Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mickie McGowan
7.3
Despicable Me 2 (2013)
Despicable Me 2 (2013) Genre – Animation, Adventure, Comedy IMDB – 7.3/10ပထမကားထွက်ပြီး ဝက်ဝက်ကွဲအောင်မြင်ခဲ့တော့ Sequel ထွက်ခဲ့ရာမှာလည်း ဇာတ်လမ်းဇာတ်ရှိန်ကောင်းပြီး Minion တွေရဲ့ ပေါက်ကရလေးတွေကြောင့် ထပ်မံအောင်ပွဲခံခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီကားမှာတော့ Gru ကြီးတစ်ယောက် ဒူးမနာသမီးလေး ၃ ယောက်နဲ့အတူတူ မိသားစုလေးအဖြစ် အေးအေးချမ်းချမ်း နေနေပါပြီ။ ဒါပေမဲ့တစ်ရက်မှာတော့ သူ့ကို ဗီလိန်-တန်ပြန်တိုက်ဖျက်ရေးအဖွဲ့က ပြန်ပေးဆွဲသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့အဆင့်ရှိတဲ့ ဗီလိန်တစ်ယောက် သောင်းကျန်းနေပြီး ဒီလို ဗီလိန်ကို ချေမှုန်းဖို့ ဗီလိန်တစ်ယောက်ရဲ့ အမြင်တွေ အာရုံတွေ လိုအပ်တယ်ဆိုပြီး Gru ကို အကူအညီတောင်းတဲ့အခါမှာတော့ အဖွဲ့အစည်းအေးဂျင့်ဖြစ်သူ Lucy နဲ့အတူတူ စွန့်စားခန်းတွေ ထွက်ရပါတော့တယ်။ ဒီကားထဲမှာတော့ ဇာတ်ကောင်သစ် Lucy ပါဝင်လာပြီး သူ့နေရာကိုတော့ မင်းသမီး Kristen Wiig က ...
movie
Despicable Me 2 (2013)
4K HEVC
8.2
Inside Out (2015)
ဒီနေ့တော့ CM ပရိတ်သတ်တွေအကြိုက်တွေ့စေမယ့် Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်..နိုင်ငံတကာမှာလည်းအောင်မြင်မှုများစွာရခဲ့သလို..ရုပ်ရှင်ဝေဖန်ရေးတွေကလည်း ချီးကျူးထားတဲ့ Animation ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် ..Animation တကားအနေနဲ့လည်း ထူးထူးခြားခြား IMDb Rating မှာ 8.5 အထိ တောင်ရောက်ရှိထားတာမို့ ကောင်းလားမကောင်းလားဆိုတာလုံးဝစဉ်းစားနေစရာလိုမှာလည်းမဟုတ်တဲ့အပြင်..ကြည့်သင့်တဲ့ Animation ဖြစ်ကြောင်းအသိ ပေးချင်ပါတယ်။အညွှန်းလေးအရင်ခံစားကြည့်ရအောင်အညွှန်းကနည်းနည်းတော့ရှည်ပါတယ်..သေသေချာချာခံစားချင်ရင် တော့စာကိုအဆုံးထိဖတ်ဖို့အကြံပေးလိုက်ပါတယ်..ဒီကားက Pixar ရဲ့ ကာတွန်းကားကောင်းတစ်ကားဖြစ်ပြီး၊ ကလေးလူကြီးမရွေး ကြည့်နိုင်တဲ့ဇာတ်ကား ကောင်းတစ်ကားပါ။The Incredibles ဇာတ်ကား Review တုန်းက Pixar ရဲ့ အကြောင်း ပရိတ်သတ်ကြီးကို ပြောပြခဲ့ဖူးပါတယ်။ဒီကုမ္ပဏီကရိုက်တဲ့ ကာတွန်းတိုင်းက ဇာတ်လမ်းကောင်းပြီး အနုပညာရသမြောက် တယ်လို့ အားလုံးသိထားကြပါတယ်။ဒီကားကလည်း ဒီအတိုင်းပဲ အနုပညာရသမြောက်အောင် ရိုက်ကူးထားနိုင်သလို၊ တကယ့် ဝမ်းနည်းကြည်နူး စရာ ကောင်းပြီး၊ခံစားချက်ရသစုံပေးနိုင်အောင် ရိုက်ကူးထား နိုင်တာတွေ့ရပါတယ်။Pixar အကြောင်းပြောရင် Toy Story 1, 2, 3 ကို မပြောပဲ နဲ့မပြီးပါဘူး။ ဒီသုံးကားက ...
movie
Inside Out (2015)
2015
4K HEVC
Home on the Range (2004)
Disney ရဲ့ ဇာတ်ကားဟောင်းလေး တစ်ကားဖြစ်တဲ့ Homeon the Range ဆိုတဲ့ ဟာသ animation ရုပ်ရှင်လေးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ old but gold ဇာတ်ကားဖြစ်ပြီး ရုပ်ရှင်ရဲ့အမည်Home on the Range က အမေရိကန်တောင်ပိုင်းဒေသရဲ့ ဂန္တဝင်သီချင်းကနေ ယူထားတာဖြစ်ပါတယ်။ အမေရိကရဲ့ Wild Wild West လို့ခေါ်တဲ့ အနောက်ဘက်ဒေသရဲ့ ကောင်းဘွိုင်ခေတ်မှာ အခြေပြုထားတာဖြစ်ပေမဲ့ အဓိကဇာတ်ကောင်တွေက ကောင်းဘွိုင်တွေ မဟုတ်ဘဲ နွားမတွေပါ။ဇာတ်လမ်းအကျဥ်းကတော့ နီဘရာစကားပြည်နယ်တစ်နေရာမှာ ကောင်းကင်ဘုံစားကျက်မြေ ဆိုတဲ့ ယာတောလေးတစ်ခုရှိပြီး အဲဒီခြံမှာနေတဲ့ တိရစ္ဆာန်တွေကို ခြံရှင်ဖြစ်သူ မစ္စပါးလ်က မိသားစုဝင်တွေလို သဘောထားပြီး အတူပျော်ရွှင်စွာ နေထိုင်ကြပါတယ်။ ဒါပေမဲ့ ပြည်နယ်တဝိုက်မှာ အလာမီဒါဆလင်း ဆိုတဲ့ နာမည်ကျော်နွားခိုးသမား လက်ချက်ကြောင့် ခြံရှင်လယ်သမား အတော်များများ ဒုက္ခရောက်နေကြပါတယ်။အလာမီဒါဆလင်းရဲ့ ပယောဂကြောင့် ...
