Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michael Stahl-David
Girls Against Boys (2012)
လတ်စားချေတဲ့ဇာတ်ကားမျိုးကို ကြိုက်ရင် ဒီဇာတ်ကားကို ကြည့်စေချင်ပါတယ်ဗျ။ဇာတ်လမ်းခေါင်းစဉ်အတိုင်းပဲ ယောက်ျားတွေကို မုန်းသွားတဲ့အမျိုးသမီးတွေအကြောင်းပေါ့ ဘာလို့ ယောက်ျားတွေကို မုန်းသွားရတာလဲ ပြီးတော့ ဘယ်လို လက်တုန့်ပြန်ကြသလဲ ဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.5 GB)/(768 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Luca
movie
Girls Against Boys (2012)
6.3
The Light of the Moon (2017)
IMDb 6.3/10The light of the Moon (2017) ဟာ ဘွန်နီဆိုတဲ့အမျိုးသမီးတစ််ယောက် လိင်ပိုင်းဆိုင်ရာစော်ကားမှုအပြီးမှာ စိတ်ဒဏ်ရာများနှင့် တစ်ခြားသော ရှုပ်ထွေးမှုများကို သိမ်မွေ့စွာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဒါရိုက်တာ Jessica M. Thompson ရိုက်ကူးထားပြီး ဆိုးရွားသောအတွေ့အကြုံရဲ့ နောက်ကွယ်ကအဖြစ်တွေကို Stephanie Beatriz က သဘာဝကျကျသရုပ်ဆောင်ထားပြနိုင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့မတ်ထ်နဲ့ ဘွန်နီဆိုတဲ့ ချစ်သူလေး ၂ယောက်ရှိပါတယ်။ မတ်ထ်ကတော့ အလုပ်ထဲနှစ်နေလေ့ရှိပြီး အိမ်ပြန်နောက်ကျတာတွေ ချစ်သူကိုအမြဲလိုလို အချိန်မပေးနိုင် ဖြစ်နေလေ့ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း ချစ်သူ၂ယောက် အမြဲပြောနေကြရတာပေါ့။ဘွန်နီတစ်ယောက်ကတော့ အလုပ်နဲ့အိမ်က သိပ်မဝေးတာကြောင့် ညတိုင်းလိုလို လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံပြီး လမ်းလျှောက်ပြန်လေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်ညမှာ ဘွန်နီတစ်ယောက် ကံဆိုးမိုးမှောင်ကျပြီး သူတို့ချစ်သူ၂ယောက်အကြားအလှည့်အပြောင်းတစ်ခု ဖြစ်လာပါတော့တယ်။အဲ့ကိစ္စဖြစ်အပြီးမှာ သူတို့ချစ်သူ၂ကြားက ကတောက်ကဆတွေ ချစ်ခြင်းမေတ္တာနားလည်ပေးနိုင်မှုတွေ သည်းခံခွင့်လွှတ်ပေးနိုင်မှုတွေနဲ့အတူ မတော်မတရားပြုကျင့်ခံရတဲ့ မိန်းမသားတို့အနေနဲ့ ကြုံတွေ့ရတဲ့ စိတ်ဒဏ်ရာ ဒုက္ခပင်လယ်ဝေပုံကို ကရုဏာသက်ရင်းကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ခင်ဗျာ။File size… 1.2 GB / 549 MB Quality… ...
