Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michael Malvesti
Madame Web (2024)
ကဲ စပိုက်ဒါမန်း စကြဝဠာရဲ့ rating အနိမ့်ဆုံး ရုပ်ရှင်လာပါပြီ။ အသည်းလေး Sydney Sweeney တို့ အသည်းကြီး Dakota Johnson တို့လို မင်းသမီးအလန်းတွေသုံးပြီး ဘက်ဂျက်တွေသုံး Marvel's Defenders တို့ Jessica Jones တို့ရဲ့ ဒါရိုက်တာ S.J. Clarkson က ရိုက်ရဲ့သားနဲ့ ဘာလို့ ရိတ်တင် နည်းသွားတာလဲဆိုတာ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်ရအောင်ပါ။မင်းသမီး Dakota Johnson ရဲ့အင်တာဗြူးအရ မူရင်းဇာတ်ညွှန်းဟာ ဗီလိန် အီဇီကီရယ်က ပီတာပါကာ မွေးမလာအောင် အချိန်ခရီးသွားပြီး မယ်ရီပါကာကို သတ်ဖို့ကြိုးစားတာကို မဒမ်ဝက်ဘ်နဲ့ စပိုက်ဒါဝီးမန်းတွေက ကာကွယ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်ရိုက်ကူးတဲ့အချိန်မှာတော့ ဇာတ်ညွှန်းတစ်ခုလုံး မမှတ်မိနိုင်လောက်အောင် ပြောင်းသွားပြီး အခုဇာတ်လမ်းကြီး ထွက်လာတာပဲဖြစ်ပါတယ်။ အဆက်ထွက်ခဲ့ရင်တော့ နောက်တစ်ကားမှာတော့ ပိုကောင်းနိုင်မဲ့အလားအလာရှိပါတယ် ဘာလို့လဲဆိုတော့ ဒီထက်ဆိုးအောင်ရိုက်ဖို့မလွယ်တော့လို့ပါပဲ။ဇာတ်လမ်းအကျဉ်းကတ်စီ ဝက်ဘ် ဟာ ...
movie
Madame Web (2024)
4K HEVC
7.8
American Fiction (2023)
American Fiction (2023)~ IMDb - 7.8/10, RT - 94%, Meta - 81% ~Poverty Porn ဆိုတဲ့ စကားလုံးကို တော်တော်များများ ရင်းနှီးပြီးလောက်ပြီ။ စာနဲ့ပဲဖြစ်ဖြစ် ဓာတ်ပုံနဲ့ပဲဖြစ်ဖြစ် ရုပ်ရှင်နဲ့ပဲဖြစ်ဖြစ် ချို့တဲ့လူတွေ ချို့တဲ့နေတဲ့အခြေအနေတွေကို ဖော်ပြပြီး လူတွေရဲ့ ကရုဏာကိုရယူပြီး တစ်စိတ်တစ်ဒေသဖြစ်စေ အပြည့်အဝဖြစ်စေ ကိုယ်ကျိုးအတွက် အသုံးချတာမျိုးပေါ့။ ဒီရုပ်ရှင်က အဲဒါနဲ့ခပ်ဆင်ဆင် Black Trauma Porn နဲ့ ဆက်စပ်ပြီး အမေရိကန်အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကို သရော်ထားတဲ့ ရုပ်ရှင်။ Black Trauma Porn ဆိုတာက လူမဲတွေရဲ့ရုန်းကန်ရမှုတွေ ကျွန်ပြုခံရမှုတွေ ခွဲခြားခံရမှုတွေကို ပြပြီး စာနာမှုယူပြီး အပေါ်ကနည်းအတိုင်း အမြတ်ထုတ်တာမျိုးပဲ။ ရုပ်ရှင်ထဲက ဇာတ်ကောင်ကတော့ ဖန်တီးတဲ့လူတွေအပြင် ဒါတွေကို အရသာခံတတ်တဲ့လူတွေကိုပါ သရော်ထားတယ်။ တကယ်စာနာတာနဲ့ ဒီအခြေအနေကို အရသာခံတာရဲ့ကြားက ...
