Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michelle L. Clarke
5.8
The Reaping (2007)
တစ်ခေတ်တစ်ခါကအရမ်းနာမည်ကြီးခဲ့တဲ့မင်းသမီးချောHilary Swank တို့ ဇာတ်ကြမ်းမင်းသားကြီး Idris Elbaတို့ပါဝင်သရုပ်ဆောင်ထားတဲ့ 2007 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ဘာသာရေးအစွန်းရောက်သည်းထိပ်ရင်ဖိုဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Reaping ဖြစ်ပြီးIMDb Rating 5.6 အထိရရှိထားခဲ့ပါတယ်။ကက်သရင်းက ဘုရားသခင်ကိုလေးလေးနက်နက်ယုံကြည်ပြီးအမှုတော်ဆောင်တစ်ယောက်ဖြစ်ခဲ့ပြီးအံ့ဩဆန်းကြယ်ဖွယ်ရာလို့ လူတွေပြောကြတဲ့အရာတွေကိုသိပ္ပံနည်းကျ အဖြေတွေထွက်လာအောင်လုပ်နိုင်တဲ့ပါမောက္ခတစ်ယောက်လည်း ဖြစ်ပါတယ်။အရင်တုန်းကတော့ခရစ်ယာန်အမှုတော်ဆောင်ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့အဲ့ဒါကြောင့်ပဲ သူ့သမီးလေးကိုဆုံးရှုံးလိုက်ရတဲ့အတွက်စိတ်နာပြီး ဘာသာမဲ့တစ်ယောက်ဖြစ်လို့နေပါပြီ။ဘုရားသခင်ကိုပြန်လည်ယုံကြည်လာအောင် သူ့ကိုတခြားသူတွေကလည်းဘယ်လိုမှ နားချလို့မရတော့ပါဘူး။ဒီလိုနဲ့တစ်နေ့မှာတော့ကျမ်းစာထဲမှာ နိုင်းမြစ်ကြီးသွေးတွေဖုံးလွှမ်းပြီးနီရဲသွားခဲ့သလိုဟေဗန်ဆိုတဲ့မြို့လေးမှာရှိတဲ့ မြစ်လည်းအဲ့လိုဖြစ်နေတဲ့အတွက်အဖြေရှာဖို့သူ့ကိုလာအကူအညီတောင်းပါတော့တယ်။ဒီလိုနဲ့သူလည်း ဘန်ဆိုတဲ့သူ့တွဲဖက်နဲ့အတူတူဟေဗန်မြို့ကိုထွက်လာခဲ့ပါတော့တယ်။အဲ့ဒီမြို့က လူတိုင်းကဘာသာတရားကိုအရမ်းကိုင်ရှိုင်းတဲ့အတွက် သူ့မျက်လုံးထဲမှာတော့မျက်စိစပါးမွှေးစူးချင်စရာပါပဲ။ဒါပေမယ့် သူလုပ်စရာရှိတဲ့အလုပ်ဖြစ်တဲ့ မြစ်ကြီးနီရဲလာတဲ့အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရင်းနဲ့မှကျမ်းစာထဲမှာပါတဲ့အဖြစ်အပျက်တွေအတိုင်း တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်လာတဲ့အခါမှာတော့ ဒီကိစ္စအတွက်ရောသိပ္ပံနည်းကျဖြေရှင်းချက်ရှိပါ့မလားဆိုတာအပြင် ဘာသာရေးအစွန်းရောက်တွေနတ်ဆိုးကိုးကွယ်သူတွေရဲ့ရှုပ်ထွေးမှုတွေကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.77GB / 900MB Quality…Blu -Ray 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
The Reaping (2007)
6.5
The Secrets We Keep(2020)
The Secrets We Keep(2020)************************** IMDb Rating ........ 6.5/10Rotten Tomatoes ......... 63%(Drama / Thriller) အချိန်အားဖြင့် ဒုတိယကမ္ဘာစစ်ပြီးကာလ... အမေရိကန်ပြည်ထောင်စုမှာ ခင်ပွန်းဖြစ်သူ ဒေါက်တာ လူး၀စ် နှင့်အတူ ရိုမေးနီးယန်း အမျိုးသမီးဖြစ်တဲ့ မာယာ ဟာ ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းလျက်ရှိပါတယ်.... ခင်ပွန်းသည်ရဲ့ဆေးခန်းကိုကူညီပေးလိုက်…သားငယ်လေးကို ပြုစုလိုက်နဲ့ မာယာဟာ တကယ့်ကို ပြည့်စုံတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပါတယ် ဒီလိုနဲ့တစ်ရက်မှာ မြို့ကိုအသစ်ရောက်လာတဲ့ လူစိမ်းတစ်ယောက်ကို တွေ့ပြီးတဲ့နောက်တည်ငြိမ်လှတဲ့ မာယာ တစ်ယောက် ..... ချက်ချင်းပဲ ဆောက်တည်ရာမရဖြစ်လာပြီး...လွန်ခဲ့တဲ့ ၁၅ နှစ်က အဖြစ်ဆိုးကြီးကို ပြန်မြင်ယောင်သွားကာ...အဲ့ဒီလူစိမ်းကို ပြန်ပေးဆွဲပြီး ဖမ်းဆီးထားလိုက်ပါတော့တယ်.... ဇာတ်လမ်းနာမည်ဖြစ်တဲ့ "The secrets we keep"ဆိုတဲ့အတိုင်း ဘယ်သူ့ကိုမှပြောမပြတဲ့ မာယာ ရဲ့ လျို့ဝှက်ချက်တွေကဘာဖြစ်မလဲ....လူစိမ်းတစ်ယောက်နဲ့ မာယာတို့မိသားစု ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာ ကိုတော့...ကိုယ်တိုင်ကြည့်ရှူခံစားလိုက်ကြပါဦးခင်ဗျာ.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ...
movie
The Secrets We Keep(2020)