movie
The Light of the Moon (2017)
6.9
In Your Eyes (2014)
Genre – Fantasy, Romance IMDB – 6.9/10 အရမ်းကို ထူးခြားဆန်းကျယ်ပြီး ဆွတ်ပျံလွမ်းဆွေးဖွယ်ကြည်နူးရမယ့် စိတ်ကူးယဉ်အချစ်ဇာတ်ကားကောင်းလေးလို့ပြောချင်ပါတယ်။ အကြိုက်ဆုံး Romantic ကားတွေထဲကတစ်ကားအပါအဝင် ဖြစ်ပါတယ်။ သူဆန်းကျယ်တာကျLake House တို့လို တစ်ယောက်နဲ့တစ်ယောက်က နေထိုင်တဲ့ခုနှစ် မတူညီတာမျိုးမဟုတ်ဘူး About Time တို့ TimeTraveler’s Wife တို့လို အချိန်ခရီးသွားလို့ ရတာလည်းမဟုတ်ပြန်ဘူး။ သူကကျ တစ်နေရာစီမှာရှိနေတဲ့လူနှစ်ယောက်ကတစ်ယောက်နဲ့တစ်ယောက် အာရုံငါးပါးလုံး ချိတ်ဆက်နေတာမျိုးတစ်ဖက်ကလူက နှင်းလျှောစကိတ်စီးရင်း မတော်မဆ ဖြစ်ရင်ဒီဖက်ကလူလည်း အလကားနေရင်း သူနာကျင်ရသလို လိုက်နာကျင်ရတာမျိုး။ တစ်ဖက်လူက မြင်တာ၊ ကြားတာ၊ အနံ့ရတာ၊အရသာခံစားတာ အကုန်လုံးကို နှစ်ကိုယ့်တစ်စိတ် ဖြစ်နေတဲ့အပြင်အချင်းချင်းလည်း ဖုန်းတွေဘာတွေမလိုပဲ ဆက်သွယ်လို့ရနေတာမျိုးပါ။ဒီလိုမျိုး ထူးဆန်းတဲ့အတွေးအခေါ်လေးနဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဖန်တီးပေးသွားတာကတော့ Avenger ပထမကားဒုတိယကား ရိုက်ကူးခဲ့တဲ့ Joss Whedon တစ်ယောက်ပဲ ဖြစ်ပါတယ်။မင်းသမီးလေး Zoe Kazan ချစ်စဖွယ်အပြုအမူလေးတွေနဲ့ ရိုက်လေ့ရှိပြီး ...
movie
In Your Eyes (2014)
7.0
Cloverfield (2008)
Cloverfield (2008) IMDb - 7.0/10_______Rotten - 77%Cloverfield (2008) အညွှန်းကိုတော့ ဒီကားကိုကြည့်ဖြစ်စေခဲ့တဲ့ Datshin Page မှ အညွှန်းနှင့်မိတ်ဆက်ပေးပါရစေNew York မြို့ရဲ့ ညတစ်ညမှာသူငယ်ချင်းတွေစုပြီး Party လုပ်နေတုန်း အကောင်ကြီးတစ်ကောင် ဘယ်က ဘယ်လိုမှန်းမသိ မြို့ပေါ်ကျလာပါတယ်။ အဲကောင်ကြီးက မြို့ မှာမြင်မြင်သမျှသောင်းကျန်းပြီး မြို့တစ်မြို့လုံးလည်း ဘာတွေဖြစ်နေမှန်းမသိရလို့ အဲသူငယ်ချင်းတစ်စုလည်း တခြားလူတွေနည်းတူ မြို့က ထွက်ပြေးဖို့လုပ်ကြရာမှာ အထဲကတစ်ယောက်က Party မှာ Video နဲ့ မှတ်တမ်းတင်ရင်း သူတို့အဖြစ်အပျက်တစ်ခုလုံးကို မှတ်တမ်းတင်ပါတော့တယ်။— Review —ဒီဇာတ်ကားကိုစကြည့်တုန်းက သယ်ရင်းတစ်ယောက်က ညွှန်းလို့ စကြည့်ဖြစ်တာပါ။ Found Footage Film အမျိုးအစားပါ။ ဒီနေ့ခေတ်မှာ အဲလိုကားတွေခေတ်စားလာတာ ဒီကားကြောင့်ဆိုတာ အသေအချာပါပဲ။ (သူ့လောက်တော့ ကြည့်ကောင်းတဲ့ကားရှားပါတယ်)။ စကြည့်လိုက်ကတည်းက သတိထားမိတဲ့အချက်ကတော့ Perspective တွေပါပဲ။ ဒီဇာတ်ကားတစ်ကားလုံးကို လူတစ်ယောက်ထဲကကင်မရာကိုင်ပြီး ...