movie
Home on the Range (2004)
5.9
Marked for Death (1990)
ဒီကားလေးဟာဆိုရင်တော့ မင်းသားကြီး Steven Seagal ရဲ့ ၁၉၉၀ ကထွက်ရှိထားတဲ့ action ကားကောင်းတစ်ကားပါ။ဇာတ်လမ်းရဲ့အစမှာတော့ မင်းသားက မစ်ရှင်တစ်လုပ်နေတုန်းမှာ သူ့လုပ်ဖော်ကိုင်ဖက်က သေနတ်မှန်သွားရာကနေ ဒီအလုပ်ကို ဆက်မလုပ်ဘဲအနားယူဖို့ဖြစ်လာပါ တော့တယ် အဲဒီလိုနဲ့ သူ့ရဲ့မွေးရပ်မြေကို ပြန်သွားရာက သူတို့မြို့မှာ မူးယစ်ဂိုဏ်းတွေက သောင်းကျန်းနေတဲ့အချိန်နဲ့ တိုးပါတော့တယ်မင်းသားကြီးကရော အနားယူနေတဲ့ အတိုင်းပဲနေမှာလား ဘယ်လိုပြသနာတွေကရော ဘယ်လိုလာရှာမလဲ ဘယ်လိုဖြေရှင်းမလဲ ဆိုတာတွေကို ဖိုက်တင်ခန်းမိုက်မိုက်လေးနဲ့ ကြည့်ရမယ့် အက်ရှင်ကားကောင်း တစ်ကားမို့ စိတ်ဝင်စားဖွယ် ရင်ခုန်စရာကြည့်ရှုရမယ့်ကားလေးတစ်ကား ဖြစ်ပါတယ် File size…(1.7 GB)/(830 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:33:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Kaung Myat
movie
Marked for Death (1990)
7.9
Toy Story 2 (1999)
ဒီဇာတ်လမ်းက ၁၉၉၉ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဂျက်စီဆိုတဲ့ ကောင်းဘွိုင်မလေးနဲ့ ဝူဒီရဲ့မြင်းလေး ဘူးလ်အိုင်းစ်တို့ စပါလာတဲ့ ဇာတ်ကားလေးပါ။အန်ဒီတစ်ယောက်ဆော့နေရင်း ဝူဒီရဲ့လက်က မတော်တဆပြဲသွားတာကြောင့် နောက်မှပြန်ချုပ်ဖို့ သိမ်းထားချိန် အန်ဒီ့အမေရဲ့ နားလည်မှုလွဲမှုကြောင့် အိမ်ပစ္စည်းအဟောင်းတွေ ရောင်းမယ့်ပုံးထဲ ဝူဒီတစ်ယောက်ပါသွားခဲ့ပါတယ်။အဲဒီအချိန်မှာ မြို့ထဲက အရုပ်ဆိုင်ပိုင်ရှင်က မြင်သွားပြီး ဝူဒီကို ရှားပါးအရုပ်မှန်း သိနေတာကြောင့် ပစ္စည်းပုံးထဲက ခိုးသွားခဲ့ပါတယ်။ အရုပ်သည်ရဲ့ ဆိုင်မှာ ဝူဒီရဲ့လူဆိုးဖမ်းဂိုဏ်းလို့ ပြောရမယ့် ဂျက်စီနဲ့ဘူးလ်အိုင်းစ် နှစ်ယောက်နဲ့ စဆုံခဲ့ပါတယ်။အရုပ်သည်ရဲ့အကြံက ရှားပါးအရုပ် ဖြစ်တဲ့ ဝူဒီတို့ကို ဂျပန်ကအရုပ်ပြတိုက်ကို ရောင်းပစ်လိုက်ဖို့ပါပဲ။ အစပိုင်းမှာ ဝူဒီက အိမ်ပြန်ဖို့ကြိုးစားခဲ့ပေမဲ့ ဂျက်စီတို့အဖွဲ့ နားချ တာကြောင့် သူတို့နဲ့ပဲအတူနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အရုပ်သည်လက်ထဲပါသွားတဲ့ ဝူဒီနောက်ကို ဘတ်ဇ်တို့တစ်သိုက် လိုက်ကယ်ဖို့ ကြိုးစားရင်းနဲ့ အရုပ်ဆိုင်ထိ ရောက်လာခဲ့ပါတယ်။တစ်ချိန်ကျရင် အန်ဒီစွန့်ပစ်သွားမှာစိုးလို့ ပြန်မလိုက်ချင်တော့တဲ့ ဝူဒီကို ဘတ်ဇ်တို့အဖွဲ့ ပြန်ခေါ်နိုင်မှာလား၊ ဘယ်လိုအခက်အခဲတွေ ကြုံရဦးမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…4.8GB / 2.1GB / 1GB Quality…4k HEVC / BluRay 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit ...
