Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michael Rapaport
6.0
Chain of Fools (2000)
Chain of Fools (2000) IMDB: 6 Rotten Tomatoes: 40% Genre: Comedy/Crime Chain of Fools (2000) ကတော့ ဘယ်လိုပြောရမလဲအတော်လေးသဘောကျဖို့ကောင်းတဲ့ ဟာသကားတစ်ကားလို့ပဲပြောချင်ပါတယ်။မင်းသား၊ မင်းသမီးတွေကလည်းပရိသတ်နဲ့မစိမ်းတဲ့လူတွေဖြစ်တာကြောင့်ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း၊Kresk ဆိုတာကတော့ ဘဝကို အောင်မြင်မှုဆိုတာဘာမှန်းမသိပဲဖြတ်သန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဆံသဆရာဆိုပေမယ့် မိန်းမကလည်းကွာရှင်းတော့မယ်ဝင်ငွေကလည်းမကောင်း ဘဝကြီးကို ယက်ကန်၊ ယက်ကန်ပတ်လက်လေး ဖြတ်သန်းနေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။တစ်ရက်မှာတော့ Avnet ဆိုတဲ့လူတစ်ယောက် Kresk ရဲ့ဆိုင်ထဲကိုတည့်တည့်မတ်မတ်ဝင်လာပြီး ဆံပင်ညှပ်ခဲ့ပါတယ်။Kresk မသိခဲ့တာက Avnetဟာ လက်ရှိနာမည်ကြီးနေတဲ့တန်ကြေးမြင့် တရုတ်ဒင်္ဂါးပြားတွေကို ဓားပြတိုက်သွားတဲ့လူတစ်ယောက်ဖြစ်လာပါတော့တယ်။ ဖြစ်ချင်တော့ ကတ်ကြေးနဲ့ Avent ရဲ့လည်မြိုကိုစိုက်မိပြီးAvent တစ်ယောက် ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီးလျှောသွားပါတော့တယ်။ဒင်္ဂါးတွေဟာလည်း Kresk ရဲ့လက်ထဲကိုရောက်လာခဲ့ပါတယ်။ဒါပေမယ့် ထင်သလောက်မရိုးရှင်းပဲ လုပ်ကြံရေးသမား Mikey နဲ့ရဲတပ်ကြပ်ကြီး Kolko တို့ပါပါလာခဲ့ပါတယ်။ကဲဘယ်လိုများ အရှုပ်ထုပ်တွေဖြစ်လာမှာလဲဆိုတာကိုတော့ကြည့်လိုက်ကြပါ။Kolko အဖြစ်မင်းသမီး Salma Hayek Avnet အဖြစ်မင်းသား Jeff Goldblum Mikey အဖြစ်မင်းသား Elijah WoodKresk ...
movie
Chain of Fools (2000)
7.9
True Romance (1993)
True Romance (1993)~ IMDb - 7.9/10, Rotten Tomatoes - 93% ~True Romance ဆိုတာက Boomers တို့ခေတ်တုန်းက နာမည်ကြီးခဲ့တဲ့ သဲထိတ်ရင်ဖို အက်ရှင် ဒရာမာ အချစ်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ဆောင်တွေအနေနဲ့ သူ့ခေတ်သူ့အခါက နာမည်ကြီးခဲ့တဲ့ မင်းသား Christian Slater နဲ့ Beyond Rangoon လိုကားနဲ့ မြန်မာပရိသတ်တွေ သိကြလောက်မယ့် မင်းသမီး Patricia Arquette တို့ ပါဝင်ထားတာဖြစ်ပြီး ယနေ့ခေတ်ရဲ့ ဝါရင့်ဂန္ထဝင်သရုပ်ဆောင်တွေဖြစ်တဲ့ Val Kilmer, Brad Pitt, Samuel L. Jackson, Gary Oldman နဲ့ Christopher Walken တို့က ဇာတ်ဆောင်အနေနဲ့ ပါဝင်အားဖြည့်ထားပေးပါတယ်။ ၁၉၈၆ ထွက် Tom Cruise ရဲ့ ပထမဆုံး ...
