Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michael Rosenbaum
6.6
Justice League: Throne of Atlantis (2015)
IMDB 6.3 နဲ့ Rotten Tomatoes 63% ရရှိထားပါတယ်။ Aquaman ရဲ့နောက်ခံဇာတ်လမ်းကို ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ Justice League: War အပြီးမှာ အရာအားလုံးငြိမ်းချမ်းသွားပြီလို့ထင်ရပေမဲ့ဒဏ္ဍာရီလာကျွန်းမြို့တစ်မြို့ဖြစ်တဲ့ အတ္တလန်တစ်ရဲ့ပြဿနာတွေကကုန်းမြေပြင်ပေါ်ကို ရောက်ဖို့အကြောင်းဖန်လာပါတယ်။အဲဒီပြဿနာတွေထဲကတစ်ခုကတော့ လူနဲ့အတ္တလန်တစ်သူနဲ့စပ်ပြီးမွေးလာတဲ့ အာသာကာရီကိုမုန်းတဲ့ သူ့ရဲ့ညီဖြစ်သူမင်းမျိုးမင်းနွယ်သွေးအပြည့်ပါတဲ့ မင်းသားအော်မ်ပါပဲ။ အာသာရဲ့အမေဖြစ်တဲ့ ဘုရင်မအတ္တလာနာဟာ ငြိမ်းချမ်းရေးကိုလိုလားပေမဲ့ကုန်းမြေပြင်သားတွေကြောင့် ဘုရင်ဖြစ်သူသေရတယ်လို့ယုံကြည်ထားတဲ့မင်းသားအော်မ်ကတော့ သူ့အမေနဲ့ဆန့်ကျင်ဘက်ပါ။ဒါကိုဘုရင်မအတ္တလာနာကသိတာကြောင့်ကမ္ဘာနှစ်ခုလုံးမှာနေဖူးတဲ့သူကို ခေါင်းဆောင်အဖြစ်ထားချင်ခဲ့တယ်။ဒါကြောင့်ပဲ အာသာကာရီကိုခေါ်ဖို့ စေလွှတ်လိုက်ပေမဲ့မင်းသားအော်မ်ရဲ့ အကြံအစည်တွေကြောင့်အခြေအနေတွေက ပြောင်းပြန်ဖြစ်ကုန်ပါတော့တယ်။ File size… 1.1 GB / 462 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 12m Genre ..... Action/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie
Justice League: Throne of Atlantis (2015)
7.4
Justice League: Doom (2012)
IMDB 7.4 နဲ့ Rotten Tomatoes 87%ရရှိထားတဲ့ ဇာတ်ကားတစ်ကားပါ။Justice League ရဲ့ လူဆိုးငါးယောက်ဖြစ်ကြတဲ့ဘိန်း (Bane)၊ စတားဆက်ဖိုင်းယား (Star Sapphire)၊ ချီတာ (Cheetah)၊ မတ်တယ်လို (Metallo) နဲ့မယ်လာဖတ်အက်ခ် (Ma'alefa'ak) တို့ဟာ ဗန်ဒယ်လ်ဆဲဗေ့ဂျ် (Vandal Savage) ဆိုတဲ့လူတစ်ယောက်ရဲ့ ဖိတ်ခေါ်မှုကြောင့် ခေါ်တဲ့နေရာကို ရောက်လာကြတယ်။သူက Justice League ကိုသတ်ဖို့ စရိတ်၊ တစ်ယောက်သတ်နိုင်ရင်ဒေါ်လာသန်းတစ်ရာအပြင် Justice League အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာ ပျော့ကွက်တွေကို အသုံးချပြီးအကွက်ကျကျသတ်ဖို့ နည်းလမ်းတွေကိုပါပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့တယ်။ဒါပေမဲ့ ဒါတွေက သူ့ရဲ့ပိုကြီးမားတဲ့ အကြံအစည်ကြီးတစ်ခုရဲ့ပထမဆုံးအဆင့်ပဲရှိပါသေးတယ်။အဲဒီအကြံအစည်က ဘာလဲ၊ ဗန်ဒယ်လ်ဆဲဗေ့ဂျ်ဆိုတာ ဘယ်သူလဲ၊ Justice League ကသူ့ရဲ့နည်းလမ်းတွေကို အသုံးချပြီး သတ်တာကို ရှောင်လွှဲနိုင်မှာလား၊သူ့ရဲ့အကြံအစည်ကိုရော တားနိုင်မှာလား ဆိုတာတွေကတော့... File size… 1 GB / 501 ...
