Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mime Gopi
6
Saamaniyan (2024)
Saamaniyan (2024)"လူသားပိုးဖလံများ" ===============================တမီလ် ခေတ်ဟောင်းမင်းသားကြီးတွေရဲ့ အသစ်ထွက် ဘဏ်ဓားပြရုပ်ရှင်လေးကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် နိုင်ငံရေးလောကထဲရောက်သွားကြတဲ့ တစ်ခေတ်တစ်ခါက ထိတ်ထိတ်ကြဲအောင်မြင်ခဲ့တဲ့ တမီလ်အနုပညာသမားကြီးတွေရဲ့ come back ရုပ်ရှင်ဆိုရင်လည်း မမှားပါဘူး။ဇာတ်လမ်းကတော့... အငြိမ်းစားစစ်ထွက်တစ်ယောက်ဖြစ်တဲ့ ဆန်ကာရာဟာ မြေးဖြစ်သူရဲ့မွေးနေ့အတွက် ရွာကနေ မြိုကိုတက်လာခဲ့ပြီး မြိုကို ရောက်တဲ့အခါ မြေးဖြစ်သူရဲ့ မွေးနေ့ပွဲကို မသွားခင် ဘဏ်ကို ပိုက်ဆံဝင်ထုတ်ရင်း အကွက်ကျကျစီစဉ်ထားတဲ့ ဘဏ်ဓားပြမှုတစ်ခုထဲမှာ ကြားညှပ်သွားပုံကို စိတ်ဝင်စားဖွယ် ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။တမီလ် ဂန္တဝင်ကြီးတွေရဲ့ တစ်ကျော့ပြန်ရုပ်ရှင်ဖြစ်တဲ့အပြင် ဇာတ်လမ်းကလည်း လှည့်ကွက်တွေနဲ့ တော်တော်လေးမိုက်တာမလို ချန်နယ်မြန်မာပရိသတ်တွေအတွက် Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်...။ File size… 2.55GB / 1.23GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Saamaniyan (2024)
2024
7
Haraa (2024)
Haraa (2024) တစ်ကိုယ်တော်ပုစ္ဆာရှင်းတမ်း Genre – Thriller, Action IMDB – 7.8/10အသစ်စက်စက်ထွက်ရှိထားတဲ့ တမီးလ်စကားပြော သည်းထိတ်ရင်ဖို အိန္ဒိယ အက်ရှင်ကားလေး ဖြစ်ပါတယ်။ မင်းသားကြီး Mohan တစ်ယောက် ၁၄ နှစ်ကြာ ဇာတ်ကားမရိုက်ပဲ အနားယူနေခဲ့ရာကနေ ယခုမှ ပြန်လည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ကွိုင်တာပူရ်မြို့မှာ ဘုရားပွဲ စီတန်းလှည့်လည်မှာကို ရဲတွေတသိုက် ပြဿနာမတက်အောင် လုံခြုံရေးတွေ တင်းကြပ်စွာ ချမှတ်ပြီး အလုပ်တွေ များနေကြတယ်။ အဲဒီမှာလည်း ပဟေဠိဆန်ဆန်နဲ့ ရမ်ဆိုတဲ့ဘဲတစ်ပွေဟာ သမီးဖြစ်သူ အဆုံးစီရင်ပြီး ဆုံးပါးခဲ့ရတာကို ပူဆွေးနေခဲ့တဲ့အတွက် တစ်ကိုယ်တော် စုံစမ်းထောက်လှမ်းနေတယ်။ သူ့နောက်ကိုလည်း ရဲလိုလို ဘာလိုလို လူတွေအုပ်လိုက်က အသည်းအသန် လိုက်ဖမ်းနေကြတယ်။သမီးလေးဖြစ်သူ သေဆုံးမှုရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ရမ်တစ်ယောက် ကြက်သွန်နွှာသလို တစ်ဆင့်ချင်း ဖော်ထုတ်နေရင်းနဲ့ မြေအောက်လောက လူမိုက်ဂိုဏ်းတွေရဲ့ နိုင်ငံရေး မသမာမှုတွေရဲ့ ကမ္ဘာထဲကို တစ်စတစ်စ ချည်းနင်းဝင်ရောက်မိခဲ့တဲ့အချိန်မှာတော့….။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File size… 1.9GB / ...
movie
Haraa (2024)
2024
7.5
Garudan (2024)
Garudan 2024 (လျှို့ဝှက်မှုတို့၏နောက်ကွယ်) IMDb 7.6/10အာဒီနဲ့ ကာရူနာတို့ဟာ ငယ်သူငယ်ချင်း ဆိုးဖော်ဆိုးဖက်ဖြစ်ကြပြီး ဘဝအခြေအနေလည်း တူညီကြတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ သူတို့ဘဝတွေ ဘယ်လောက်ထိ တူညီလည်းဆိုရင် သူတို့ရဲ့ဖခင်နှစ်ယောက်ဟာ ကားအက်စီးဒန့်တစ်ခုတည်းမှာတင်ပဲ အသက်ဆုံးပါးသွားခဲ့ပါတယ်။အာဒီကတော့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လော်ရီကားတွေနဲ့ လုပ်ကိုင်နေပြီးတော့ ကာရူနာကတော့ တော်ဝင်မိသားစုဝင်ဖြစ်ပေမယ့် အခွံသာကျန်ခဲ့တဲ့ ဒီမိသားစုမှာ အုတ်ဖုတ်လုပ်ငန်းကိုလုပ်ကိုင်ရင်း ကာရူနာရဲ့အုတ်တွေကို အာဒီရဲ့ လော်ရီကားတွေနဲ့ သယ်ပြီးတော့ ဈေးကွက်ရှာကြပါတယ်။ဖခင်တွေသေဆုံးသွားပြီးနောက်မှာတော့ သူတို့သူငယ်ချင်းနှစ်ယောက်ကို ကာရူနာရဲ့အဘွားဖြစ်သူ ဆယ်လာရီက စောင့်ရှောက်ထားခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာ ဘယ်လောက်ပဲ ဆိုးမိုက်နေပါစေ ဘုရားကျောင်းကိုတော့ အသွားမပျက်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကွမ်ဘိုင်အမ်မန်လို့ခေါ်တဲ့ ဘုရားကျောင်းရဲ့ အကြီးအကဲဟာ သူတို့ရဲ့အဘွား ဆယ်လာရီဖြစ်နေလို့ပါပဲ။ သူတို့သူငယ်ချင်းနှစ်ယောက်အကြောင်းကိုပြောတဲ့အခါမှာ ချော့ခ်ကန်ကိုလည်း မေ့ထားလို့မရပါဘူး။ချော့ခ်ကန်ဟာလည်း မိဘမဲ့တစ်ယောက်ဖြစ်ပြီး ဘုရားကျောင်းမှာ ကြီးပြင်းလာရင်းကနေ ကာရူနာနဲ့ ခင်သွားရင်းကနေ ချော့ခ်ကန်ကိုပါ အိမ်ကိုခေါ်လာခဲ့ပါတော့တယ်။အသက်တွေကြီးလာတဲ့အခါမှာ ချော့ခ်ကန်ဟာ ကာရူနာရဲ့ သစ္စာရှိလူယုံတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ချော့ခ်ကန်ရဲ့ သစ္စာရှိမှု, ကိုယ့်ကိုယ်ကိုယ် လေးစားယုံကြည်မှုတို့ကို စမ်းသပ်စစ်ဆေးတဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ ........သူတို့နဲ့ ဆက်စပ်နေတဲ့ ကွမ်ဘိုင်အမ်မန်ဘုရားကျောင်းကရော ဘယ်လိုအကြောင်းအရာတွေ ပေါ်ပေါက်လာဦးမလဲ ..... သူတို့သူငယ်ချင်းတွေရဲ့အကြောင်းကို စုံစမ်းနေတဲ့ အင်စပက်တာနဲ့ရော ဒီကိစ္စတွေက ...
