Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michael McKell
7.1
Allied (2016)
Allied (2016)IMDb Rating (7.1) / Rotten Tomatoes (60%)မင်းသား Brad Pitt နဲ့ ပြင်သစ်မင်းသမီး Marion Cotillard တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်က ဒုတိယကမ္ဘာစစ်အတွင်းကာလ လျှို့ဝှက်စပိုင်အခြေပြု ဒရမ်မာဇာတ်ကားကြီးဖြစ်ပါတယ်။ ပြင်သစ်မင်းသမီး Marion Cotillard ကို ထိပ်တန်းရုပ်ရှင်တော်တော်များများမှာ မြင်နေကျဆိုပေမယ့် ဒီရုပ်ရှင်မှာတော့ သူမရဲ့သွင်ပြင်လက္ခဏာတွေ လုံးဝကိုပေါ်လွင်ထင်ရှင်းနေခဲ့ပြီး မျက်လုံးအရွေ့ မျက်တောင်အခတ်လေးမှာတောင် ခဏခဏပြန်ကြည့်ချင်လောက်အောင် အထာကျကျ သရုပ်ဆောင်သွားခဲ့ပါတယ်... မင်းသားကလဲ ဘရတ်ပစ်ဆိုတော့ ပြောစရာမလိုတော့ပါဘူး... သူတို့နှစ်ယောက်စလုံးရဲ့လှုပ်ရှားမှုတိုင်း စကားလုံးတွေတိုင်းအသက်ဝင်နေပြီး ကြည့်ရှုသူကိုယ်တိုင်မျောပါသွားရမယ့်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ အဝတ်အစားဒီဇိုင်းတွေ ဆက်တင်တွေလဲ ခမ်းနားလှပပြီး အော်စကာဆုပေးပွဲမှာလဲ ဇကာတင်ဝင်ခဲ့ပါသေးတယ်။ဇာတ်လမ်းလေးကလဲ အတော်ကိုစိတ်ဝင်စားစရာပါပဲ ဒါပေမယ့် ဇာတ်လမ်းကိုမသိဘဲ ဒီတိုင်းထိုင်ကြည့်လိုက်တာက ပိုအရသာရှိမှာမလို့ သိပ်မရေးပြတော့ပါဘူး။ ဒုတိယကမ္ဘာစစ်ကာလ ဂျာမန်နဲ့ အင်္ဂလန်တို့ရဲ့ တစ်ဖက်ကိုတစ်ဖက် သူလျှိုထားလုပ်ကြံကြဖို့စီစဉ်ကြတာတွေ သူလျှိုတွေရဲ့ပိရိသေသပ်မှုတွေ စစ်အတွင်းကာလအနိဌာရုံတွေ ယုံကြည်ဖို့ခက်ခဲတဲ့မစ်ရှင်တွေနဲ့ တော်တော်ကိုမှ ကောင်းမွန်သေသပ်အဆင့်မြင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(3.5 GB)/ (1.3 GB ) / (860 MB) Quality….BluRay 4K ...
