Channel Myanmar

Michael Lonsdale

The Name of the Rose (1986) 7.7
The Name of the Rose (1986)  ဒီကားကတော့ James Bond မင်းသားကြီး Sean Connery ရဲ့ 1986 မှာ ထွက်ခဲ့တဲ့ Mystery/thriller ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်ကားကို အလယ်ခေတ်က ခရစ်ယာန် ကျောင်းတိုက်တစ်ခုမှာနေရာယူထားပါတယ်။ ဒီကျောင်းတိုက်က ကိုယ်တော်တွေ ထူးထူးဆန်းဆန်း ‌သေဆုံးလာကြတဲ့အချိန်မှာ အကုန်လုံးက နတ်ဆိုးကြောင့်လို့ထင်ခဲ့ပါတယ်။အဲဒါနဲ့ပဲ ကျောင်းတိုက်ဟာ ကိုယ်တော် ဝီလီယမ်ကို ဒီလူသေမှုတွေကို စုံစမ်းဖို့အကူအညီ တောင်းလိုက်ပါတယ်။ ကိုယ်တော် ဝီလီယမ်ဟာ တခြားသူတွေလို သဘာဝလွန် စွမ်းအားတွေကြောင့်ဖြစ်နေတာလို့မယူဆပဲ လူသေမှုတွေကို အချက်အလက်ကျကျ လိုက်ပြီးစုံစမ်းပါတော့တယ်။ဒီကားထဲမှာ ခရစ်ယာန် ဘုန်းတော်ကြီးတွေရဲ့ ဘာသာရေး အစွန်းရောက်ယုံကြည်မှုတွေနဲ့ ကိုယ်တော် ဝီလီယမ်ရဲ့ ယုတ္တိကျကျ တွေးခေါ် တတ်ပုံတွေနဲ့ အားပြိုင်တာကို တွေ့ရှိရမှာပါ။ File size…(2.9 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:10:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie

The Name of the Rose (1986)

The Remains of the Day (1993) 7.8
The Remains of the Day (1993) The Remains of the Day (1993)~ IMDb - 7.8/10, Rotten Tomatoes - 96% ~ဒီရုပ်ရှင်ဟာ အော်စကာ ဆန်ခါတင်စာရင်းမှာ ၈ ဆုတောင် တသီကြီးဝင်ခဲ့ပေမယ့် အဲဒီတုန်းက သူနဲ့ အပြိုင်က Schindler's List ဖြစ်နေခဲ့တာကြောင့် ဘာဆုမှ ချိတ်မသွားရှာခဲ့တဲ့ တစ်ခါတုန်းက အကောင်းဆုံးရုပ်ရှင်တစ်ကားပါ။ ခုခေတ်ရဲ့ ဂန္ထဝင်တွေလို့ သမုတ်ခံနေကြရပြီ‌ဖြစ်တဲ့ Sir Anthony Hopkins, Hugh Grant, Christopher Reeve နဲ့ Emma Thompson တို့လို ပုဂ္ဂိုလ်တွေ ခေါင်းဆောင်ပါဝင်ထားပါတယ်။၁၉၃၀ ပြည့်လွန်နှစ်တွေရဲ့ ဗြိတိန်မှာ ဇာတ်အိမ်တည်ထားတဲ့ သစ္စာရှိ၊ တာဝန်သိ အိမ်တော်ထိန်းကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ Booker Prize ရထားတဲ့ နာမည်တူ စာအုပ်ကိုပဲ ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်မတိုင်ခင်က ကြီးကျယ်ခမ်းနားတဲ့ အင်္ဂလိပ်လူမျိုး ...
movie

The Remains of the Day (1993)