movie
Toy Story 2 (1999)
1999
4K HEVC
8.3
Toy Story 3 (2010)
ဒီဇာတ်ကားက ၂၀၁၀မှာထွက်ရှိခဲ့တာဖြစ်ပြီး animation တွေရဲ့ Villainစာရင်းမှာ ထိပ်ဆုံးနားအထိ စာရင်းချိတ်နိုင်တဲ့ ပန်းရောင် မွေးပွဝက်ဝံရုပ်ကြီး လော့ဆိုက ဒီဇာတ်ကားရဲ့ အမှတ်အသားလို ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားက အန်ဒီဆိုတဲ့ ကောင်လေး တစ်ယောက်နဲ့ ဝူဒီတို့အရုပ်တွေကြားက နွေးထွေးတဲ့ ဆက်ဆံရေး ကို အကောင်းဆုံး အဆုံးသတ်ပေးနိုင်ခဲ့တဲ့ ဇာတ်လမ်းဆိုရင်လည်း မမှားပါဘူး။ အရွယ်ရောက်လာတဲ့ အန်ဒီက ကောလိပ်ကျောင်းကို သွားရတော့မှာမို့လို့ ဝူဒီကလွဲလို့ ကျန်တဲ့အရုပ်တွေကို ထပ်ခိုးထပ် ပေါ် ထားခဲ့ဖို့ လုပ်ခဲ့ပေမဲ့ မိသားစုချင်းနားလည်မှုလွဲကာ အမှိုက်ပုံး ထဲကို ရောက်သွားခဲ့ပါတယ်။ဒါကိုအထင်လွဲသွားတဲ့ အရုပ်တွေက အမှိုက်ကားထဲ လိုက်သွားမယ့်အစား မူကြိုကျောင်းကိုသွားလှူမယ့် ပစ္စည်းပုံးထဲကို လိုက်သွားခဲ့ကြပါတယ်။ ဒီလိုနဲ့ ဆန်နီဆိုက်ဒ်ဆိုတဲ့ မူကြိုကျောင်းကို ရောက်လာပြီး အဲဒီမှာ နဂိုရှိပြီးသား လော့ဆိုတို့ အရုပ်အဖွဲ့ရဲ့ ကြိုဆိုမှုကြောင့် သူတို့တွေပြန်အဆင်ပြေတော့မှာလို့ ထင်ခဲ့ပေမဲ့ လက်တွေ့မှာ လော့ဆိုက မင်းသားမျက်နှာဖုံးနဲ့ ဘီလူး တစ်ယောက်လို ဖြစ်နေခဲ့တာကြောင့် မူကြိုကျောင်းကနေ အန်ဒီဆီ ပြန်ထွက်ပြေးလာဖို့ ကြိုးစားရပါတော့တယ်။သူတို့ရဲ့ကြိုးစားမှုကအရာထင်ပါ့မလား၊ ကောက်ကျစ်ယုတ်မာတဲ့ လော့ဆိုတို့အဖွဲ့ကဘယ်လိုမျိုး ဒုက္ခပေးကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…5.5GB/ 2.4GB / 1.22GB Quality…4k HEVC / ...
movie
Toy Story 3 (2010)
2010
4K HEVC
8.3
Toy Story (1995)
ဒီဇာတ်ကားက Toy Story ဇာတ်ကားတွဲတွေရဲ့ ပထမဆုံးဖြစ်ပြီး ၁၉၉၅ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာပါ။ကျွန်တော်တို့ ချစ်ရတဲ့ကောင်းဘွိုင်လေးဝူဒီတို့တသိုက်နဲ့ အာကာသရိန်းဂျားကြီးဘတ်ဇ် စတွေ့ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ အန်ဒီဆိုတဲ့ ကောင်လေးရဲ့ အရုပ်တွေဖြစ်ကြတဲ့ ဝူဒီတို့ဟာ မွေးနေ့ပွဲလို ခရစ္စမတ်လို နေ့တွေ ရောက်တိုင်း လက်ဆောင်တွေထဲမှာ သူတို့နေရာကို အစားထိုးမယ့် အရုပ်အသစ်တွေ ရောက်လာမှာကို အမြဲတမ်း စိုးရိမ်နေခဲ့တာပါ။အရုပ်အသစ်တွေကြောင့် အန်ဒီ သူတို့ကိုအချစ်လျော့သွားမှာကို စိုးရိမ်နေကြတာပေါ့။ အဲဒီလိုနဲ့ အန်ဒီရဲ့မွေးနေ့တစ်ခုအရောက်မှာ သူတို့မလိုချင်ဆုံး အရာတစ်ခု အန်ဒီ့ဆီ ရောက်လာပါတော့တယ်။အဲဒါကတော့ နောက်ဆုံးထွက်ထားတဲ့ အာကာသရိန်းဂျား ဘတ်ဇ် လိုက်ရီးယားပဲဖြစ်ပါတယ်။ ကလေးတွေရဲ့ထုံးစံအတိုင်း အန်ဒီက အသစ်ရတဲ့ အရုပ်အသစ်ကို ပိုသဘောကျနေတဲ့အချိန် အရင်က အန်ဒီအကြိုက်ဆုံးအရုပ်လေး ဖြစ်ခဲ့တဲ့ ကောင်းဘွိုင်လေးဝူဒီက ဘတ်ဇ်ကို မကျေမနပ်ဖြစ်ရာကနေ ဒီဇာတ်လမ်းစတင်ခဲ့ပါတယ်။နေရာလုဘက် ဖြစ်နေတဲ့ သူတို့၂ယောက်ကို ဘယ်လိုကိစ္စမျိုးက နားလည်မှုရသွားစေမလဲ၊ မထင်မှတ်ဘဲကြုံလာရတဲ့ ပြဿနာကို မတည့်တဲ့ကြားထဲကနေ ဘယ်လိုပုံစံမျိုးနဲ့ အချင်းချင်းရိုင်းပင်းပြီး ကူညီဖြေရှင်းသွားကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…4.8GB / 1.9GB / 976MB Quality…4k HEVC / WEB DL 1080p ...