movie
True Romance (1993)
1993
5.5
Kiss of the Damned (2012)
ပါလိုဆိုတဲ့ဇာတ်ညွှန်းရေးဆရာလေးဟာ နယ်မြို့လေးတစ်ခုကို ပရောဂျက်အသစ်တစ်ခုအတွက် အေးအေးဆေးဆေးစာရေးဖို့ရောက်လာခဲ့ပါတယ်။မိုးတွေသည်းတဲ့ ညတစ်ညမှာတော့ မြို့ခံတစ်ဦးဖြစ်တဲ့ ဒီယွန်နာဆိုတဲ့ မိန်းကလေးတစ်ဦးနဲ့တွေ့ဆုံခဲ့ပြီးဇာတ်လမ်းအရှိန်တက်တော့မယ့်အချိန်မှာ ဒီယွန်နာက ရှောင်ဖယ်ထွက်ပြေးသွားခဲ့ပါတယ်။ ဒါပေမယ့် အတွေ့အကြုံရှိပြီးသားဖြစ်တဲ့ ပါလိုဟာ ဒီယွန်နာကိုမှ အရူးအမူးဖြစ်သွားခဲ့ပြီး ဘာတွေပဲဖြစ်လာဖြစ်လာ လက်ခံရင်ဆိုင်ပါတော့မယ်ဆိုတဲ့ အနေအထားနဲ့ သူ့ဘ၀တစ်ခုလုံးကိုပုံအပ်လိုက်ပါတော့တယ်။အဲ့ဒီမှာပဲ သူ့အတွက်အသစ်အဆန်းဖြစ်နေတဲ့လောကတစ်ခုနဲ့တွေ့ဆုံခဲ့ရတော့တာပါပဲ။ ဒီယွန်နာဟာသွေးစုပ်ဖုတ်ကောင် တစ်ဦးဖြစ်ပြီး သူတို့လိုသွေးစုပ်ဖုတ်ကောင်တွေဟာလည်းမြေအောက်လောကတစ်ခုလို ကမ္ဘာအနှံ့စိမ့်ဝင်ပျံ့နှံ့ပြီးလူတွေကြားထဲမှာ ရောနှောနေထိုင်ကြပါတယ်။သွေးစုပ်ဖုတ်ကောင် အများစုက လူတွေကိုရန်မရှာတော့ပဲ တိရိစ္ဆာန်သွေးလူလုပ်သွေးတွေနဲ့ အသက်ဆက်နေကြပေမယ့် စိတ္တဇဆန်ဆန် လူသားတွေကိုအုပ်စိုးလိုတဲ့၊ ရန်မူလိုတဲ့ အနည်းစုကလည်းရှိနေပြန်ပါသေးတယ်။အဲ့ဒီထဲကတစ်ယောက်ကတော့ ဒီယွန်နာရဲ့ညီမ မီမီဖြစ်ပြီး သူတို့လက်ရှိနေထိုင်နေတဲ့ စံအိမ်ကြီးကိုရောက်လာပြီး သူတို့ကိုဒုက္ခပေးပါတော့တယ်။မြင်ဖူးနေကျ သွေးစုပ်ဖုတ်ကောင်ဇာတ်ကားတွေနဲ့ကွဲထွက်ပြီး ပုံစံအသစ်နဲ့ချဉ်းကပ်ထားတဲ့ drama/horror ဇာတ်လမ်းကောင်းလေးတစ်ခုပါ။ Heroes မင်းသား Milo Ventimiglia နဲ့ အရမ်းမိုက်တဲ့ ပြင်သစ် မင်းသမီးချောတွေဖြစ်တဲ့ Joséphine de La Baume နဲ့ Roxane Mesquida တို့ခေါင်းဆောင်ပါဝင်ထားပါတယ်။ ခံစားကြည့်ကြပါဦး။ (မိသားစုနဲ့ကြည့်ဖို့အဆင်မပြေတဲ့ အဖော်အချွတ်ခန်းအနည်းငယ်ပါဝင်ပါတယ်)( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.4GB)/(680MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, ...