movie
Garudan (2024)
2024
6.6
Salaar: Part 1 – Ceasefire (2023)
Salaar: Part 1 – Ceasefire (2023) ==========================WEB DLအကြည်ဗားရှင်းကိုပဲ တင်ဆက်ထားပါတယ်သွေးသောက်ညီနောင်သစ္စာတရား CM တောင်ပိုင်းချစ်ပရိသတ်ကြီးတို့ မျှော်လင့်နေတဲ့ ဇာတ်ကားလေးကတော့ အကြည်WEB DL ဗားရှင်းထွက်ရှိလာခဲ့ပါပြီ၂၀၂၃ ဒီဇင်ဘာမှာ ရုံတင်ခဲ့တဲ့ ဒီဇာတ်ကားဟာ ၂၇၀ ကုဋေရင်းခဲ့ပြီး ၇၅၀ ကုဋေထိအမြတ်ရကာ အတော်လေးအောင်မြင်ခဲ့ပါတယ် ဦးဆောင်ပါဝင်ထားတဲ့မင်းသားကတော့ တောင်ပိုင်းရဲ့ကမ္ဘာသိမင်းသား ဘာဟုဗလီမင်းသားလို့ မြန်မာမှာ နာမည်ကြီးတဲ့ Prabhas နဲ့ ကားရိုက်ကျဲပေမယ့် ပါတဲ့ကားတိုင်းပေါက်တဲ့ မင်းသမီးချောလေး ရှရူသီအပြင် အခြားတောင်ပိုင်းနာမည်ကြီး ဇာတ်ပို့များစွာပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းကို မညွှန်းခင်မှာ ပထမဆုံးချီးကျူးလိုတာကတော့ တောင်ပိုင်းကားတွေဟာ အက်ရှင်ခန်းရိုက်တဲ့နေရာမှာ တော်တော်ကို ကောင်းမွန်နေပြီဆိုတာပါပဲ စလိုးမိုးရှင်းတွေ အနီးကပ်ရိုက်ချက်တွေကို သူ့နေရာနဲ့သူသုံးထားပြီး အရမ်းကြီးအိုဗာမဖြစ်ပဲ မင်းသားရော ဗီလိန်တွေပါ သွေးသံရဲရဲနဲ့ ဖိုက်နေကြတာ တကယ်အားရစရာပါပဲဇာတ်လမ်းကတော့ ကန်ဆာပြည်နယ်လို့ခေါိတဲ့ စိတ်ကူးယဉ်ပြည်နယ်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ် ပဒေသရာဇ်စနစ်နဲ့ မျိုးရိုးစဉ်ဆက်အုပ်စိုးတဲ့ နေရာမှာ မင်းသားဖြစ်တဲ့ ဗာရာဒါနဲ့ သာမန်လူ ဒေဗာ(ဘာဟုဗလီမင်းသား) က အသက်ပေးချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေပါတစ်နေ့မှာ ဒေဗာက အဲ့နေရာကနေ ထွက်ခွာခဲ့ရပေမယ့် သူ့သူငယ်ချင်းလိုအပ်ချိန်တိုင်းမှာ ပြန်လာကူညီမယ်လို့ ...