movie
Toy Story (1995)
1995
4K HEVC
6.3
Osmosis Jones (2001)
ဇာတ်အိမ်ဆန်းဆန်းလေးနဲ့ ဇာတ်ကားလန်းလန်းလေးတွေကြည့်ချင်ရင်ဒီကားလေးကလည်း ကြည့်သင့်တဲ့အထဲပါသဗျ...။ဒါအပြင် ဇာတ်လမ်းပုံစံလေးက ရဲနှစ်ယောက်အမူလိုက်ကားဆိုတော့"Rush hour"ဇာတ်ကားတွေလို vibeမျိုးလေးလည်း ခံစားရမှာအသေအချာပါပဲ...။ဇာတ်လမ်းအကြောင်းပြောရရင် ဖရန့်ဆိုတဲ့လူတစ်ယောက်ရှိတယ်...။သူက ကျန်းမာရေးလည်းမလိုက်စား အစားအသောက်လည်းမဆင်ခြင်ဖြစ်ကတတ်ဆန်းနေတဲ့လူပေါ့....။အဲ့လိုနေချင်သလိုနေလို့ ခန္ဓာကိုယ်ထဲဝင်လာသမျှ ရောဂါပိုးတွေကိုတိုက်ဖျက်ပေးရတာကတော့ ကိုယ်တွင်းကသွေးဖြူဥလေးတွေပါ...။အိုစမိုစစ် ဂျုန်းဆိုတာ ဖရန့်ရဲ့ ကိုယ်တွင်းမြို့တော်ကြီးထဲက ရောဂါတွေကိုတိုက်ဖျက်ပေးရတဲ့ ရဲသားသွေးဖြူဥလေးတစ်ကောင်ဖြစ်ပါတယ်....။တစ်နေ့မှာတော့ ထုံးစံအတိုင်း အဆင်အခြင်မဲ့တဲ့ ဖရန့်ကြောင့် ခန္ဓာကိုယ်ထဲကိုရောဂါပိုးတွေထပ်ဝင်လာပြီး အအေးမိသလို ခေါင်းကိုက်သလိုလိုဖြစ်လာပါတယ်....။ဒီအခြေအနေကို ဖြေရှင်းဖို့ အိုစမိုစစ် ဂျုန်းတစ်ယောက် အခွင့်အရေးရလာတဲ့အခါမှာတော့....။ဘယ်လိုစွန့်စားခန်းတွေမြင်တွေ့ရမလဲဆိုတာ ဒီအိုင်ဒီယာဆန်းဆန်းလေးနဲ့ရုပ်ရှင်ကားလေးထဲမှာကြည့်ရှုလို့ရပါပြီ....။ File size…2.12 GB / 836 MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 35m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Osmosis Jones (2001)
6.8
Ice Age: The Meltdown (2006)
ဒီဇာတ်ကားက Ice age franchiseရဲ့ ဒုတိယဇာတ်ကား ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်ကားက ဆင်ကြီးမန်နီရဲ့ emotional damageကို အဓိကဦးတည်ထားတာပဲ ဖြစ်ပါတယ်၊ အမွေးရှည် မန်းမွန့်ဆင်မျိုးစိတ်ထဲမှာ သူသာကျန်ခဲ့တော့တယ်လို့ ယုံကြည်ထားတဲ့ ဆင်ကြီးမန်နီဟာ အထီးကျန်ဝေဒနာကို ခံစားခဲ့ရ သလို သူငယ်ချင်းတွေဖြစ်တဲ့ ဒီယေဂိုနဲ့ ဆစ်ဒ်တို့ဟာလည်း သူ့ကို မဖျောင်းဖြနိုင်ခဲ့ပါဘူး။အဲဒီအချိန်မှာ မန်နီ့ဘဝရဲ့ကံကောင်းမှုအဖြစ် အယ်လီဆိုတဲ့မျိုးတူ ဆင်မလေးတစ်ကောင်ဟာ သူ့ဘဝထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ပဲ ရောက်လာခဲ့ပါတယ်။ ဖြစ်ချင်တော့ အယ်လီက ငယ်ဘဝမှာထဲက မိဘတွေနဲ့ သင်းကွဲပြီး ကြွက်မိသားစုရဲ့ ပျိုးထောင်မှုကို ခံခဲ့ရလို့ သူ့ကိုယ်သူ ကြွက်လို့ထင်နေတာပဲ ဖြစ်ပြီး အက်ဒီနဲ့ ခရက်ရှ်ဆိုတဲ့ မောင်နှစ်ယောက်ပါ ရှိနေပါသေးတယ်။ဒါကြောင့် ဆင်ကြီးမန်နီအနေနဲ့ အယ်လီကို လူပျိုမလှည့်ခင် သူ့ရဲ့ ဘဝမှန်ကို အရင်သိအောင် ရှင်းပြရသလို သူ့မောင်နှစ်ကောင်ကို စည်းရုံးရေးဆင်းရင်း ကြုံရမယ့်အလွဲအမှားတွေကို ဟာသနှောပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ File size… 5.9 GB / 2.1 GB / 1 GB Quality… Web-DL 4K HDR ...
movie
Ice Age: The Meltdown (2006)
2006
4K HEVCHDR
7.2
Die Hard 2 (1990)
ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့ John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=die+hard ကြည့်ပါ။Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။Die Hard နဲ့ပတ်သက်ရင်တော့ John ...
