Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Miloš Biković
6.2
Hotel Belgrade (2020)
ဒီဇာတ်လမ်းလေးကတော့ ၂၀၂၀ ပြည့်နှစ်ကထွက်ရှိခဲ့တဲ့ ရုရှား-ဆာဘီးယန်း အချစ်/ဟာသ ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ပါဗန်က ချမ်းသာတဲ့သူဌေးတစ်ယောက်ဖြစ်ပြီး ဘဲလ်ဂရိတ်မြို့လယ်ခေါင်မှာ ခမ်းနားထည်ဝါလှတဲ့ ဟိုတယ်တစ်လုံးကိုပိုင်ထားသူပါ။ သူက တစ်နေ့မှာ လူမိုက်ခေါင်းဆောင်တစ်ယောက်နဲ့ ပြဿနာတက်ရာကနေ အဲ့ဒီလူရဲ့ သမီးက သူ့ကိုတစ်ဖက်သတ်ချစ်ကြိုက်စွဲလန်းနေသူတစ်ယောက်ဖြစ်နေတော့ ပြဿနာကိုလည်း မဖြေရှင်းနိုင်တဲ့ပါဗန်တစ်ယောက် လူမိုက်ခေါင်းဆောင်ရဲ့သမီးကို လက်ထပ်ဖို့ဖြစ်လာပါတော့တယ်။ မင်္ဂလာပွဲအတွက် ပြင်ဆင်နေစဉ်မှာပဲ ပါဗန်ရဲ့တစ်ချိန်က အဆက်ဟောင်းက သူ့ဟိုတယ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပါ။အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:46:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw
movie
Hotel Belgrade (2020)
7.9
South Wind (2018)
ဆားဘီးယား စကားပြော crime/thriller ကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်IMDb 7.9 အထိရထားပြီး ဥရောပဖလင်တွေရဲ့ ထုံးစံအတိုင်း အပိုစာသားသိပ်မပါပဲ လက်တွေ့ အဆန်ဆုံးဖြစ်အောင် ရိုက်ကူးထားတဲ့ ခပ်ကြမ်းကြမ်း ဇာတ်လမ်းမျိုးပါဇာတ်လမ်းကတော့ ပီတာမာရက်ရှ်ဆိုတဲ့ လူငယ်တစ်ယောက်က ဆားဘီးယားနိုင်ငံ ဘဲဂရိတ်ရဲ့ မြေအောက်ဂိုဏ်းတစ်ခုမှာ အလုပ်လုပ်ပြီး အတူနေချစ်သူ ဆိုဖီယာနဲ့ နေထိုင်ပါတယ်စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တတ်တဲ့ အဖေဖြစ်သူရဲ့လက်အောက်မှာ ကြီးပြင်းလာရပြီး ညီအစ်ကိုလို ခင်တဲ့ ဂိုဏ်းခေါင်းဆောင် Tsar နဲ့ သူ့ရဲ့ ဘော်ဒါတွေကပဲ သူ့ဘဝမှာ မိသားစုဝင်လို ဖြစ်ခဲ့ပါတယ် တနေ့မှာ မာစီးဒီးကားတစ်စီးကို ခိုးရာကနေ မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ယောက်နဲ့ သွားငြိပါတယ်...သာမန်ကိစ္စလေးကနေ သပွတ်အူလို ရှုပ်ထွေးနက်နဲတဲ့ ထောင်ချောက်ထဲကို ရောက်သွားပြီး သူချစ်တဲ့သူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတဲ့အခါ လက်မရွံ့တမ်း ဘယ်လိုရင်ဆိုင် ဖြေရှင်းသွားမလဲ စိတ်ဝင်တစားကြည့်ရှုရမှာပါ File size…(2.1 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:10:00 Genre...Crime, Drama, ...
movie
South Wind (2018)
5.5
Beyond the Edge (2018)
မိုက်ကယ်ဆိုတဲ့ လူတစ်ယောက်ကသူများတွေမသိအောင် အကွက်တွေရွှေ့ပြီးလိမ်လည်လှည့်ဖျားပြီး ပိုက်ဆံတွေရအောင်လုပ်နေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ အခုလဲ ကာစီနိုတစ်ခုဆီက ပိုက်ဆံအများကြီးရဖို့အတွက် အဲ့ဒီကာစီနိုမှာ အလုပ်သမားအနေနဲ့သုံးလလောက်ဝင်လုပ်ခဲ့ပြီး အချိန်ကျလာတဲ့အခါမှာတော့ သူ့ရဲ့မဟာအစီအစဉ်ကြီးကို အကောင်အထည်ဖော်ခဲ့ပါတော့တယ်။ အားလုံးအဆင်ပြေ ချောမွေ့နေပြီးနောက်ဆုံးကျမှပဲ ပါးစပ်နားရောက်နေတဲ့ ထမင်းလုတ်ပုတ်ချခံရသလို သူ့ပိုက်ဆံတွေအားလုံးလဲ တခြားသူတစ်ယောက်ဆီပါသွားပါတော့တယ်။အဲ့ဒီအပြင်ကိုမှ သူ့အကြောင်းကိုသိသွားတဲ့ ကာစီနိုပိုင်ရှင်ကလဲ နရင်းတွေအုပ်ပြီးတော့ သူဆုံးရှုံးခဲ့ရတဲ့ပိုက်ဆံ ငါးသန်းကိုတစ်ပတ်အတွင်းပြန်တောင်းပါတော့တယ်။ ဒီလိုနဲ့ အစီအစဉ်တွေသေချာချပြီး လုပ်ခဲ့တဲ့မိုက်ကယ်တစ်ယောက် သူဘယ်လို သူများလှည့်စားတာခံလိုက်ရတာလဲဆိုတာကိုစုံစမ်းကြည့်တဲ့အခါမှာတော့ သွေးရိုးသားရိုးမဟုတ်ပဲ သဘာဝလွန်စွမ်းအားတွေကြောင့်ဆိုတာကိုသိခဲ့ရပါတယ်။ဒီလိုနဲ့မိုက်ကယ်လဲ တစ်ပတ်အတွင်းသူပြန်ပေးရမဲ့ ပိုက်ဆံတွေပြန်ရဖို့အတွက် အဲ့လိုမျိုးသဘာဝလွန်စွမ်းအားတွေရှိတဲ့ လူတွေနဲ့ပေါင်းပြီး အဖွဲ့တစ်ခုဖွဲ့လိုက်ပြီး ပိုက်ဆံတွေကိုပြန်ရအောင်ကြိုးစားတဲ့ပုံကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.76GB / 721MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 51m Genre ….. Action , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Beyond the Edge (2018)
