Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michelangelo Dalisi
The Consequences of Love (2004)
IMDb Rating(7.5/10) The Consequences of Love ကိုတော့ ဇာတ်ကောင်တခုအပေါ်မှာအခြေပြုပြီးဇာတ်လမ်းတွေကိုဖန်တီးတဲ့နေရာမှာနာမည်ကြီးတဲ့ ဒါရိုက်တာ Paolo Sorrentino ကရိုက်ကူးထားတာပါ၊ ဆွတ်ဇာလန်နိုင်ငံက ဟိုတယ်တခုမှာဇာတ်အိမ်ကိုအခြေတည်ထားပြီး သတ်လက်ပိုင်းအရွယ် အထီးကျန်ဆန်နေတဲ့ Titta Di Girolamo အကြောင်းကိုရိုက်ကူးထားတာပါ၊Titta ဟာ မာဖီးယားေတွနဲ့ ငွေရေးကြေးရေးပြဿနာတွေကြောင့် ဟိုတယ်မှာအကျယ်ချုပ်သဘောမျိုးအနေနဲ့နေနေရတာပါ၊မိန်းမနဲ့ကွဲနေတာကြာပြီး သာသမီးတွေရှိပေမယ့် အထီးကျန်နေရတဲ့လူတယောက်ဖြစ်ပါတယ်၊ဒီလိုနဲ့ဟိုတယ်ဘားကောင်တာက Sofia တယောက်နဲ့ရင်းနှီးစပြုလာပါတော့တယ်၊ဒီရင်းနှီးမှုက Titta တယောက်ရဲ့အထီးကျန်ဆန်မှုတွေကိုကုစားသွားနိုင်မလား သူတို့နှစ်ယောက်ကကောဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုစောင့်ကြည့်သွားရမှာပါ၊ဇာတ်ကားကခပ်အေးအေးလေးနဲ့ တွေးတောနေတာတွေများတာမို့ ပျင်းစရာကောင်းတယ်လို့ထင်ရပေမယ့် ဒရမ်မာ၊အချစ်၊သည်းထိပ်ရင်ဖို ရသသုံးမျိုးလုံးကိုဖော်ကျုးထားတာကြောင့် ကြည့်ရူသင့်တယ့်ဇာတ်ကားလေးတကားပါ File size…(1.6 GB)/(866 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Kyaw
movie
The Consequences of Love (2004)
6.8
The First Omen (2024)
ဒီရုပ်ရှင်ကတော့ ၁၉၇၆ တုန်းက ကမ္ဘာကျော်ခဲ့တဲ့အင်မတန်တမူထူးတဲ့ဇာတ်လမ်း The Omen 1976 ရဲ့အစပထမကို ရိုက်ကူးထားတာပါ။ဒါကြောင့် ရုပ်ရှင်ခေတ်ကို ၁၉၇၁ ကနေ စပြထားပါတယ်။သမိုင်းအရလည်း ၁၉၆၉ ကနေ ၁၉၈၀ အတွင်းရောမနဲ့ ဥရောပနိုင်ငံအမြောက်အမြားမှာလူမှုတော်လှန်ရေးခေတ် ဖြစ်နေပြီး ဆန္ဒပြတာတွေဆူပူတာတွေနဲ့ ဗြောင်းဆန်နေတဲ့ကာလပါပဲ။ ဒီရုပ်ရှင်ဒါရိုက်တာကတော့ Legion စီးရီးရဲ့ ဖန်တီးရှင်Arkasha Stevenson ဖြစ်ပြီး Imdb 6.8 ထိုက်ထိုက်တန်တန် ရထားတယ် ပြောရမှာပါပဲ။မူရင်း The Omen 1976 ကိုလည်း ဒီရုပ်ရှင်အပြီးမှာဆက်ကြည့်သင့်ပါတယ်။ CM web နဲ့ App မှာတင်ပေးထားပါတယ်။ နောက်ထပ် နောက်ဆက်တွဲOmen ရုပ်ရှင်တွေလည်း တင်ပေးသွားပါ့မယ်။ ဇာတ်လမ်းအကျဉ်း****************ခေတ်ပြောင်းတော်လှန်ရေးမှာလူတွေကဘုရားကျောင်းကို ယုံကြည်ကိုးကွယ်တာနည်းလာကြတယ်။ ဒီတော့ အစွန်းရောက်ပြီးဘာသာရေးအာဏာကို ဆက်လိုချင်တဲ့ဘုန်းတော်ကြီးတစ်စုက မကြံကောင်းမစည်ရာကြီးတစ်ခုကို ကြံစည်လိုက်တယ်။ အဲဒါကတော့အန္တိခရစ်တော်ကို မွေးဖွားဖို့ပါပဲ။ ယေရှုခရစ်တော်ဟာဘုရားသခင်ရဲ့ လူသဏ္ဍာန်လို့ ယုံကြရင်အန္တိခရစ်တော်ဟာ စေတန်ရဲ့ လူသဏ္ဍာန်ပါပဲ။ခရစ်တော်ကဘုရားရဲ့ သားတော်ဆိုရင် ...
