Channel Myanmar

Michelle Thomas

Maid in Manhattan (2002)
Maid in Manhattan (2002)  ဒီဇာတ်ကားလေးကတော့ 2002 ခုနှစ်ကထွက်ရှိထားတဲ့ Romance Drama အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Jennifer Lopez, Ralph Fiennes စတဲ့ နာမည်‌ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်း‌လေးကတော့ ဟိုတယ်အကူအမျိုးသမီးလေးတစ်ယောက်ကို လွှတ်တော်အမတ်လောင်းတစ်ယောက်က ချစ်ကြိုက်မိသွားတဲ့ ခေတ်သစ်စင်ဒရဲလားကားလို့ပြောရပါလိမ့်မယ်။မာရီဆာဗန်တျူရာဆိုတဲ့ Single Mom တစ်ယောက်ဟာ နယူးရော့ခ်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ပြီး အဆင့်မြင့်ဟိုတယ်တစ်ခုမှာ အကူလုပ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ခရစ်မာရှယ်လို့ခေါ်တဲ့ ဆွေကြီးမျိုးကြီး နိုင်ငံရေးသမားတစ်ယောက်ဟာ ဟိုတယ်မှာအလုပ်လုပ်‌နေတဲ့မာရီဆာကို ဧည့်သည်အမှတ်နဲ့ သဘောကျနှစ်သက်သွားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ရင်ခုံစရာအချစ်ဇာတ်လမ်းကို ကြည်နူးဆွတ်ပျံ့ဖွယ် တင်ဆက်ပြသထားပါတယ်။ Romance ချစ်သူတို့အနေနဲ့ ကြည့်သင့်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.7 GB)/(919 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moon 
movie

Maid in Manhattan (2002)

The Palace (2023) 5.4
The Palace (2023) The Palace (2023)Black Comedy ဇာတ်ကားလေးပါ။ ရုပ်ရှင်ဝေဖန်ရေးဆရာကြီးတွေက ပျစ်ပျစ်နှစ်နှစ်ဝေဖန်တာ ခံထားရပြီး Box Office မှာလည်း ခွက်ခွက်လန်အောင် ရှုံးခဲ့တဲ့ဇာတ်ကားပါ။ဒါပေမဲ့ ဒါရိုက်တာက ရုပ်ရှင်လောကမှာ ပါရာမောင့်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ရွှေဥကြီးတစ်လုံးဖြစ်တဲ့ Rosemary's Baby ဇာတ်ကားကို မွေးထုတ်ပေးခဲ့သူ Roman Polanski ပဲဖြစ်ပါတယ်။ China Town, Macbeth, The Pianist, Oliver Twist တို့လို ဇာတ်ကားကောင်းတွေကို မွေးထုတ်ပေးခဲ့တဲ့ ဒါရိုက်တာပါ။ ဒါရိုက်တာအနေနဲ့ ငါမအိုသေးလို့ ဟစ်ကြွေးနိုင်လောက်တဲ့ ပညာစွမ်းတွေကို ဒီဇာတ်ကားမှာ ပြသွားပေမဲ့ ဇာတ်ညွှန်းကြောင့် ဒီဇာတ်ကားက ဒီလောက်ထိ အခြေအနေဆိုးသွားတာလို့ ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်လို Black Comedy ကြိုက်သူတွေအတွက်တော့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးပါ။သရုပ်ဆောင်တွေကလည်း Old but Gold လို့ ပြောလို့ရတဲ့ ထိပ်တန်းသရုပ်ဆောင်တွေ အများကြီး ...
movie

The Palace (2023)