movie
Kiss of the Damned (2012)
Sully (2016)
ဒီဇာတ်ကားက ၂၀၀၉ ခုနှစ် တစ်လပိုင်းက ဖြစ်ပျက်ခဲ့တဲ့ မြစ်ထဲကို လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ထူးခြားမှုကတော့ လေယာဉ်ပေါ်က လူ ၁၅၅ ယောက်လုံးအသက်ရှင်နိုင်ခဲ့တာပါပဲ။ ဒီဇာတ်ကားမှာ မင်းသားကြီး တွမ်ဟန့်ခ်က အမေရိကန်ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာတဲ့ ပိုင်းလော့ကြီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ မြစ်ထဲကို လူအသေအပျောက်မရှိထိုးဆင်းနိုင်ခဲ့လို့ တကယ်ချီးကျူးစရာဖြစ်ခဲ့သလို ၂၄ မိနစ်အတွင်း သင်္ဘောတွေ လေယာဉ်တွေနဲ့ ကယ်ဆယ်ရေး လူ၁၀၀၀ ကျော်စုစည်းပြီး အားလုံးကို ကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံရဲ့စီမံခန့်ခွဲမှုကလည်း အံသြစရာတစ်ခုလို့ ပြောသင့်တယ်ထင်ပါတယ်။IMDb rating 7.8 ရထားတဲ့ဒီဇာတ်လမ်းမှာ အားလုံးက သူရဲကောင်းလို့သတ်မှတ်ထားတဲ့ ပိုင်းလော့ကြီးရဲ့ လေယာဉ်ဆင်းသက်ခဲ့ပြီး နောက်ဆက်တွဲပြဿနာနဲ့ လေယာဉ်ပေါ်က အကြောင်းအရာတွေကို ပေါင်းစပ်ပြီးပြသထားတာပါ။ ပြဿနာကတော့ လေယာဉ်ကိုစစ်ဆေးတဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ကွန်ပြူတာအချက်အလက်တွေက လေယာဉ်ဟာ မြစ်ထဲထိုးဆင်းစရာမလိုဘဲ လေဆိပ်ကိုအရောက်ပျံသန်းနိုင်တယ်လို့ ညွှန်ပြပြီး ပိုင်းလော့ကို အာမခံကုမ္မဏီက တရားခံရှာဖို့ကြိုးစားလာတာပါပဲ။ ဆူလီဟာ သူရဲကောင်းတစ်ယောက်လား ...
movie
Sully (2016)
The 6th Day (2000)
ခရစ်ယာန် သမ္မာကျမ်းစာရဲ့ ကမ္ဘာဦးကျမ်းမှာ ပြောထားတာတစ်ခုရှိတယ်။ လူသားတွေကို ဘုရားသခင်က သူ့ရဲ့အသွင်အပြင်အတိုင်း ဆဌမမြောက်နေ့မှာ ဖန်ဆင်းခဲ့သတဲ့။လူသားတွေဟာ အသိပညာ အတတ်ပညာတွေမှာ တစ်ခေတ်ပြီးတစ်ခေတ် ကြောက်ခမန်းလိလိ တိုးတက်လာပြီး မျိုးရိုးဗီဇပြုပြင်ပြောင်းလဲတုပခြင်းကို တတ်ကျွမ်းလာတဲ့ အနာဂတ်က အချိန်တစ်ခုမှာပေါ့။လူသားတွေ မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ အိုမင်းလို့ နေမကောင်းလို့ သေကြရတဲ့အခါ သိပ္ပံပညာရှင်တွေက သူတို့ကို ပုံကြမ်းထည်ကနေ ဆဲလ်ပွားခြင်းနည်းပညာနဲ့ မွေးမြူယူလိုက်ပြီး သေသွားတဲ့ တိလေးတွေနဲ့ ပုံစံတူအောင်လုပ်ကြတယ်။ နောက်ဆုံးအဆင့်အနေနဲ့ တိလေးတွေရဲ့ ဦးနှောက်က မျိုးရိုးဗီဇနဲ့ မှတ်ဉာဏ်ကိုကူးယူပြီး အသစ်မွေးထားတဲ့ကိုယ်ခန္ဓာထဲ ထည့်သွင်းလိုက်တော့ ကျန်းမာပြီးပြည့်စုံတဲ့ အိမ်မွေးတိကလေးကို ပြန်ရတယ်။သူတို့က ပိုင်ရှင်သင်ထားတဲ့ အကွက်လေးတွေကို အကုန်ပြန်လုပ်တတ်ကြပြီး သူတို့မြှုပ်ထားတဲ့ အရိုးတွေကိုတောင် ပြန်ဖော်စားတတ်ပါသတဲ့။လူတွေဟာ ဒီလောက်နဲ့ ရပ်တန့်မသွားပါဘူး။ လူသားတွေကိုပါ ပုံတူကူးဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ပထမဆုံးစမ်းသပ်ချက်က မအောင်မြင်ခဲ့ပါဘူး။ ဒီတော့ နိုင်ငံရေးသမားတွေက လူသားပုံတူကူးခြင်းကို ဥပဒေအရ တားမြစ်ခဲ့ပြီး ...
