Channel Myanmar

Michael Paul Chan

Joshua Tree (aka) Army of One (1993) 5.7
Joshua Tree (aka) Army of One (1993)  ပြစ်မှုကျူးလွန်သူအဖြစ် မှားယွင်းစွပ်စွဲ ထောင်ချခံရတဲ့ ဆန်တီဟာ အကျဉ်းထောင်ကူးပြောင်းနေတဲ့ လမ်းခုလတ်မှာပဲ ထွက်‌ပြေးခဲ့ပြီး မရက်ခ်အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပါတယ်။အဲဒီအမျိုးသမီးဟာ သမာသမတ်ကျတဲ့ ဒုလက်ထောက်ရဲအရာရှိဖြစ်တာကြောင့် ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ၊ ဆန်တီကရော ဘာအကြောင်းကြောင့်စွပ်စွဲခံရလဲ၊ နောက်ကွယ်က လက်မည်းကြီးက ဘယ်သူဖြစ်မလဲဆိုတာကို တစ်ဆင့်ချင်းခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ခုပါ။ File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:46:00 Genre... Action, Adventure, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie

Joshua Tree (aka) Army of One (1993)

Maverick (1994) 7.0
Maverick (1994)   မိတ်ဆွေတို့အနေနဲ့ ကိုယ့်ဟာ နယ်ပယ်တစ်ခု၊ အလုပ်တစ်ခုမှာ မဖြစ်မနေအောင်မြင်ရမယ်ဆိုပြီး အလိုလိုသိနေတဲ့ ဗီဇစိတ်( instinct mind) (တစ်နည်း )တစ်ခုခုမှာ ကိုယ့်ကိုယ်ကိုပါရမီပါနေတယ်လို့ ကံသေကံမအခိုင်အမာ ယုံကြည်ဖူးပါသလား။ ဥပမာ- ငါဟာ သီချင်းဆိုတဲ့ အဆိုတော်အဖြစ် တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ ဘောလုံးအားကစားမှာ ပရိုကစားသမားတစ်ယောက်အဖြစ် တစ်နေ့အောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ စာရေးဆရာတစ်ယောက်အဖြစ် bestseller တန်းဝင်ပြီး တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး အခိုင်အမာ ကိုယ့်ကိုကိုယ်သိနေ၊ ယုံကြည်နေတာမျိုး ရှိဖူးခဲ့ပါသလား။ စာရေးသူအနေနဲ့တော့ ကိုယ်တိုင်ရှိခဲ့ဖူးသလို မိတ်ဆွေတို့မှာလည်း တစ်မျိုးမဟုတ်တစ်မျိုး၊ တစ်ခုမဟုတ်တစ်ခုမှာ ရှိမယ်ဆိုတာ သေချာပေါက်ပြောနိုင်ပါတယ်။ မိတ်ဆွေကိုယ်တိုင် မသိဘူးထင်ရပေမယ့် အတွင်းမသိစိတ်မှာတော့ မိတ်ဆွေဟာ နယ်ပယ်တစ်ခုခုမှာ ပါရမီအရမ်းရှိနေတာမျိုး၊ အဲ့လိုရှိမှန်းမသိသည့်တိုင် မိတ်ဆွေဟာ ထူးချွန်နေတာမျိုး ရှိတတ်ပါတယ်။အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းကလည်း အဆိုပါသဘောတရားကို အနည်းငယ်ကျောရိုးယူပြီး ဇာတ်အိမ်တည်ထားတဲ့ ဟောလိဝုဒ် Western ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ Western ရုပ်ရှင်ပီပီ အပစ်အခတ်၊ ...
movie

Maverick (1994)