movie
Die Hard 2 (1990)
1990
4K HEVC
8.1
Finding Nemo (2003)
Finding Nemo (2003) IMDb - 8.1/10_______Rotten - 99% Won 1 Oscar. Another 48 wins & 62 nominations အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းလေးကို မမှီဘူးဆိုတဲ့ စကားလေးအတိုင်းပါပဲ ဒီတစ်ခါတော့ CM ပရိတ်သတ်ကြီးအတွက် အဟောင်းထဲက အကောင်းလေး တစ်ကားကို ပြန်လည် တင်ဆက်လိုက်ပါတယ် ... နီမို (Nemo) ဆိုရင် မသိသူမရှိသလောက်ပါပဲ ... အောင်မြင်မှုများစွာကိုလည်း ရရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ် ... ဇတ်လမ်းအကျဉ်းလေးကတော့ Clown fish လေး ဖြစ်တဲ့ မိတဆိုးသားလေး နီမိုတစ်ကောင် သူနေထိုင်ရာ သမုဒ္ဒရာကြီးထဲကနေ လူတစ်ချို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရတဲ့အခါ ဖခင်ဖြစ်သူက လိုက်လံရှာဖွေတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်... ဒီသားပျောက်ရှာပုံတော်မှာ စွန့်စားခန်းတွေ တစ်လှေကြီးပါဝင်ပြီး ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းနဲ့ စိတ်ဝင်စားစရာလည်းကောင်းတာမို့ ပရိတ်သတ်တွေ သဘောကျနှစ်ခြိုက်ကြမှာ အသေအချာပါပဲ ... ဒီတော့ အားပေးကြပါဦး.. ဘာသာပြန်သူနဲ့အညွှန်းရေးသူကတော့ ရဲကျော်ထက်ဖြစ်ပါတယ် File size… 6.5 GB / 2.7 GB / 1.3 GB Quality… BluRay 4k / ...
movie
Finding Nemo (2003)
2003
4K HEVC
7.3
Finding Dory (2016)
Finding Dory (2016) IMDb - 7.3/10_______Rotten - 94% မျက်လုံးလေး ပြူးပြူးနဲ့ အဖြစ်အပျက်တွေကို ကြာကြာမခံပဲ မေ့တတ်တဲ့ Dory ဟာ တစ်နေ့တော့ အကြောင်းတစ်ခုကြောင့် သူ့အဖေနဲ့ အမေကို ပြန်သတိရလာတာကနေ သူ့သူငယ်ချင်းတွေဖြစ်တဲ့ Merlinနဲ့ Nemo တို့ရဲ့ အကူအညီကို ယူပြီး သူ့မိဘတွေကို ပြန်တွေ့ချင်ဇောနဲ့ ရှာပုံတော်ခရီးဖွင့်ပါတော့တယ်.... ဒီကားဟာ Finding Nemo အပြီး နောင် ဆယ့်သုံးနှစ်ကြာမှ ထွက်လာခဲ့တာ ဖြစ်ပါတယ် ထွက်လာတော့လည်း Finding Nemo လောက်တော့ ဇာတ်လမ်းပိုင်း မကောင်း ထပ်တူကျနေခဲ့ပေမယ့်လည်း Finding Nemo လောက်ကို ခံစားရအောင်လုပ်ပြီး Messageတွေ ပေးသွားခဲ့တယ် ငါးပြာလေး ဒိုရီဟာ သူ့မိဘတွေနဲ့ ပြန်တွေ့နိုင်ပါ့မလား သူ ဒီလောက်မေ့တတ်တာကိုလေ ဖြစ်နိုင်ပါ့မလားဆိုတဲ့ ဒွိဟအတွေးတွေကို Disneyနဲ့ Pixarရဲ့ ရေအောက်ကမ္ဘာ အန်နီမေးရှင်းအလန်းကြီးတွေ တစ်ချက် တစ်ချက်ထဖောက်တဲ့ဟာသလေးတွေ ချစ်စရာ ရယ်စရာကောင်လေးတွေနဲ့ အတူ ဇာတ်လမ်းအဆုံးထိကို ဆွဲခေါ်သွားခဲ့တယ် Ed O' Neill ရဲ့ ရေဘဝဲကြီး Hank ဇာတ်ကောင်ဟာလည်း Disney ကားတွေရဲ့ အကောင်းဆုံးဇာတ်ကောင်အဖြစ်ထည့်ရဖို့ ဖြစ်လာခဲ့တယ် Inside ...
movie
Finding Dory (2016)
2016
4K HEVC
6.9
Cloudy with a Chance of Meatballs (2009)
ကာတွန်းဆိုတဲ့ ရုပ်ရှင်အမျိုးအစားက ကလေး လူငယ်လူကြီးမရွေး နှစ်သက်ကြတဲ့၊ ကြည့်ရှုဖြစ်ကြတဲ့ ရုပ်ရှင်အမျိုးအစားတစ်မျိုးပါ။ဟိုးအရင်က ထွက်ခဲ့တဲ့ ကာတွန်းကားတွေထဲကမှ စားစရာတွေမိုးပေါ်ကကျလာတဲ့ ကာတွန်းကားလေလို့ ပြောလိုက်ရင် မသိတဲ့သူမရှိသလောက်ဖြစ်ခဲ့ဖူးတာကို သိကြမှာပါ။အဲဒီ စားစရာတွေ မိုးပေါ်ကကျလာတဲ့ ကာတွန်းကားကိုCM ကနေ quality ကောင်းကောင်းနဲ့ တင်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။ဒီကာတွန်းကားလေးက ၂၀၀၉ ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီးတော့Columbia Pictures နဲ့ Sony Pictures တို့က ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၂၄၃ သန်းအထိ ရရှိခဲ့ပါတယ်။ မသိတဲ့သူတွေရော သိတဲ့သူတွေပါ ထပ်သိသွားရအောင်လို့ဇာတ်လမ်းအကျဉ်းကိုပြောပြရရင်တော့ ဒီဇာတ်ကားလေးထဲမှာအဓိကဇာတ်ကောင်က ဖလင်လော့ခ်ဝုဒ်ဆိုတဲ့ ကောင်လေးပါ။ငယ်ငယ်ကတည်းက သိပ္ပံပညာကို စိတ်ဝင်စားပြီးပစ္စည်းအသစ်အဆန်းတွေကို ဖန်တီးရတာ ဝါသနာပါခဲ့တယ်။ဒါပေမဲ့ သာမန်ကလေးတွေကြားမှာသူ့ရဲ့ တီထွင်မှုတွေက လှောင်ပြောင်စရာဖြစ်ခဲ့တယ်။သူနေတဲ့ မြို့လေးက ဆာဒင်းငါးသေတ္တာလုပ်ငန်းအပေါ် မှီခိုနေရတဲ့ မြို့လေး။ဒါပေမဲ့ အဲဒီလုပ်ငန်းပိတ်သိမ်းသွားချိန်မှာ သူအပါအဝင်တစ်မြို့လုံးက ဆာဒင်းငါးကလွဲပြီး တခြားဘာမှမစားနိုင်ခဲ့တော့ဘူး။တစ်မြို့လုံးက ဆားဒင်းငါးပြီးရင်း ဆာဒင်းငါးစားနေရတော့ကြာတော့ လူတွေပါ ဆာဒင်းငါးရုပ်ပေါက်မတတ်ပဲပေါ့။တစ်နေ့မှာတော့ ဖလင့်က ...
