Channel Myanmar

Miley Locke

A House in Jerusalem (2023) 6.9
A House in Jerusalem (2023)  ဒီတစ်ခါ cm ပရိသတ်ကြီးကို ဆယ်ကျော်သက် ဒရာမာကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးက IMDB မှာRating 6.9 အထိ ရရှိထားပြီး၂၀၂၃ ရွှေကြက်ဖရုပ်ရှင်ပွဲတော်မှာ ဆန်ကာတင်အဖြစ် ရွေးချယ်ခံခဲ့ရပါသေးတယ်။ ဒီဇာတ်ကားမှာဆိုရင် ၁၉၄၈ ခုနှစ် ဝန်းကျင် အစ္စရေး-ပါလက်စတိုင်းသမိုင်းကြောင်းဆိုင်ရာ စစ်ပွဲ မငြိမ်းချမ်းမှုတွေရဲ့ စိတ်ဒဏ်ရာတွေနဲ့ချစ်ခင်သူတွေကို ဆုံးရှုံးရတဲ့ ပူဆွေးဝမ်းနည်းမှုတွေကို တစ်စိတ်တပိုင်းဖော်ကြူးရိုက်ကူးထားတာပါ။အဓိကသရုပ်ဆောင်ဖြစ်တဲ့ ဆယ်ကျော်သက်အရွယ် မိုင်လေလော့ခ် ဟာStranger Things ထဲက နာမည်ကြီးမင်းသမီး မီလီဘရောင်းရဲ့ ဇာတ်ကောင်စရိုက်နဲ့ အတော်လေးဆင်တူတာကိုလည်း တွေ့ရပါတယ်။ဇာတ်ကားအဆုံးသတ်ဟာဆိုလည်း ထင်မထားတဲ့ အံ့ဩစရာ လှည့်ကွက်နဲ့အတူ ကြည့်ရှုသူတွေ မေးခွန်းထုတ်စရာ ပဟေဠိ အတွေးပွားစေမယ့်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်ကြောင်းကတော့....ရီဘက်ကာဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်ဟာမိခင်ဖြစ်သူကို ကားမတော်တဆမှုမှာ အသက်ဆုံးရှုံးခဲ့ရပြီး အဖိုးအမွေထားခဲ့တဲ့ ဂျေရုဆလင်မြို့က အိမ်လေးကို ဖခင်နဲ့အတူ ပြောင်းရွှေ့လာခဲ့ပါတယ်။ အဲဒီအိမ်မှာ ရီဘက်ကာ တစ်ယောက်ပဲ မြင်နိုင်တွေ့နိုင်တဲ့ သူမနဲ့ရွယ်တူ ရာရှာဆိုတဲ့ ပါလက်စတိုင်းလူမျိုး ...
movie

A House in Jerusalem (2023)