The Goonies (1985) 7.7
The Goonies (1985) The Goonies (1985)Rt - 76% , IMDb - 7.7Everything Everywhere All At Once မှာ အမျိုးသားဇာတ်ပို့ဆုအတွက်အော်စကာရသွားခဲ့တဲ့ မင်းသားကြီး Ke Huy Quan ငယ်စဉ်ကပါဝင်သရုပ်ဆောင်ထားခဲ့ပြီးဒါရိုက်တာကြီး Steven Spielberg ရေးခဲ့တဲ့ဇာတ်လမ်းကိုရိုက်ကူးထားတဲ့မိသားစု စွန့်စားခန်း ဟာသကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အပေါင်ငွေကိုဆက်ပြီးမသွင်းနိုင်တော့လို့အိမ်ကိုအသိမ်းခံရတော့မဲ့ Goon Docks မှာနေကြတဲ့"ဂူနီ" လို့ခေါ်တဲ့ မိုက်ကီ၊ ဘရန်း၊ မောက်ပ်၊ ချန့်ခ်၊ ဒေတာ တို့သူငယ်ချင်းတစ်သိုက်က သူတို့နောက်ဆုံးအတူရှိနေရမဲ့နေ့လေးကိုကျင်းပဖို့အတွက် မိုက်ကီနဲ့ ဘရန်း ညီအစ်ကိုတို့ရဲ့အိမ်မှာစုပြီးရောက်နေခဲ့ကြပါတယ်။ဒီလိုနဲ့ မိုက်ကီတို့အိမ်ထပ်ခိုးပေါ်က မိုက်ကီအဖေ့ရဲ့ ပစ္စည်းတွေကိုမွှေနှောက်ကြရင်း နာမည်ကြီးပင်လယ်ဓားပြကြီး မျက်လုံးတစ်လုံး ဝီလီရဲ့ရတနာမြေပုံကိုတွေ့ရှိသွားပါတယ်။ ဒီလိုနဲ့သူငယ်ချင်းတစ်သိုက် အကိုကြီး ဘရန်းကို တစ်ပတ်ရိုက်ကာ အိမ်မှာထားပစ်ခဲ့ကြပြီးရတနာမြေပုံထဲမှာပြောထားတဲ့နေရာကိုလိုက်ရှာပါတော့တယ်။ဖြစ်ချင်တော့ ရတနာသိုက်ကိုညွှန်ပြထားတဲ့နေရာကနာမည်ကြီးရာဇဝတ်မိသားစုဖြစ်တဲ့ဖရာတဲလိစ် မိသားစုပုန်းခိုရာနေရာဖြစ်နေပါတော့တယ်။ဒီလိုနဲ့ ဖရာတဲလိစ် မိသားစုကို‌ရော၊ မျက်လုံးတစ်လုံး ဝီလီ လုပ်ထားပစ်ခဲ့တဲ့ထောင်ခြောက်တွေကိုရော ရှောင်းတိမ်းရင်းနဲ့ဂူနီ တစ်သိုက် ရတနာသိုက် ရှာပုံတော်ဖွင့်ကြပါ‌တော့တယ်။ဂူနီ ...
movie

The Goonies (1985)

1985
The Insider(1999) 7.9
The Insider(1999) The Insider(1999)IMDb.....7.9,,,Rotten....96IMDb rating 7.9 ရရှိထားတဲ့ ဒီ The Insider ဆိုတဲ့ဇာတ်ကားဟာဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်...ဒီကားထဲမှာ အဓိကသရုပ်ဆောင်ထားတဲ့ မင်းသားကြီး ၂ဦးဖြစ်တဲ့Russell Crowe,နဲ့Al Pacino တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်.. နာမည်ကြီးဆေးလိပ်ကုမ္ပဏီ(၇)ခုရှိတယ် …အဲ့ဒီဆေးလိပ်ကုမ္ပဏီတစ်ခုမှာ ဆေးရွက်ကြီးသုတေသနပိုင်းနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့ ဒေါက်တာတစ်ယောက်ရှိတယ်..စမ်းသပ်စစ်ဆေးချက်နဲ့ပတ်သက်ပြီး နီကိုဒင်းဓတ်ရဲ့ဆိုးကျိုးတွေအကြောင်းအထက်လူကြီးဆီကို အဲ့ဒီဒေါက်တာက တင်ပြခဲ့တယ်....အဲ့ဒီကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ ဆေးလိပ်တွေဟာ ဘေးဥပါဒ်ဖြစ်စေနိုင်တယ်ဆိုတာကိုသိပေမယ့် လျှို့ဝှက်ထားခဲ့ကြတယ်…ဆိုးကျိုးတွေတင်ပြခဲ့တဲ့ ဒေါက်တာဟာလည်း နောက်ပိုင်းမှာ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရတယ်….. ဖြစ်ချင်တော့တိုက်တိုက်ဆိုင်ဆိုင် သူအလုပ်ဖြုတ်ခံရပြီးချိန်မှာ နာမည်ကြီးတီဗွီအစီအစဉ်တစ်ခုရဲ့ပရိုဂျူဆာတစ်ယောက် နဲ့အဆက်အသွယ်ရခဲ့တယ်...အဲ့ဒီမှာ ပရိုဂျူဆာ က အလုပ်ဖြုတ်ခံလာရတဲ့ ဒေါက်တာကိုဆေးလိပ်လုပ်ငန်းရဲ့အတွင်းရေးတွေနဲ့ပတ်သက်ပြီးလျှို့ဝှက်ထားတဲ့အချက်အလက်တွေကို ဖြေပေးဖို့သူတို့အစီအစဉ်မှာပါဝင်ဖို့ပြောလာပါတော့တယ်...….ဒီကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်သလို ဇာတ်ကောင်တွေ ဒိုင်ယာလော့တွေကလည်းလက်တွေ့ဆန်ပြီး သဘာဝကျတဲ့ ဘက်ကို အားပြုချဉ်းကပ်ထားပါတယ်….ပြသချိန်၂နာရီကျော်ကြာမြင့်တဲ့ဒီကားဟာ အစပိုင်း နာရီဝက်ကျော်လောက်အထိတော့ လိုက်လံဆက်စပ်နေရလို့အနည်းငယ် ပျင်းဖို့ကောင်းနေနိုင်ပါတယ်....နောက်ပိုင်းမှာတော့ ကျွန်တော့်လိုခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ လုံးဝသဘောကျစေရမယ်လို့တော့အာမခံပါတယ်…File Size : (3.7GB) (1.75GB) and (459MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:37:00 Genre : ...
movie