movie
Cloverfield (2008)
2008
5.9
The Promise (2016)
ဒီဇာတ်ကားလေးက ပထမကမ္ဘာစစ်ကာလအတွင်းက ဖြစ်ရပ်မှန်အပေါ်အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။Batman မင်းသားကြီး Christian Bale ရဲ့ဇာတ်ကားလေးပါ။ပထမကမ္ဘာစစ်မဖြစ်ခင်အချိန်မှာ တူရကီအင်ပါယာက တန်ခိုးအာဏာ ကြီးမားခဲ့တဲ့အချိန်ပါ။တဖြည်းဖြည်းနဲ့ တူရကီအင်ပါယာလည်းပြိုယွင်းလုနီးနီး ဖြစ်နေပါပြီ။အဲဒီအချိန်ကတူရကီမှာ ခရစ်ယာန်ဘာသာဝင် လူနည်းစုဖြစ်တဲ့ အားမေးနီးယန်းမျိုးနွယ်စုတွေကိုအစ္စလာမ်ဘာသာကိုးကွယ်တဲ့ တူရကီလူမျိုးကြီးဝါဒရှင်တွေ အများစုက မနှစ်သက်ကြဘူး။ပထမကမ္ဘာစစ်ဖြစ်လာတဲ့အချိန်မှာတော့ တူရကီစစ်ခေါင်းဆောင်ပိုင်းတွေကအားမေးနီးယန်းတွေကို တိတ်တဆိတ် စစ်နဲ့အတူရောယောင်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့ကြတယ်။ခုချိန်ထိလည်း တူရကီအာဏာပိုင်တွေက ဒီလူမျိုးတုန်း သတ်ဖြတ်ခဲ့မှု ဘူးခံပြီး ငြင်းကွယ်နေဆဲပါပဲ။ဒီဖြစ်ရပ်မှန်အကြောင်းကို ဖော်ထုတ်ပေးခဲ့တာကတော့ အမေရိကန်သတင်းထောက်တစ်ဦးပါပဲ။ဒီဇာတ်ကားက စစ်ပွဲကိုအခြေခံထားတဲ့အချစ်ဇာတ်လမ်းပေမယ့် အဓိကပေးသွားတဲ့ မက်ဆေ့ချ်လေးကတော့သတင်းမီဒီယာသမားရဲကျင့်ဝတ်သိက္ခာနဲ့ အခန်းကဏ္ဍပါပဲ။တကယ့်ကို စစ်မှန်တဲ့ သတင်းထောက် တစ်ယောက်ကြောင့် လူပေါင်းများစွာ လူမျိုးစုတစ်ခုကို ကယ်တင်နိုင်ခဲ့သလိုသတင်းမီဒီယာသမားတစ်ယောက်ဟာ အမှန်တရားကို အသက်နဲ့တောင် အလဲအထပ်လုပ်ရဲတဲ့အထိစိတ်ဓါတ်ခိုင်မာပြတ်သားတယ်။ဒီလိုစိတ်ဓါတ်မျိုးရှိပြီး အမှန်တရားကို ဖော်ထုတ်ရေးသားတတ်သူ သတင်းထောက်မျိုးကိုသာနိုင်ငံတကာက အသိအမှတ်ပြုပြီး သူရဲ့သတင်းက ယုံကြည်စိတ်ချရပြီးအားကိုးရမယ့်သူမျိုးဆိုတာကို ပါးပါးလေးပြသွားပါတယ်။သတင်းထောက်ကောင်းတွေဟာ ဘယ်လောက်တောင်အပြောအဆို လိမ္မာပါးနပ်မှုရှိသလဲဆိုတာကိုလည်း မြင်တွေ့ရမှာပါ။မြန်မာ့မီဒီယာလောကသတင်းထောက်တွေ ဒီလိုမျိုးဖြစ်လာအောင် ကျင့်သုံးအတုယူသင့်ပါတယ်။နောက်ပြီး ဘယ်သူတွေဘယ်လို ရန်ငြိုးနဲ့လူမျိုးရေးမုန်းတီးမှုပဲရှိရှိ သူငယ်ချင်းတွေ ...
movie
The Promise (2016)
2016