movie
Cloudy with a Chance of Meatballs (2009)
2009
8.4
WALL·E (2008)
ဒီတစ်ခါတော့ IMDb Rate 8.5 အထိရရှိထားတဲ့Animated Film လေးတစ်ခုမိတ်ဆက်ပေးချင်ပါတယ်ကာတွန်းကားကိုကလေးတွေပဲကြည့်တဲ့ကားလို့ပြောတဲ့ခေတ်ကုန်ခဲ့ပါပြီ...ကာတွန်းကားတိုင်းကိုတော့မဆိုလိုပါ...ကမ္ဘာကျော် Animation ကုမ္မဏီတွေကနှစ်စဉ်အောင်မြင်မှုတွေများစွာရတဲ့Animation ရုပ်ရှင်တွေကို အမြဲထုတ်ပေးခဲ့ပြီးအောင်မြင်ခဲ့တဲ့ရုပ်ရှင်တွေမှာလည်းပေးချင်တဲ့Messageရည်ရွယ်ချက်တွေ..အများကြီးတွေ့ရပါတယ်..ယူတတ်ရင်သင်ခန်းစာတောင်ရပါသေးတယ်ဥပမာပြောရမယ်ဆိုရင် Up ကာတွန်းလေးက သာမန်ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင်ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့Animated Film တစ်ခုဖြစ်ပါတယ်။ဇာတ်လမ်း ကောင်းကောင်း နဲ့ လူကြီး လူငယ်ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ကားမျိုး က လက်ချိုးရေလို့ရပါတယ်။ဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲကတင်ဆက်ပုံကောင်းကောင်းနဲ့ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်....အခုဒီ Wall-E ဆိုတဲ့ Animated Film ဟာ..2008 ခုနှစ်မှာထွက်ရှိခဲ့ပါတယ်..IMDb မှာ Rating က 8.5/10 ထိရရှိထားပါတယ်Pixar၏ သမားရိုးကျ ဇာတ်လမ်းများမှ အသိသာဆုံးခွဲထွက်ခဲ့သည့်WALL-Eသည် ထုတ်လုပ်မှုကုန်ကျ စရိတ် ဒေါ်လာ သန်း(၁၈၀)ထိ ရှိခဲ့ပါတယ်ယင်းဇာတ်ကားသည် ကမ္ဘာမြေပေါ်မှ ညစ်ညမ်းမှုများကိုလိုက်လံသန့်ရှင်းရန် ဒီဇိုင်းထုတ် ဖန်တီးထားတဲ့ ...
movie
WALL·E (2008)
2008
4K HEVC
5.0
Cinderella II: Dreams Come True (2001)
Cinderella I ကို CM ပရိတ်သတ်တွေအတွက်တင်ဆက်ပေးခဲ့ပြီးတဲ့နောက်မှာ 2002ခုနှစ်မှာထွက်ခဲ့တဲ့ Cinderella II ကိုရောထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ Cinderella II က နံပါတ် Iလောက်တော့ Rating မကောင်းပေမဲ့ IMDbမှာ Rating 5/10 ရှိထားပြီးစင်ဒရဲလားအလွမ်းပြေ အပျင်းပြေ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုလို့အဆင်ပြေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကြွက်ကလေးတွေက ပုံပြင်လေး၃ပုဒ်ကိုပြောပြကြတာဖြစ်ပါတယ်။ ပထမပုံပြင်မှာ ရဲတိုက်ကြီးကို မင်းသမီးဖြစ်ပြီးတဲ့နောက်ပထမဆုံးအကြိမ်ရောက်လာရတဲ့ မင်းသမီးစင်ဒရဲလားရဲ့အခက်အခဲလေးတွေနဲ့ ရဲတိုက်ရဲ့အစဥ်အလာဓလေ့ထုံးတမ်းတွေကိုသူ့ရဲ့ကိုယ်ပိုင်ပုံစံနဲ့ဘယ်လိုတွေပြောင်းလဲလိုက်တယ်ဆိုတာမြင်ရမှာဖြစ်ပါတယ်။ဒုတိယပုံပြင်မှာတော့ ဂျက်ခ်ဂျက်ခ်လေးရဲ့လူသားဖြစ်ချင်တဲ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ပြီးတဲ့နောက် ကြုံတွေ့ရမယ့် လူသားဘဝအလွဲတွေနဲ့ ဂျက်ခ်အတွက် ကြွက်တစ်ကောင်အဖြစ်နဲ့လူတစ်ယောက်အဖြစ်ဘယ်ဟာကပိုကောင်းတယ်ဆိုတာသိရအောင်သင်ခန်းစာတွေကြုံတွေ့ရတာကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။ နောက်ဆုံးပုံပြင်ကတော့ Title ဖြစ်တဲ့Dreams Come True ဆိုတဲ့အတိုင်း စင်ဒရဲလားရဲ့ အဖေတူအမေကွဲညီမအန်နာစတေးရှားရဲ့အချစ်စစ်ကိုရှာတွေ့ပြီးပျော်ရွှင်ရတဲ့အိပ်မက်အမှန်တစ်ကယ်ဖြစ်လာအောင် စင်ဒရဲလား နဲ့ ကြွက်ကလေးတွေဘယ်လိုကူညီကြမယ်ဆိုတာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ကဲ သီချင်းလေးတွေကအစ သေချာလေးဘာသာပြန်ပေးထားတာမို့ CM ရဲ့လက်ရာနဲ့ Quality ကောင်းကောင်းလေး ကြည့်ရှုခံစားချင်တဲ့ပရိတ်သတ်ကြီးတို့ငယ်ဘဝအလွမ်းပြေဖို့ Cinderella II လေးကို အခုပဲခံစားကြည့်ရှုလိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်။ File size…1.27GB / ...