movie
Salaar: Part 1 – Ceasefire (2023)
2023
4K HEVC
4.4
Agilan (2023)
Aglian 2023 Action/Drama/Thrillerကွန်တိန်နာနံပါတ်ကြည့်ရုံနဲ့ အာဂီလန်ပိုင်မှန်းသိရင် အဲ့ဒီကွန်တိန်နာကို ထိကို မထိရဲလောက်တဲ့ထိ ဖိန့်ဖိန့်တုန်အောင် ဩဇာအာဏာကြီးလှတဲ့ ဆိပ်ကမ်းဘုရင်လူမိုက်ကြီး အာဂီလန်.... ဒီလူမိုက်ကြီးအာဂီလန့်နေရာကို သရုပ်ဆောင်ထားတာကလဲ အက်ရှင်ဇာတ်ကြမ်းတွေနဲ့ နာမည်ကြီးလာတဲ့ မင်းသား Jayam Raviဆိုတော့ ဒီအက်ရှင်ကားက သွေးသံတရဲရဲနဲ့ အစဆုံးကြည့်ချင်နေမှာအသေချာပါပဲ...အိန္ဒိယသမုဒ္ဒရာရဲ့ဘုရင်လို့တောင် တင်စားရတဲ့အာဂီလန်ဟာ ဆိပ်ကမ်းက ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေအားလုံးကို ထိန်းချုပ်ထားတဲ့ဆိပ်ကမ်းလူမိုက်ကြီးတစ်ဦးပဲဖြစ်ပါတယ်။ ဒုစရိုက်လောကမှာ နာမည်ကျော်တဲ့ ကပူးရ်ကတော့ ငွေကြေးအတုလုပ်ငန်းကို ကုန်စည်ပို့ဆောင်ရေးနဲ့ တွဲဖက်လုပ်ကိုင်နေတာဖြစ်ပြီး မူးယစ်ရာဇာ ပါရန်ဒါမန်ကတော့ ကပူးရ်အတွက် အလုပ်လုပ်ပေးနေတဲ့ ဒုစရိုက်လောကသားပဲဖြစ်ပါတယ်။သူတို့တွေရဲ့ တရားမဝင်လုပ်ဆောင်မှုတွေကို အာဂီလန်က ထိန်းချုပ်ပေးနေတာပါ။ ဒီလိုမျိုး အာဂီလန်ကချုပ်ကိုင်ထားတဲ့အတွက် ဘယ်အရာကမှ ဝင်စွက်ဖက်လို့မရပါဘူး။ ဒါပေမဲ့ "မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ"ဆိုတဲ့အတိုင်း လိမ်လည်လှည့်ဖြားမှုတွေ တစ်စတစ်စပေါ်လာတဲ့အခါမှာတော့...အာဂီလန်ဘယ်လိုတွေဆက်လုပ်မလဲ။ ဘယ်လိုမျိုးစိတ်ဝင်စားစရာဇာတ်ကြောင်းတွေ ထွက်ပေါ်လာဦးမလဲဆိုတာကို အက်ရှင်အကြမ်းစားတွေနဲ့ စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…2.23GB / 1.14 GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Agilan (2023)
2023
8.0
Top Gear (2022)
Top Gear (2022) IMDb 8.3/10 Top Gear တဲ့။ ဇာတ်ကားနာမည်ကြည့်လိုက်တာနဲ့ ကားတစီးနဲ့ ပတ်ကြမ်းတာမျိုးဖြစ်မှာပဲလို့ တွေးမိလိုက်တယ်မလား။ ဟုတ်ပါတယ် ခုတင်ဆက်ပေးမဲ့ ဇာတ်ကားက... မူးယစ်ရာဇာ စစ်ဒါးသ်ဆိုတဲ့ လူက မွမ်ဘိုင်းကနေ လစ်ထွက်ပြီး ဟိုက်ဒရာဘတ်ကနေ စင်ကာပူကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့အချိန်။ကျွန်တော်တို့ ဇာတ်လိုက်ကျော် အာဂျွန်က ခုမှ ပူပူနွေးနွေး အိမ်ထောင်ကျပြီးကာစ၊သူက တက္ကစီဒရိုက်ဘာ၊ မင်း ဘွဲ့ရပြီးသားကို ဘာလို့ တက္ကစီဆွဲစားနေတာလဲဆိုတော့ ကျွန်တော့်မိန်းမကို ကားစီးစေချင်လို့၊ ရတဲ့ဘွဲ့နဲ့ အလုပ်ဝင်လုပ်ရင် ဆိုင်ကယ်နားတောင် ကပ်နိုင်မှာမဟုတ်ဘူး တဲ့၊မိန်းမကို အဲ့လောက်ချစ်တာ၊ တရက် တက္ကစီဆွဲပြီး အိမ်ပြန်တဲ့လမ်းမှာ လမ်းကြုံတယ်ဆိုပြီး လူ၂ယောက် တင်ခေါ်လာရာကနေအစ၊ အဲဒီလူ၂ယောက်က မူးယစ်ဂိုဏ်းနဲ့ပက်သတ်နေပြီး သူ့အကြောင်းကလည်း လမ်းမှာ ပြောထားဆိုထားတာ သိနေတော့ သူ့ဇနီးချောလေးကို ပြန်ပေးဆွဲပြီး သူတို့ ပြောတာ လုပ်ခိုင်းပါရော၊နောက်ခံတီးလုံးတွေရော သီချင်းတွေရောက ရေလည်မိုက်ပြီး ဇာတ်လမ်းကရော မိတ်ဆွေတို့ကို ပျင်းစေမှာမဟုတ်ဘူးဆိုတာ လက်တို့ရင်း ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ (အညွှန်းကို chiclon3 မှရေးထားပြီး chiclon3 & Bpl & Yunni ...
movie
Top Gear (2022)
2022
7.6
Soppana Sundari (2023)
Soppana Sundari 2023 IMDb - 7.8/10တေလဂူး မင်းသမီးချော Aishwarya Rajesh က မိသားစုအပေါ်သိတတ်တဲ့ အဂါလယာအဖြစ် အဓိကပါ၀င်ထားပြီး ဟာသမြိုင်မြိုင်ဆိုင်ဆိုင်လေးနဲ့ ပဋိပက္ခတသီတသန်းနဲ့ ကြည့်ရှူရမယ့် တေလဂူးဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ကြတဲ့ အဂါလယာတို့မိသားစုဟာ ကံကောင်းထောက်မစွာနဲ့ စိန်ရွှေရတနာဆိုင်ကနေကျင်းပတဲ့ ကံစမ်းမဲပွဲမှာ ကံထူးရှင်ဖြစ်သွားပါတယ်။ ကံထူးရှင်ဖြစ်လို့ နောင်ရေးအတွက်တွေးရင်း ပျော်မယ်ကြံခါမှ ပဋိပက္ခတွေတစ်ခုပြီး တစ်ခုဖြစ်ရင်း ကြာကြာမပျော်နိုင်ခဲ့ကြပါဘူး။ဒီလိုနဲ့ ကံထူးရှင်အစစ်က ငါပါ နင်ပါ...ဆိုပြီးတော့ မဆိုင်တဲ့သူတွေပါ ဆုတွေငမ်းငမ်းတက် လိုချင်လာကြတဲ့ချိန်မှာတော့... အဂါလယာဟာဆုကိုလက်လွှတ်ပေးလိုက်မှာလား...သူကရော ကံထူးရှင်အစစ်လားဆိုတာကို အဖြေရှာရင်း လူ့ဘောင်လူ့ဘဝမှာကြုံတွေ့ရတတ်တဲ့ ကိစ္စအဝဝကို တွေ့မြင်ရမှာဖြစ်ပါတယ်။ File size…2.5GB / 986MB Quality…1080p WEBDL / 720p pFormat…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin ~Nyein~BpL~Cherry
movie
Soppana Sundari (2023)
2023
6.8
Waltair Veerayya (2023)