movie
Allied (2016)
2016
4K HEVC
4.0
A New Breed of Criminal (2023)
A New Breed of Criminal (2023) =======================ခေတ်သစ်လူဆိုးကြီးရဲ့ ဘဝအကြောင်းကို တစ်ချက်လောက်လေ့လာ ရအောင်လားဗျာ...စတီဗန်ဆေယာ့စ်အကြောင်းဆိုပေမယ့် နယူးကာ ဆယ်မှာသတင်းမွှေးနေတဲ့ ဆေယာ့စ်မိသားစုအကြောင်းဆို ပိုပြီးမှန်မယ် ထင်ပါတယ်။လမ်းပေါ်မှာမွေး လမ်းပေါ်မှာကြီး လမ်းပေါ်မှာကျင်လည်ခဲ့ရတဲ့ ဂျွန်ဆေ ယာ့စ်အတွက် သူ့သားတွေကို လမ်းဗိုလ်ဖြစ်စေချင်တာတော့ မဆန်းပါ ဘူး။ ဒါပေမဲ့ လမ်းဗိုလ်မဟုတ်ဘဲနဲ့ မြို့ဗိုလ်ဖြစ်သွားတာတော့ သူတို့အ စွမ်းအစနဲ့သူတို့ပေါ့နော်။ ဆေယာ့စ်အုပ်စုကို မျက်စိအနောက်ဆုံးကတော့ နယူးကာဆယ်ရဲအဖွဲ့ပေါ့။ ငယ်ငယ်ကတည်းက အတော်ဆုံးဗီလိန်အဖေ က သေချာသင်ကြားပေးထားတော့ သက်သေလုံးဝရှာမရဘဲ ထောင်ထဲ ထည့်လို့မရတာ နှစ်နဲ့ချီကြာနေပါပြီ။လည်လွန်းတဲ့ဘီး.. Eနင်းမိတယ်ဆိုသလို ဖမ်းမိဖို့အလွန်ခက်လွန်းတဲ့ ဆေယာ့စ်အုပ်စု ထောင်နှုတ်ခမ်းဖျားဝမှာ ဘယ်လိုခြေချော်ကျမလဲ ဒါမှ မဟုတ် Eကိုပဲပွတ်ကာသီကာလေး ရှောင်ပြီးထွက်သွားမလားဆိုတာကို တော့ ဆက်ကြည့်လိုက်ရအောင်ဗျာ....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1 GB) / (420 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 28Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime Translator......Jo Jo Va Encoder..........SWM
movie
A New Breed of Criminal (2023)
2023
Trafficking (2023)
ရက်ကွင်ယန်ဆိုတဲ့အသက် ၅၀ ကျော်လူတစ်ယောက်ကမကြာသေးခင်ကပဲသူ့မှာ ကုမရတဲ့ကင်ဆာရှိနေပြီး ခြောက်လလောက်ပဲအသက်ရှင်ရတော့မယ်ဆိုတာကိုသိခဲ့ရပါတယ်။သူက ၃၅ နှစ်တုန်းကလုပ်ခဲ့တဲ့ ပြစ်မှုတစ်ခုကြောင့်ထောင် ၁၅ နှစ်ကျခဲ့ပြီးလွတ်လာတာလဲ ငါးနှစ်လောက်သာရှိပါသေးတယ်။အခုလွတ်လာတော့လဲ သူကကြေးစားအကြွေးလိုက်တောင်းပေးတဲ့လူတစ်ယောက်အနေနဲ့လုပ်ကိုင်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ ဇနဲ့ဘဲကြီးတစ်ယောက်ပါပဲ။တစ်နေ့မှာတော့ သူ့အကြွေးသွားတောင်းတဲ့လူတစ်ယောက်ရဲ့ အိမ်ကိုရောက်ပြီးနောက်မှာ အဲ့ဒီအိမ်က ကလေးမလေးတစ်ယောက် လူကုန်ကူးခံရတော့မယ်ဆိုတာကို