movie
Cinderella II: Dreams Come True (2001)
6.2
Turner & Hooch (1989)
ဟောင်းပေမဲ့ ကောင်းတယ်ဆိုတာ ဒါမျိုးဗျ..။အဓိကဇာတ်ကောင်ပါတဲ့ ပိုစတာကို မြင်ပြီးရင်တော့ အထူးတလည် ညွှန်းစရာလိုမယ် မထင်ဘူး..။Tom Hanks ဆိုတာ ဂန္တဝင်ရယ်လို့ Legendary သရုပ်ဆောင် မင်းသားကြီးတစ်ယောက်ဖြစ်လာပြီးမှ ဟိုးရှေးရှေးတုန်းက ငယ်ရွယ်တဲ့ Tom Hanks ကို ပြန်ကြည့်ရတာလည်း အရသာတစ်မျိုးပဲ..။လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုမကတဲ့ အချိန်လောက်တုန်းက ရုပ်ရှင်ဆိုပေမဲ့လည်း အခုနေ ပြန်ကြည့်မိလည်း ဇာတ်ကြောင်းက ကျေနပ်စရာကောင်းသေးတယ်ဗျ..။အိမ်မွေးတိရစ္ဆာန်လေးတွေဆီကရတဲ့ စိတ်ဒုက္ခ..၊ ပျော်ရွှင်စရာ အခိုက်အတန့်လေးတွေနဲ့ ကြည်နူးစရာ မေတ္တာတရားတွေကို ရယ်စရာ မောစရာတွေနဲ့ ရောပြီး ကြည့်ရှုနိုင်ပါမှာ..။အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတဲ့လူတွေကတော့ ဒီချိုမြတဲ့ဒုက္ခတွေကို ကောင်းကောင်းကြီး နားလည်နိုင်မှာ အသေအချာ..။ကမ်းခြေမြို့သေးသေးလေးတစ်ခုမှာ စုံစမ်းစစ်ဆေးရေးမှူးလုပ်နေတဲ့ မစ္စတာ တန်နာ တစ်ယောက် တခြားမြို့ကို သိပ်မကြာခင် ပြောင်းရွေ့ရတော့မယ့် ရက်ပိုင်းအတွင်းမှာမှ ဖြစ်ပေါ်လာတဲ့ မတော်တဆမှုတချို့နဲ့.. ဒီကိစ္စရပ်တွေကနေ ဆက်ပြီးတော့ ဖြစ်ပျက်လာမယ့် မှုခင်းဆက်စပ်မှုတွေ..။အရာအားလုံးကို တိကျ ၊ သေချာ ...
movie
Turner & Hooch (1989)
7.8
Horton Hears a Who! (2008)
IMDb မှာ 6.9/10 ဆိုတော့ ကောင်းလားမကောင်းလားသိပ်မပြောတော့ပါဘူးကျွန်တော်တို့ရဲ့ စကြာဝဠာကြီးဟာ အဆုံးအစမရှိကျယ်ပြန့်တယ်လို့ သိထားပါတယ်ဒါဟာ လက်ခံထားရတဲ့ လက်ရှိအမှန်တရားဆိုလည်းမမှားပါဘူး...ကျွန်တော်တို့လို တခြားသက်ရှိတွေစကြာဝဠာကြီးထဲမှာ ရှိကောင်းရှိနေနိုင်ပါလိမ့်မယ်..ဒါပေမယ့် ကျွန်တော်တို့ ကမ္ဘာကြီးထဲကသက်ရှိတွေအကုန်လုံးကိုတောင် ရှာဖွေလို့ မကုန်နိုင်သေးပါဘူး...ဒီကာတွန်းရုပ်ရှင်လေးက အဲ့ဒီအချက်ကိုအဓိကထားတင်ပြသွားတယ်လို့ ထင်ပါတယ်...ကျွန်တော်တို့လူသားတွေ ကမ္ဘာပေါ်မှာ ထင်တိုင်းကြဲလုပ်ချင်ရာလုပ်နေကြပေမယ့်ကျွန်တော်တို့ မသိသေးတဲ့အကြောင်းအရာတွေ အများကြီးရှိနေပါတယ်.. ဇာတ်လမ်းအကျဉ်းလေးဆီ သွားရအောင်ဟော်တွန်ဆိုတဲ့ ဆင်ကလေးတစ်ကောင်ဟာ ပျော်ပါး ကစားနေရင်းနဲ့ပန်းဝတ်မှုံအရွယ်အစားလောက်ပဲရှိတဲ့ ကမ္ဘာသေးသေးလေးတစ်ခုကိုအမှတ်မထင်တွေ့သွားပါတယ်...မယုံနိုင်ပေမယ့် တကယ့်အစစ်အမှန်ဖြစ်နေမှန်းသိသွားတဲ့အခါမှာကမ္ဘာသေးသေးလေးထဲက သက်ရှိလေးတွေနဲ့ဆက်သွယ်ပြီး အဲ့ဒီကမ္ဘာသေးသေးလေးကိုလုံခြုံအောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်...ဒါပေမယ့်လည်း ထုံးစံအတိုင်း အဖျက်တရားကဝင်လာတဲ့အခါမှာတော့..... ဟော်တွန်တစ်ယောက် ကမ္ဘာသေးသေးလေးကို ဘယ်လိုကာကွယ်ပေးနိုင်မလဲ ဆိုတာကို ကြည့်ရှုခံစားကြည့်ကြပါဦး... တစ်ခုပြောချင်တာက ဒီလိုကာတွန်းကာတွန်းရုပ်ရှင်ဆိုတာကလေးတစ်ယောက်လိုကြည့်ရင် ကလေးကာတွန်းကားအနေနဲ့ဖြစ်ပေမယ့်လူကြီးတစ်ယောက်လို ကြည့်ရင်တော့ လူကြီးအတွေးနဲ့ရုပ်ရှင်ကားတစ်ကားဖြစ်သွားမှာပါ...ရုပ်ရှင်ကပေးတဲ့ message လေးကိုသိအောင်လုပ်ရင်းအတွေးပွားစေလိုပါတယ်... ကဲ လေကြောရှည်တာများသွားတဲ့အတွက် ပြောတာလေးရပ်ပြီးကြည့်ရှုခံစားလိုကိကြပါဦး...(သေးသေးလေးတွေတော့ ထပ်သွားတယ် )(ဇာတ်ကားအတွက် ...
