Channel Myanmar

Miki Sakai

Love Letter (1995) 7.9
Love Letter (1995) Love Letter ( 1995 )Directed by Shunji Iwaiရှုန်းဂျီအီဝေရဲ့ Love Letterက စီအမ်မှာတင်ပြီးသား သူ့ Last Letter နဲ့တော့ မဆိုသလောက်ဆင်တယ်။ ဆင်တယ်ဆိုတာက သူ့ဘဝထဲက ပျောက်သွားတာကြာပြီဖြစ်တဲ့လူတစ်ယောက်ကို ဆုံးပါးသွားပြီးမှ ခြေရာပြန်ကောက်ကြတဲ့ အကြောင်းအရာချင်းတူနေတာ။ ဇာတ်လမ်းအကြောင်းအရာအတိအကျကတော့ မပြောဘဲထားတာ ပိုကောင်းပါလိမ့်မယ်။ Love Letterဟာ အီဝေ့ပွဲဦးထွက်ရုပ်ရှင်ပေမဲ့ သူ့အကောင်းဆုံးတွေထဲတောင် စာရင်းသွင်းလို့ရပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ကိုရီးယားမှာ ပထမဆုံးပြန်ပြတဲ့ ဂျပန်ရုပ်ရှင်တွေထဲက တစ်ကားဖြစ်ခဲ့သလို highest-grossing Japanese film in South Korea လည်းဖြစ်ခဲ့တယ်။ ဂျပန်အကယ်ဒမီဆုပေးပွဲမှာလည်း ဆုတွေရခဲ့တယ်။ရှန်းဂျီအီဝေဟာ မျက်မှောက်ခေတ်ဂျပန်စီနီမာထဲက လက်ချိုးရေလို့ရတဲ့ အတော်ဆုံးဒါရိုက်တာတွေထဲက တစ်ယောက်လို့ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်တော့ ရှုန်းဂျီအီဝေကို မျက်မှောက်ခေတ်ဂျပန်စီနီမာထဲက အကောင်းဆုံးဒါရိုက်တာလို့ ကိုယ့်ဘာသာ သတ်မှတ်ချင်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော် ရှုန်းဂျီအီဝေဆို All About Lily Chou-Chouလောက်ပဲ ရင်းနှီးခဲ့တဲ့အချိန်တုန်းက ...
movie

Love Letter (1995)

Tomie: Re-birth ( 2001 ) 5.4
Tomie: Re-birth ( 2001 ) Tomie Another Face (1999)တိုမီအဲရဲ့ စတုတ္ထမြောက်ကားလေးမှာတော့ ပန်းချီပညာရှင် ဟီဒဲအို ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ တိုမီအဲရဲ့ညှို့ငင်မှုနောက်ပါသွားပြီး ပုံတူဆွဲပေးရာကစပါတယ်ညှို့လို့သာပါရတယ် သူတကယ်မြတ်နိုးတဲ့ကောင်မလေးဓာတ်ပုံကိုတွေ့တော့တိုမီအဲဟာ စိတ်ဆိုး ပုံတူပန်းချီကြီးကို ဖျက်စီးပစ်လို့ ဟီဒဲအိုလည်းလက်လွန်ပြီးသတ်လိုက်မိချိန် သူရဲ့သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ရွှန်း နဲ့ တာခုမိ တို့လာခေါ်ရင်းတွေ့သွားလို့ တောင်ပေါ်မှာတိတ်တဆိတ်သွားမြှုပ်ပစ်ကြတယ်တိုမီအဲရဲ့အမာခံပရိတ်သတ်တွေကတော့ သူ့အကြောင်းသိမှာပါနော်သူဟာပြန်ရောက်လာပြီး ဟီဒဲအိုနဲ့ရွှန်းကို သူ့ကိုကြိုက်အောင်လုပ်လို့ရပေမယ့်သူ့ချစ်သူကို အရမ်းချစ်တဲ့ တာကုမိ ကိုတော့ လုံးဝမရခဲ့ပါဘူးသူ့ရဲ့အစိတ်အပိုင်းတွေကနေ တိုမီအဲတွေပွားလို့ရတဲ့သူဟာတာကုမိရဲ့ချစ်သူကို တိုမီအဲဖြစ်အောင်ပြောင်းဖို့ကြိုးစားပါလိမ့်မယ်သူထင်သလိုရပါ့မလား တာကုမိရောကာကယ်နိုင်ပါ့မလားတိုမီအဲလို့ကြားလိုက်ရင် ရိုးနေမယ်လို့ထင်ရပေမယ့် ဒီကားကတော့ရှေ့သုံးကားထက်ပိုပြီး ဇာတ်အိမ်ပိုကောင်းပြီး သရုပ်ဆောင်တွေလည်းချောလို့ ကြည့်ရတာလုံးဝ တန်ပါတယ်Tomie ဇာတ်ကားတွေအားလုံးကိုဒီမှာဝင်ဒေါင်းလို့ရပါတယ်1. Tomie (1999) ( တင်ဆက်ပြီး ) 2. Tomie: Another Face (1999)  ( တင်ဆက်ပြီး ) 3. Tomie: Replay (2000) ( တင်ဆက်ပြီး ) 4. Tomie: Re-birth (2001)(ယခုကား) 5. Tomie: ...
movie

Tomie: Re-birth ( 2001 )