movie
The First Omen (2024)
5.0
Padre Pio (2022)
Padre Pio (2022) =============အီတလီဘုန်းတော်ကြီး Padre Pio အကြောင်းနဲ့ အဲဒီခေတ် အခါက အီတလီရဲ့နိုင်ငံရေးအခြေအနေတွေကို ရောစပ်ပြီး ပုံဖော်ထားတဲ့ဇာတ်ကားလေးပါ။ Padre Pio အဖြစ် Transformers မင်းသား Shia LaBeouf က သရုပ်ဆောင်ထားပါတယ်။ပထမကမ္ဘာစစ်ပြီးကာလ အီတလီရဲ့ပထမဆုံးလွတ်လပ်သော ရွေးကောက်ပွဲရဲ့အရှုပ်တော်ပုံတွေနဲ့ မြေရှင်လူတန်းစားတွေက သူဆင်းရဲလုပ်သားတွေအပေါ်ဖိနှိပ်ချုပ်ချယ်တာတွေကို နိုင်ငံ ရေးရှုထောင့်အနေနဲ့ရိုက်ပြထားပြီး တဖက်မှာလည်း ခရစ်ယာန် ဘာသာဝင်တို့ရဲ့အကြီးအမြတ်ထားရာပုဂ္ဂိုလ်ဖြစ်လာအောင် Padre Pio ရဲ့စိတ်ပိုင်းဖြတ်မှုနဲ့လုပ်ဆောင်ပုံတွေကို ဘာသာ ရေးရှုထောင့်အနေနဲ့ ရိုက်ပြထားပါတယ်။ ဘာသာရေးနဲ့နိုင်ငံရေး ရောထွေးနေတဲ့ အီတလီနိုင်ငံက ကျေးရွာလေးတစ်ခုရဲ့အရှုပ် တော်ပုံကို ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(2.09 GB) / (620 MB) / (360 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 44Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama Translator.......ZWT Encoder..........SWM
movie
Padre Pio (2022)
2022
5.3
Mafia Mamma (2023)
Mafia Mamma (2023) " ကြမ်းတမ်းတဲ့စကားအသုံးအနှုန်းနဲ့ သွေးထွက်သံယိုခန်းတွေပါဝင်ပါတယ် "ခရစ္စတင်ဟာ သာမန်အမေရိကန်အိမ်ထောင်ရှင်မတစ်ယောက်...