Waltair Veerayya (2023) Action, Drama IMDb 6.8/10 (5.6K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘိုင်ရာဗာမင်းသားရဲ့အဖေ မင်းသားကြီး ချီရန်ဂျီဗီးနဲ့ မင်းသားကြီး ရဗီတေဂျားတို့ရဲ့အက်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။ မင်းသမီးချောလေး ရှရူတီးဟာစန်းကလည်း ကမ်းကုန်အောင် လှပပေးထားပါတယ်နော်။ဒီဇာတ်ကားမှာ ဘတ်ဂျက် ရူပီကုဋေ၁၄၀သုံးခဲ့ပြီး ၂၃၃.၀၅ကုဋေပြန်ရခဲ့ပါတယ်။ဇာတ်လမ်းကိုပြောရမယ်ဆိုရင်... RAW အဖွဲ့ဟာ နိုင်ငံတကာရာဇဝတ်သားကို အိန္ဒိယဖမ်းခေါ်လာနေတုန်း လမ်းမှာ လေယာဥ်ပျက်ကျခဲ့ပြီး အဲ့ဒီရာဇဝတ်သားကို ရဲစခန်းမှာ တစ်ညသိပ်ဖို့ဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီရဲစခန်းဟာ ညတွင်းချင်းဝင်ဆီးခံခဲ့ရပြီး စခန်းအတွင်းက ရဲတွေအားလုံးအသတ်ခံလိုက်ရပါတယ်။ ရာဇဝတ်သားလည်း လွတ်မြောက်သွားပါတော့တယ်။ဒီအဖြစ်အပျက်ကြောင့် ရာထူးဆိုင်းငံ့ခံလိုက်ရတဲ့ ရဲအရာရှိဟာ ဒီရာဇဝတ်သားကို ဖမ်းဆီးဖို့ ခဲထားပါတော့တယ်။ ဒီလိုနဲ့ မီးကိုမီးနဲ့ငြှိမ်းဖို့ ကြိုးစားလာတဲ့အခါမှာတော့....။ ဆက်လက်ပြီး ဘာတွေဖြစ်လာဦးမလဲဆိုတာကို ဇာတ်ကားထဲမှာ ရှုစားပေးကြပါဦးနော်။ File size…4.21GB / 1.95GB Quality…1080p True WEB DL /720p Format…mp4 Duration…2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Taylor~ Yunni ~ Khin Khin
movie
Waltair Veerayya (2023)
2023
Hunt (2023)
Hunt (2023)=============မကြာသေးခင်မှထွက်ရှိထားပြီး Rating ကောင်းလှတဲ့ တယ်လဂူဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ပါဝင်သရုပ်ဆောင်သူအရမ်းမများပေမယ့် plot အသားပေးရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။Bromance ခိုင်မာလှတဲ့ ဟိုက်ဒရာဘတ်ရဲဌာနရဲ့ ရဲမှူးချုပ်ဖြစ်တဲ့မိုဟန်၊ ဒုတိယရဲမှူးချုပ်တွေဖြစ်တဲ့ အာဂျွန်နဲ့ အာဟန်တို့ဟာ ဌာနတစ်ခုတည်း တာဝန်ထမ်းဆောင်ပြီး သိပ်ကိုရင်းနှီးကြတဲ့မိတ်ဆွေတွေဖြစ်ပါတယ်။တစ်ရက်မှာ အာဟန်ဟာ နိုင်ငံတော်ကပေးတဲ့ ဂုဏ်ပြုဆုပေးပွဲမှာ ဆုယူပြီးမိန့်ခွန်းပြောနေတုန်း စနိုက်ပါနဲ့ လုပ်ကြံခံလိုက်ရပါတယ်။ ဒီတော့ မိတ်ဆွေနှစ်ယောက်ဖြစ်တဲ့ အာဂျွန်နဲ့မိုဟန်တို့ဟာ သူတို့မိတ်ဆွေအသတ်ခံရမှုကိုဖော်ထုတ်ဖို့ အသည်းအသန်ကြိုးစားပါတော့တယ်။ တစ်ညမှာ အာဂျွန်ဟာ အမှုမှန်ကိုဖော်ထုတ်လိုက်နိုင်ခဲ့ပေမယ့် ကားတိမ်းမှောက်မှုဖြစ်ခဲ့ပြီး အတိတ်မေ့သွားပါတော့တယ်။ဒီလိုနဲ့ အာဂျွန်တစ်ယောက်နဲ့ မိုဟန်ရဲ့ လမ်းညွှန်မှုတွေနဲ့အတူ အမှုကို အစကပြန်လိုက်ရပါတော့တယ်။ ရက်ပိုင်းအနည်းငယ်အတွင်း မွန်ဘိုင်းမြို့ကိုပြောင်းရတော့မယ့် အာဂျွန်တစ်ယောက် သူ့မိတ်ဆွေအသတ်ခံရမှုရဲ့တရားခံကို အချိန်မှီ ဖမ်းမိနိုင်ပါ့မလား။တရားခံကဘယ်သူများဖြစ်နေမလဲဆိုတာကတော့ မေးခွန်းပေါင်းများစွာနဲ့ Plot twist ကောင်းလှတဲ့ဇာတ်ကားဖြစ်တာမို့ အချိန်ပေးကြည့်ရှုရတန်မဲ့ဇာတ်ကားအဖြစ်ညွှန်ပေးလိုက်ရပါစေ။အာဂျွန်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Sudheer Babu ဖို့ ဇာတ်ကောင်သစ်ဖြစ်နေပေမယ့် ပီပြင်လှတဲ့သရုပ်ဆောင်မှုတွေကိုမြင်တွေ့ရမဲ့အပြင် ချီးကျူးမှုများစွာခံထားရတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…2.02GB/ 928MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie
Hunt (2023)
2023
8.1
Pushpa: The Rise (2021)
Pushpa : The Rise (2021) ===================== IMDB- 8.1/10ဒီဇင်ဘာလကမှ ရုံတင်ခဲ့ပေမယ့် 2021 မှာ အိန္ဒိယရဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်ပြီး ဟော့နေတဲ့ Pushpa Part1 ကို တင်ဆက်လိုက်ပါတယ်။အင်တာနက်မှာတော့ ဒီနေ့မှ ပူပူနွေးနွေး ထွက်ရှိလာခဲ့တာပါ။နာမည်ကြီး မင်းသား Allu Arjun ပါ၀င်သရုပ်ဆောင်ထားပြီး မင်းသမီးချော Rashmika Mandanna ကလည်း ပါ၀င်အားဖြည့်ထားပါသေးတယ်။သာမန်ဆင်းရဲသား ကြုံရာကျပန်း လုပ်တတ်တဲ့ ပွတ်ရှ်ပါ ဟာ ဆင်းရဲသလောက် မာနကြီးသလိုဘုဘောက်လည်းကျပါတယ်။ တစ်ခွန်းတည်းစာဖွဲ့ရရင် လူ့ဂွစာပေါ့ဗျာ။ ကိုယ်မှန်တယ်ထင်ရင်ဘာကိုမှ အလျှော့မပေးတတ်သလို အမျှော်အမြင်လည်း အတော်ကြီးရှာတယ်။အဲ့လိုလူတစ်ယောက်က အလွန်ရှားပါးသော သစ်တစ်မျိုးဖြစ်တဲ့ အနီရောင်စန္ဒကူးပင်ကိုမှော်ခိုရောင်း၀ယ်ကူးလူးတဲ့ ဂိုဏ်းနဲ့ ချိတ်ဆက်မိသွားရာကCM ပရိသတ်ကြီးတို့ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ဒီကားကို ဝေဖန်ရေးဆရာများက ချီးကျုးထားကြပြီးအထူးသဖြင့် မင်းသား Allu ရဲ့ ကာရိုက်တာဇာတ်ရုပ်အား ပီပြင်စွာသရုပ်ဖော်နိုင်ခြင်းကို အထူးသဘောကျနှစ်သက်နေကြပါတယ်။Box Office မှာလည်း ၀ငျငွေများစွာ ...