movie
American Fiction (2023)
2023
4K HEVC
8
The Holdovers (2023)
The Holdovers (2023)~ IMDb - 8/10, RT - 96%, Meta - 82% ~တစ်နှစ်တာလုံးရဲ့ အနွေးထွေးဆုံးအချိန်တစ်ခုကို ရွေးရရင် ကျွန်တော်တော့ ကိုယ့်ယဉ်ကျေးမှုနဲ့ မဆီမဆိုင် ခရစ္စမတ်ကိုပဲ ရွေးမိလိမ့်မယ်။ ခရစ္စမတ်ဟာ ကာတွန်းတွေ ရုပ်ရှင်တွေနဲ့ ကြီးပြင်းလာရတဲ့ ကျွန်တော်တို့အတွက် တိုက်ရိုက်မသက်ဆိုင်တောင် ချာလီနဲ့ချောကလက်စက်ရုံထဲက ချောကလက်တစ်ချောင်းကို လူ၇ယောက်ကိုဖဲ့ကျွေးခဲ့တဲ့ နွေးထွေးမှုလို၊ It's a Wonderful Life ထဲက ကူညီရိုင်းပင်းခြင်းရဲ့ နွေးထွေးမှုလို၊ Home Alone ထဲကလို ဒစ္စနေးခရစ္စမတ်ကာတွန်းတွေထဲကလို၊ Klaus ထဲကလို၊ How the Grinch Stole Christmas ထဲကလို ခရစ္စမတ်မှာတော့ အရာအားလုံးအဆင်ပြေသွားမယ့် ယုံကြည်ခြင်းတွေလို... နွေးထွေးမှုတွေကူးစက်ခြင်းနဲ့ သက်ဆိုင်နေတဲ့ ကာလတစ်ခုပေါ့။ တစ်ဆင့်ခံစားမှုနဲ့တောင် ကျွန်တော်တို့အတွက် ခရစ္စမတ်က ဒီလောက်နွေးထွေးနေရင် သူတို့အတွက် ...
movie
The Holdovers (2023)
2023
7.8
Moonrise Kingdom (2012)
ဒီတစ်ခေါက်တော့ တစ်ခါထက်မကကြည့်ချင်ရလောက်တဲ့ Moonrise Kingdom လို့ခေါ်တဲ့ Comedy, Drama, Family ဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၆၀ခုနှစ်တွေကိုနောက်ခံထားထားတဲ့ ၁၂နှစ်အရွယ်လူငယ်စုံတွဲရဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ အပယ်ခံမိဘမဲ့ကင်းထောက်ကောင်လေးက ဆူဇီဆိုတဲ့ကောင်မလေးနဲ့ ရင်ဘတ်ချင်းတူလို့ စာတွေအပြန်အလှန်ရေးရင်း တစ်နေ့ သူတို့အတူ ထွက်ပြေးခဲ့ကြပြီး ကျွန်းရဲ့ယခင်မူလနေထိုင်ခဲ့တဲ့လူတွေအတိုင်း ခြေရာခံရယလျှောက်သွားခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းတွေနဲ့ စွန့်စားခန်းတွေကို တွေ့ရမှာပါ။ ဒီဇာတ်လမ်းကိုကြည့်ရင်း လူငယ်ဘဝရဲ့ တဇွတ်ထိုးအကျင့်တွေနဲ့ နောက်ဆံမတင်းပဲ သတ္တိရှိရှိ ဆုံးဖြတ်ချက်ချခဲ့တာတွေဟာ ချစ်စရာကောင်းနေခဲ့ပြီး အနှစ်သာရပြည့်ဝတဲ့အမှားတွေဟာလည်း နောက်ထပ်အခွင့်အရေးရဖို့ ထိုက်တန်နေခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင်တော့ IMDb မှာ 7.8/10 ထိရထားပြီး Rotten Tomatoes 93% ထိရထားတာပါ။ ဒါ့အပြင် ဒီဇာတ်ကားဟာဆိုရင် ဒါရိုက်တာ Wes Anderson ရဲ့ လက်ရာကောင်းတွေထဲက တစ်ကားဖြစ်ပြီး Gotham Independent Film Award for Best Feature ဆုရရှိကာ အဓိကလူငယ်သရုပ်ဆောင်တွေဟာလည်း ...
movie
Moonrise Kingdom (2012)
2012
Boston Strangler (2023)
Boston Strangler 2023 ( ဘော်စတွန် လည်ပင်းညှစ်လူသတ်သမား )IMDb - 6.5/10, RT - 63%Pirates of the Caribbeanရုပ်ရှင်တွေ၊ Star War Episode 1နဲ့ IV၊ The Imitation Game၊ Begin Againနဲ့ Jack Ryanတို့လို ရုပ်ရှင်ကားကောင်းတွေပါ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ ဝါရင့်မင်းသမီးKeira Knightleyနဲ့အတူ Avenger infinity war, Avenger end gameနဲ့ Animated series What ifတို့မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ Carrie Coonတို့က ဇာတ်လမ်းကို ဦးဆောင်ပြီး ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ 1960ခုနှစ်အစပိုင်း 1962ခုနှစ်က ဖြစ်ရပ်မှန်ကွင်းဆက်လူသတ်မှုအပေါ် အခြေခံထားပါတယ်။ လိုရက်တာမက်လောက်လင်က Record Americaသတင်းဌာနက သာမည သတင်းထောက်မလေးပါ၊ သူက မှုခင်းအမှုတွေကို လုပ်ဆောင်ချင်တာဖြစ်ပြီးတော့ စိတ်ကူးနဲ့လက်တွေ့အကောင်ထည်မဖော်နိုင်သေးသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ...
