Channel Myanmar

Michel Côté

C.R.A.Z.Y. (2005)
C.R.A.Z.Y. (2005) C.R.A.Z.Y 2005 ဒီရုပ်ရှင်က IMDb 7.8/ ခရမ်းသီးပုပ် 100% နဲ့ Meta score 81 အထိရရှိခဲ့ပြီး ဆုပေါင်း ၃၈ ခုပိုင်ဆိုင်ခဲ့တဲ့ ဟောင်းပေမဲ့ ကောင်းနေဆဲ ပြင်သစ် Drama/ Coming of age ရုပ်ရှင်လေးပါ။ နာမည်ကို C.R.A.Z.Y လို့ပေးထားခြင်းက ဒီရုပ်ရှင်ထဲက ညီအစ်ကိုငါးယောက်ဖြစ်တဲ့ Christian, Raymond, Antoine, Zachary နဲ့ Yv‌an တို့ရဲ့ ရှေ့ဆုံးနာမည်အက္ခရာတွေကို ကြီးစဉ်ငယ်လိုက်စီထားတာကြောင့်ပါ။ ဇာတ်အိမ်ကိုတော့ ၁၉၆၀ ခုနစ်ကျော်ကာလမှာတည်ထားပါတယ်။ကတ်သလစ်ဘာ၀င် ပြင်သစ်ကနေဒီယန် မိသားစုတစ်ခုမှာ သားချည်းပဲ ငါးယောက်ထွန်းကားခဲ့တယ်။ အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေကြီးက ချမ်းသာကြွယ်၀သူတစ်ဦးဖြစ်ပြီး ရှေးရိုးလည်းသိပ်စွဲတတ်တဲ့သူကြီးပါ။ သူရဲ့သားငါးယောက်လုံးကတော့ စာဂျပိုး၊ လူပေလူတေ၊ အားကစားရူး စသဖြင့် တစ်ဦးနဲ့တစ်ဦး နည်းနည်းလေးမှမတူတဲ့ ပင်ကိုစရိုက်လက္ခဏာ ကိုယ်ရည်ကိုယ်သွေးတွေကို ပိုင်ဆိုင်ထားကြတယ်။ ဒီညီအစ်ကိုတွေလိုပဲ ဇာတ်လိုက်ကျော် ...
movie

C.R.A.Z.Y. (2005)

Father and Guns (2009)
Father and Guns (2009) Father and Guns (2009) ================== IMDb rating ~ 6.6/10 1 Win and 5 Nominationsရှားရှားပါးပါး ပြင်သစ်စကားပြော ကနေဒီ ဟာသ ဇာတ်ကား ကောင်းလေးပါ။ဂျာ့ခ် နဲ့ မာ့ခ်ဆိုတဲ့ သားအဖ နှစ်ယောက်ရှိပါတယ်။ နှစ်ယောက်လုံး ရဲတွေဖြစ်ပြီး တွေ့တာနဲ့ ရန်ဖြစ်ကြတဲ့ တစောင်းဆေးနဲ့ မျက်ချေးလို သားအဖပါ။ သူတို့လိုက်နေတဲ့ လူဆိုးဂိုဏ်းရဲ့ အကျိုးတော်ဆောင် ရှေ့နေချားစ်မှာလည်း depression ဝင်ပြီး သတ်သေဖို့ လုပ်နေတဲ့ သားတစ်ယောက် ရှိပါတယ်။ချားစ်ရဲ့ မိန်းမက သူတို့သား ဒီလိုဖြစ်ရတာ သားအဖနှစ်ယောက် မတည့်လို့ဆိုပြီး စိတ်ရောဂါကု ဆရာဝန် ဂစ်ဘတ်ဦးဆောင်တဲ့ “သားအဖ ပြန်လည်သင့်မြတ်ရေး” ခရီးစဉ်မှာ လိုက်ပါဖို့ စာရင်းပေး လိုက်ပါတော့တယ်။ လူမိုက်ဂိုဏ်းရဲ့ အကျိုးတော်ဆောင်ရှေ့နေကြီး ဖြစ်ပေမဲ့ မိန်းမစကားဆို မြေဝယ်မကျ နားထောင်ရတဲ့ ချားစ်လည်း အဓွန့်မတက်ရဲဘဲ ခရီးထွက်ဖို့ပြင်ရပါတော့တယ်။လူဆိုးဂိုဏ်းကို လက်ရဖမ်းနိုင်ဖို့အတွက် ချားစ်ရဲ့ ထွက်ဆိုချက်ကို အပူတပြင်းလိုအပ်နေတဲ့ ဂျာ့ခ်တို့ သားအဖလည်း အဲဒီသတင်း ကြား ပြီးတဲ့နောက် “သားအဖ ပြန်လည်သင့်မြတ်ရေး”ခရီးစဉ်မှာ လိုက်ပါပြီး ချားစ်နဲ့ ...
movie

Father and Guns (2009)