ပြောရမယ်ဆိုရင် မိခင်တစ်ယောက်အနေနဲ့ကော အိမ်ရဲ့ အဓိကထောက်တိုင်အနေနဲ့ပါ သူ့မှာတာဝန်ဝတ္တရားတွေအပြည့်ပိနေပါတယ်။သားဖြစ်တဲ့သူက ကောလိပ်တက်... ယောက်ျားကဖောက်ပြန်... အထက်လူကြီးကလည်းတကယ့်လိင်ခွဲခြားဆက်ဆံတဲ့ဘဲကြီး... အဲဒီလိုမွန်းကြပ်ရတဲ့ဘဝထဲပိတ်မိနေတုန်း သူတောင်မသိတဲ့ အီတလီက သူ့အဖိုးဆုံးပါးသွားပါတယ်။အဲဒီတော့ မွန်းကြပ်တဲ့အမေရိကန်လူနေမှုဘဝကနေရုန်းထွက်ရင်း အပန်းဖြေခရီးလည်းဖြစ်အောင် အသုဘရှုဖို့ အီတလီကို ခရီးနှင်ခဲ့ပါတော့တယ်။ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးဆိုသလိုပါပဲ။ အမေရိကန်မှာနေရတာပင်ပန်းလို့ အီတလီကိုရောက်ခါမှ သူ့အဖိုးရဲ့ သေတမ်းစာအရ ဟန်ပြဝိုင်လုပ်ငန်းအပြင် နောက်ကွယ်က မာဖီးယားဂိုဏ်းကြီးကိုပါအမွေဆက်ခံခဲ့ရပါတော့တယ်။လူမပြောနဲ့ ပိုးကောင်တောင်မသတ်ရဲတဲ့ ခရစ္စတင်တစ်ယောက် လူသတ်မှောင်ခိုလုပ်ငန်းတွေကို ဦးစီးရင်း တိုင်တွေဘယ်လိုပတ်မလဲ။ သူ့ကိုလုပ်ကြံဖို့ကြိုးစားတဲ့လူတွေနဲ့ဘယ်လိုရင်ဆိုင်မလဲဆိုတာအပြင် တခြားမားဖီးယားမိသားစုတွေရဲ့လေးစားမှုကိုဘယ်လိုရယူနိုင်ခဲ့မလဲတွေ့ရမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ အက်ရှင်ဟာသကားဖြစ်ပေမယ့် ကျွန်တော်တို့အခုရင်ဆိုင်နေရတဲ့ မွန်းကြပ်ပြီး ပျင်းစရာကောင်းနေတဲ့ဘဝကိုပါ စောင်းပါးရိပ်ခြည်သတိပေးထားတဲ့ရုပ်ရှင်တစ်ခုပါ။ ကျွန်တော်တို့တွေရဲ့ ဘဝနေထိုင်မှုဟာ ပျင်းစရာ စားဝတ်နေရေးနဲ့တင် ပြည့်စုံလုံလောက်နေပါရဲ့လား။ ချစ်လို့ အားနာလို့ ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေထက် တခြားသူတွေရဲ့ဆန္ဒကို ဦးစားပေးနေခဲ့မိတာက မှန်ကန်တဲ့ရွေးချယ်မှုဟုတ်နေရဲ့လား။ အချဉ်အစပ်လေးမှ စားမြိန်တယ်ဆိုသလိုပါပဲ ဘဝဟာလည်း စွန့်စားခန်းတွေမပြည့်နေရင်တောင် စွန့်စားခန်းတွေပါနေမှ နေရကျိုးနပ်မှာပါ။ဇာတ်လမ်းဇာတ်ကျောက ကြည့်ပျော်တယ်ဆိုတဲ့အဆင့်မှာရှိသလို ...