movie
The 6th Day (2000)
Glisten and the Merry Mission (2023)
Glisten and the Merry Mission (2023) ============================ IMDb Rating - 6.5/10CM ပရိသတ်ကြီးအတွက် Christmas ရာသီရဲ့ latest animation ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ ခံယူချက်တွေ၊ ယုံကြည်သက်ဝင်မှုတွေကပဲ အဖြေရှာပေးသွားပြီး ဘဝအမောတွေကို ပြေစေမဲ့ ဇာတ်လမ်းကောင်းလေးပေါ့။ကဲ ဇာတ်လမ်းလေးကတော့ ဒီလိုပါ။ ခရစ်စမတ်နေ့မှာ ဆန်တာကြီးကနေ ကလေးတွေကို လက်ဆောင်ပေး နိုင်ဖို့အတွက် အရုပ်လေးတွေကို ဖန်တီးပေးရတဲ့ နတ်သူငယ်လေးတွေ နေထိုင်တဲ့ ရွာလေးတစ်ရွာရှိပါတယ်။ မာဇီပန်ကတော့ အဲဒီရွာမှာ နေထိုင် တဲ့ နတ်သူငယ်မလေးတစ်ယောက်ပါ။ မာဇီပန်ရဲ့ အမေဖြစ်သူကတော့ အရုပ်ထုပ်လုပ်ရေးအလုပ်ရုံရဲ့ လက်ထောက်မန်နေဂျာတစ်ယောက်ဖြစ်ပြီး သမားရိုးကျအတိုင်း သွားနေတဲ့ အလုပ်ရုံကြောင့် အရုပ်တွေ လုံလုံလောက် လောက် မထုတ်နိုင်မှာကို အမြဲစိုးရိမ်နေတတ်ပါတယ်။တစ်ရက်မှာတော့ စက်ချို့ယွင်းမှုကြောင့် အရုပ်စာရင်းတွေ အဆမတန် တက်လာခဲ့ပြီး မာဇီပန့်အမေပြောခဲ့တဲ့အတိုင်း နတ်သူငယ်တို့ ဒုက္ခလှလှနဲ့ တွေ့လာကြတာပေါ့။ ဆိုတော့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သူတို့တွေ စစ်ဆင်ရေးတစ်ခုကို ဆွဲလိုက်ကြပါတယ်။ အဲဒီစစ်ဆင်ရေးရဲ့ နာမည်ကတော့ "Merry Mission" ပါတဲ့။ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ပွဲထွက်လာတာမို့ ကလေးလူကြီးမရွေး နှစ်သက်ကြမဲ့ ...
movie
Glisten and the Merry Mission (2023)
2023
6.3
The Baytown Outlaws (2012)
IMDb rating -6.3/10 ဒီဇာတ်လမ်းကတော့ ဇာတ်အိမ်ခိုင်ခိုင် ဇာတ်လမ်းဇာတ်ကွက်မိမိရိုက်ကူးထားတင်ဆက်ထားပြီး Action Comedy ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ Action အခန်းတွေကို ထိထိမိမိရိုက်ကူးထားတဲ့အပြင် သရုပ်ဆောင်တွေရဲ့ ပိုင်နိုင်တဲ့သရုပ်ဆောင်မှုတွေကြောင့် Comedy scene တွေမှာဆိုရင် ဗိုက်နာအောင်ရယ်ရမယ့် ဇာတ်လမ်းဇာတ်ကွက်တွေပါကြည့်ရှူခံစားရမှာပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.. ဒီရုပ်ရှင်ကိုတော့ Oodie boys သုံးယောက်ကိုအဓိကထားပြီးရိုက်ကူးထားပါတယ်အကြီးဆုံးက Brick အလတ်က Lincoln နဲ့ နောက်တစ်ယောက်ကတော့ McQueenပါ သူတို့ ၃ ယောက်က ဒေသခံရဲအရာရှိ ရှယ်ရစ်ဖ်ကနေ မြို့ထဲကတခြားရာဇဝတ်ကောင်တွေကို သတ်ဖို့ငှားထားတဲ့ အမည်မသိကြေးစားလူသတ်သမားတွေပေါ့ သူတို့ကြောင့်ပဲ Alabama မြိုလေးကပြစ်မှုအနည်းဆုံးမြို့တစ်ခုဖြစ်နေတော့ ရှယ်ရစ်ဖ်တစ်ယောက် သူတို့လုပ်သမျှကိုမျက်ကွယ်ပြုပေးနေခဲ့ပါတော့တယ် တစ်နေ့မှာတော့ Celeste ဆိုတဲ့အမျိုးသမီးတစ်ယောက်က အကြမ်းဖက်တတ်တဲ့ မွေးစားအဖေလက်ထဲကနေ သူ့မွေးစားသားလေးကိုကယ်တင်ပေးဖို့ ငွေအများကြီးကမ်းလှမ်းပြီးတောင်းဆိုလာခဲ့ပါတယ်။ ငွေရဲ့ဆွဲဆောင်မှုမှာမြောသွားတဲ့ သူတို့ညီအစ်ကို ၃ ယောက် ကလေးကိုပြန်ပေးဆွဲခဲ့တဲ့အခါမှာတော့.. ဘယ်လိုအရာတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှူခံစားရမှာပါ။ File size…(1.8 GB)/(1 ...