movie
Horton Hears a Who! (2008)
2008
8.2
Up (2009)
Up (2009) IMDb - 8.2/10_______Rotten - 98% Won 2 Oscars. Another 78 wins & 82 nominations ဒီတစ်ခါတော့ ကာတွန်းကား ကောင်းကောင်း လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးက ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့ပြီး၊ စထွက်ခဲ့တဲ့အချိန်ထဲက အခုအချိန်အထိ Valentine's Day ရုပ်ရှင်အဖြစ် လူကြိုက်များခဲ့သလို၊ သူ့ထဲက ဇာတ်ဝင်ခန်းလေး တစ်ခုက အချစ် နဲ့ပတ်သက်လာရင် အခုအချိန်အထိ လူပြောများနေဆဲဖြစ်ပါတယ်။ Up ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။ ဇာတ်အိမ် ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့ မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။ ဒီ ...
movie
Up (2009)
2009
7.3
Hercules(1997)
ကျနော်တို့ Translator ကြီး ကိုမျိုးမင်းသူသန်းမြင့် မှ Animation ရုပ်ရှင်များကိုစဉ်ဆက် မပြတ် ဘာသာပြန်ပေးနေရင်းကနေ ယခု တစ်ခါ ကျနော်တို့ ငယ်ဘ၀ ကိုပြန်ပြောင်းသတိရစေမယ့် ဟာကျူလီ (Hercules) ကာတွန်းကားကို ထပ်မံဘာသာပြန် တင်ဆက်ပေးလိုက်ပါပြီ....ပိုထူးခြားစေတာကတော့ ကာတွန်းရုပ်ရှင်ထဲမှ ဇတ်ဝင်သီချင်းများကိုပါ အသေးစိတ်ကျကျဘာသာပြန်ပေးထားတာ ဖြစ်လို့ Download ဆွဲ သိမ်းထားသင့်တဲ့ ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်..(သစ်ဆန်းခန့်)File size…1.51GB and 761MB and 358MB Quality…1080p Blu-Ray HEVC and 720p and 480p Format…Mp4 Duration….1h 33mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Myo Min Thu Than Myint
movie
Hercules(1997)
1997
HEVC 1080p 5.1
5.7
101 Dalmatians 1996
ကျွန်တော်တို့ ငယ်ငယ်က အရမ်းသဘောကျတဲ့ ခွေးလေး ၁၀၁ ကောင် ကာတွန်းကားကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ 101 Dalmatians 1996 ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားရဲ့ထားခြားချက်ကို ပြောရမယ်ဆိုရင်တော့ ခွေးလေးတွေကိုယ်တိုင်ပါပဲ ကျွန်တော်ကတော့ ရုပ်ရှင်ထဲမှာ တိရစ္ဆာလေးတွေ ထည့်ရိုက်ရင် အရမ်းသဘောကျပါတယ် ဘာလို့ဆိုတော့ သူတို့ကို သရုပ်ဆောင်ဖို့ သင်ပေးရတာ မလွယ်ဘူးလေ ဒါပေမယ့် အခုနောက်ပိုင်းမှာ CGI ဆိုတဲ့ ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ ရုပ်အတုတွေပဲ ထည့်ရိုက်ကြပါတော့တယ် ဒီတော့ အရင်ခေတ်ကလို တိရစ္ဆာန်လေးတွေရဲ့ သရုပ်ဆောင်ချက်တွေ မြင်ရဖို့အခွင့်အရေးရှားသွားပါတယ် ဒါပေမယ့် ၁၉၉၆ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဒီကားမှာတော့ ခွေးလေးတွေရဲ့ ချစ်စရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေကို တစ်ဝကြီးမြင်ကြရမှာပါ အခုလို စိတ်ဖိစီးစရာများတဲ့ ကာလမှာ Old but Gold ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါရစေ File size…(1.5 GB) and (1 Gb) Quality….BluRay 1080p and 720p Format…mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Htet Wai Lwin
movie
101 Dalmatians 1996
1
2
Next