Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michole Briana White
She Hate Me (2004)
ဒီဇာတ်လမ်းမှာတော့ မင်းသား Anthony Mackie က ဂျွန်ဟင်နရီအမ်းစထရောင်းအဖြစ် အဓိကသရုပ်ဆောင်ထားပြီး Kerry Washington ၊ Woody Harrelson နဲ့ Monica Bellucci တို့ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ Drama အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ဂျွန်က ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုရဲ့ ဒုဥက္ကဋ္ဌဖြစ်ပြီး သူတို့ ကုမ္ပဏီကြီးက AIDS ရောဂါကာကွယ်ဆေးကို ထုတ်လုပ်ဖို့ကြိုးစားနေတာပါ။ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်အတွင်း ကျင့်ဝတ်ဆိုင်ရာချိုးဖောက်မှုတွေကို ဂျွန်က သိမြင်လာရတဲ့အတွက် အဲ့ဒီကိစ္စတွေကို ကျင့်ဝတ်ဆိုင်ရာထိန်းသိမ်းရေးကော်မတီတစ်ခုကို တိုင်ကြားလိုက်ပါတော့တယ်။ ဒါကြောင့် သူလည်း အလုပ်ပြုတ်သွားတဲ့အချိန်မှာ သူ တစ်ချိန်က ဇနီးအဖြစ်မတော်လိုက်ရတဲ့ ချစ်သူဟောင်း ဖာတီမာက သူ့ဘဝထဲကို ပြန်ဝင်လာပါတော့တယ်။သူတို့ မယူဖြစ်ခဲ့ကြပုံမှာလည်း လက်ထပ်ခါနီးမှာမှ ဖာတီမာက သူမကို သူမ လိင်တူချစ်မြတ်နိုးမှန်းသိလိုက်ရတာကြောင့်ပါ။ ယခုအခါ သူမက သူမရဲ့ လက်ရှိချစ်သူကောင်မလေးနဲ့ တပြိုင်နက် ကိုယ်ဝန်လွယ်ချင်ပြီး ကလေးရဲ့ ...
movie
She Hate Me (2004)
5.8
Lila & Eve (2015)
ဒီနေ့မှာတော့ အားလုံးရဲ့အသည်းစွဲ Jennifer Lopez ပါဝင်သရုပ်ဆောင်ထားတဲ့ မူခင်းရုပ်ရှင်တစ်ကားကို CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ် ။Lila and Eve လို့ အမည်ရတဲ့ ဒီရုပ်ရှင်ထဲမှာတော့ Lila ဆိုတဲ့ အမျိုးသမီးကသူ့သား Stephon ကို လောလောလတ်လတ် ဆုံးရှုံးထားရတဲ့သူပါ ။ဘာအပြစ်မှမရှိဘဲ မတရားသဖြင့် သေသွားရတဲ့ သားဖြစ်သူအတွက်ပူဆွေးနေရတဲ့ Lila ဟာ သူ့လိုမျိုး ဘဝတူမိခင်တွေအတွက် ဖေးကူရေးအဖွဲ့တစ်ခုရဲ့ စကားဝိုင်းကို သွားခဲ့ပါတယ် ။ အဲဒီမှာပဲ သူ့လိုမျိုးပဲသားသမီးဆုံးရှုံးထားတဲ့ Eve နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ် ။ တကယ်တော့Lila လိုချင်တာက သူ့သားကို သတ်ခဲ့တဲ့ တရားခံကို ရှာဖို့ပါပဲ ။ ရဲတွေကိုအမျိုးမျိုးဆက်သွယ်ခဲ့ပေမယ့် အဖတ်မလုပ်တဲ့နောက်မှာတော့ Eve ကသူ ကူညီပေးမယ်လို့ ဆိုလာပါတယ် ။ Stephon ကို သတ်သွားတဲ့တရားခံကို Lila နဲ့ Eve တို့ ...