The Insider(1999)

1999
Falling Down (1993) 7.6
Falling Down (1993) Falling Down (1993) အညွှန်း*************************IMDb...7.6,,,Rt....85%နာမည်ကျော်မင်းသားကြီး မိုက်ကယ်ဒေါက်ကလပ်ရဲ့ Gold but Old Crime/ Actionရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပြီး မင်းသားကြီးကိုယ်တိုင်ကသူသရုပ်ဆောင်ခဲ့သမျှထဲမှာ အကြိုက်ဆုံးလို့ ဆိုထားပါတယ်။ဝီလီယံဖော်စတာဟာ လောလောလတ်လတ်အလုပ်ထုတ်ခံလိုက်ရတဲ့ဒုံးကျည်အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ၊ညစ်ပတ်နေတဲ့လမ်းတွေ၊ ရိုင်းစိုင်းတဲ့လူတွေ၊ ကွဲအက်နေတဲ့ ပလက်ဖောင်းတွေကသူ့ရဲ့ မျှခြေမညီတဲ့ အတွေးအခေါ်တွေ၊ခံပြင်းဒေါသတွေနဲ့ခါးသီးမှုတွေကို ပေါက်ကွဲစေတဲ့ တွန်းအားတွေဖြစ်လာတဲ့အခါ ဝီလီယံတစ်ယောက် ပြစ်မှုတွေကို ဆက်တိုက်ကျူးလွန်မိပုံနဲ့ထိုခေတ်ထိုအခါက ခေတ်စနစ်ကို ပေါ်လွင်အောင် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။  File Size :(2.1GB)(711MB) and (217MB) Quality : Blu-Ray1080P5.1CH, 720p Format…mp4 Duration…01:53:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

Falling Down (1993)

The Glass House (2001) 5.8
The Glass House (2001) The Glass House (2001)Thriller/MysteryChannel Myanmar ရဲ့ပရိတ်သတ်တွေအတွက်ဟောင်းပေမယ့် ကောင်းဆဲဆိုတဲ့ ဒီလိုရုပ်ရှင်မျိုးတွေကို တစ်ဖန်ပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ရုံတင်ငွေ 23.6 သန်းအထိရထားတဲ့ဒါရိုက်တာ Daniel Sackheim ရဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။Daniel Sackheim ဆိုရင် Game of thrones , The Walking Dead ဒီလိုဝက်ဝက်ကွဲအောင်မြင်တဲ့ရုပ်ရှင်တွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့တဲ့နာမည်ကြီးဒါရိုက်တာတစ်ယောက်ပါ။ ဒီတော့ The Glass House မှာလည်းဘယ်လိုလက်စွမ်းပြထားမလဲဆိုတာ ခံစားကြည့်လိုက်ပါဦးဗျာ။ဆယ်ကျော်သက်တို့ထုံးစံအတိုင်း ရူဘီဟာ သောက်စား ပျော်ပါးဘဝကိုပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေတဲ့ အထက်တန်းကျောင်းသူတစ်ယောက်ပါ။တစ်ရက်တော့ ဘဝဟာ ကံဆိုးမိုးမှောင်ကျပြီး မိဘနှစ်ပါးလုံးကို တစ်ပြိုင်တည်း ဆုံးရှုံးလိုက်ရပါတယ်။အဲဒီနောက်​တော့ ရူဘီနဲ့ သူ့မောင်လေး ရက်တ်ဟာ သူတို့ရဲ့ အိမ်နီးချင်းဟောင်းဂလပ်စ်တို့ လင်မယားဆီမှာ မွေးစားခံလိုက်ရပါတယ်။ပြီးတော့ ဂလပ်စ်တို့လင်မယားရဲ့ မယ်လ်ဘူက အိမ်ကိုပြောင်းရွေ့ခဲ့ကြတာပေါ့။ဂလပ်စ်တို့မိသားစုက ကြင်နာတတ်ပြီး ငွေကြေးဥစ္စာလည်း ကြွယ်ဝကြပါတယ်။ခိုးကိုးရာမဲ့နေတဲ့ မောင်နှမတွေအတွက်တော့ သူတို့က ဘုရားသခင်လိုပဲပေါ့။ဒါပေမယ့် ...
movie