1993
Agora (2009)
Agora (2009) ဟိုက်ပါးရှား - ဉာဏ်ပညာ အတွေးအခေါ် အလှတရား ကောင်းခြင်းအင်္ဂါအဖြာဖြာနဲ့ပြည့်စုံတဲ့ ဂရိအတွေးအခေါ်ပညာရှင်၊ ဘာသာရေးဆိုင်ရာအားပြိုင်မှုတွေကြားမှာ အလွမ်းမိုးမခံဘဲ လက်တွေ့ကျကျ နေထိုင်ဖြတ်သန်းပြီး စကြာဝဠာနဲ့ပတ်သက်တဲ့ သိပ္ပံနည်းကျအဖြေတွေကို စိတ်အားထက်သန်စွာ ရှာဖွေသိရှိဖို့ ကြိုးစားနေခဲ့တဲ့သူမကို ဘာသာရေးမှိုင်းတွေ အားပြိုင်မှုတွေ ပဋိပက္ခတွေက ဘယ်လိုများ………..???ဇာတ်လမ်းအကျဉ်းဒီဇာတ်ကားလေးကတော့ ရိုမန်အင်ပါယာလက်အောက်ခံ အလက်ဇန်းဒရီးယားမြို့တော်မှာ မူလအစ ဂရိနတ်ဘုရားတွေကိုကိုးကွယ်နေကြရာမှ ခရစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်သူများ တိုးပွားလာတဲ့အခါ ဘာသာရေးပဋိပက္ခများ အဓိကရုဏ်းများ ဘာသာရေးအယူမတူညီမှုကြောင့် သတ်ဖြတ်ကြမှုများ ဖြစ်ပွားလာခဲ့ကာ ခရစ်ယာန်ဘာသာဝင်တွေက အရေးသာသွားပြီး နတ်ဘုရားကိုးကွယ်ခြင်းမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းလာတဲ့အရွေ့ကြီးဖြစ်လာခဲ့ပါတယ်။စကြာဝဠာကြီးရဲ့ ထူးခြားဆန်းကျယ်လှတဲ့လျိူ့ဝှက်ချက်တွေကို သိပ္ပံနည်းကျဖော်ထုတ်စူးစမ်းချင်ပြီး ဘာသာရေးကို ထည့်မတွေးတတ်တဲ့ ဟိုက်ပါးရှားဆိုတဲ့အတွေးအခေါ်ပညာရှင်၊ ဟိုက်ပါးရှားရဲ့တပည့်ဘဝမှ မြို့စားဖြစ်လာခဲ့ပြီး သူမကို လူသိရှင်ကြားသဘောကျတဲ့ နတ်ဘုရားကိုးကွယ်သူ ဂရိမြို့စားအိုရက်စ်တီးစ်၊ ဟိုက်ပါးရှားကို ငယ်စဉ်ကတည်းက တိတ်တခိုးချစ်မြတ်နိုးခဲ့ပြီး သူမရဲ့ငယ်ကျွန်ဘဝမှ ခရစ်ယာန်သာသနာလက်မရွံ့ဖြစ်လာခဲ့တဲ့ ဒေးဗပ်စ် အဆိုပါ ယုံကြည်သက်ဝင်မှုမတူညီတဲ့ ဇာတ်ကောင်သုံးယောက်နှင့် ဘာသာရေး လူမျိုးရေး နိုင်ငံရေး ...
movie

Agora (2009)

The Day of the Jackal (1973) 7.8
The Day of the Jackal (1973) The Day of the Jackal (1973)~ IMDb - 7.8/10, Rotten Tomatoes - 90% ~ပြင်သစ်နိုင်ငံရဲ့ ၁၉၆၂ ခုနှစ်ကတော့ နိုင်ငံရေး မုန်တိုင်းထန်တဲ့ အချိန်လို့ပဲပြောပါတော့။ စစ်ရေးဗိုလ်ချုပ်တွေကနေ နိုင်ငံတော်သမ္မတနေရာ ဝင်ယူတာမျိုးတွေ၊ စစ်ဘက်မှာလည်း နိုင်ငံရေးဆန်ချင်တဲ့အဖွဲ့နဲ့ စစ်ရေးအမြင်ကိုသာ ဆုပ်ကိုင်ချင်တဲ့အဖွဲ့တွေဆိုပြီး ဂိုဏ်းကဏ္ဍတွေ ကွဲခဲ့တဲ့အချိန်ပါပဲ။ဒီလိုနဲ့ ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ နိုင်ငံတော်သမ္မတ ချားလ် ဒီဂေါလ် က အာဂျီးရီးယားကို လုံးဝလွတ်လပ်ရေးပေးလိုက်တယ်။ ရင်ကို မြေကတုတ်လုပ်ပြီး တစ်လက်မချင်းစီကို သွေးချောင်းစီးတိုက်ယူခဲ့ရတဲ့ စစ်ဘက်ရေးရာပုဂ္ဂိုလ်တွေကတော့ ဘယ်ကျေနပ်နိုင်ပါ့မလဲလေ။ဒီလိုနဲ့ နိုင်ငံတော်သမ္မတကို လုပ်ကြံဖို့ OAS မြေအောက်အဖွဲ့ကို တည်ထောင်ပြီး သမ္မတကို အကြိမ်ကြိမ် လုပ်ကြံခဲ့ကြတယ်။ တစ်ခါ မအောင်မမြင်ဖြစ်တိုင်း ဦးစီးသူတစ်ယောက် အသက်ပေးလာရတဲ့အခါ OAS အဖွဲ့ကြီး ချိနဲ့လာတော့တာပေါ့။ဒီမှာတင် နိုင်ငံခြားသား ကြေးစားလုပ်ကြံရေးသမားတစ်ယောက်ကို ငွေအပုံလိုက်ပေးပြီး ငှားရမ်းလိုက်တော့တာပဲ။ ...
movie

The Day of the Jackal (1973)