movie
Pushpa: The Rise (2021)
2021
4K HEVC Web-DL
7.7
Repeat (2022)
Repeat 2022Crime/Thriller/Mystery (IMDb-7.8/10)တစ်ညမှာ ရဲစခန်းကို မူးပြီး စာရေးဆရာတစ်ယောက်ရောက်လာတယ်။ သူ့ဝတ္ထုထဲက ဇာတ်ကောင်က သူ့ကိုခြိမ်းခြောက်နေလို့တဲ့လေ။ မယုံကြည်နိုင်ဖြစ်နေတဲ့ ရဲတွေကြုံလိုက်ရတာက သူ့ဝတ္ထုထဲကနဲ့ တစ်ပုံစံတည်းတူတဲ့ ပြန်ပေးဆွဲ/ လူသတ်မှုတစ်ခု။ပြန်ပေးဆွဲခံရတဲ့ ပူဂျာဆိုတဲ့ မိန်းကလေးကလည်း ရဲချုပ်ရဲ့သမီးဖြစ်နေပြီး၊ ရွေးကောက်ပွဲမတိုင်ခင် ကာလဖြစ်တာမို့ ဒီအမှုဟာ ဟိုးလေးတကျော်ကျော်ဖြစ်လာတော့တာပေါ့။ဒါဟာတကယ်ပဲ Parallel universe တွေထဲကလို စာရေးဆရာဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့မှုခင်းလား။ ဒါဆိုရင် ပျောက်ဆုံးနေတဲ့ ပူဂျာကရော အဲဒီဇာတ်လမ်းနဲ့ဘယ်လိုပတ်သတ်နေတာလဲ။ တရားခံအစစ်ကဘယ်သူလဲ၊ ဒီမေးခွန်းတွေကို အဖြေရှာဖို့ ရောက်လာတဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်။ အဓိကဇာတ်ဆောင်အနေနဲ့ Naveen Chandra ကနေပြီး ပါဝင်ထားပါသေးတယ်။မဖြေရှင်းနိုင်တဲ့ရှုပ်ထွေးမှုတွေကြားက သဲလွန်စတွေကို တစ်စချင်းဆွဲထုတ်ရင်း ရင်တထိတ်ထိတ်ကြည့်ရမယ့် ရုပ်ရှင်မျိုးမို့ ခုပဲ Channel Myanmar မှာ ရှူစားလိုက်ပါတော့ခင်ဗျာ။ File size…1.9GB / 900MB Quality…1080p WEB DL HQ /720p Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko ~ BpL ~HayMan~OeliuJ~Yunni
movie
Repeat (2022)
2022
8.9
Jothi (2022)
IMDb 9.1/10 ရထားတဲ့ တမီးလ်ကားကောင်း Thriller ကားသစ် လေးလာပါပြီ ကမ္ဘာတစ်ဝှမ်းမှာ ကလေးပျောက် ကလေးလူကုန်ကူးခံရမှုတွေ များလာခြင်းမှာ ဂျိုသီတိုမြိုလေးလည်း ခြွင်းချက်မရှိခဲ့ပါဘူး ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဂျိုသီက သူမွေးဖွားလာမယ့် ကလေးလေး မတော်တဆ ပြန်ပေးဆွဲခံရရင် ဘယ်လိုလုပ်မလဲလို တွေးပူနေတဲ့မိခင်တစ်ယောက်ဖြစ်နေရာကနေ သူယောကျ်ားဆရာဝန်ဖြစ်သူ အဝေးကို အလုပ်ကိစ္စနဲ့သွားရချိန် တစ်ယောက်တည်းရှိနေတဲ့အချိန်မှာ သူစိတ်ပူခဲ့တဲ့အတိုင်းထက်အလွန် မွေးတောင်မမွေးရသေးတဲ့ကလေးကို အတင်းအကြပ် ဗိုက်ဖွင့်ပြီး ထုတ်ယူပြန်ပေးဆွဲတာကိုခံလိုက်ရပါတယ်ညကြီးမိုးချုပ် မိုးကာဝတ်ပြီး ပညာသည်တစ်ယောက်ရဲ့ လက်ရာအတိုင် း သေသပ်စွာ ဗိုက်ခွဲထုတ်ယူကလေးမွေးပြီး လျှိဝှက်စွာလာရောက် ပြန်ပေးဆွဲသွားတဲ့ တရားခံက ဘယ်သူလဲဆိုတာကို မြိုနယ်ရဲမှူး ရှက်သီနဲ့အဖွဲ အပြင်းအထန်ထုတ်ဖော်ကြရတော့တယ် စစ်ဆေးချက်တွေ သက်သေတွေ မှတ်တမ်းတွေအရ တရားခံဖြစ်နိုင်တဲ့ သံသယရှိသူတွေကို လိုက်ရှာရင်း သံသယရှိသူအရေအတွက်များလာတဲ့အခါ ရဲမှူးရှက်သီရဲ့ မာနကို ထိခိုက်လာသလိုဖြစ်လာတယ်တရားခံသံသယရှိသူတွေရော ဘယ်နှယောက်တိုးလာပြီး တရားခံအစစ်ကဘယ်သူလဲ ရဲမှူးဖြစ်သူရဲ့ မာနထိခိုက်ခံရမှုကို ရဲမှူးက တရားခံကို ဖမ်းပြပြီး အစွမ်းပြနိုင်မှာလား စတာတွေကို အတော်လေး စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ Run time လည်း သိပ်မကြာတဲ့အပြင် လူအင်အားများများနဲ့ ခပ်သွက်သွက်လေး ရိုက်ကူးတင်ဆက်ထားတာမို ကြည့်ရတာ တော်တော်မြိုင်ပါတယ် တချိုအပိုင်းလေးတွေတော့ သွေးထွက်သံယိုလေးတွေရှိလို သက်ဆိုင်သူများ သတိထားကြည့်ရင် အဆင်ပြေပါလိမ့်မယ် File size…5.68GB / 1.76GB / 854MB Quality…4k UHD ...