6.4
Coma (2019)
Coma (2019)==========IMDb Rating - 6.4/10#Unicodeဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားကတော့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့လူတွေအတွက်Coma ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ IMDb Rating 6.4/10 ရထားပြီ ကြည့်ရှုသူအများစုကြိုက်နှစ်သက်လို့ နာမည်ရနေတဲ့ ကားလေးလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေး Review လုပ်ပေးရရင် ခန္ဓာကိုယ်က အက်စီးဒင့်တစ်ခုခုကြောင့် သတိမေ့နေတဲ့အချိန်မျိုးမှာစိတ်ကဘယ်ကိုရောက်နေကြလဲဆိုတာ ဘယ်သူမှမသိကြပါဘူး။ ဒါပေမယ့် ဒီဇာတ်ကားမှာတော့ လူကမေ့မျောနေတဲ့အချိန်မှာ စိတ်က နောက်ထပ်ကမ္ဘာတစ်ခုမှာ ရှင်သန်နေကြတဲ့အကြောင်းကိုရိုက်ပြထားတာပါ။ အဲဒီ့ Coma ဆိုတဲ့ကမ္ဘာကလက်ရှိကမ္ဘာလိုမဟုတ်ဘဲ အရာဝတ္ထုတွေကို လူတွေရဲ့စိတ်ကူးတွေနဲ့ ဖန်တီးလို့ရတဲ့ကမ္ဘာမျိုးပါ။ အဲ့ကမ္ဘာဟာ လက်တွေ့ကမ္ဘာကဲ့သလိုမဟုတ်ဘဲ ရှုပ်ထွေးမှုပေါင်းများစွာအပြင် အ ထဲကိုရောက်ရှိသွားတဲ့အခါမှာတော့ တစ်ခါမှမကြုံဖူးတဲ့အရာတွေအန္တရာယ်တွေကိုလည်း ကြုံတွေ့နိုင်ပါတယ်။ ကဲဒါဆိုရင် အဲ့ဒီ Coma ကမ္ဘာကြီးကရော ဘယ်လိုမျိုးဖြစ်လာတာလဲ.....Coma ကမ္ဘာထဲရောက်လာတဲ့ လူတွေကရော ပြန်နိုးလာကြရင် ဘယ်လိုတွေဖြစ်မလဲဆိုတာ ဒီဇာတ်ကားမှာကြည့်ရှုပေးကြပါဦး။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thingyan ပဲဖြစ်ပါတယ်။)#Zawgyiဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားကတော့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့လူတွေအတွက်Coma ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ IMDb ...
movie
Coma (2019)
2019
6.6
Balkan Line(2019)
Balkan Line(2019) (unicode)စစ်ကားကောင်းမို့ BLU-RAY 1080P5.1CH ပါပြုလုပ်ပေးထားပါတယ်... ဒီဇာတ်လမ်းက ၁၉၉၉ ခုနှစ် ဆားဘီးယား ကို ဗုံးကျဲခံရတဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပါ၊ ဗုံးကျဲမှု ဖြစ်ပွားအပြီးမှာ အယ်လ်ဘေးနီးယန်း သူပုန်တွေက ဆလာတီနာ လေဆိပ်ကို သိမ်းပိုက်ထားပါတယ်၊ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ဒေသကို ပြန်လည်ထိန်းသိမ်းဖို့အတွက် ဆာဘီးယားကို လာကြဖို့ ရှိနေတဲ့အတွက် မဟာဗျူဟာအရ အရေးပါတဲ့ အဆိုပါလေဆိပ်ကို ပြန်ပြီး ခြေကုပ်ယူနိုင်ဖို့အတွက် ရုရှားအထူးတပ်ဖွဲ့ တာဝန်ပေးခံရတဲ့အခါ ..... ပြောရရင်ဒီလိုထိန်းသိမ်းထားဖို့က ပြန်လမ်းမဲ့စစ်ဆင်ရေးလို့တောင် နာမည်ပေးလို့ရပါတယ်... ဒီလေဆိပ်ကိုကာကွယ်ဖို့ကလည်း လူနည်းစုသာ တာဝန်ပေးခံရတဲ့အပြင် အရေးပေါ် စစ်ကူပေးဖို့လည်း မလွယ်ကူပါဘူး.... လူနည်းစုဖြစ်တဲ့ အထူးတပ်ဖွဲ့လေးက ဒီလျှို့ဝှက်စစ်ဆင်ရေးကို အောင်မြင်အောင် လုပ်နိုင်ပါ့မလားဆိုတာ ရုပ်ရှင်ထဲ မှာ ဆက်လက် ကြည့်ရှုကြရအောင်ပါ .... စစ်ကားကောင်းကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးပါရစေ..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်..File Size : (2.44GB)(1.17GB) Quality : Blu-Ray 1080p ...
movie
Balkan Line(2019)
2019