Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michael Shaeffer
8.1
Rogue One: A Star Wars Story (2016)
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie
Rogue One: A Star Wars Story (2016)
2016
4K HEVC
7.2
Kingdom of Heaven (2005) Director’s Cut Roadshow Version
Kingdom of Heaven (2005) Director's Cut Roadshow VersionIMDb Rating (7.2)နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့တဲ့ ခရစ်ယာန်-မူဆလင် ခရူးဆိတ်စစ်ပွဲကြီးတွေအတွင်းက ကာလ တစ်ခုကို အခြေခံထားတဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်အဖြစ် အော်လန်ဒိုဘလွန်း၊ အီဗာဂရင်းတို့ပါဝင်ထားပြီး မင်းသားကြီး လီယန်နီဆန်လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ ဒီရုပ်ရှင်ကို ရုံတင်ဗားရှင်း(Theatrical ...
movie
Kingdom of Heaven (2005) Director’s Cut Roadshow Version
2005
4K HEVC
6.6
Anna Karenina (2012)
Anna Karenina (2012)================IMDb Rating - 6.6/10အချစ်မှာ "ဘာလို့လဲ" ဆိုတာ မရှိဘူးတဲ့.....တစ်ဦးက ဂုဏ်သိက္ခာ တစ်ဦးက ချစ်မေတ္တာ တစ်ဦးက ရမ္မက်ကွဲပြားတဲ့ ကိုယ်စီအလေးထားမှုတွေနဲ့ လူသုံးယောက်ရဲ့ အရှုပ်တော်ပုံလို့ပဲ တင်စားလိုက်ပါရစေ။အထူးသဖြင့် အန်နာ ကရီနီနာဆိုတဲ့ သားတစ်ယောက်မိခင် အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ရဲ့ ရင်နင့်ဖွယ် ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။အဖြစ်အပျက်တွေ အားလုံးရဲ့ မြစ်ဖျားခံရာကတော့ အစ်ကိုဖြစ်သူရဲ့ အိမ်ထောင်ရေး အခြေအနေ အဆင်မပြေမှုအတွက် ဖြောင်းဖျဖို့ သွားခဲ့ရာ မော်စကိုမြို့လေးပါပဲ.....ဗရွန်စကီဆိုတဲ့ ချောမောခန့်ညားတဲ့ အသက်ငယ်ငယ် မြို့စားတစ်ယောက်နဲ့ သူဆုံဆည်းခဲ့ပုံကလည်း ရထားလေးပေါ်မှာ အမှုမဲ့အမှတ်မဲ့ပါပဲ.....သို့ပေမဲ့ အမှတ်တမဲ့မှ အမှတ်တရတွေ ဖြစ်ခဲ့ကြသည်ပေါ့ မပြတ်နိုင်တဲ့ သံယောဇဉ်တွေကြောင့် ရပ်တန့်ဖို့ ကြိုးစားချိန်မှာ အရမ်း နောက်ကျသွားခဲ့ပြီ.....ပြင်ဆင်ဖို့ နောက်ကျခဲ့ခြင်းကြောင့် ရေပြင်လို တည်ငြိမ်အေးချမ်းနေတဲ့ အိမ်ထောင်တစ်ခုဟာ ဘောင်ဘင်ရိုက်ခတ်ခဲ့ရပါပြီ ....နာမည်ကြီး ရုရှား စာရေးဆရာကြီး Leo Tolstoy ရဲ့ ၀တ္ထုကို အခြေခံရိုက်ကူးထားတဲ့ masterpiece ဇာတ်လမ်းကောင်းပါဇာတ်လမ်းတစ်လျှောက်လုံးမှာ Cinematography , music တွေကလည်း အံ၀င်ဂွင်ကျတယ်ဒါရိုက်တာကြီးကလည်း နယ်နယ်ရရမဟုတ်ပါဘူး Pride & Prejudice, Atonement စတဲ့ masterpiece ...
movie
Anna Karenina (2012)
2012
6.9
Trance (2013)
ဆိုင်မွန်နယူတန်ဆိုတဲ့သူက ပန်းချီကားတွေ အနုပညာလက်ရာတွေကို လေလံပစ်တဲ့သူအဖြစ် လုပ်ကိုင်ရင်း အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ် သူတို့လေလံပွဲတွေမှာကလဲ သိတဲ့အတိုင်းလုယက်တာတွေ တိုက်ခိုက်တာတွေ ခိုးယူတာတွေဆိုတာဖြစ်လေ့ရှိတဲ့ကိစ္စတစ်ခုပါ တစ်နေ့တော့ ဆိုင်မွန်တို့ရဲ့လေလံပွဲမှာ ဂိုရာရဲ့ 'လေထဲကစုန်းမများ'ဆိုတဲ့ပန်းချီကားကိုလေလံဆွဲဖို့ပြင်ဆင်ပါတော့တယ် ဒီတော့ပွဲစပြီးတော့သိပ်မကြာခင်မှာပဲ ပန်းချီကားကိုလုယူဖို့ ဓာတ်ငွေ့တွေနဲ့တိုက်ခိုက် ရုန်းရင်းဆန်ခတ်တွေဖြစ်နေတဲ့အချိန်မှာ ဆိုင်မွန်ဟာချက်ချင်းပန်းချီကားကိုဖြုတ်သိမ်းပြီး လုံခြုံတဲ့နေရာကိုပို့ဖို့သွားတဲ့အချိန်မှာ လမ်းကနေဖြတ်လုခံလိုက်ရပါတယ် ဆိုင်မွန်ကတားဖို့လုပ်တော့ဆိုင်မွန့်ခေါင်းကိုသေနတ်ဒင်နဲ့ဖြတ်ရိုက်ခံလိုက်ရတယ် ဒါပေမယ့်ပြသနာကအဲ့တာတွေမဟုတ်ပါဘူး ဆိုင်မွန်တစ်ယောက် ကတုံးပေါ်ထိပ်ကွက်ခံရတာပါ ပန်းချီကားကိုအကွက်ကျကျနဲ့ခိုးဖို့လုပ်ထားပြီးကာမှ သူ့ဆီကနေပြန်အခိုးခံလိုက်ရတာပဲဖြစ်ပါတယ် အတိတ်မေ့ချင်သလိုလိုဖြစ်နေတဲ့ဆိုင်မွန်ဟာအိပ်ငွေ့ချနည်းနဲ့ ပန်းချီကားကိုပြန်ရှာဖို့ကြိုးစားရင်ကုထုံးပညာရှင်မမအဲလီဇဘတ်နဲ့တွေ့ပါတော့တယ် သူခိုးရယ် သူခိုးဆီကပြန်ခိုးတဲ့သူခိုးရယ် မိန်းမတစ်ယောက်ရယ် ဖြစ်လာတဲ့ဇာတ်ကြောင်းကမအီသွားပဲတစ်ကားလုံးကို rating6.9အထိခေါ်သွားနိုင်ပါတယ် ဆိုင်မွန်နယူတန်အဖြစ် james mcavoy ကသရုပ်ဆောင်ထားပါတယ်ဗျ ဒီမှာ ကုထုံးပညာရှင်မမရဲ့ပါးစပ်လေးအဟောင်းသားဖြစ်ရမဲ့ဇာတ်ဝင်ခန်းတစ်ချို့ပါပါတယ် ညိုချောတွေလှတော့လဲဂလုဂလုရတော့မှာပေါ့ဗျာ (ကျော်မကြည့်နဲ့နော်.ကျော်ကြည့်လိုက်လို့ဇာတ်ကြောကဖီးလ်ကျဲသွားရင် ဒလဘယ်ဆောရီးပဲ) သရုပ်ဆောင်များ -James McAvoy, Vincent Cassel, Rosario Dawson ထွက်ရှိသည့်ခုနှစ် - 2013 ဇာတ်ကားကြာချိန် -101minutes Translated by Aye Chansu Encoded by sithu
movie
Trance (2013)
2013
4.5
London Fields(2018)
London Fields(2018)IMDb 4.5IMDb..တွေ ဘာညာ Rating တွေအသာထားလိုက်...မမရဲ့ ပုံရိပ်တွေကိုတစ်ခမ်းတနားအလေးပေးပြီး စုပေါင်းရိုက်ကူးပြထားတာနဲ့တင် ဖြူစင်စွာ"မ"အပေါ်ချစ်မြတ်နိုးတဲ့ကျွန်တော်တို့အဖို့ တရှိုက်မက်မက်ငေးကြည့်ခွင့်ရတဲ့အတွက်ကျွန်တော်တို့ဘယ်လောက်ကံကောင်းလိုက်လဲ....မမဖြတ်လျှောက်လေးပါခဲ့ရင်တောင် ကျွန်တော်တို့ အားပေးနေဦးမှာပါ....အခုလိုမျိုး တစ်ကားလုံးမှာ အရောင်အသွေးစုံ " မ " ကိုမြင်ရတဲ့အခွင့်အရေးက ကျွန်တော်တို့အတွက် တုနှိုင်းမဲ့ပါ မရေ...ကိုင်း မည်သို့ပင်ဆိုစေကာမူ ဇာတ်လမ်းအကြောင်းလေးကိုနည်းနည်းသွားရအောင်......ဒီဇာတ်ကားထဲမှာ မင်းသမီး Amber Heard က ညှို့အားပြင်းထန်လွန်းတဲ့ Nicola Six အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီးJohnny Depp လည်း အခန်းအနည်းငယ်ပါဝင်ထားပါတယ်…ဒီဇာတ်ကားမှာ အရမ်းစိတ်ကူးယဉ်ဆန်ပြီး မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေနဲ့ အရောင်အသွေးစုံလင်တဲ့ ရိုက်ချက်တွေ တွေ့မြင်ရမှာပါ ဇာတ်လမ်းအစလေးကတော့… ဆမ်ဆင် ယန်း ဆိုတဲ့ သိပ်မစွံတဲ့ အမေရိကန် စာရေးဆရာတစ်ယောက်ဟာ ဝတ္ထုတစ်ပုဒ်ရလိုရငြားလန်ဒန်ကို ထွက်လာခဲ့ပြီး အသိမိတ်ဆွေစာရေးဆရာတစ်ယောက်ရဲ့ နေအိမ်အလွတ်မှာ နေထိုင်နေခဲ့ပါတယ်…တစ်နေ့ အရက်ဆိုင်တစ်ခုမှာ အသုဘတစ်ခုက ပြန်လာတဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်…အမျိုးသမီးလေးဟာ စွဲမက်ဖွယ် လှပလွန်းပြီးဖြစ်ချင်တော့ မိန်းကလေးက သူ့တိုက်ခန်းရဲ့အပေါ်တိုက်ခန်းမှာ နေထိုင်တဲ့သူဖြစ်နေတယ်…ဒီထက်ထူးဆန်းတာတစ်ခုက မိန်းကလေးဟာအနာဂတ်ကိုကြိုမြင်နိုင်ပြီး သူသေမယ့်နေ့ရက်ကိုပါ ...
movie
London Fields(2018)
2018