movie
Lila & Eve (2015)
5.8
Encino Man (1992)
Encino Man (1992)အားလုံးသိသလိုပဲ ဒီနှစ်ရဲ့ အမျိုးသားသရုပ်ဆောင် အော်စကာဆုရှင်၂ယောက်ဖြစ်တဲ့ ဘရန်ဒန်ဖရေဆာနဲ့ Ke Huy Quan တို့ဟာ ကားရိုက်တော်တော်နည်းခဲ့တဲ့၊ ရုပ်ရှင်လောကကနေ အကြောင်းအမျိုးမျိုးနဲ့ စွန့်ခွာခဲ့ဖူးတဲ့ သူတွေပါပဲ။ ဒါပေမဲ့လည်း ၂ယောက်စလုံးက ကျွန်တော်တို့ငယ်ဘဝကို ကြီးစိုးထားတဲ့ ရုပ်ရှင်ကားတွေကို ရိုက်ဖူးခဲ့တဲ့သူတွေပါပဲ။ ဆန်းကြယ်စွာနဲ့ပဲ ဒီနှစ်မှာ ဒီ၂ယောက်စလုံး အော်စကာဆုရသွားခဲ့တယ်။ ဒီလိုနဲ့ သူတို့၂ယောက်စလုံး အတူတူပါဖူးခဲ့တဲ့ ဟိုးတုန်းက ရုပ်ရှင်ကားတစ်ကားကို ပြန်တူးဖော်ဖို့ အကြောင်းဖန်လာခဲ့တယ်။ဒီရုပ်ရှင်မှာ ဘရန်ဒန်ကြီးက ရေခဲခေတ်ကလူအနေနဲ့ သရုပ်ဆောင်ထားတယ်။ ရေခဲခေတ်မှာ ရေခဲတုံးထဲခဲသွားပြီး ဒီဘက်ခေတ်မှာမှ အဲဒီရေခဲတုံးကြီး အရည်ပျော်ပြီး ဒီဘက်ခေတ်ကို ရောက်လာတဲ့သူပေါ့။ သူ့ကိုတွေ့သွားတဲ့ ဒေ့ဆိုတဲ့ကောင်လေးက အိမ်နောက်ဖေးမှာ ရေကန်တူးရင်း တွေ့သွားတာ။ ဒေ့ နေရာကို Sean Astin က သရုပ်ဆောင်ထားတယ်။ သူ့ကိုလည်း သိကြမှာပါ။ ဂန္ထဝင်ရုပ်ရှင် LoTR မှာ ဖရိုဒိုရဲ့ဘော်ဒါ ...
movie
Encino Man (1992)
1992
6.7
Malignant (2021)
Malignant (2021)Conjuring, Saw စတဲ့ကားတွေနဲ့နာမည်ကြီးခဲ့တဲ့ ဒါရိုက်တာ James Wan ရဲ့အသစ်စက်စက် Horror ရုပ်ရှင်ဖြစ်ပါတယ်အရက်သမားယောကျ်ားနှိပ်စက်တာကိုခံရလို့ ခဏခဏ ကိုယ်ဝန်ပျက်ကျခဲ့ရတဲ့ မက်ဒီဆင်... ငယ်ဘဝတုန်းကအကြောင်းအရာတွေကို မမှတ်မိတော့တဲ့ မက်ဒီဆင်....မက်ဒီဆင်ဟာ တစ်နေ့မှာ လူသတ်မှုတစ်ခုကို ကြုံခဲ့ရပြီးနောက်ပိုင်း ရက်ရက်စက်စက်လူသတ်မှုတွေရဲ့အမြင်တွေ ဆက်မြင်လာရပြီး လူသတ်သမားဟာ ဂေဘရီယယ် ဆိုတဲ့ လူတစ်ယောက်မှန်း သိလာရတဲ့အခါ ဂေဘရီယယ်ဆိုတာဘယ်သူလဲ? ဘာကြီးလဲ?မက်ဒီဆင်က သူ သတ်တာ ဖြတ်တာတွေကို ဘယ်လိုကြောင့် အမြင်တွေရနေရတာလဲဆိုတာကတော့ဒါရိုက်တာ James Wan ရဲ့ အရင်ကနဲ့ မတူတဲ့ရိုက်ချက်တွေ ဟာကနဲဟင်ကနဲဖြစ်သွားရမယ့်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့အတူ ခံစားကြည့်လိုက်ရအောင်အညွှန်း နဲ့ ဘာသာပြန်ကတော့ Chit Tee နဲ့ Pyi Ti Nyein တို့ပဲ ဖြစ်ကြပါတယ်Quality….WEB-DL 1080p and 720p and 480p File size…2.5GB and 1.3GB and 500MB Format…mp4 Duration….1h 51min Subtitle….Myanmar Subtitle (Hardsub) Translator ..... Chit Tee and Pyi Ti ...