movie
Jothi (2022)
2022
4K HEVC Web-DL
7.8
Dejavu (2022)
Dejavu (2022) Thriller IMDb 7.8/10ဒီဇာတ်ကားကတော့ တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းပြီး အတွေးတွေဝေစေမယ့်တမီလ်ရုပ်ရှင်ကားတစ်ကားဖြစ်ပီး... လတ်တလောထွက်ထားတဲ့ D-Block ထဲကမင်းသားကို ခပ်မိုက်မိုက် ရဲတစ်ယောက်အဖြစ်တွေ့မြင်ရမှာပါဇာတ်လမ်းအကျဉ်း တစ်ည ရဲစခန်းကို လူတစ်ယောက်ရောက်လာပြီး တိုင်ချက်လာဖွင့်ပါတယ် အကြောင်းရင်းက သူဟာ စာရေးဆရာတစ်ယောက်ဖြစ်ပြီး သူ့ဇာတ်လမ်းထဲကဇာတ်ကောင်တွေက သူ့ကိုဖုန်းဆက်ခြိမ်းခြောက်နေလို့ ရဲစောင့်ထားပေးပါလို့ လာတောင်းဆိုတာဖြစ်ပါတယ်လူကလည်းမူးနေတော့ ရဲတွေက ဒီလူမူးနေလို့ ရစ်တာပါဆိုပြီး ထင်မြင်ချက်ပေးပြီး ပြန်လွှတ်လိုက်တယ် အဲ့ဒီနေ့ညမှာပဲ ကောင်မလေးတစ်ယောက်ပျောက်သွားခဲ့ပါတယ်...ကောင်မလေးက မပျောက်ခင်မှာ ရဲထိန်းချုပ်ခန်းဆီ ဖုန်းဆက်ပြီး ဒီစာရေးဆရာနာမည်ကိုပြောသွားခဲ့ပါတယ်...မနက်စာရေးဆရာအိမ်ကို သွားစုံစမ်းတော့ တကယ်ပဲ သူရေးလက်စဇာတ်လမ်းက အပြင်ကဖြစ်ပျက်ပုံနဲ့ တထေရာတည်းတူနေတဲ့အခါ...ရှေ့ဆက်စိတ်ဝင်စားစရာ ဇာတ်လမ်းအချိုးအကွေ့တွေကို ဘယ်လိုအကြောင်းရင်းတွေနဲ့ ကြုံရမလဲဆိုတာကိုတော့ ပိတ်ကားပြင်ထက်မှာပဲ ဆက်လက်ရှုစားပေးကြပါ... File size…1.8GB / 845MB Quality…1080p True WEB DL AAC5.1CH / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Thet Ko & Lwin Htoo Aung
movie
Dejavu (2022)
2022
8.2
Hero (2022)
Hero (2022)IMDb-8.2/10အာဂျွန်ဆိုတဲ့လူငယ်လေးတစ်ယောက်က ဇာတ်လိုက်မင်းသား(ဟီးရိုး) ဖြစ်ဖို့အိမ်မက်တွေနဲ့ပြည့်နေတဲ့လူငယ်လေးတစ်ယောက်ပေါ့ အာဂျွန်နဲ့ ဆာ့ဘူတို့က ချစ်သူတွေပါဆလင်းဘိုင်ဆိုတဲ့ လူဆိုးဂိုဏ်းချုပ်ကြီးဟာ တစ်နေ့မှာ ရဲတစ်ယောက်ကို ရှေးဟောင်းသေနတ်တစ်လက်နဲ့ပစ်သတ်လိုက်ပြီး အဲ့ဒီသေနတ်ကို ဟိုင်ဒရာဘတ်မြို့ထဲက သူ့ရဲ့ကျေးစားလူသတ်သမား တစ်ယောက်ဆီကိုပို့ပေးလိုက်တယ်။ သူ့ရဲ့ရန်သူတော်ကြီးတစ်ယောက်ကို သတ်ခိုင်းဖို့ပေါ့။တစ်ချိန်တည်းမှာပဲ လှချင်ခန့်ချင်တဲ့ အာဂျွန်တစ်ယောက်က ဆံပင်ကျွတ်နေလို့ တီဗီမှာတွေ့တဲ့ဆံပင်ခေါင်းလိမ်းဆီကို အွန်လိုင်းကနေမှာလိုက်ရာကနေ သူ့အိမ်ရောက်လာတဲ့ပါဆယ်ထုပ်ထဲမှာကခေါင်းလိမ်းဆီမဟုတ်ဘဲ အဲ့ဒီရှေးဟောင်းသေနတ်ဖြစ်နေခဲ့ပါတယ်။ ကဲ အာဂျွန်တစ်ယောက်အဲ့ဒီသေနတ်တစ်လက်နဲ့ဘယ်လိုပြဿနာတွေရင်ဆိုင်ရဦး မလဲ။ သူ့သမီးနဲ့ကန့်ကွက်နေတဲ့လျှို့ဝှက်တဲ့ အာဂျွန့်ယောက္ခမကြီး ကကော ဒီအမှုအခင်းတွေနဲ့ ဘယ်လိုပတ်သတ်မှုရှိနေမလဲ။IMDb Rating 8.2/10 ရထားတဲ့ ဟာသ စွန့်စားခန်း ဇာတ်ကားကောင်းလေးမလို့လက်မလွတ်တမ်းကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ် File size…3.06GB / 1.4GB / 500MB Quality…1080p WEBDL AAC 5.1CH / 720p / 360p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & HM & Eliza