သိခဲ့ရပါတယ်။ဒါပေမယ့် အဲ့ဒီလူကုန်ကူးတဲ့လုပ်ငန်းကြီးရဲ့ပိုင်ရှင်က သူ့သူဌေးတောင်မထိရဲတဲ့ ဥရောပမူးယစ်မှောင်ခိုကုန်သည်ကြီးဖြစ်နေတဲ့ အတွက် သူ့သူဌေးကရော သူ့သူငယ်ချင်းကပါအဲ့ဒီကိစ္စကိုသွားမရှုပ်ဖို့တားခဲ့ပါတယ် ။ ဒါပေမယ့် သေမထူးနေမထူးဖြစ်နေတဲ့လူတစ်ယောက်အနေနဲ့ သူ့သမီးအရွယ်လောက်သာရှိတဲ့ အဲ့ဒီကလေးမလေးကို သွားကယ်ခဲ့ပြီးနောက်မှာ ဘယ်လို နောက်ဆက်တွဲပြဿနာတွေဆက်ဖြစ်လာမလဲ။ သူ့ဘဝရဲ့ ကျန်ရှိနေတဲ့အချိန်လေးတွေကိုရောဘယ်လိုအကျိုးရှိရှိ နေသွားမလဲဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…0.9GB / 416MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Trafficking (2023)
4.6
Splinter (2022)
Splinter (2022) ===========ဂျွန်တစ်ယောက် ခရစ္စမတ်နေ့မှာ ဇနီးနဲ့သားအတွက် လက်ဆောင် တွေနဲ့အတူ အိမ်ပြန်လာတယ်။ အခန်းတံခါးကို ဖွင့်ဝင်လိုက်တော့ ပျော်ရွှင်ရယ်မောနေမဲ့ ဇနီးနဲ့သားကို တွေ့ရမဲ့အစား သွေးတွေဗရပွနဲ့ အသက်မရှိတော့တဲ့အလောင်းနှစ်လောင်းကိုပဲ တွေ့လိုက်ရတယ်။ဇနီးနဲ့သားကို ဆုံးရှုံးလိုက်ရတဲ့အချိန်ကစပြီး ဂျွန်ဟာ အပြင်မထွက်၊ လူတွေနဲ့စကားမပြောတော့ဘဲ သူ့ကိုယ်သူ အိမ်ထဲမှာပဲ ပိတ်လှောင် ထားတော့တယ်။ သူစကားပြောဖြစ်တဲ့လူကတော့ စိတ်ရောဂါကု ဆရာဝန်တစ်ယောက်တည်းပါပဲ။ ဒါ့အပြင် ဂျွန့်မှာ သူငယ်ချင်းတစ် ယောက်ရှိတယ်။ ဘော်ဘီတဲ့။ ငယ်ငယ်ကတည်းက ခင်ခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်းပါတဲ့လေ။ဂျွန်ဟာ ဇနီးနဲ့သားဖြစ်သူကို သတ်သွားတဲ့ လူသတ်သမားကို တဖြည်း ဖြည်းမှတ်မိလာတယ်။ ရောထွေးနေတာတွေ ရှင်းသွားတယ်။ အပေါ် ယံမှာဝေ့နေတဲ့ မြူတွေဟာ ရင်သွေးကိုချစ်တဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာကြောင့် ပပျောက်သွားပြီး မြူတွေအောက်က အမှန်တရားတစ်ခု ပေါ်လာတယ်။ ဂျွန် သိသွားခဲ့ပါတယ်။ နောက်ပြီး သူဆုံးဖြတ်ချက်တစ်ခု ကိုချလိုက်တဲ့အခါ ပိတ်လောင်နေတဲ့ ဘဝကြီးလည်း လွတ်မြောက်သွား ရပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(823 MB) / (269 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 18Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, ...