The Glass House (2001)

2001
Spy Game (2001) 7.1
Spy Game (2001) Spy Game(2002) =========== IMDb - 7.1Spy Gameဟာ စပိုင်ရုပ်ရှင်ပေမဲ့ မြင်နေကျ စပိုင်ကားတွေလို စပိုင်က ကြမ်းထော် ဂေါ်ထွက်နေတဲ့စပိုင်တွေအကြောင်း မဟုတ်ဘူး။လက်တွေ့ကျကျ စပိုင်လောကကို ချည်းကပ်ပြသွားတဲ့ ကားပါပဲ။ စပိုင်လောကကို ရှင်းပြ SPYဖြစ်အောင်ဘာတွေလုပ်ရလဲရောပြသွားပြီး ဝါရင့်စပိုင်ကြီးရဒ်ဖို့က စပိုင်ပေါက်စ ဘရက်ပစ်ကို စပိုင်ပညာတွေသင်ပေးတာကို သေချာနီးပါး ပြသွားတယ်။ရဒ်ဖို့ရဲ့ကာရိုက်တာနဲ့ စီအိုင်အေဌာနချုပ်ကြားညဏ်ကစားတွေအခန်းတွေဆို တော်တော်လေး သဘောကျစရာပါပဲ။ ဒါရိုက်တာတိုနီစကော့ ကလည်း စပိုင်ကားတွေချည်းရိုက်ခဲ့တဲ့ ဒါရိုက်တာပါပဲ။ အရှေ့အလယ်ပိုင်း ပြဿနာတွေရော၊ တရုတ်ပြဿနာတွေရော စုံနေအောင်ကိုသုံးပြီး ရှေ့ဆက်ဘာဖြစ်မလဲ ရင်ဖိုစရာကောင်းအောင် ဒါရိုက်တာက ခပ်အေးအေးနဲ့ တဖြည်းဖြည်းချင်း ချပြသွားတယ်။ Actionခန်းနည်းပေမဲ့ တော်တော်ကောင်းတဲ့ စပိုင်ကားလို့ဆိုရပါလိမ့်မယ်။ အထနှေးပေမဲ့ ဆုံးအောင်ကြည့်ပြီးတဲ့အခါ ပရိတ်သတ်ရင်ထဲကျန်နေခဲ့မယ့် ကားကောင်းလို့ ကျွန်တော်တော့ ထင်တယ်။( အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )Browse this websiteFile Size__2.2 GB , 1.1 GB Quality__1080p, 720p IMDb Rating__7.1/10 Format__mp4 Duration__02:06:00 Type__Action , ...
movie

Spy Game (2001)