movie
Justice League: Doom (2012)
2012
Cursed (2005)
Now You See me , Social Nwtwork တို့နဲ့နာမည်ကြီးခဲ့တဲ့ Jesse Eisenberg ရဲ့ ၂၀၀၅ ခုနှစ်ကထွက်ခဲ့တဲ့ သမန်းဝံပုလွေဇာတ်ကားလေးဖြစ်ပါတယ်အယ်လီနဲ့ ဂျင်မီတို့ မောင်နှစ်မ ၂ ယောက်ဟာ အိမ်ပြန်လမ်းမှာ အမျိုးသမီးတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိလို့ ထွက်ကြည့်ရာကနေ သတ္တဝါကြီးတစ်ကောင် ကိုက်တာခံလိုက်ရပါတယ် နောက်တော့ သူတို့ကိုကိုက်လိုက်တာ သမန်းဝံပုလွေတစ်ကောင်မှန်းသိလာပါတယ် သူတို့ မောင်နှစ်မ ၂ ယောက်လည်း လပြည့်နေ့ သန်းခေါင်ယံညမှာ...ဝံပုလွေအဖြစ် ပြောင်းလဲသွားမဲ့ ကျိန်စာကို ဖြေဖျက်ဖို့ ကြိုးစားရင်း သူတို့ကို တိုက်ခိုက်ခဲ့တဲ့ မူရင်းဝံပုလွေကောင်ကြီးနဲ့ ရင်ဆိုင်ရပါတော့တယ်...Cursed ဆိုတဲ့အတိုင်း ဒီဝံပုလွေကျိန်စာကို ဘယ်လိုကြိုးစား ပယ်ဖျက်သွားမလဲဆိုတာ ကြည့်ရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(1.7 GB)/(899 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, ...
movie
Cursed (2005)
5.6
Urban Legend (1998)
Urban Legend (1998) ===============အမြို့မြို့အနယ်နယ်မှာ ပါးစပ်ရာဇဝင်လို့ခေါ်ကြတဲ့ ဇာတ်လမ်းတွေ၊ အချင်းချင်း လက်ဆင့်ကမ်းလာခဲ့တဲ့ပုံပြင်တွေကိုယ်စီရှိတတ်ကြပါတယ်။ အဲ့ဒါတွေဟာ အမှန် တကယ်လား စိတ်ကူးယဉ်လား ဆိုတာ ဘယ်သူမှစေ့စေ့စပ်စပ်စုံစမ်းလေ့မရှိကြ ပေမယ့် ပြောတဲ့သူတိုင်းကတော့ ကိုယ်တွေ့ကြုံသလိုပြောလေ့ရှိကြတာပါပဲ။အဖြစ်အပျက်တွေက ပန်ဒယ်တန်တက္ကသိုလ်ကျောင်းသူ မီချယ်မန်စီနီဆိုတဲ့ကောင် မလေးတစ်ယောက် ကားနောက်ခုံမှာ ပါလာတဲ့လူသတ်သမားရဲ့ခေါင်းဖြတ်သတ်ခံ လိုက်ရချိန်မှာစတင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ကျောင်းဝင်းတစ်ခုလုံးကို တုန်လှုပ်သွား စေခဲ့ပေမယ့် ထုံးစံအတိုင်းယုံကြည်တဲ့သူတွေ မယုံကြည်ပဲလှောင်ပြောင်သူတွေနဲ့ဝိဝါဒ ကွဲပြားနေကြတုန်းပါပဲ။ အဲ့ဒီမီချယ်နဲ့အထက်တန်းကျောင်းတုန်းက သူငယ်ချင်းဖြစ်ခဲ့တဲ့သူ နက်တလီကတော့ ဒီဖြစ်ရပ်ကြောင့်အထူးတုန်လှုပ်သွားခဲ့ရပါတယ်။သူ့ဘေးက လက်လှမ်းမီသူတွေကို သတိပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ သူ့သူငယ်ချင်း တွေ တစ်ယောက်ပြီးတစ်ယောက် ပါးစပ်ရာဇဝင် ဇာတ်လမ်းတွေထဲက အတိုင်း ဆင်တူနည်းလမ်းတွေနဲ့ အသတ်ခံလာရတဲ့အချိန်မှာတော့ နက်တလီတစ်ယောက် ကိုယ့် အားကိုယ်ကိုးပြီးလူသတ်သမားကိုဖော်ထုတ်ဖို့ကြိုးစားရပါတော့တယ်။ ဂန္ဓဝင် Slasher Films တွေထွက်ခဲ့တဲ့ 90s ကာလက နာမည်ကျော်တွေထဲက တစ်ကားဖြစ်ပါတယ်။ Horror ပရိသတ်တွေအတွက်အချိန်ပေးရကျိုးနပ်မယ့်ဇာတ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.76 GB) / (751 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 39Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......Alias Encoder..........SWM