movie
Malignant (2021)
2021
7.6
25th Hour(2002)
25th Hour(2002)IMDb...7.6,,,Rotten...78%New Yorkမြို့ပေါ်က မူးယစ်ဆေးရောင်းချသူ မွန်တီဘရိုဂန်လို့ခေါ်တဲ့သူတစ်ယောက်ရှိတယ်...သူဟာ အချိန်အတော်ကြာဒီလောကထဲကျင်လည်ခဲ့ပြီး ပိုက်ဆံတွေတော်တော်များများစုမိဆောင်းလာလို့ပဲလားချစ်သူတစ်ယောက်ရခဲ့လိုပဲလားမသိ... မူးယစ်ဆေးရောင်းချသူအဖြစ်ကနေ နှုတ်ထွက်ပြီး အေးဆေးပဲနေတော့တယ်...အေးဆေးနေတဲ့အချိန်ရောက်မှ တစ်နေ့တော့ရဲတွေ သူ့အိမ်ကိုရောက်ချလာတယ်..ဖမ်းဝရမ်းလည်းပါသလို ပိုက်ဆံတွေမူးယစ်ဆေးတွေကို အလွယ်တစ်ကူရှာတွေ့ပြီးဖမ်းဆီးခဲ့တယ်...ကြည့်ရတာ တစ်ယောက်ယောက်ချောက်ချလိုက်ပုံပါပဲ...ထောင်(၇)နှစ်ကျဖို့ အမိန့်ချပြီး မွန်တီအတွက် တစ်ရက်အချိန်ရခဲ့တယ့်..နောက်နေ့မတိုင်မီဆိုတော့ပြောရရင် ၂၅နာရီပေါ့...ဒီအချိန်အတွင်း သူဘာတွေလုပ်မလဲဆိုတာကိုတော့...ဒီကားထဲက မင်းသားကြီး Edward Norton ကို အတော်များများသိကြမှာပါ...ဗီလိန်ခန်းဆို ကြည့်နေတဲ့TVပြေးရိုက်ခွဲချင်လောက်အောင် ပီပြင်လှသလို၊ သနားစရာဇာတ်ရုပ်ဆိုလည်း အပြစ်ကင်းတဲ့ကလေးလေးတစ်ယောက်လိုတော်လွန်းလှတာသိကြမှာပါ...ဆုကြီး(၄)ဆုရရှိထားတဲ့ကားမို့ ခံစားကြည့်ကြပါဉီး.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Khine Khine Wai ပဲဖြစ်ပါတယ်...File Size :(1.04 GB) and (384 MB) Quality : Blu-Ray 720p Format…mp4 Duration…02:15:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai Encoded by Phyo Pyae
movie
25th Hour(2002)
6.6
Courage Under Fire(1996)
Courage Under Fire(1996) IMDB.....6.6,,,,,,,Rotten......85 Patrick Sheane Duncan က ဇာတ်ညွှန်းရေးသားပေးခဲ့သည့် Courage Under Fire ဇာတ်ကားကို Director Eward Zwick က ရိုက်ကူးထားပြီး Fox 2000 Picture ၏ ပွဲဦးထွက်ရုပ်ရှင်ကားလည်းဖြစ်သည်။ အမေရိကန်ဒေါ်လာ ၄၆ သန်း အကုန်အကျခံရိုက်ကူးထားသည့် Courage Under fire သည် ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိခဲ့သည့်ဇာတ်လမ်းလည်းဖြစ်သည်။ ဇာတ်လမ်းအား အီရတ်တို့ကူဝိတ်ကိုကျူးကျော်ထားစဉ်တွင် အီရတ်တပ်များအား အမေရိကန်တပ်များက ဝင်ရောက်မောင်းထုတ်ပေးခဲ့သည့် ပင်လယ်ကွေ့စစ်ပွဲအပေါ် အခြေခံထားသည်။ ဇာတ်လမ်းအကျဉ်းမှာ ဒုတိယဗိုလ်မှူးကြီး နသန်နီရယ် ဆာလင်း (Denzel Washington) သည် အမေရိကန်အမှတ်(၂)တင့်ကားတပ်ရင်း၏ တပ်ရင်းမှူးဖြစ်ပြီး အယ်ဘက်သရာမြို့တွင်တိုက်ခိုက်ခဲ့သည့် ညတိုက်ပွဲတခုတွင် မိမိတပ်အား တပ်ချင်းမှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ အမေရိကန်စစ်တပ်သည် ၎င်းဖြစ်စဉ်အား ဖုံးကွယ်ထားခဲ့ပြီး စစ်ပွဲအပြီးတွင် ဒုမှူးကြီးဆာလင်းအာ း သူရဲကောင်းစွမ်းရည်ဘွဲ့အပ်နှင်းပြီး ...
movie
Courage Under Fire(1996)
1996