movie
The Baytown Outlaws (2012)
7.0
Kiss of Death(1995)
Kiss of Death(1995)******************ဒီဇာတ်ကားကတော့ ပရိတ်သတ်အချစ်တော် မာသာဖာသာကြီး Samuel L.Jackson နဲ့ မင်းသားကြီး Nicolas Cage တို့ အပြင်မင်းသားကြီး David Caruso, Stanley Tucci နဲ့ မင်းသမီး Helen Hunt, Kathryn Erbe တို့ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းစုံထောက်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဒုစရိုက်လောကကနေအနားယူပြီး မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ဂျင်မီကင်မာတင်ကို ဝမ်းကွဲညီအစ်ကိုဖြစ်သူက ဒုစရိုက်မှုတစ်ခုနဲ့ပတ်သတ်ပြီး ကူညီပေးဖို့အကူအညီလာတောင်းတဲ့အခါ ပရဟိတစိတ်ဓာတ်ပိုင်ရှင် ကင်မာတင်အနေနဲ့ မနေနိုင်မထိုင်နိုင်လိုက်ကူညီပေးမိပါတယ်။ ကူညီရင်းနဲ့ပဲ အလွဲလွဲအချော်ချော်တွေဖြစ်ကာ ကင်မာတင်အနေနဲ့ထောင်နန်းစံသွားရပါတော့တယ်။ ထောင်ကထွက်ပြီးရင် ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့အတွက် ကင်မာတင်အနေနဲ့ လူဆိုးခေါင်းဆောင်းတစ်ယောက်ကို စုံစမ်းထောက်လှမ်းပေးဖို့ ရဲတွေနဲ့အပေးအယူတွေလုပ်တဲ့အခါ...ငွေကြေးဥစ္စာနဲ့ အာဏာပါဝါက ဥပဒေအရေးမှာပါဝင်ပတ်သတ်နေပုံ... ရာထူးအာဏာအတွက် ဥပဒေကိုဘယ်လို လက်တစ်လုံးခြားကစားနေသလဲဆိုတာကို ခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်File Size :(2.1GB) (980 MB) and (268 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:41:00 Genre : Crime, Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by ...
movie
Kiss of Death(1995)
6.5
Higher Learning(1995)
Higher Learning==============အခုတင်ဆက်မဲ့ကားကတော့ အမြင်လှပြီးအတွင်းပုပ်နေတတ်တဲ့အမေရိကန်တက္ကသိုလ်လောကအကြောင်းကို ကွက်ကွက်ကွင်းကွင်းတင်ဆက်ထားပါတယ်။Columbus တက္ကသိုလ်ဟာ နာမည်ကြီးအကောင်းဆုံးတက္ကသိုလ်တွေထဲကတခုပါ။ဒီကျောင်းကြီးရဲ့ပရ၀ုဏ်အတွင်းမှာကတော့လူဖြူလူမည်းပဋိပက္ခတွေလူမျိုးရေးခွဲခြားဆက်ဆံတာတွေလိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေစသဖြင့်ပွေလီရှုပ်ထွေးနေပါတယ်။ဒီလိုနေရာကိုရောက်လာတဲ့ကျောင်းသားသစ်သုံးယောက်ကတော့Malik Williamsလူမည်းအပြေးအားကစားကျောင်းသားဖြစ်ပြီးပညာရေးမှာရုန်းကန်နေရပါတယ်။Kristen Connor