movie
Urban Legend (1998)
1998
5.7
Father of Invention (2010)
Father of Invention (2010) ===================ဒီကားလေးကတော့ Superman Return တို့ Baby Driver တို့မှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ ဝါရင့်သရုပ်ဆောင်ကြီး Kevin Spacey Fowler ပါဝင်သရုပ်ဆောင်ထားတဲ့ Comedy Drama ကားလေးပဲ ဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းအနေနဲ့ Fowler တစ်ဖြစ်လဲ စွန့်ဦးတီထွင်သူ ဒိတ် ဒိတ်ကြဲတစ်ယောက်ဖြစ်တဲ့ Axle ဟာ သျှမ်းသျှမ်းတောက် အောင်မြင် ချမ်းသာရာကနေ သူ့ရဲ့ထုတ်ကုန်တစ်ခုမှာ Error တက်သွားပြီး လူတွေ ထိခိုက်သွားတဲ့အခါမှာတော့ ၈နှစ်လောက် ဂျေးအောင်းလိုက်ရပါတယ်။ အဲဒီနောက်ပိုင်း ဘဝကို တစ်ကနေပြန်စတဲ့ အဖြစ်အပျက်လေးကို ဟာသ လေးတွေနှောပြီး ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။Axle တစ်ယောက် ပြန်ကြိုးစားရင်း ဘယ်လို တလွဲတွေလုပ်မိမလဲ..မိသားစုကိုထားခဲ့ပြီးသမီး ဖြစ်သူငယ်ငယ်ရွယ်ရွယ်နဲ့ ဂျေးအောင်းလိုက်ရတာကြောင့် ပျက်စီးသွားတဲ့ သားအဖနှစ်ယောက်ကြားကဆက်ဆံရေးကို အလွဲအမှားလေးတွေကြားက ဘယ်လိုပြန်တည်ဆောက်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.88 GB) / (693 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Thetti Tun Encoder..........SWM
movie
Father of Invention (2010)
2010
5.6
Bringing Down the House (2003)
Bringing down the House (2003) Genre – Comedy IMDB – 5.6/10ခွက်ထိုးလန် ရယ်ရတာမျိုး မဟုတ်ပဲ ပေါ့ပေါ့ပါးပါးနဲ့ ပြုံးရယ်နေရမယ့် ၂၀၀၃ ခုနှစ်တုန်းက ဟာသကားလေး တင်ဆက်ပေးချင်ပါတယ်ဗျ။မင်းသားကတော့ Pink Panther တို့ Cheaper by Dozen တို့လို ဟာသကားကောင်းလေးတွေ ရိုက်ကူးခဲ့တဲ့ဟာသမင်းသားကြီး Steve Martin ဖြစ်ပြီး အမွှေစိန်နေရာက မင်းသမီးတစ်ဖြစ်လဲရပ်ပ်အဆိုတော်လည်း ဖြစ်တဲ့ Queen Latifah တို့ အဓိက သရုပ်ဆောင်ပြီး ပံ့ပိုးထားကြတာပါ။American Pie ရုပ်ရှင်တိုင်းမှာ ပါလေ့ရှိတဲ့ ဘဲကြီး Eugene Levy ကလည်း ဒီကားထဲ ပရမ်းပတာနဲ့ ဝင်ဖောက်ထားပါသေးတယ်။ဒီကားလေးထဲမှာတော့ သက်လတ်ပိုင်းအရွယ် ကြုံဆုံရတဲ့ ဒုက္ခတွေနဲ့အတူလူမျိုးရေး ခွဲခြားမှု အိမ်ထောင်ရေး ပြဿနာ အဆင့်အတန်း ခြားနားမှုတွေကိုခပ်ပါးပါး သရော်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ပီတာဆိုတဲ့ အခွန်ရှေ့နေက ...