movie
Splinter (2022)
2021
6.6
Where Hands Touch (2018)
Where Hands Touch (2018) ==================== IMDb Rating - 6.6/10ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ ဂျာမနီမှာ အခြေတည်ထားတဲ့ ဇာတ်လမ်း တစ်ပုဒ်ပါ။ Layna ဟာ ဂျာမန်လူဖြူအမေနဲ့ ပြင်သစ်လူမည်း အဖေတို့ ပေါင်းစပ်ပြီး မွေးလာတဲ့ (၁၆)နှစ်အရွယ် ကလေးမလေးပါ။ Rhineland မှာ မွေးဖွားကြီးပြင်းခဲ့ပြီး ဟစ်တလာရဲ့ နာဇီတပ်ဖွဲ့တွေက Leyna လို သွေး နှောလူမည်း ကလေးတွေကို ရှင်းလင်းပစ်ဖို့ ကြိုးစားနေတာကြောင့် ဘာ လင်မှာများ အန္တရာယ်ကင်းနိုင်မလားဆိုပြီး Leyna ရဲ့ အမေ Kerstin တစ်ယောက် သားနဲ့သမီးကို လက်ဆွဲပြီး ဘာလင်ကို ထွက်လာခဲ့ပါတယ်။ပိုကောင်းတဲ့ ဘဝတစ်ခု ရနိုင်ဖို့ Leyna ကို ကျောင်းပို့ပြီး စာသင်ပေးခဲ့ပေမဲ့ နီဂရိုးတစ်ယောက် စာသင်ဖို့ မလိုဘူးဆိုပြီး ကျောင်းကနေဆွဲထုတ်ပြီး စက်ရုံ မှာ အလုပ်လုပ်ဖို့ ပို့လိုက်ကြပါတယ်။ အဲဒီနောက်မှာတော့ Leyna တစ်ယောက် ထင်ရှားတဲ့ SSအရာရှိတစ်ဦးရဲ့ သားဖြစ်ပြီး ကိုယ်တိုင်လည်း လူငယ်တပ်ဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Lutz နဲ့ ...
movie
Where Hands Touch (2018)
2018
3.7
Pentagram (2019)
ဒီကားကတော့ Pentagramလို့ဆိုတဲ့အတိုင်းနတ်ဆိုးကိုပူဇော်တာနဲ့ပတ်သတ်တဲ့ကားလေးပါ။ဆေးစွဲနေတဲ့မိန်းကလေးဟိုလီရယ်၊သူ့ကိုအမြဲကူညီစောင့်ရှောက်နေတဲ့သူ့အစ်ကိုလုခ်ရယ်၊သရဲပုံပြင်တွေပြောပြီး နေရာတကာဆရာကြီးလုပ်တတ်တဲ့မက်စ်နဲ့ကူညီချင်စိတ်ရှိတဲ့လော်ရန့်တို့ ခပ်ဆိုးဆိုးလူငယ်၎ယောက်ဟိုလီဆေးဖြတ်ဖို့အတွက် အယ်လ်အေကိုထွက်လာခဲ့တယ်။လမ်းတစ်လျှောက်ကစားသောက်ဆိုင်တွေကိုဓားပြတိုက်လာရင်းပေါ့။တစ်နေရာရောက်တော့ အကြောင်းတစ်ခုကြောင့်ကားပျက်ရာကနေအဖြစ်ဆိုးတွေကြုံရမယ့်အိမ်အိုကြီးတစ်လုံးထဲ ဝင်ရောက်မိပါတော့တယ်။ပြီးတော့ သူတို့အကုန်ကျိန်စာမိပြီး အိမ်အပေါ်ထပ်ကနတ်ဆိုးနဲ့ပတ်သတ်တဲ့pentagramထဲပိတ်မိသွားပါတော့တယ်။အဲ့ကနေလွတ်မြောက်ဖို့တစ်ခုတည်းသောနည်းလမ်းကလူတစ်ယောက်ကိုစတေးရမှာဖြစ်တဲ့အကြောင်းသိသွားတဲ့အချိန်မှာတော့သူတို့လွတ်မြောက်ဖို့အတွက် ဘာတွေလုပ်ကြမလဲ၊မိမိသေရေးရှင်ရေးနဲ့ပတ်သက်လာတဲ့အခါဘယ်လိုတွေလုပ်မိကြမယ်ဆိုတာ ဒီကားမှာကြည့်ရှုရမှာဖြစ်ပါတယ်။ File Size : (752 MB) & (284 MB)Quality : WEB-DL 720pRunning Time : 1 hr 20 minFormat : Mp4Genre : HorrorSubtitle : Myanmar Subtitle (Hard Sub)Translated by Moe LayEncoded by Moe Myint Lwin
movie
Pentagram (2019)
2018