ကတော့ အရှက်ကြီးပြီးအယုံလွယ်တဲ့ကျောင်းသူလေးပေါ့။Remyကတော့ ရေကန်မရှိတဲ့ငါးလိုကိုယ့်နယ်ကနေရပ်ရွာသစ်မှာအဖော်မဲ့လမ်းပျောက်နေသူပါ။ဒီသုံးယောက်ရဲ့ကျောင်းသားသစ်ဘ၀မှာတဦးချင်းစီကြုံတွေ့ရမဲ့ လူမျိုးရေးခွဲခြားမှုတွေ, သွေးထိုးလှုံ့ဆော်မှုတွေ, လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း အတွေးအမြင်ကောင်းကောင်းတွေနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ဇာတ်ကားကိုတော့Omar Epps, Ice Cube, Jennifer Connelly, Laurence Fishburne စသဖြင့်နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်အားဖြည့်ထားပါတယ်။ File Size : 2.73GB / 1.28 GBQuality : BluRay 1080p 5.1CH , 720pDuration : 2hr 8minFormat : Mp4Genre : Crime , Drama , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by BrackmanEncoded by Min Wai
movie
Higher Learning(1995)
5.9
Deep Blue Sea (1999)
ဒီဇာတ်ကားကိုကြည့်နေရင်းနဲ့ အဆုံးသတ်နားနီးတော့မှ ဇာတ်လိုက်က ဒီကားနာမည် Deep Blue Seaကို ညွှန်းလိုက်တဲ့စကားတစ်ခွန်းကြောင့် ခံစားရတဲ့ ရသလည်း အသစ်ပြောင်းသွားရပါတယ်။ ပြောရရင် ရှုထောင့်ပြောင်းပြီး မြင်လာတဲ့ အမြင်သစ်တစ်ခု ရသွားတာပေါ့လေ။Alzheimer's diseaseဆိုတာ လူတွေမှာ အဖြစ်အများဆုံး ဦးနှောက်ရောဂါတစ်ခုပါ။ မှတ်ဉာဏ်တွေ မေ့ပျောက်ကုန်တဲ့ရောဂါတစ်မျိုးပါပဲ။ သူငယ်ပြန်တာမျိုးလည်း မဟုတ်ဘဲ ကြာလေလေ ဘာကိုမှ မမှတ်တော့လောက်အောင် ဦးနှောက်ဆဲလ်တွေ သေဆုံးသွားတာမျိုးပါ။အဲဒီရောဂါနဲ့သူ့မိဘတွေ ကွယ်လွန်သွားရလို့ အခဲမကျေဖြစ်နေတဲ့ ဆရာဝန်မလေးတစ်ယောက်ဟာ ဆေးကုမ္ပဏီကြီးတစ်ခုရဲ့ အထောက်အပံ့နဲ့ အယ်လ်ဇိုင်းမားရောဂါ ကုထုံးသစ်အတွက် သုတေသနလုပ်နေပါတယ်။ သူလုပ်နေတဲ့ သုတေသနဌာနက ဒုတိယကမ္ဘာစစ်လက်ကျန် ရေငုပ်သင်္ဘောတွေ ဆီဖြည့်တဲ့ စခန်းဟောင်းတစ်ခုကို ပြုပြင်ပြီး လုပ်ထားတာပါ။ ဘာလို့ အဲဒီနေရာကိုမှ သွားလုပ်ရသလဲဆိုရင် သူတို့ စမ်းသပ်နေတဲ့ဆေးကုထုံးက ငါးမန်းတွေရဲ့ ဦးနှောက်နဲ့ ပတ်သက်နေလို့ပါပဲ။ငါးမန်းတစ်ကောင်ရဲ့ဦးနှောက်ကို ပုံမှန်ထက်ငါးဆလောက်ကြီးလာအောင် အရင်လုပ်လိုက်ကြတယ်။ အဲဒီငါးမန်းရဲ့ဦးနှောက်ထဲကို အယ်လ်ဇိုင်းမားလူနာရဲ့ ပျက်စီးနေတဲ့ဦးနှောက်ဆဲလ်တွေ မြှုပ်နှံထားပြီးတော့ ရလဒ်တွေကို သုတေသနပြုနေကြတာပါ။ ...