movie
Bringing Down the House (2003)
6.1
Hit & Run (2012)
Dax Shepard ကိုယ်တိုင်ရေးထားတဲ့ action & comedy film ဖြစ်ပြီး သူနဲ့သူ့အမျိုးသမီး Kristen Bell တို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ် ဇာတ်ကားထဲမှာပါတဲ့ ကားတော်တော်များများကလည်း Dax ကိုယ်တိုင်စုဆောင်းထားတဲ့ကားတွေဖြစ်ပြီး ဘတ်ဂျက်နည်းနည်းနဲ့ရိုက်ထားရတာဖြစ်လို့ကားပြိုင်မောင်းရတဲ့စတန့်ခန်းတွေကိုလည်းသရုပ်ဆောင်တွေကိုယ်တိုင်မောင်းပြီးရိုက်ကူးထားတာပါတဲ့_ဇာတ်လမ်းထဲမှာတော့ Dax ဟာလွန်ခဲ့တဲ့လေးနှစ်ကဘဏ်ဓားပြမှုတစ်ခုရဲ့မျက်မြင်သက်သေအဖြစ်သက်သေကာကွယ်စောင့်ရှောက်မှုကိုခံနေရတဲ့သူပါ Kristen ကတော့ Dax ရဲ့တွဲတာမကြာသေးတဲ့ Annie ဆိုတဲ့ကောင်မလေးဖြစ်ပြီး Annie တစ်ယောက်အလုပ်အသစ်မှာအင်တာဗျူးဖို့အတွက်သူတို့နှစ်ယောက်လော့စ်အိန်ဂျလစ်မြို့ကိုသွားရဖို့အကြောင်းဖန်လာပါတော့တယ် Dax ကသူအသတ်ပါခံရနိုင်တဲ့နေရာမို့မသွားဖို့ဆုံးဖြတ်ထားပေမဲ့ Annieကြောင့်အရဲစွန့်ခဲ့ရာကနေ သူ့ရဲ့ရန်သူတွေနဲ့ရင်ဆိုင်ရပါတော့တယ် သူတို့နှစ်ယောက် ရန်သူတွေလက်ထဲကနေဘယ်လိုထွက်ပြေးကြမလဲ၊ လော့စ်အိန်ဂျလစ်ကိုရော အင်တာဗျူးအမှီရောက်နိုင်ပါ့မလား ဆိုတာကိုဟာသနှောထားတဲ့အက်ရှင်ဇာတ်ကွက်လေးတွေနဲ့ကြည့်ရှုရမှာပါ File size…(1.7 GB)/(990 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Hit & Run (2012)
8.4
Guardians of the Galaxy Volume 3 (2023)
Guardians of the Galaxy Volume 3 (2023)**************************************WEB-DL ကြည်တောက်ရှင်းထွက်ရှိလို့လာပါပြီဒါရိုက်တာ ဂျိမ်းဂန်းပဲ ရိုက်ကူးထားပြီး မူရင်းသရုပ်ဆောင်တွေပဲ ပါဝင်ထားတာဖြစ်ပါတယ်။ Rating 8.4 အထိ IMDb မှာတက်နေတာမို့ အတော်လေးကောင်းမယ်ဆိုတာ သိသာပါတယ်။ GotG 1 တုန်းကတောင် 8 အထိပဲ တက်ခဲ့တာပါ။ဇာတ်လမ်းအကျဉ်းဂါဒီယံတွေဟာ နိုးဝဲမှာ အေးအေးဆေးဆေးအနားယူနေချိန်၊ ပီတာကြီးလည်းအသည်းကွဲပြီးမူးရူးလို့ကောင်းနေချိန်မှာ အန္တရာယ်အသစ်ပေါ်ပေါက်လာပါတယ်။ပထမဆုံးအန္တရာယ်ကောင်ကတော့ အဒမ် ဝေါလော့ခ်ပါပဲ။ အဲဒီနောက်မှာတော့သူ့ကို ခိုင်းစေနေတဲ့ဟိုက်အီဗော်လူရှင်နရီဆိုတဲ့ ဉာဏ်ကြီးရှင်ကြီးတစ်ယောက်ပါလာပါတယ်။သူ့ရဲ့ ရည်ရွယ်ချက်ကတော့ နှစ်ပေါင်းများစွာ မျိုးဗီဇတွေကို ဆန်းသစ်တီထွင်ပြီး ပြီးပြည်စုံတဲ့မျိုးစိတ်တွေနဲ့ကမ္ဘာကို ဖန်တီးဖို့ပါပဲ။ အဲဒီမတိုင်ခင် မျိုးစုံစမ်းသပ်ထားတဲ့ ကမ္ဘာတွေပါ ရှိနေတာမို့ သူ့ကိုနတ်ဘုရားအဆင့်လို့တောင် သတ်မှတ်ကြပါတယ်။ အဲဒီလို အင်အားကြီးတဲ့ဟိုက်အီဗော်လူရှင်နရီက ဂါဒီယံအဖွဲ့ထဲက ရော့ကတ်ကို အသေရရ အရှင်ရရ လိုချင်နေတာပဲဖြစ်ပါတယ်။အဲဒီအကြောင်းရင်းက ဘာဖြစ်မလဲ ဂါဒီယံတွေကရော အရမ်းအင်အားကြီးတဲ့ ဗီလိန်ကိုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စွန့်စားခန်းတွေနဲ့ ထုံးစံအတိုင်းဟာသတွေနဲ့ကြည့်ရမှာပါပဲ။ဒါလေးကိုမကြည့်ခင် Guardians ...
movie
Guardians of the Galaxy Volume 3 (2023)
4K HEVC
Poolhall Junkies (2002)
ဒီ ဇာတ်ကားကတော့ ပေါ့ပေါ့ပါးပါးကြည့်ကောင်းတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်။ Poolhall junkiesဆိုတဲ့အတိုင်း ဘိလိယက်အားကစားကိုရူးသွပ်ကြတဲ့ လူငယ်တွေရဲ့ဇာတ်ကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ။ ဇာတ်အရမ်းနာတဲ့ဇာတ်ကွက်တွေမပါတာကြောင့် စိတ်အပန်းပြေချင်တဲ့အခါ ကြည့်လို့သင့်တော်တဲ့ကားတစ်ကားပါ။ ရယ်ရတဲ့အခန်းတွေ အများကြီးပါပါတယ်။၁၂နှစ်သားဘဝကတည်းက ဘိလိယက်အားကစားကိုချစ်မြတ်နိုးတဲ့ဂျွန်နီဟာ ဂျိုးလက်ထဲမှာ ၁၅နှစ်ကြာတဲ့ထိ လောင်းကြေးနဲ့ဆော့တဲ့ ဘိလိယက်ဆရာတစ်ယောက်အဖြစ်ရပ်တည်ခဲ့တယ်။ ဒါပေမဲ့ ဂျွန်နီကတော့ပြိုင်ပွဲဝင်ကစားသမားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဂျိုးရဲ့လက်ချက်ကြောင့် ဂျွန်နီက သူဖြစ်ချင်ခဲ့သလိုမျိုး သိက္ခာရှိရှိပြိုင်ပွဲဝင်ကစားသမားအနေနဲ့မဟုတ်ပဲ လောင်းကြေးနဲ့ဆော့တဲ့ရိုက်စားသမားဖြစ်ခဲ့ရတယ်။ဂျွန်နီရဲ့ ညီနဲ့ သူငယ်ချင်းသုံးယောက်ကလည်း အမြဲတမ်း နယ်ခံဘိလိယက်ရုံထဲမှာ ဗရုတ်ကျနေကျသူတွေပေါ့။ သူငယ်ချင်းတွေက တစ်ယောက်ကိုတစ်ယောက်ချစ်ကြတဲ့အပြင် စကားပြောရင်လည်းအဆဲမပါရင်မပြီးကြပါဘူး။တစ်နေ့ ဂျိုးရဲ့လုပ်ရပ်ကိုသိသွားတဲ့ဂျွန်နီက ဂျိုးကိုနစ်ဂါတွေဆီထိုးကျွေးပြီး ကိုယ့်နယ်ကိုပဲပြန်လာခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ဂျွန်နီနဲ့ သူငယ်ချင်းတွေပေါင်းပြီး အခက်အခဲတွေကိုအတူတူရင်ဆိုင်ကြပုံကို ရိုက်ကူးထားပါတယ်။ သူငယ်ချင်းစိတ်ဓာတ်ကို အခြေခံပြီးလည်းရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။File size…(2.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama,Comedy,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie
Poolhall Junkies (2002)
7.0
Midnight in the Garden of Good and Evil(1997)
Midnight in the Garden of Good and Evil(1997) အညွှန်း************************************************* နာမည်ကျော်မင်းသားကြီး Kelvin Spacey ပါဝင်ထားတဲ့ Crime/Drama အမျိုးအစားဖြစ်ပါတယ်။Kelvin Spacey ကားဆိုရင် အညွှန်းမဖတ်ဘဲကြည့်သင့်တဲ့အထဲမှာပါတယ်ဆိုတာသူကားတွေအတော်များများကြည့်ဖူးရင်သိကြပါတယ်..ဒါ့ကြောင့်အညွှန်းတွေ ရှည်ရှည်ဝေးဝေးရေးမနေတော့ဘူး..နယူးယောက်မြို့ကနေ ပါတီပွဲတစ်ခုအကြောင်း သတင်းယူဖို့ စေလွှတ်ခဲ့လိုက်ရတဲ့ဂျွန်ကယ်ဆိုတစ်ယောက် ဆာဗန်းနားမြို့ကို မအူမလည်နဲ့ရောက်ချလာပါတယ်။အဲဒီပါတီပွဲကိုတာဝန်ယူကျင်းပမယ့်သူက ရှေးဟောင်းဂန္တဝင်ပစ္စည်းတွေကိုစုဆောင်းလေ့ရှိတဲ့ သူဌေးကြီး ဂျင်မ်ဝီလီယံစ်ဖြစ်ပြီး သူတို့နှစ်ဦး ခင်မင်သွားရာမှတစ်မနက်မှာတော့ ဂျင်မ်တို့အိမ်ကြီးမှာ လူသတ်မှုတစ်ခုဖြစ်သွားကြောင်း သိလိုက်ရပါတယ်။ဘာတွေ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကတော့…File Size :(3.2GB) (1.4 GB) and (467 MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…02:35:00 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Encoded by Phyo Pyae
movie
Midnight in the Garden of Good and Evil(1997)
7.7
Guardians of the Galaxy Vol. 2 (2017) MCU
The Guardians must fight to keep their newfound family together as they unravel the mysteries of Peter Quill's true parentage. 1080p BluRay 5.1 DTS Quality ဖြင့် Marvel Cinematic Universe (MCU) Collection ကိုစုပေါင်းတင်ဆက်ပါသည်။MCU ဇာတ်ကားအားလုံးကို https://channelmyanmar.to/category/marvel-universe/ မှာ Download နိုင်ပါသည်။++++++++++++++++++++++++++++Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ...