1973
[James Bond] Moonraker (1979) 6.3
[James Bond] Moonraker (1979) ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Roger Moore ရဲ့  ၄ ကား မြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်..အာကာသယာဉ်ကြီးနဲ့ Jaws ဆိုတဲ့ လူကောင်ကြီးကို မှတ်မိနေကြမယ် ထင်ပါတယ်။ရှောင်ကွန်နရီနေရာမှာ အကောင်းဆုံးအစားထိုးနိုင်တဲ့ ဘွန်းအဖြစ် ရော်ဂျာမိုးကို သတ်မှတ်ကြပါတယ်..တည်ငြိမ်ရင့်ကျက်တဲ့ ဘွန်းရဲ့ အရသာကို ခံစားရမှာပါ။IMDb Rating (6.3/10) ရရှိထားပါတယ်…။ File size…(2.3 GB) and (1.3 GB) Quality….BluRay 1080p and 720p Format…mp4 Duration….02:06:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie

[James Bond] Moonraker (1979)

Ronin (1998) 7.3
Ronin (1998) Ronin(1998) IMDb...7.3/10,,,,Rotten.,.67%Ronin (1998) ဒီဇာတ်ကားကတော့ IMDB 7.3/10 ရရှိထားတဲ့ Action/Crime/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်... Heat,The Score ,Casino ကားတွေကြည့်ပြီးတဲ့နောက်မှာ Robert De Niro ရဲ့ပရိတ်သတ် ဖြစ်သွားတယ် . ..ဒါ့ကြောင့် သူ့ကားဟောင်းတွေထဲက မတင်ရသေးတဲ့ Ronin ကားကို ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်...ဒီကားရဲ့ အက်ရှင်ခန်းတွေ .. .အထူးသဖြင့် ကားမောင်းခန်းတွေ သေနတ်ပစ်ခန်းတွေ ဟာ အသက်ပါလွန်းပဲလား မသိ .. .၁၉၉၉ခုနှစ်ရဲ့Science Fiction, Fantasy & Horror Films, USA မှာ Academy ဆိုရရှိခဲ့ပါတယ်... ဇာတ်လမ်းအကျဉ်းကတော့ ဒီယာဒရေဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သိပ်ပြီးအဖိုးတန်တဲ့သေတ္တာတစ်လုံးကို လိုချင်လို့ မစ်ရှင်အဖွဲ့တစ်ဖွဲ့ စုဆောင်းပြီးတော့ ရယူဖို့ကြိုးစားတာကို အခြေခံပြီး ရိုက်ကူးထားတာပါ အဲဒီအဖွဲ့ထဲမှာတော့ မင်းသားကြီး Robert De Niro , Jean Reno နဲ့ Steellan Skarsgard တို့ကို ကျေကျေနပ်နပ် တွေ့ရမှာပါ ...
movie

Ronin (1998)

1998
Munich (2005) 7.5
Munich (2005) Munich (2005)IMDb - 7.5/10_____Rotten - 78%  ပါလက်စတိုင်းမြေကို ဂျူးတွေက သူတို့ဘိုးဘွားတွေပိုင်တဲ့ မြေဆိုပြီး ကျူးကျော်ဝင်ရောက် နေထိုင်တယ် ။ ပါလက်စတိုင်းပြည်သူတွေဟာ သူတို့မြေကို ဖယ်ပေးလိုက်ရပြီး ဒုက္ခသည်စခန်းတွေမှာ လူမသိ သူမသိပဲ ၂၄ နှစ်တိတိ နေလိုက်ရတယ် ။ နှစ်စဉ်နှစ်တိုင်း အစ္စရေးတွေကြောင့် ပါလက်စတိုင်းတွေ သွေးမြေကျတာ ဘယ်သူမှ မသိဘူး ။ သူတို့ရင်ထဲမှာတော့ တစ်နေ့တော့ ပါလက်စတိုင်း နိုင်ငံတော်ကြီးပြန်လည်တည်ဆောက်ကြမယ့် အိပ်မက်တွေ ဆုပ်ကိုင်ထားတယ် ။ ကမ္ဘာကြီးပေါ်က အမေ့အလျော့ခံ ပါလက်စတိုင်းတွေဟာ တစ်နေ့တော့ ဂျာမဏီနိုင်ငံမှာ ကျင်းပနေတဲ့ ၁၉၇၂ အိုလံပစ်ပွဲမှာ အစ္စရေး အားကစားသမားတွေကို ပြန်ပေးဆွဲပြီး သတ်ပစ်လိုက်ကြတယ် ။ လူတွေဟာ ပါလက်စတိုင်း ဒုက္ခသည်တွေကို ဂရုစိုက်မိအောင်ပေါ့ ။ အစ္စရေးအစိုးရဟာ ချက်ချင်းပဲ ဂျူးမျိုးချစ်လူငယ် လူလေးယောက်ကို စေလွှတ်ခဲ့တယ် ။ မြူးနစ်အိုလံပစ်အကြမ်းဖက်မှုရဲ့နောက်ကွယ်က လူ ၁၁ ယောက်ကို တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ဖို့ပေါ့ ။ ဂျူးနဲ့ ...
movie

Munich (2005)

2005