movie
Hero (2022)
2022
6.3
Chalo(2018)
Chalo (2018) -------------2018ခုနှစ်မှာ ထွက်ခဲ့တဲ့ ဒီရုပ်ရှင်လေးကImdb 6.3 / 10 User 1.1kနဲ့ အတော်လေးratingမြင့်ပြီး မင်းသမီး Rashmika ပါနေတာကြောင့််တင်ဆက်ပေးလိုက်ပါတယ်....ဇာတ်လမ်းအကျဉ်းဒီဇာတ်ကားလေးကတော့ ရွာနှစ်ခြမ်းကွဲနေတဲ့ တေလဂူဘက်နဲ့ တမီလ်ဘက်က ပဋိပက္ခလေးတွေကိုဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ကားလေး ဖြစ်ပါတယ်ဟရီဆိုတဲ့ ရန်ဖြစ်ရတာကို ဝါသနာပါနေတဲ့သူကိုမှ စည်းကျော်ရင် သတ်မယ်ဆိုပြီးအမြဲရန်ဖြစ်နေတဲ့ ရွာကိုကောလိပ်တက်ဖို့ မိဘတွေက ပို့လိုက်ပါတယ်ဟရီတစ်ယောက် ရန်မဖြစ်ပဲ ကောလိပ်မှာ ဖူးစာရှင်လေးနဲ့ဆုံသွားခဲ့ပေမယ့်တစ်ယောက်ကတမီလ် တစ်ယောက်တေလဂူဖြစ်နေတော့ ပေါင်းဖက်ဖို့က ရွာနှစ်ခြမ်းပြန်ပေါင်းမှ ဖြစ်နိုင်မှာကိုသိသွားတဲ့အခါဒီရွာနှစ်ခြမ်းက ဘယ်လိုအကြောင်းကြောင့် သွေးကွဲသွားရတာလဲဟရီတစ်ယောက် သူရဲ့အချစ်အတွက် နှစ်ပေါင်းများစွာ မတည့်ခဲ့တဲ့ဒီနှစ်ရွာကို ဘယ်လိုပြန်ပေါင်းမလဲဆိုတာကိုဆက်လက်ကြည့်ရှုပေးပါဦးရှင်... File size…2.2Gb / 1.1GB / 643MB Quality…1080p HD RIP 5.1Ch / 720p / 480p Format…Mp4 Duration….2h 25mins Subtitle….Myanmar Subtitle ( Hard Sub) Encoder….YK Translated by Ida
movie
Chalo(2018)
6.9
Bheeshma (2020)
ဒီကားထဲက မင်းသား Nithiinကို အိန္ဒိဇာတ်ကားချစ်သူတွေ သိပ်မသိလောက်ပေမယ့် အပြုံးလှလှပိုင်ရှင်လေးဖြစ်တဲ့မင်းသမီးချောလေး Rashmika Mandanna ရဲ့ ဇာတ်ကားမို့ ကြည့်စေချင်တဲ့ စေတနာနဲ့ ဘာသာပြန် တင်ဆက်လိုက်တာပါ။မူရင်း အင်္ဂလိပ်စာဖိုင်မှာ အင်္ဂလိပ်လိုပြောတဲ့နေရာတွေမှာ စာမပါတဲ့အတွက် အတတ်နိုင်ဆုံး နားထောင်ပြီး အပြည့်စုံဆုံးဖြစ်အောင် ကြိုးစားပေးလိုက်တာပါ။ဇာတ်ကားအကြောင်း နည်းနည်းပြောရမယ်ဆိုရင်... ရုတ်တရတ်ကြည့်ရင်တော့ ဒီဇာတ်ကားကဝန်ကြီးချုပ်မင်းသားလို့ခေါ်တဲ့ Mahesh Babu ရဲ့ ဝန်ကြီးချုပ်ဇာတ်ကား(Bharat Ane Nenu)နဲ့ Maharshi ဇာတ်ကားကိုinspiration ယူပြီး ရိုက်ကူးထားတယ်လို့တောင် ထင်ချင်စရာပါပဲ။ဒါပေမယ့်လည်း ကွဲလွဲနေတာတွေတော့ အများကြီးရှိပါတယ်။ဒီကားထဲကမင်းသားဟာ တေလေဂျပိုး ၊ ကောလိပ်ကနေ အထုတ်ခံလိုက်ရတဲ့သူ။ဘ၀မှာ ကံဆိုးတတ်သူမို့ ဂေါ်မစွံလူပျိုဘ၀နဲ့ သူပြောတဲ့စကားထဲကလို IAS (I Am Single) ဖြစ်နေသူ။မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲပါတယ်ဆိုပြီး ရဲစခန်းရောက်အပြစ်တွေကို အေစီပီအရာရှိလက်အောက်မှာ ဆေးကြောရင်း အေစီပီ့သမီးကိုချစ်ကြိုက်မိရာကနေ သူ့ဘ၀ ပြောင်းလဲလာတယ်လို့ ဆိုရမှာပါပဲ။ဘာတွေ ဘယ်လိုပြောင်းလဲမလဲဆိုတာကတော့ ကိုယ့်ဘာသာ ခံစားလိုက်ပါတော့။ဒီကားထဲမှာ ...