movie
Deep Blue Sea (1999)
7.2
Men of Honor(2000)
Men of Honor(2000) ***************** IMDb.....7.2 ကားနာမည်ကိုမြင်လိုက်ရုံနဲ့ ခင်ဗျားတို့ဟာ ဒီဇာတ်ကားရဲ့ အတိမ်အနက်ကို အနည်းငယ်ခန့်မှန်းမိလောက်မယ်ထင်မိပါရဲ့....ဇာတ်ကားရဲ့နာမည်က လေးနက်သလို ဒီကားထဲက သရုပ်ဆောင်တွေ ဇာတ်လမ်းဇာတ်ကွက်တွေ စကားပြောတွေ ပေးချင်တဲ့ message တွေဟာလည်း ခမ်းနားလှပလွန်းပါတယ်....ဒီကားက အမေရိကန် ရေတပ်မတော်မှာ ပထမဆုံးသော လူမည်းရေငုတ်သမားဘဝကို ဖိနှိပ်တားဆီးမှုကြားကကြိုးစားခဲ့ရတဲ့ ကားလ်ဘရေးရှီးရှား Carl Brashear ရဲ့ ဘဝဖြစ်စဉ်ကို ရိုက်ပြထားတာဖြစ်ပါတယ်...ဒီကားထဲက မင်းသားကြီးတွေဖြစ်တဲ့ Robert De Niro နဲ့ Cuba Gooding Jr. တို့ကိုတော့ တော်တော်များများသိကြမယ်ထင်ပါတယ်....ဇာတ်လမ်းနဲ့ပတ်သက်ပြီး ကျွန်တေ်ာဒီလောက်ပဲပြောပြချင်တယ်...ဒီကားက ဟာသတွေ CGI နည်းပညာတွေ မျက်ရည်ချူကွက်တွေ ရိုဆန်ဆန်အမူအရာတွေ တစ်ခုမှ မပါ ပါဘူး...သို့ပေမယ့် ခင်ဗျားဟာ ဇာတ်လမ်းအမျိုးအစားရွေးချယ်ကြည့်ရှုရာမှာ ဘယ်လောက်ပဲ ဇီဇာကြောင်နေနေ ...ဒီကားကချွင်းချက်ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် မဝံမရဲ အာမခံပေးလိုက်ပါ့မယ်...ခံစားကြည့်လိုက်ပါဦးဗျ....File Size : (950 MB) Quality : Blu-Ray ...
movie
Men of Honor(2000)
2000
6.6
The Heat(2013)
The Heat(2013)IMDb....6.6ဒီတစ်ခါတော့ 21 Jump Streetတို့ 22 Jump Streetတို့လို ရယ်ရတဲ့ အသွင်ယူမူးယစ်ဆေးစုံစမ်းတဲ့ ရဲစုံထောက်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားထဲက Main Castတွေကတော့ မကြာသေးခင်က အရမ်းအောင်မြင်ခဲ့တဲ့ Bird Boxထဲက မင်းသမီးကြီး Sandra Bullockနဲ့ Spy(2015)မှာ အူတက်အောင်ရယ်ရခဲ့တဲ့ Mellisa Maccathy ပါ။.Sandra Bullockရဲ့ ဇာတ်ကောင် Asburnဟာ တော်ပေမဲ့ ထက်မြက်တဲ့မိန်းမသိပ်လုပ်ချင်တဲ့ စာအုပ်ကြီးသမား Agentတစ်ယောက်ဖြစ်ပြီး ရာထူးတက်ဖို့အလို့ငှါ မူးယစ်ဆေးဘုရင်တစ်ယောက်ကို ဖမ်းဖို့အတွက် Mullinsဆိုတဲ့ လူမှန်လူဖြောင့် ဇွတ်တရွတ်လုပ်တတ်တဲ့ ရဲစုံထောက်မနဲ့ တွဲလုပ်ဖို့ အကြောင်းဖန်လာပါတယ်။ ဒီကားမှာ လုံးဝကို စာအုပ်ကြီးအတိုင်းလုပ်တတ်တဲ့အေးဂျင့်မတစ်ယောက်နဲ့ စည်းတွေဘောင်တွေ မရှိတဲ့ ရဲမေတစ်ယောက်ရဲ့ အတွဲမညီတဲ့ ဗရုတ်သုတ်ခ အမှုလိုက်ခြင်းတွေကို ကျွန်တော်တို့ ကြည့်ပြီး နင်းကန်ရယ်ကြရမှာပါ။ဟာသကားဆိုပေမယ့် သူတို့ (၂)ယောက်လုံးဟာထက်မြက်တဲ့အရည်အချင်းကိုယ်စီရှိကြလို့ငပေါကားမဟုတ်ဘူးဆိုတာလေးကိုသတိချပ်စေချင်တယ်.... ဟာသကားမျိုးလည်းသဘောကျတယ် ..မှုခင်းစုံထောက်လိုမျိုးတွေလည်းနှစ်ခြိုက်တယ်ဆိုရင်တော့ ဒေါင်းကြည့်သင့်ပါကြောင်း.....IMDB 6.6 ရထားပြီး စကားလုံးတစ်ချို့ ဟာသတစ်ချို့က R rate ရထားတာလေးတော့တော့ သတိပြုစေချင်တယ်။ဇာတ်လမ်းအညွှန်းကိုတော့ Wira Aung မှရေးသားပေးထားပါတယ်....File Size : (952 MB) and (378 MB) Quality : Blu-Ray 720p Format…mp4 Duration…01:57:00 Genre : ...
