင်ရာ ဟာသရုပ်ရှင်လေး ဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ဘုရားသခင်ဆီကို ရောက်လာတဲ့ ဆုတောင်းစာတွေကို အမျိုးအစားခွဲခြားပြီး ဖိုင်စီရတဲ့ တမန်တော်တစ်ယောက် ကိုယ့်အလုပ်ကိုယ် ငြီးငွေ့စပြုနေပါပြီ။ တစ်ရက်ကျ နတ်သဘင်အစည်းအဝေး ကျင်းပကြပါတော့တယ်။ အဓိကအကြောင်းအရာ Agenda ကတော့ လူသားမျိုးနွယ်ကို သောက်မြင်ကပ်နေကြတဲ့ အဖွဲ့က တစ်မျိုးလုံး အပျောက်ဖျောက်ကြဖို့ တောင်းဆိုကြပြီး ကျန်တဲ့တစ်ဖက်ကတော့ အရင်ခေတ်တုန်းက ကယ်တင်ရှင်ယေရှုခရစ်တော် လွှတ်ခဲ့သလိုမျိုး စေလွှတ်ပြီး ကယ်တင်ဖို့ တောင်းဆိုကြပါတယ်။ဘုရားသခင်လည်း ကြားထဲက ဗျာများနေတာကြောင့် Voting စနစ်နဲ့ မဲပေးခိုင်းတဲ့အခါမှာတော့ ကယ်တင်ဖို့ တစ်မဲတည်းနဲ့ အသာရပြီး လူသားအမျိုးသမီးဗိုက်ထဲကို ဘုရားသခင်ရဲ့သားတော် သန္ဓေတည်စေဖို့ တမန်တော်တစ်ယောက် စေလွှတ်ရမယ်ပေါ့လေ။အဲဒီမှာ သူ့အလုပ်သူ ပျင်းရိနေတဲ့ ဆရာသမားက သူသွားမယ်ဆိုပြီး ကမ္ဘာပေါ်ကိုရောက်လာကာ Mission တွေလုပ်ထည့်တာ လူသားတွေကောင်းမှုနဲ့ အရက်မူး သောက်ပရမ်းပတာတွေဖြစ် ပစ်မှတ်လွဲချော်ပြီး အမျိုးသမီးဗိုက်ထဲ မထည့်နိုင်တော့ပဲ ယောက်ျားကြီးတစ်ယောက်ရဲ့ ဗိုက်ထဲ ဖြစ်သွားတဲ့အခါမှာတော့…..။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်) File size…2GB / 1GB Quality…WEB DL ...
movie

Santocielo (2023)

2023
Cinema Paradiso (1988) 8.5
Cinema Paradiso (1988) Cinema Paradiso (1988)IMDb - 8.5/10_____Rotten - 89%Won 1 Oscar. Another 24 wins & 31 nominations1988ကဇာတ်ကားဖြစ်ပြီးတော့ ဆုပေါင်းများစွာကိုလည်း ရရှိထားပါတယ် ဇာတ်လမ်းကတော့ ရုပ်ရှင်ကိုအရမ်းရူးသွပ်တဲ့သူတစ်ယောက်ရဲ့ ဘဝအကြောင်းရိုက်ထားတာပါ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်နှစ်ယောက်ကတော့ အဲလ်ဖရက်ဒိုလို့ခေါ်တဲ့ ရုပ်ရှင်ရုံမှာ ပရိုဂျက်တာထိုးတဲ့သူနဲ့ ဆာလဗာတိုဆိုတဲ့ ရုပ်ရှင်တွေနဲ့ရုပ်ရှင်ရုံကို ဘဝလိုသတ်မှတ်ထားတဲ့ ကောင်လေးတို့ပဲဖြစ်ပါတယ် ဇာတ်လမ်းအစမှာ ရောမမြို့က နာမည်ကြီးဒါရိုက်တာတစ်ယောက်ဟာ အဲလ်ဖရက်ဒိုဆိုတဲ့သူဆုံးပြီဆိုတဲ့ သတင်းကြားပြီးနောက် နောက်ကြောင်းပြန်ရာကနေစပါတယ် ဒီနောက်ကြောင်းပြန်ရာကနေပဲ သူ့ရဲ့ငယ်ဘဝ အဖြစ်အပျက်များက တိုတို ဆိုတဲ့ကောင်လေးအဖြစ်မှာ ကြုံခဲ့ရတဲ့အကြောင်းတွေကို ရိုက်ကူးထားတာပါ အဲဖရက်ဒိုက တိုတို ခေါ် ဆာလဗာတိုကို အစပိုင်းမှာ အန္တရယ်ဖြစ်မှာစိုးလို့ ရုပ်ရှင်ရုံထဲကနေမောင်းထုတ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကောင်လေးရဲ့စိတ်ဝင်စားမှုကို နားလည်လာခဲ့ပါတယ် ဒီလိုနဲ့ နေ့နေ့ညည ပရိုဂျက်တာခန်းထဲမှာ ပရိုဂျက်တာထိုးတဲ့အလုပ်ကို သင်ပေးရင်းနဲ့ ကောင်လေးကို သားအရင်းတစ်ယောက်လို သံယောဇဉ်တွယ်မိသွားသလို တိုတို ကလည်း အဲလ်ဖရက်ဒိုကို ဖခင်တစ်ယောက်လို ချစ်ခင်သွားခဲ့ပါတယ် ဒီရုပ်ရှင်ကားဟာ ကျွန်တော်တို့ အတွက် နှလုံးသား အဟာရ ဖြည့်ပေးမယ့် ရုပ်ရှင်ကားကောင်း တစ်ခု ဖြစ်သလို ဘ၀ မှာ မသေခင် ကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်း တစ်ခုဖြစ်ပါတယ်... ရုပ်ရှင် ရုံတင်တဲ့ ခုနှစ် ကတော့ ၁၉၈၈ ခု နှစ်ဖြစ်ပြီး ယခု ဆိုရင် နှစ်ပေါင်း ၃၀ တောင် ပြည့်တော့မှာပါ လွန်ခဲ့တဲ့ ...
movie

Cinema Paradiso (1988)

1988