movie
Boston Strangler (2023)
7.6
Free Guy (2021)
Free Guy (2021) ===============================IMDb - 7.6/10ကဲ ...... ရေးနိုး ကြီး တစ်ရေးနိုးပါပြီနော့။ မျှော်နေတဲ့လူတွေ အားရကျေနပ်စေဦးမှာပါ။ခေတ်နဲ့ စနစ်နဲ့ အညီ ဖန်တီးပြုလုပ်ထားတဲ့ ရုပ်ရှင်တစ်ကားဆိုလည်း မမှားပါဘူး။မြန်မာနိုင်ငံက ဂိမ်မာတွေအတွက်ဆိုရင်တော့ ရုပ်ရှင်ထက်ပိုတဲ့ ခံစားမှုကို ရနိုင်ပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ ..... ဂိုင်း က လူတွေဖန်တီးထားတဲ့ အွန်လိုင်း ဗီဒီယိုဂိမ်းတစ်ခုရဲ့ ကမ္ဘာထဲမှာ နေထိုင်တဲ့ ကွန်ပြူတာဇာတ်ကောင်တစ်ကောင်ပါသူ့ရဲ့ တစ်နေ့တာဟာ ဖန်တီးသူတွေ သတ်မှတ်ထားတဲ့အတိုင်း တစ်သွေမတိမ်းဘဲ နေ့စဥ် ဖြစ်နေပါတယ်။ဒါပေမယ့် တစ်နေ့မှာ မီလီဆိုတဲ့ မိန်းကလေးနဲ့ ဆုံပြီးနောက် သူ့ရဲ့နေ့စဥ်ဘဝကနေ သွေဖယ်ချင်စိတ်တွေ ဖြစ်လာပါတယ်။ သူ့ရဲ့ ဖြစ်တည်မှုကို မေးခွန်းတွေ ထုတ်လာခဲ့တယ်။အဲလိုနဲ့ ဂိုင်းဟာ နေ့စဥ်လုပ်နေကျ လုပ်ငန်းစဥ်တွေကနေ သွေဖယ်ပြီးလုပ်ဖို့ ကြိုးစားကြည့်တဲ့အခါမှာတော့...ဒီကားဟာ GTA Online ကို ရုပ်ရှင်ပြန်ရိုက်ထားတာနဲ့တောင်တူနေလို့ GTA ပရိတ်သတ်တွေဆိုရင် ပိုပြီးသဘောကျကြမှာပါ။ဒီကားဟာ ဂိမ်မာတွေ သဘောကျပြီး စိတ်ဝင်စားမယ့် ကားတစ်ကားပဲဖြစ်ပါတယ်။Quality….WEB-DL 1080p and 720p File size…2.5GB and 1.3 GB Format…mp4 Duration….1h 55min Subtitle….Myanmar ...