movie
Mafia Mamma (2023)
2023
6.1
The Land Of The Sons (La Terra Dei Figli) (2021)
The Land Of The Sons (La Terra Dei Figli) (2021)~~~~~ Imdb - 6.1 အီတလီရုပ်ရှင်တွေဆိုရင် ထပ်ညွှန်းစရာမလိုဘူးထင်ပါတယ်။ အစဥ်အလာလည်းရှိပြီးသားရုပ်ရှင်တွေဖြစ်တာရယ် အပြောထက် အပြတွေဦးစားပေးတဲ့ရုပ်ရှင်တွေဖြစ်တာကြောင့် အမြဲချီးကျူးတာခံနေရတဲ့ရုပ်ရှင်တွေပါ။ဒီရုပ်ရှင်မှာဆိုလည်း ဒိုင်ယာလော့တွေ အများကြီးမပါဘူး။ ဇာတ်ကောင်တွေလည်း အများကြီးပါမနေဘူး။ ဇာတ်လမ်းကလည်းရှုပ်မနေဘူး။ ကမ္ဘာပျက်ပြီးချိန် ကျန်ရစ်တဲ့ လူတွေရဲ့ ရှင်သန်ရစ်ဖို့ ကြိုးစားပုံတွေတွေ့ရမယ်။အဓိကဇာတ်ဆောင်တွေက သားအဖနှစ်ယောက်။ သူတို့နှစ်ယောက်ကြားက သံယောဇဉ်တွေကို တမူထူးခြားတဲ့ပုံစံနဲ့ တင်ဆက်ထားတယ်။ ဘာဆိုဘာမှ မကျန်တော့တဲ့ခေတ်ကြီးထဲမှာ မေတ္တာတရား ဆက်ရှင်သန်နေတာက လူသားတွေအတွက် ဆုလာဘ်ပါပဲ။ ကြည့်ကြည့်ပါ။ ခံစားချက်တစ်စုံတစ်ရာတော့ ရလာမှာ အမှန်ပါပဲ။ File size…(1.5GB)/(834mb)/(385 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:00:00 Genre...Drama / Sci-Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sp
movie
The Land Of The Sons (La Terra Dei Figli) (2021)
7.2
Freaks Out (2021)
Freaks Out (2021) ဇာတ်လမ်းအညွှန်းဒုတိယကမ္ဘာစစ်ကို နောက်ခံထားပြီး ရိုက်ထားတဲ့ Fantasy, History, Supernatural, Comedy ဇာတ်ကားလေးဖြစ်ပါတယ်။ဆပ်ကပ်ပြစားတဲ့ လူထူးဆန်း၄ယောက် စစ်ကာလမှာ လမ်းပျောက်ပြီး အမေရိကကို သွားမယ်လို့ စီစဉ်လိုက်ကြပေမဲ့ စီစဉ်ပေးတဲ့ အစ်စရေးဆိုတဲ့ ခေါင်းဆောင်က ဂျူးတွေကို ဖမ်းခေါ်သွားတဲ့အထဲ ပါသွားခဲ့တယ်။ အဲ့မှာ လူထူးဆန်း လေးယောက် လမ်းပျောက်ပြီး အစ်စရေးကို ရှာတဲ့သူကရှာ ၊ ဖရန့်စ် ဆိုတဲ့လူ ဖွင့်ထားတဲ့ ဇူးကပ်စ်ဘာလင် ဆပ်ကပ်ကို သွားတဲ့သူက သွားနဲ့ အုပ်စုကွဲသွားလေရဲ့။ဖရန့်စ်ဆိုတဲ့လူက အီသာအသုံးလွန်ပြီး အနာဂါတ်ကို အိပ်မက်ထဲမှာ မြင်လိုက်တယ်။ ဟစ်တလာသေပြီး သူတို့ စစ်ရှုံးတာကို မြင်လိုက်ရပြီး အနာဂါတ်ကိုပြောင်းဖို့ စစ်ပွဲမှာ အနိုင်ရဖို့ တိုက်ပေးဖို့ စွမ်းအားရှင်တွေကို ရှာပြီး ဟစ်တလာကို ဆက်သမယ်ပေါ့ သူ့အစီအစဉ်က။ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရပြီး ဇာတ်လမ်းကလည်း ကောင်းတာမလို့ ဘာတွေဆက်ဖြစ်မလဲ သိရအောင် ကြည့်လိုက်ကြရအောင်။ (ဇာတ်လမ်းအညွှန်းနဲ့ ...
movie
Freaks Out (2021)