movie
Bheeshma (2020)
2020
7.1
Viswasam (2019)
Genre - Drama/Mystery IMDb Rating - 7.1/10 Google user - 88%တမီးလ်မင်းသားကြီး အာဂျီးကူးမားရဲ့ ယခုနှစ်မှာရုံတင်သွားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။မတင်တော့ဘူးလို့ ထားပေမဲ့ တောင်းဆိုသူတွေလည်းရှိနေတာမို့ တင်ဆက်ပေးလိုက်တာပါ။ဇာတ်လမ်းအကျဉ်း --------------------------သူကူးဒူရိုင်းဆိုတဲ့ လူလတ်ပိုင်းတစ်ယောက်...လူရမ်းကားကြီးတော့ မဟုတ်ရှာ။ဒါပေမဲ့ အားလုံးက ကြောက်ချစ်ရိုသေရသူပေါ့။ရွာဘုရားပွဲမှာလည်း သူအစီအစဉ် ချပေးမှ...ရွာသားတွေ အပေါ်လည်း ဩဇာညောင်းချက်ကနှစ်ယောက် မရှိ။ဘုရားပွဲကာလ ကျရောက်လာတော့....သူ့ဇနီးကို သွားခေါ်ဖို့ ပတ်ဝန်းကျင်က တိုက်တွန်းလာကြတယ်။"တချိန်က နင်တို့အတူ ဘုရားပွဲမှာ ပျော်ရွှင်ခဲ့ကြသလိုခုနေ ငါ မသေခင် မြင်သွားခဲ့ချင်သေးတယ်" တဲ့။သူ့အဖွားက ပြောရှာတယ်။မျက်နှာကိုသာ ပြုံးထားရတာရင်ထဲမှာတော့ မိုးတွေ ထစ်ချုန်းနေတာကို.. သူ ကိုယ်တိုင်ပဲ သိပါတယ်။နေရာဒေသတစ်ခုကို ခရီးထွက်ဖို့ ယူစရာတွေ လိုပေမဲ့အတိတ်ကအချိန်ကို ခရီးထွက်ဖို့တော့ ရင်ဘတ်တစ်ခုရှိရင် ရတယ်မဟုတ်လား။ရင်ထဲ ပူမိသမျှကို လူသိခံရမှာလည်း ခက်ပါရဲ့။တချိန်က ရပ်ရွာကို လာပြီး အခမဲ့ဆေးကုခန်းလေးလာဖွင့်ခဲ့တဲ့ အရမ်းလှတဲ့ ဆရာဝန်မလေး။ရပ်ရွာကို လာပြီး ဆေးကုခန်းလေး လာဖွင့်ခဲ့တာကသူကူးဒူရိုင်းရဲ့ ...
movie
Viswasam (2019)
2019
6.4
Kabali ( 2016 )
ခပ်ကြမ်းကြမ်းအက်ရှင်ကားတွေကြိုက်နှစ်သက်သူတွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်..IMDb ကတော့ 6.4 ပဲဖြစ်ပါတယ်သူ့နာမည်က ကာဘာလီ..လူတိုင်းလေးစားရတဲ့သူတစ်ဦး...ဂိုဏ်းစတားတစ်ဦးလည်းဖြစ်ပြန်တယ်..သူဟာ လူအများကြီးရုန်းရင်းဆန်ခတ် ဖြစ်တဲ့နေရာမှာ မတရားစွပ်စွဲခံရပြီးထောင်ဒဏ် ၂၅ နှစ်တိတိချမှတ်ခြင်းခံခဲ့ရတယ်သူ့မိသားစုတစုလုံးဟာလည်း..အဲ့ရုန်းရင်းဆန်ခတ်ဖြစ်တဲ့နေရာမှာအကုန်လုံးသေဆုံးခဲ့တယ်..လူမသေပေမယ့် ဘ၀သေသွားတဲ့ကာဘာလီ..ကံကောင်းထောက်မစွာနဲ့ ပြန်လွတ်လာတဲ့အခါမှာသူချစ်ရတဲ့မိသားစု..အတွက်..သူ့ကိုမကောင်းကြံခဲ့တဲ့သူတွေကိုပြန်လည်ရှာဖွေရေးစတင်ပါတော့တယ်..ဒီလိုနဲ့နောက်ကွယ်က အဖွဲ့အစည်းကြီးတခုနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့............... Subtitle Credit to Somonlian ( Subscene )
movie
Kabali ( 2016 )
2016
7.4
Maayavan (2017)
အင်စပက်တာ ကုမုရာဆိုသူဟာ တစ်နေ့ မှာ သူခိုးတစ်ယောက်ကို လိုက်ဖမ်းရင်း လူသတ်မှုတစ်ခုနဲ့ အမှတ်မထင် ကြုံလိုက်ရပါတယ်အမျိုးသမီးတစ်ယောက်ကို လူတစ်ယောက်က ရက်ရက်စက်စက် သတ်နေတာဖြစ်ပါတယ်အဲ့ဒီလူကို လိုက်ဖမ်းရင်း သူသေကိုယ်သေ ဖိုက်ကြရင်း လူသတ်သမားလည်း သေ. . .ကုမုရာလည်း ဆေးရုံမှာ သုံးလလောက် ကုသမှုခံယူလိုက်ရပါတယ်ဆေးရုံကဆင်းပြီး တာဝန်ပြန်ထမ်းဆောင်တော့ ဒုတိယလူသတ်မှုနဲ့ ကြုံရပြန်ပါတယ်နာမည်ကျော်မင်းသမီး သေဆုံးမှုဖြစ်ပြီး အသတ်ခံရသူရဲ့ လက္ခဏာနဲ့ သေဆုံးပုံက ပထမလူသတ်မှုနဲ့ ဆင်တူနေပါတယ်မင်းသမီးနဲ့ တရင်းတနှီးနေတဲ့ မိတ်ကပ်ဆရာကို မသင်္ကာလို့ အိမ်လိုက်သွားပြီး စစ်မေးတဲ့အခါ မိတ်ကပ်ဆရာဟာ အခုတလော ထူးဆန်းတဲ့ အမူအကျင့်တွေ ပြုမူနေကြောင်း သိရပြီးအမှုဟာ ထင်တာထက် ပိုရှုပ်ထွေးလာခဲ့ပါတယ်ဒီကားဟာအိန္ဒိယတောင်ပိုင်းကားတစ်ကားအနေနဲ့ ထူးခြားတဲ့ သိပ္ပံကားတစ်ကားဖြစ်ပြီးတာမီးလ်မင်းသား Sundeep Kishan နဲ့  ဘောလိဝုဒ်မင်းသားကြီး Jackie Shroff တို့ အပြိုင်ကြဲထားတဲ့ Thrillor ကားကောင်း တစ်ကားဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ကိုမြင့်သူပါ) File Size : ...
movie
Maayavan (2017)
2017