movie
2017
HEVC 1080p 5.1
6.7
Sweet November (2001)
Sweet November (2001)===================IMDb Rating - 6.7/10#Unicodeဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ နိုဝင်ဘာလရဲ့ အချစ်ဇာတ်လမ်း Drama လေးပဲဖြစ်ပါတယ်။ ခွေးလေးတွေကို ချစ်တဲ့သူ၊ မိသားစုတွေနဲ့ အဆင်မပြေပြီး တစ်ယောက်ထဲဘဝကို ရူးရူးမိုက်မိုက်နဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ကင်ဆာရောဂါသည်မလေး ဆာရာ....ဘဝကို ပြေးလမ်းတစ်ခုလို သဘောထားပြီး ဘဝကို အလုပ်ထဲမှာပဲ အချိန်ပြည့်နစ်မြှုပ်ထားတဲ့ နယ်လ်ဆင်......သူ့ဘဝထဲ ဆာရာဆိုတဲ့ ရူးမိုက်မိုက်ကောင်မလေးဝင်ရောက်လာချိန်မှာတော့ ဘဝရဲ့အဓိပ္ပါယ်၊ ပျော်ရွှင်မှုတွေကိုဆာရာကြောင့် သိရှိခဲ့ရတယ်။ နယ်လ်ဆင်တစ်ယောက် အချစ်ကိုခံစားမိချိန် ဆာရာ့ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ နယ်လ်ဆင့်အချစ်ကို ဆာရာတစ်ယောက် လက်ခံပါ့မလား။ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုရမှာဖြစ်ပါတယ်။Sweet November ဝတ္ထုကို 1968 ခုနှစ်က ဇာတ်ကားပြန်လည်ရိုက်ကူးထားပြီး Sweet November နာမည်နဲ့မင်းသားက Anthony Newley နဲ့ မင်းသမီးက Sandy Dennis တို့ သရုပ်ဆောင်ခဲ့ပါတယ်။2001 ခုနှစ်မှာတော့ ထိုဇာတ်ကားကို Sweet November ...
movie
Sweet November (2001)
2001
6.4
DC Showcase: The Phantom Stranger (2020)
DC Showcase: The Phantom Stranger (2020)================================IMDb Rating 6.4/10#Unicodeလျှောက်သွားနေတဲ့ သူတိုင်းက လမ်းပျောက်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လျှောက်သွားနေတဲ့သူတော်တော်များများကတော့ လမ်းပျောက်နေကြပါတယ် တဲ့။ ဒီစာသားလေးက DC Showcase တွေထဲက The Phantom Stranger ရဲ့ အကြောင်းကို ပြထားတဲ့ ဇာတ်လမ်းတိုလေးရဲ့ အစမှာပါလာတာပါ။ ဒီဇာတ်လမ်းတိုလေးထဲမှာ အမှန်တရားကို ရှာဖွေရင်းလမ်းပျောက်နေတဲ့ ကောင်မလေးတစ်ယောက် Sebastian ဆိုတဲ့ ဝိညာဉ်တွေကို စုပ်ယူစားသောက်နေတဲ့ မကောင်းဆိုးရွားတစ်ကောင်ဆီကိုရောက်သွားခဲ့ပေမဲ့ လမ်းမှားကို ရွေးမိတဲ့ သူ့ကို Phantom Stranger က လမ်းမှန်ကို ရှာဖွေနိုင်တဲ့နည်းလမ်းပြပေးခဲ့ပါတယ်။ အမှန်တရားဆိုတာ လမ်းရဲ့အဆုံးမှာရှိနေတာမဟုတ်ပါဘူး။ လမ်းကိုလျှောက်နေတဲ့သူရဲ့ ရင်ထဲမှာရှိနေတာပါလို့ ပြောသွားပါတယ်။ Dialogue တွေကတော့ ကြွေချင်စရာတွေပါပဲဗျာ။မှော်စွမ်းအားကို ပိုင်ဆိုင်ထားပြီး Immortal တစ်ယောက်ဖြစ်တဲ့ Phantom Stranger အကြောင်းတစ်ချက်လောက် ရှိုးလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ ...
movie
DC Showcase: The Phantom Stranger (2020)
2020