movie
Free Guy (2021)
2021
6.3
I Care a Lot (2021)
I Care A Lot (2020)ဇာတ်လမ်းနာမည်အတိုင်း မာလာဂရေဆန်ဟာ အိုမင်းမစွမ်းဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ပေးတဲ့ အဖွဲ့အစည်းတစ်ခုကိုဦးဆောင်နေတဲ့ အမျိုးသမီးတစ်ဦးပါဒါပေမယ့် ကောင်းသောစောင့်ရှောက်ခြင်းမျိုးလားဆိုတော့ သူ့ကောင်းစားရေးအတွက် ချမ်းသာတဲ့အဘိုးအဘွားတွေကို အသုံးချနေတဲ့စောင့်ရှောက်ခြင်းမျိုးပါမာလာဟာ ဒေါက်တာကယ်ရင်အေမို့စ်ဆိုတဲ့ ဆရာဝန်နဲ့ပေါင်းကြံပြီး လူနာတွေထဲက သူဌေးအဘိုးကြီး အဘွားကြီးတွေကို ကျန်းမာရေးချို့တဲ့လို့ ကိုယ့်ကိုယ့်ကိုမစောင့်ရှောက်နိုင်တော့ပါဘူးဆိုပြီး တရားရုံးကိုအကူအညီတောင်း၊ တရားရုံးကနေမှ မာလာ့ကိုတရားဝင်အုပ်ထိန်းသူအဖြစ် တာဝန်ခန့်အပ်ပြီး လူနာတွေကို သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာမှာ သွားထားထားတာပါအဲဒီစောင့်ရှောက်ရေးဂေဟာဆိုတာကလည်း အကျယ်ချုပ်ချထားတာနဲ့မခြားပါဘူး မာလာနဲ့ပေါင်းကြံထားတဲ့အဖွဲ့အစည်းတွေပေါ့ အပြင်လောကနဲ့အဆက်အသွယ်လုံးဝဖြတ်ထားပြီး မိသားစုဝင်တွေနဲ့ပါ လုံးဝပေးမတွေ့တာပါအဲဒီလို သက်ကြီးရွယ်အိုတွေကို ဂေဟာမှာသွားထားပြီး မာလာကတော့ သူတို့ရဲ့အိမ်တွေ၊ ကားတွေ၊ ပိုင်ဆိုင်မှုတွေကို လေလံတင်ပြီးရောင်းစားနေတာပေါ့အကြောင်းပြချက်ကတော့ သူတို့မိသားစုဝင်တွေက အဘိုးအဘွားတွေကိုပစ်ထားတဲ့အတွက် စောင့်ရှောက်ရေးဂေဟာကိုပေးရမယ့်စရိတ်စကတွေပေးဖို့ ဒီလိုပစ္စည်းတွေကိုထုခွဲရောင်းချပြီး စီမံရပါတယ်ပေါ့ဒီလိုနဲ့တစ်နေ့ ဒေါက်တာကယ်ရင်အေမို့စ်ချိတ်ပေးတဲ့ မိသားစုလည်းမရှိ ငွေလည်းလျှံတဲ့အပျိုကြီး ဂျနီဖာပီတာဆန်တစ်ယောက် မာလာတို့လက်ထဲရောက်လာတဲ့အခါ....မာလာတို့အကြိုက်ပဲပေါ့နော် အမွေစားအမွေခံသားသမီးလည်းမရှိ၊ မိသားစုဝင်လည်းတစ်ယောက်မှမရှိတော့ အဘွားကြီးကို ဂေဟာမှာလှောင်ပိတ်ထားပြီး အဘွားကြီးအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကိုရောင်း၊ ဘဏ်ထဲကမီးခံသေတ္တာတွေကို စိတ်ကြိုက်ခြယ်လှယ်တော့တာပေါ့ဒါပေမယ့် အဘွားကြီးပြောတဲ့စကားတစ်ခွန်းက "မင်းလုပ်ခဲ့မိသမျှထဲမှာ ...
movie
I Care a Lot (2021)
2021
6.5
Honest Thief(2020)
Honest Thief(2020)IMDb...6.5 မင်းသားကြီး လီယန်နယ်ဆန်ကတော့ ဖန်တွေကို စိတ်မပျက်စေပါဘူး။အက်ရှင်ကားပီပီ သည်းထိပ်ရင်ဖို အက်ရှင်နဲ့ သဘာဝကျတဲ့ ဇာတ်လမ်းနဲ့ ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ - ရှစ်နှစ်အတွင်း ဘဏ်ပေါင်း ၁၂ ခုကို သဲလွန်စ ရှာမရအောင်ဖောက်ထွင်းခဲ့တဲ့ သူခိုးကြီးတစ်ယောက် ရှိတယ်။အဲဒီသူခိုးကြီးက တစ်နေ့မှာ အကြောင်းတစ်ခုကြောင့်သူခိုးထားတဲ့ငွေတွေအကုန်ပြန်အပ်ပြီး အဖမ်းခံမယ်လို့ အက်ဖ်ဘီအိုင်ကို ဖုန်းဆက်လာပါလေရော။ဒါပေမယ့် သူ့ကိုဖမ်းရမယ့် အေးဂျင့် ၂ ယောက်က သူ ပြန်ပေးမယ် ငွေတွေကို လောဘတက်ပြီးသူ့ကိုသတ်ဖို့နဲ့ လူသတ်မှုတစ်ခုကို သူ့အပေါ် ပုံချဖို့ ကြိုးစားလာတဲ့ခါ.....ထုံးစံအတိုင်း ဒီဘဲကြီး ဘယ်လိုရုန်းကန်လှုပ်ရှားမလဲဆိုတာကိုတော့...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်...File Size :(900 MB) and (343MB) Quality : Blu-Ray 720p Format…mp4 Duration…01:39:00 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Phyo Pyae
movie
Honest Thief(2020)