movie
The Heat(2013)
2013
6.1
ဒီဇာတ်ကားလေးကတော့ 2016 မှာထွက်ရှိထားတဲ့ အလယ်တန်းကျောင်းသားဟာသကားလေးပဲ ဖြစ်ပါတယ်ဒီဇာတ်လမ်းထဲမှာတော့ 'ရေးဖ်'ဆိုတဲ့ကောင်လေးဟာ စိတ်ကူးယဉ်ဆန်တတ်ပြီး အမွှေဇယားတွေဖန်တီးတတ်တဲ့ ကောင်လေးတစ်ယောက်ပါအရင်ကျောင်းတွေကနေ ကျောင်းထုတ်ခံရပြီးနောက် စည်းကမ်းတင်းကျပ်တဲ့ ကျောင်းတစ်ကျောင်းကို'ရေးဖ်'တစ်ယောက် ရောက်ရှိသွားရာမှစပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှူ့ရမှာပဲဖြစ်ပါတယ်ဟာသအမျိုးအစားလေးဖြစ်ပေမဲ့ မိသားစုပြဿနာများ ညီအစ်ကိုမောင်နှမသံယောဇဉ်များကို ရိုက်ကူးဖော်ပြထားသဖြင့် လက်မလွှတ်တမ်းကြည့်ရှူ့ရမည့် ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lyric Lynn Khant ပါ)File Size : (700 MB) and (434 MB) Quality : Blu-Ray 720p Running Time : 1hr 32min Format : Mp4 Genre : Animation, Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-GECKOS Translated by Lyric Lynn Khant Encoded by Thanhtike Zaw
movie
Middle School: The Worst Years of My Life (2016)
2016
6.6
Hitch (2005)
Hitch (2005) IMDb - 6.6/10_____Rotten - 69% (Warning - FA များ၊ ရည်းစားမရှိသူများ စိတ်မခိုင်လျှင် မကြည့်သင့်ပါ။ အခန့်မသင့်လျှင် ဤကားကြည့်ပြီး မကြာခင် ရည်းစားရသွားနိုင်ပါသည် :P ရည်းစားရှိသော်လည်း မိန်းကလေးတွေအကြောင်း အထာမနပ်သူများ ကြည့်သင့်ကြည့်ထိုက်သော ကားကောင်းတစ်ကားဖြစ်သည်)ဒီကားလေးကို ကြည့်ပြီးသွားကြရင်တော့... ယောက်ျားလေး အများစု မိန်းကလေးတွေနဲ့ ပတ်သတ်ပြီး "ငါမဖြစ်နိုင်ပါဘူးကွာ၊ ငါ့ပုံစံကြီးက သူနဲ့မကိုက်လောက်ပါဘူးကွာ" ဆိုတဲ့ ခံယူချက်၊ ခံစားချက်တွေ လျော့ပါးသွားမှာတော့အသေအချာပါပဲ ဒီကားထဲမှာ ကျွန်တော်တို့ ယောက်ျားလေးအများစုအတွက် ကိုယ်ချစ်ကြိုက်နေတဲ့ ခွက်နေတဲ့ မိန်းကလေးတစ်ယောက်ကို ရည်းစားစကားပြောဖို့ဆိုတာ ဘယ်လောက်တောင်မလွယ်လိုက်လဲဆိုတာ တွေ့ရပါလိမ့်မယ်...(လွယ်လွယ်ကြိုက် လွယ်လွယ်ပြတ် ခေတ်ကြီးထဲမှာ ဒီစကားက ရယ်စရာလဲ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်)ဒီဇာတ်ကားလေးထဲမှာ... * မိန်းကလေးတစ်ယောက်ကိုတကယ်ချစ်ကြိုက်မိသွားရင် မိန်းမကျမ်းကျေပါတယ်ဆိုတဲ့သူတောင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်တတ်ပုံတွေ... >>> မိန်းကလေးတွေ ဘယ်လိုပြုမူပြီ ဘယ်လိုပြောဆိုပြီဆို အဲ့တာဘာကိုဆိုလိုချင်တာ... >>> ပထမဆုံးအနမ်းတစ်ခုအပေါ်မှာ မိန်းကလေးအများစုရဲ့သဘောထား... >>> အချစ်တစ်ခုဖြစ်ပေါ်လာဖို့ဆိုတာ မလွယ်ကြောင်းတွေ အစုံအလင်တွေ့ရပါလိမ့်မယ်* ဇာတ်လမ်းအကျဉ်းလေး ပြောရရင်...>>> အဲလပ်စ်ဟစ်ရှ်(Will Smith)ဆိုတာ Date doctor တစ်ယောက်ပါ(ဖူးစာရေးနတ် ...
movie
Hitch (2005)
2005