Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Milana Nagaraj
Mr. Bachelor (2023)
Mr.Bachelor (2023) "၃၁ယောက်မြောက် သတို့သမီး"ရယ်ရင်းပြုံးရင်း စိတ်အမောပြေစေဖို့ ခင်ဗျားတို့အတွက် ကန်နေဒါစကားပြော အိန္ဒိယဟာသအချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်တယ်။သူများတွေ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ ကျောင်းဆရာကြီးဖြစ်ဖို့ ငယ်ဘ၀အိပ်မက်ရှိကြချိန်မှာ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ကာသစ်ခ်အတွက်က အိမ်ထောင်ပြုဖို့။ဒီအိပ်မက်ဖြစ်တည်လာရတာလည်း အမေဖြစ်သူကြောင့်။ တစ်ရက်ထမင်းစားရင်း အမေဖြစ်သူကို ကာသစ်ခ်တစ်ယောက်မေးတာက အိမ်ထောင်ပြုတယ်ဆိုတာ ဘာလဲ အမေတဲ့။ အမေဖြစ်သူ ပြန်ဖြေတာက အိမ်ထောင်ပြုတယ်ဆိုတာ ပွဲတော်ကြီးတစ်ခုလိုပဲတဲ့၊ ပွဲတော်တွေဆိုတာ တစ်နှစ်မှတစ်ကြိမ်ပဲပျော်ရပေမဲ့ အိမ်ထောင်ရေးကတော့ နေ့တိုင်းပျော်ရွှင်မှုကိုခံစားနေရတာမျိုးတဲ့။ဒီမှာပဲ မောင်ကာသစ်ခ်တစ်ယောက် သူများတွေ ထွေထု၊ သားရေပင်ပစ်နေတဲ့အရွယ်ကတည်းက မက်လာလိုက်တဲ့အိပ်မက်ကြီးက အိမ်ထောင်ပြုဖို့။ အချိန်တန်အရွယ်ရောက်လို့ အလုပ်ကောင်းကောင်းရပြီး မိန်းမရဖို့အရေး မိဘတွေကို ပူဆာပေမဲ့ သွားတွေ့သမျှ မိန်းကလေးတိုင်းမှာ တစ်ယောက်မှအဆင်မပြေ။အကြောင်းအရင်းကို အဖြေရှာကြည့်ချိန်မှာတော့ အဘိုးဖြစ်သူရဲ့အမှားကြောင့် တိုက်ခံရတဲ့ကျိန်စာကြောင့်ပါတဲ့။ ဒီကျိန်စာကို ပျက်ပျယ်ဖို့ အိမ်ထောင်ပြုချင်သူ လူပျိုကြီးမောင်ကာသစ်ခ် အသည်းအသန်ကြိုးစားပုံကို ကြည့်ရှုခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.3GB / 1.14GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Mr. Bachelor (2023)
2023
7.2
For Regn (2024)
For Regn (2024) အချစ်နဲ့အတူIMDb - 7.9/10ကန်နာဒါစကားပြော အိန္ဒိယဟာသ အချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အရာရာနားလည်လက်ခံကြပြီး သိပ်ကိုချစ်ကြပါတယ်ဆိုတဲ့ချစ်သူတွေလည်း လက်ထပ်ခါနီးမှ သောကဝေ ဒုက္ခတွေများကြရပါတယ် အကြောင်းအရင်းကတော့ နှစ်ဖက်အသိုင်းအဝိုင်းမိဘတွေရဲ့ လွှမ်းမိုးမှုပါပဲ နှစ်ယောက်တည်းတုန်းက ညှိလွယ်ပြေလွယ်ခဲ့ကြတဲ့အရာတွေက အသိုင်းအဝိုင်းကြီးနှစ်ခုထိပ်တိုက်တွေ့တဲ့အခါ ထင်သလောက်မလွယ်တော့ပါဘူး အချစ်နဲ့ ရအောင်ကျော်ဖြတ်နိုင်ကြသူတွေ ရှိသလို ဒီနေရာမှာ အချစ်ဇာတ်လမ်းတစ်ခန်းရပ်သွားသူတွေ ဒုနဲ့ဒေးပါအာရှူနဲ့ အန်ဗီတို့က ရှေးရိုးစွဲမိသားစုတွေကြားထဲကနေမှ ဆွေမျိုးမိဘတွေ မသိအောင် အတူပေါင်းသင်းနေထိုင်နေကြတဲ့ လူငယ်စုံတွဲလေး။ ဒီကြားထဲမှာ ဆွေမျိုးမိဘတွေကြောင့်ပဲ ပြဿနာတွေတက်၊ နှစ်ယောက်ကြားမှာ အဆင်မပြေမှုတွေဖြစ်လာရာကနေ သူတို့နှစ်ယောက်အချစ်ခရီးဟာ ရှေ့တိုးရမလို နောက်ဆုတ်ရမလိုတွေ ဖြစ်လာပါတော့တယ်နှစ်ဖက်အသိုင်းအဝိုင်းအရှိန်အဝါတွေကြောင့် အချစ်ဇာတ်သိမ်းသွားမလား အချစ်နဲ့ပဲရအောင်ကျော်ဖြတ်မလားဆိုတာ ပေါ့ပေါ့ပါးပါးအချစ်ကားလေးကို အကဲဖြတ်ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် File size…1.9GB / 934MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
