Channel Myanmar

Miguel Ángel García

The Long Game (2023) 6.7
The Long Game (2023) IMDb 6.7 Rotten Tomatoes 97% ရရှိထားတဲ့ ဒရာမာရုပ်ရှင်လေးပါ။ ဒီရုပ်ရှင်လေးက စာရေးဆရာ Humberto G. Garcia ရဲ့ ဝေဖန်မမှုတွေခံခဲ့ရပြီး ကိုယ်ပိုင်ထုတ်ဝေခဲ့တဲ့ စာအုပ်လေးကိုအခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပါ။ဒီရုပ်ရှင်ထဲမှာတော့ မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်က မြို့ငယ်လေးက မက္ကဆီကန်‌အထက်တန်းကျောင်းသား ငါးယောက်နဲ့ဖွဲ့ထားတဲ့ "Mustangs" လို့အမည်ရတဲ့ အထက်တန်းကျောင်းဂေါက်သီးရိုက်အသင်းလေးအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။အချိန်ကာလအားဖြင့် အမေရိကန် ဗီယက်နမ် စစ်တွင်းကာလ ၁၉၅၇ ဖြစ်ပါတယ်။ ဆန်ဖီလစ်ပီလို့ခေါ်တဲ့ မြို့ကလေးကတော့ အမေရိကန် နဲ့ မက္ကဆီကို နယ်စပ်မှာတည်ရှိတဲ့ မြို့ကလေးပါ။ ဒီမြို့ငယ်လေးက အထက်တန်းကျောင်းမှာ "ဂျိုး"လို့အမည်ရတဲ့ မက္ကဆီကန်ကျောင်းသားလေးနဲ့ သူငယ်ချင်းလေးယောက်ဟာ ဂေါက်သီးရိုက်အားကစားကို ဝါသနာထုံကြတဲ့သူတွေဖြစ်ပြီးတော့ အားလပ်ရက်တွေမှာလည်း ဆန်ဖီလစ်ပီ ဂေါက်ကလပ်မှာ ကယ်ဒီ (ဂေါက်ပစ္စည်းသယ်သူ) အလုပ်ကိုလုပ်ကိုင်ရင်း တဖက်တလှမ်းကနေ မုန့်ဖိုးရှာနေကြတဲ့ကျောင်းသားတွေပါ။၁၉၅၇ ဆိုတဲ့အချိန်ကာလဟာ အမေရိကန်မှာ လူမျိုးရေးခွဲခြားမှုတွေ အထွတ်အထိပ်ကိုရောက်ရှိနေတဲ့ကာလပါ။ ဆန်ဖီလစ်ပီမြို့ထဲမှာ ကြီးစိုးနေတဲ့အမေရိကန်တွေဟာ မက္ကဆီကန်တွေကို ...
movie

The Long Game (2023)

Blue Miracle (2021) 6.6
Blue Miracle (2021) Blue Miracle (2021) ==============IMDB 6.6/10Based on True StoryBisbee's Black & Blue ပြိုင်ပွဲဆိုတာ Super Bowl ပွဲလောက်ကြီးမားတဲ့ ကမ္ဘာ့ငါးဖမ်းပြိုင်ပွဲကြီးပါ ။ Blue Merlin လို့ခေါ်တဲ့ မာလင်ငါးပြာကြီးတွေကို ပင်လယ်ထွက်ပြီး တံငါတွေ အဖွဲ့လိုက် ဒေါ်လာ ၁ သန်းဆုကြေးအဖြစ်ဖမ်းယူ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲပေါ့။ ဒီပြိုင်ပွဲကို ထပ်မံယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်သူဟာ ချန်ပီယံ ၂ ကြိမ်ဆုရဖူးတဲ့ ချန်ပီယံဟောင်း ကပ္ပတိန် ဝိတ်မာလိုပါ ။ ဒါပေမယ့် သူဟာ နာမည်ကြီးထမင်းငတ်ဖြစ်ပြီး ချန်ပီယံ ၂ ကြိမ်ရခဲ့ပေမယ့် အရှုံးတွေနဲ့ဆက် တိုက်ရင်ဆိုင်ပြီး မိသားစုကစွန့်ပစ်သွားတာကြောင့် လှေပေါ်မှာပဲ လေလွင့်နေတဲ့ ဂွစာအဘိုးကြီးပေါ့။ ဒါကြောင့် လာမယ့်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ပြန်သိမ်းပိုက်ပြီး သူ့မိသားစုဆီ ပြန်သွားဖို့ တေးထားပါတယ်။တစ်ဖက်မှာလည်း ကာဆိုဟိုဂါလို့ခေါ်တဲ့ မိဘမဲ့ဂေဟာက အိုမာတို့ဇနီးမောင်နှံဟာ ဘဏ်ကြွေး ဒေါ်လာ ၁ သိန်းကျော်တင်ပြီး ဂေဟာကိုပိတ်သိမ်းပြီး မိဘမဲ့ကလေးတွေ အကုန်လုံး လမ်းပေါ်ရောက်မယ့်အခြေအနေဖြစ်နေပါပြီ။ပြိုင်ပွဲသတင်းကို ကြားမိတဲ့ အိုမာနဲ့ကပ္ပတိန် ...
movie

