Channel Myanmar

Michael Tong Chun-Chung

The Assassins ( 2012 ) 6
The Assassins ( 2012 ) မင်းသားကြီး Chow Yun Fat နဲ့ Liu Yi Fei - Crystal Liu တို့ရဲ့ ၂၀၁၂ ခုနှစ်ကထွက်တဲ့ သုံးပြည်ထောင်ခေတ်ကရုပ်ရှင်ဇာတ်ကားကို ပြန်တင်ပေးလိုက်ပါတယ်။ သုံးပြည်ထောင်ခေတ် ချောင်ချောင်းပရိသတ်တွေအတွက် ကြိုက်မယ့်ဇာတ်ကားဖြစ်ပါတယ်။ ချောင်ချောင်းအဖြစ် Chow Yun Fat ကသရုပ်ဆောင်ထားပြီးတော့ မမ Liu Yi Fei ကတော့ ချောင်ချောင်းကိုလုပ်ကြံဖို့ ချဉ်းကပ်လာတဲ့ မိန်းမငယ်လေးအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ကလေးငယ်တစ်စုဟာ လူသတ်သမားတွေဖြစ်လာအောင်ပျိုးထောင်ပေးခံရတယ်။ သူတို့ဟာနေ့နေ့ညညလေ့ကျင့်ခဲ့ရပေမယ့် ဘာအတွက်လဲဆိုတာမသိခဲ့ဘူး။ ရက်စက်တဲ့စမ်းသပ်မှုတွေကိုကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ သူတို့ဟာတိုင်းပြည်ရဲ့အာဏာအရှိဆုံးသူတစ်ယောက်ကို လုပ်ကြံဖို့ဖြစ်တည်လာတယ်ဆိုတာသိလိုက်ရတယ်။အဲဒီအာဏာအရှိဆုံးသူကတော့ ချောင်ချောင်းပဲဖြစ်တယ်။ စစ်သည်ထောင်ပေါင်းများစွာကသတ်ဖို့ကြိုးစားတာတောင် မသေနိုင်တဲ့ချောင်ချောင်းကို မိန်းမငယ်လေး တစ်ယောက်သတ်ဖို့အောင်မြင်နိုင်ပါ့မလား။ ကံကြမ္မာအရအရချောင်ချောင်းကိုသတ်ရမယ်ဆိုပေမယ့် အချိန်ကြာလာတာနဲ့အမျှ ချောင်ချောင်းလုပ်ရပ်တွေရဲ့ ရည်မှန်းချက်ကိုသိလာရတဲ့အခါ မိန်းမငယ်လေးက ချောင်ချောင်းကိုလုပ်ကြံဖို့တွေဝေလာခဲ့တယ်။ နောက်ဆုံးမှာလုပ်ကြံဖို့အောင်မြင်နိုင်ပါ့မလား......အသက်ကြီးလာတာနဲ့အမျှ စစ်မက်တွေကိုစိတ်ကုန်လာပြီဖြစ်တဲ့ ချောင်ချောင်းရဲ့ဘဝနှောင်းပိုင်းကာလကိုရိုက်ထားတာဖြစ်ပြီးတော့ ဘယ်သူ့ကိုမှမယုံတဲ့ ဘယ်သူမှကွက်ကျော်ရိုက်လို့မရတဲ့ ဉာဏ်အရမ်းထက်တဲ့ချောင်ချောင်းကို Chow Yun Fat က ကောင်းကောင်းပုံဖော်ထားနိုင်ပါတယ်။ Historical Drama ကြိုက်တဲ့သူတွေအတွက်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Filesize : 2.74 GB / 1.25 GB Quality : WEB-DL 1080p , 720p Format : mkv  Genres : Action , History Runtime : 1h 47 min Subtitle ...
movie

The Assassins ( 2012 )

Behind the Yellow Line (1984) 5.8
Behind the Yellow Line (1984) Behind The Yellow Line (1984)ကြိတ်မှိတ်ပြီး အစောကြီးအိပ်ခဲ့မိတဲ့ မနေ့ညက နာရီပြန်၂ချက်ကြီး အိပ်မက်မပြီးသေးခင် ကိုယ်လန့်နိုးလာခဲ့တယ်။ စီးကရက်ကို မီးညှိရင်း အိပ်မက်ကို ပြန်တွေးကြည့်တော့ နိုးလာမှ ကိုယ့်မှာ ပိုနာကျင်ရပြန်တာပါပဲ။ ဘဝတွေက အိပ်မက်ထဲမှာတောင် ဝေးမြဲဝေးဆဲ။ ဒီလို ဆွေးမြေ့မြေ့ညမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတဲ့ကိုယ်ဟာ ကြည့်မယ်တွေးထားပြီး မကြည့်ဖြစ်သေးတဲ့ ရုပ်ရှင်တစ်ကားကို ကောက်ဖွင့်မိလိုက်တယ်။ ကြည့်မယ်လုပ်ထားမိတာကလည်း ထွေထွေထူးထူး အကြောင်းကြောင့်မဟုတ်ပါဘူး။ ကိုယ်ကြိုက်တဲ့ လတ်စလီချောင်နဲ့ မက်ဂီချောင်ပါတဲ့ ရုပ်ရှင်မို့ Trailer ကြည့်ကြည့်ရာက ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမယ်ထင်လို့ စိတ်ပြေလက်ပျောက်ရှိချင်တဲ့အခါ ကြည့်ဖို့သိမ်းထားလိုက်တာပါပဲ။ တော်တော်တောင်ကြာပါပြီ။ မနေ့ညကတော့ ကိုယ်ကြည့်ဖြစ်ခဲ့တယ်။ရုပ်ရှင်ဖွင့်လိုက်တယ်ဆိုရင်ပဲ လတ်စလီချောင်သရုပ်ဆောင်တဲ့ အူကြောင်ကြောင်စာကြမ်းပိုးလေး ဇာတ်ရုပ်ကို ကိုယ်မြင်ရတော့တာပါပဲ။ အူကြောင်ကြောင်နဲ့ လမ်းလျှောက်တာတောင် ဗရုတ်သုတ်ခဖြစ်နေတတ်တဲ့ကောင်ပေါ့။ ဒီလိုသာ မင်းဘေးမှာပြောမိခဲ့ရင် "သူများကိုပြောပြန်ပြီ သူကရော ဘာထူးလို့လဲ"လို့ မင်းပြောမှာ ကိုယ်ပြေးမြင်မိသေးတယ်။ ဟောင်ကောင်အချစ်ဟာသကားတွေရဲ့ ...
movie

Behind the Yellow Line (1984)

1984