Batman Forever (1995) 5.4
Batman Forever (1995)  ကျွန်တော်က Bruce Wayneပါ။ ဂေါ်သမ်ရဲ့ သူဋ္ဌေးသားလေး တစ်ယောက်ပေါ့။ ဂေါ်သမ်မြို့ရဲ့ သန်းခေါင်ယံမှာ ပျံသန်းနေတတ်တဲ့ လင်းနို့တစ်ကောင်လည်း ဟုတ်တယ်။ ဒါလည်း ဘောစိမို့ ပျံနိုင်တာပါ။ ဝတ်စုံတွေက ဈေးကြီးတယ်ဗျ။ တစ်ချို့နေ့တွေမှာ ဆင်းရဲသားတွေလို စက်ဘီးပေါ်မဟုတ်ပဲ ဈေးကြီးပေးဝယ်လို့တောင်မရတဲ့ BatMobile ပေါ် ကြေကွဲနေခဲ့တယ်။ သေလွန်ခဲ့ပြီးသော မိဘတွေအကြောင်းကို ဆွေးရင်းပေါ့။ ကျွန်တော့် အတိတ်ကို ကျွန်တော် ခြေရာကောက်ကြည့်တယ်။ ကျွန်တော် လက်စားချေချင်စိတ်ကို အစပြုပြီး ကျွန်တော်ရဲ့ Batman ဖြစ်တည်မှုက အစပြုခဲ့တယ်။ ကျွန်တော်လည်း လူသားပဲလေ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ လူတွေကို ဘယ်ရွေ့ ဘယ်မျှအထိ ကယ်မနေရဦးမလဲ။ ကျွန်တော်လည်း မယားတရူးချင်သေးတယ်လေ။ မိန်းမတစ်ယောက်နဲ့ ဇိမ်လေးနဲ့ နှပ်... ဘော်ကြော့နေနေကြည့်ချင်သေးတယ်။ အတိတ်ဆိုတာ ပလိပ်(Police)လိုပါပဲ..လုပ်ဖူးတဲ့မကောင်းမှုတွေဆိုတာ ထပ်ကြပ်မကွာလိုက်လာတတ်တယ်။ ကျွန်တော် ကိုယ့်နေရာကိုယ်မနေပဲ ရန်သွားစထားခဲ့တဲ့ လူဆိုးတွေဟာ ကျွန်တော် အေးဆေးမနေရအောင် လုပ်ပြန်တယ်။ ထားပါ ထားပါ..ဇာတ်သိမ်းကိုခင်ဗျားတို့သိပါတယ်... အဆုံးမှာတော့ စူပါဟီးရိုးကားပီပီသသ စော်လေးကိုပစ်ပြီး အထီးကျန်ဟီးရိုးကြီးလုပ်ရဦးမှာပဲမလား။ ရုပ်ရှင်ပဲလေ..ကျွန်တော်ကလည်း Mtvရိုက်တဲ့ ဖိုးလပြည့် ပရဟိတလုပ်တဲ့ Bruce ...
movie

Batman Forever (1995)

1995
U.S. Marshals (1998) 6.5
U.S. Marshals (1998)   အဆိုးဆုံး ဝရမ်းပြေးတွေကို အကြမ်းဖက် လိုက်ဖမ်းပေးရတဲ့ အဖွဲ့အစည်း US Marshals..... ကား မတော်တဆမှုကနေ တဆင့် တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ အဖမ်းခံလိုက်ရတဲ့ ရှရင်ဒန် ၊ ရှရင်ဒန်ဟာ လူသတ်မှု နှစ်မှုအတွက် အလိုရှိနေတဲ့ အဆင်မြင့် အဖွဲ့အစည်းက ဝရမ်းပြေးတစ်ယောက်ပေါ့ ။ ရှရင်ဒန် ပတ်သက်နေတာ ဘယ်လိုအမှုမျိုးလဲ ။ တရုတ်လက်အောက်က ထိုင်ဝမ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ရုန်းကန်နေမှုမှာ အမေရီကန်က ကူညီမှု မှန်သမျှ သတင်းကို တရုတ်ကို ရောင်းစားတဲ့ သူလျှိုအမှုပေါ့ ။ အဲဒိအမှုမှာ ရှရင်ဒန်က အေးဂျင့် နှစ်ယောက်ကို သတ်လိုက်မိတယ် ။ ရှရင်ဒန်ကို ကားမတော်တဆမှု ကနေတဆင့် မိသွားတော့ နယူးယောခ့်ကိုပို့တယ် ။ လမ်းမှာ သူ့ကို နှုတ်ပိတ်အစဖျောက်ချင်တဲ့ အဖွဲ့အစည်းက သတ်ဖို့ ကြိုးစားရင်း လေယာဉ်ပျက်ကျပြီး ရှရင်ဒန် လွတ်မြှောက်သွားတယ် ။ ရှရင်ဒန်ကို ပြန်ဖမ်းမိဖို့အတွက် US Marshals အဖွဲ့ကို တာဝန်ပေးလိုက်တော့တယ် ...
movie

U.S. Marshals (1998)

1998