Blue Miracle (2021)

2021
Wasp Network 2019 5.8
Wasp Network 2019 ဒီကားကတော့ လူတော်တော်များများမကြည့်မဖြစ်ကြည့်သင့်တဲ့ ဇာတ်ကားမျိုးပါ။အထူးသဖြင့် နိုင်ငံရေးနဲ့ သမိုင်းကြောင်းတွေကို စိတ်၀င်စားတဲ့သူတွေအတွက်ပေါ့။ 1.ဘာလို့ ကြည့်သင့်လဲ ဒီဇာတ်လမ်းဟာ ကျူးဘားနိုင်ငံရဲ့ ထောက်လှမ်းရေးစစ်ဆင်ရေးတစ်ခုအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ကျူးဘား ထောက်လှမ်းရေးအဖွဲ့တွေဘယ်လိုတော်တယ်၊ဘယ်လို‌စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာတွေနဲ့ အမေရိကန်တွေရဲ့ ဇာတိအချို့ကိုလည်းတွေ့မြင်ရမှာမို့ပါ။ 2.ဇာတ်လမ်းအကျဉ်း ကျူးဘားနိုင်ငံရှိစစ်အစိုးရကို မုန်းတီးသော ပြည်ပရောက်ကျူးဘားလူမျိုးများ၊အကြမ်းဖက်အဖွဲ့များ နှင့်ကြေးစားစစ်သားတို့သည် ထိုစစ်အစိုးရကို ဖြုတ်ချဖို့အတွက် ကျူးဘားနိုင်ငံ၏အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော ခရီးသွားလုပ်ငန်းကို ဖျက်လိုဖျက်စီးလုပ်ဖို့အတွက် ကြံစည်ခဲ့ကြပါတယ်။ ထိုအခါတွင် စစ်အစိုးရအဖွဲ့မှ ထိုအဖွဲ့များအားပြန်လည်ချေမှုန်းတဲ့အနေနဲ့ ထိုအဖွဲ့များ၏အဓိက ရုံးစိုက်ရာဖြစ်သော အမေရိကန်သို့ သူလျှိုများကို တိတ်တဆိတ်စေလွှတ်ခဲ့ပါတယ်။ ထိုအရေအတွက်နည်းလှသော သူလျှိုအစုက အမေရိကန်နိုင်ငံရှိ အကြမ်းဖက်အဖွဲ့များကို မည်မျှအထိဖျက်စီးနိုင်ခဲ့ကြောင်း၊အဘယ်သို့ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ထောက်လှမ်းရေးအဖွဲ့များနှင့် သူလျှိုအဖွဲ့များသည် နိုင်ငံတစ်နိုင်ငံအတွက်မည်မျှအထိအရေးပါသည်ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ပါ။ File Size : 900 Mb / 450 Mb Quality :WEB-DL 720p Format…mp4 Duration…02:07:00 Genre : Comedy, Thriller Subtitle : Myanmar ...
movie

Wasp Network 2019