2023
I Came By (2022) 6.1
I Came By (2022) I Came By (2022) ============= IMDb Rating - 6.1/10Netflix က ထွက်ရှိထားပြီး IMDb 6.1 ရရှိထားသလို Rotten Tomatoes မှာ 69% ရထားတဲ့ ကားလေးပါ။ Overrated ဖြစ်မနေ တာတော့ အသေအချာပါပဲ။ ဘာလို့ဆို ဇာတ်ကားလေးကိုစကြည့်ထဲ ကနေ တောက်လျှောက် ဘာဖြစ်မလဲဆိုတာ မသိရတာမျိုးကားလေး မလို့ပေါ့ဗျာ။ ဒီလိုကားလေးတွေရဲ့ ထုံးစံအတိုင်း ဇာတ်သိမ်းခါနီးထိကို ဆွဲခေါ်သွားပြီးဇာတ်သိမ်းတော့မှ ဇာတ်ရှိန်ကျတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ဇာတ်ကားလေးထဲမှာတော့ ဂရက်ဖတီဆွဲတဲ့ လူငယ်လေးနှစ်ယောက်ဖြစ်တဲ့ တိုဘီ နဲ့ ဂျေးတို့နဲ့ စတင်ထားတယ်လို့ဆိုရမှာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ရော်ဘင်ဟုဒ်တွေလိုပေါ့ဗျာ။ ရိုးရိုးသာမန်ဂရက်ဖတီသမားတွေလို လမ်းမတွေ ပေါ်မှာ မ‌‌ဆွဲဘဲ အကျင့်ပျက်ခြစားနေတဲ့သူဋ္ဌေးကြီးတွေရဲ့ အိမ်ထဲခိုးဝင်ပြီး ခြိမ်းခြောက်စာအနေနဲ့ ဂရက်ဖတီတွေ ဆွဲတတ်တဲ့ လူငယ်လေးတွေဖြစ်ပါတယ်။ စနစ်ဆိုးကြီးကို ဒီလိုစတင်တိုက်ထုတ်မယ်လို့ ခံယူထားကြတဲ့ လူငယ်လေး နှစ်ယောက်ပေါ့။သိုးရေခြုံထားတဲ့ ဝံပုလွေဆိုးကြီးတွေကို ဂရက်ဖတီနဲ့ဖော်ထုတ်နေတဲ့ သိုးငယ်လေး နှစ်ယောက် ဘယ်လိုတွေဆက်ဖြစ်ကြမယ်၊ ဇာတ်လမ်းထဲမှာ ဘာတွေဆက်ဖြစ် သွားဦးမလဲကိုတော့ ဒါရိုက်တာ ဘာဘက်အန်ဗာရီရိုက်ကူးထားတဲ့ I Came By ဆိုတဲ့ ရုပ်ရှင်ကားလေးထဲမှာခံစားရင်ခုန်ပေးကြပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

I Came By (2022)

2022
The 355 (2022) 4.8
The 355 (2022) The 355 (2022)ဒီတစ်ခါတော့ "The 355" ဆိုတဲ့ အလန်းစားဆိုက်ဘာအက်ရှင်ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် အင်တာနက်တွေ ဆိုက်ဘာနည်းပညာတွေ တိုးတက်လာတဲ့ခေတ်မှာ တီထွင်မှုတွေကလည်း အပြိုင်အဆိုင်ကို ပေါ်ပေါက်လာခဲ့ပါတယ် ကိုလံဘီယာ ဘိုဂိုဒါမှာ ကမ္ဘာကြီးရဲ့ ဘယ်အရာကိုမဆို ထိန်းချုပ်နိုင်တဲ့ ဒရိုက်ဗ်တစ်ခုကို တီထွင်နိုင်ခဲ့ပါတယ် အဲဒီဒရိုက်ဗ်ကို ကိုလံဘီယာအေးဂျင့် လူဝစ်က ရရှိသွားပြီးတော့ စီအိုင်အေကို ဒေါ်လာသုံးသန်းနဲ့ အပေးအယူလုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါမှာတော့ အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ စီအိုင်အေ အေးဂျင် မေ့စ်နဲ့ သူ့ချစ်သူ နစ်ခ်တို့နှစ်ယောက် ပဲရစ်ကိုရောက်လာကြပါတော့တယ် အပေးအယူလုပ်တဲ့နေရာမှာ ဂျာမန်အေးဂျင့် မယ်ရီက ပိုက်ဆံထည့်ထားတဲ့ အိတ်ကို ကြားထဲကနေ ဖြတ်ယူသွားပါတော့တယ် မေ့စ်က မယ်ရီနောက်လိုက်နေတုန်း နစ်ခ်က ပစ်သတ်ခံလိုက်ရပါတယ် စီအိုင်အေကို ပြန်ရောက်တော့မှ မေ့စ်တစ်ယောက် နစ်ခ်အသတ်ခံလိုက်ရမှန်း သိသွားပါတော့တယ် မေ့စ်ရဲ့ အထက်လူကြီး မတ်ခ်က မေ့စ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဒရိုက်ဗ်ကို ပြန်ရအောင်ယူခိုင်းတဲ့အခါမှာတော့ မေ့စ်တစ်ယောက်ဘယ်လိုတွေလုပ်မလဲ- စီအိုင်အေ အေးဂျင့် မေ့စ် - ဂျာမန်အေးဂျင့် မယ်ရီ - ကွန်ပျူတာကျွမ်းကျင်သူ ခါဒီဂျာ - ကိုလံဘီယာစိတ်ရောဂါကုဆရာဝန် ဂရေစီယယ်လာသူတို့တွေ တတိယကမ္ဘာစစ်ကြီး မဖြစ်အောင် ဘယ်လိုတွေကာကွယ်ကြမလဲဆိုတာ ...
movie

The 355 (2022)