For Regn (2024)
2024
5.3
Love Birds (2023)
Love Birds (2023)"အချစ်ငှက်ကလေးတွေ" =================================မာယာဆိုတဲ့ ရှေ့နေမလေးဟာ အင်မတန့်အင်မတန်တော်တဲ့ ကွာရှင်းရှေ့နေမလေးပါ။ ကွာရှင်းပေးတဲ့နေရာမှာ တော်တာမဟုတ်ဘူး။ ကွာရှင်းချင်တဲ့လင်မယားတွေကို ကွာရှင်းချင်စိတ်ပျောက်အောင် တရားရုံးမှာ လျှောက်လွဲချက်ပေးပြီး အထောက်အထားမခိုင်လုံလို့ တရားသူကြီးက ကွာရှင်းမိန့်ပေးရင်တောင် မာယာဟာ စကားလုံးလှလှလေးတွေနဲ့ တယောထိုးပြီး ကာယကံရှင်တွေကို ချစ်စိတ်ကြင်နာစိတ်ပြန်ဝင်ပြီး ပြန်ပေါင်းစည်းအောင်လုပ်နိုင်စွမ်းရှိသူဖြစ်ပါတယ်။အဲဒီလိုနဲ့ တစ်နေ့တော့ သူ့ဆီကို အသိကနေတဆင့်ရောက်လာတဲ့ ဒီပါ့ခ်နဲ့ ပူဂျာဆိုတဲ့ ကွာရှင်းချင်နေတဲ့ လူထူးဆန်းဇနီးမောင်နှံကို ပြန်ပေါင်းစည်းရေး မောင်းတီးပေးရတဲ့အချိန်မှာတော့ အခွီလေးတွေမထူမပါးဖောက်ထားတဲ့ အချစ်ငှက်ကလေးတွေဆိုတဲ့ အနှီရုပ်ရှင် ပေါ်ပေါက်လာပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.3GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie
Love Birds (2023)
2023
8.0
Kousalya Supraja Rama (2023)
Kousalya Supraja Rama(2023)IMDb-8.1/10Budget ၆ ကုဋေပဲ အသုံးပြုပြီး ၁၅ ကုဋေပြန်ရအောင်ရှာနိုင်ခဲ့တဲ့ ကန်နားဒါးဇာတ်ကားကောင်းလေးပါ ဒီကားထဲက ရမ်နဲ့ မူတူးလက်ခ်ျမီးနေရာမှာ သရုပ်ဆောင်တဲ့ အဓိကဇာတ်ဆောင်နှစ်ယောက်ကလည်း ဇာတ်ကားတော်တော်များများတွဲဖက်သရုပ်ဆောင်ဖူးကြတော့သူတို့ရဲ့ဇာတ်ရုပ်ကလည်း ဒီထဲမှာလိုက်ဖက်ညီညီရှိနေမှာပါဇာတ်လမ်းအညွှန်းယောက်ျားဆိုတာ ယောက်ျားမာနရှိရတယ် မိန်းမတွေကို လွှမ်းမိုးရမယ် မိန်းမတွေရဲ့အကူအညီကိုယူနေရတယ်ဆိုရင် ယောက်ျားမပီသတာပဲ ဒီလိုအဆိပ်အတောက်ဆန်တဲ့ ယောက်ျားဝါဒီတွေဆက်တိုက်ရိုက်သွင်းခံခဲ့ရတဲ့ ရမ်တစ်ယောက် ဘယ်မိန်းမကိုမှ အရေးမလုပ်မာနခဲ အဲဒီမာနခဲကိုမှကြွေနေကြတဲ့ ကျောင်းသူတွေကလည်းအများသား၊ သူကတော့ တစ်ယောက်ကိုမှအရေးမလုပ်ခဲ့ ၊ အဲဒီချိန်မှာကောင်မလေးတစ်ယောက် အနားရောက်လာခဲ့တယ်အဲဒီကောင်မလေးကပဲ သူ့ယောက်ျားမာနကို ရိုက်ချိုးခဲ့မိသလို အဲဒီကောင်မလေးကိုပဲ သူချစ်မိသွားခဲ့တယ် ငါတို့ယောက်ျားဆိုတာ....ဆိုပြီး အမြဲမာန်တက်နေတဲ့ ဆန်တူတစ်ယောက် အချစ်နဲ့တွေ့တဲ့အချိန်မှာ ပြောင်းလဲသွားမလား သူ့အတ္တမာနတွေပဲဆက်ပြီးလွှမ်းမိုးနေမလား တစ်ယူသန်နဲ့ အရောင်စုံ လောကပတ်ဝန်းကျင်ကြားယှဉ်ပြိုင်မှုကို ရှုစားကြည့်ပါဦးအညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ် File size…2.12GB / 1.2GB Quality…1080p WEB DL /720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Kousalya Supraja Rama (2023)
2023