Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michael Garza
DogMan (2023)
dogman ဒီကားကတော့ ပြင်သစ်ဒါရိုက်တာ ရိုက်ကူးထားတဲ့ အက်ရှင်ကားပါပဲ။ နာမည်ထဲက အတိုင်း ခွေးလူသား တစ်ယောက်အကြောင်းပါ။ စူပါဟီးရိုးကားမဟုတ်ပေမဲ့ စိတ်ကူးယဉ်ဆန်ဆန်ပဲ ခွေးတွေက သူတို့ရဲ့သခင်ခိုးသမျှကို အတိအကျနားလည်နေပြီ လူတွေကို တိုက်ခိုက်တာ၊ ပစ္စည်းတွေခိုးတာ လုပ်တတ်နေတာပါ။ ဒီရုပ်ရှင်အတွက် လေ့ကျင့်ထားတဲ့ခွေးအစစ်တွေအများကြီးကိုအသုံးချပြီးရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ဒေါက်ဂလပ်ဆိုတဲ့လူတစ်ယောက်အဖမ်းခံရပြီး သူ့ကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့ စိတ်ဆရာဝန်မ တစ်ယောက်က သူ့ဘဝအကြောင်းကို အင်တာဗြူးတာနဲ့စတင်ထားပါတယ်။ ငယ်ငယ်ကတည်းက အနိုင်ကျင့်တတ်တဲ့အဖေကြောင့် ခွေးတွေနဲ့ ခွေးလှောင်အိမ်ထဲမှာပဲ နေခဲ့ရတဲ့ကလေးဟာ လူတွေထက်ခွေးတွေကို ပိုချစ်တတ်ပြီး ပိုနားလည်လာသလို ခွေးတွေကလည်း သူ့ကို အပြည့်အဝနားလည်လာကြပါတယ်။ ဒေါက်ဂလပ်ရဲ့ ကလေးဘဝကနေ လူကြီးဘဝအထိ ရုန်းကန်လာရပုံတွေ ခွေးတွေကို ဂေဟာဖွင့်ပြီး စောင့်ရှောက်ထားရင်း ပိုက်ဆံမရှိတော့လို့ သူ့ခွေးတွေရဲ့အကူအညီနဲ့ ခိုးရဝှက်ရပုံတွေ၊ လူတွေကိုကူညီရင်းနဲ့ နောက်ဆုံးမှာ လူမိုက်ဂိုဏ်းကြီးတစ်ခုနဲ့ ရင်ဆိုင်ရပုံတွေကို အမေးအဖြေတလှည့် ဇာတ်ကွက်တစ်လှည့်ပြသသွားတာဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်လိုက်ကြပါဦး။File size…(1.6 GB)/(975 ...
movie
DogMan (2023)
6.6
The Hunger Games: Mockingjay – Part 1 (2014)
The Hunger Games: Mockingjay - Part 1 (2014)IMDb Rating (6.6) / Rotten Tomatoes (70%)ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ပါပြီ ။ ကတ်နစ်တစ်ယောက်ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်းက တကယ့်ကိုပဲပြိုင်ပွဲကိုအဆုံးသတ်စေခဲ့ရပါတယ်။ အရာအားလုံးကိုပြန်ပြီးတော့ သတိရနိုးထလာတဲ့အချိန်မှာ သူ့အနားမှာပီတာမရှိတော့ပါဘူး။ သူကိုယ်တိုင်လဲ နယ်မြေ၁၃ရဲ့အရိပ်အောက်မှာခိုလှုံနေရပါပြီ။ ပီတာနဲ့ ဂျိုဟန်နာတို့ကိုကတ်ပီတယ်ကနေခေါ်ဆောင်သွားခြင်းခံရတယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးဆိုတာကို ကတ်နစ်တစ်ယောက်ယူကြုံးမရဖြစ်ခဲ့ရပါတယ်။တော်လှန်ရေးစတင်ဖို့အတွက်ပုံရိပ်တစ်ခုဖြစ်တဲ့မော့ကင်းဂျေနေရာမှာ ကတ်နစ်ကိုပါဝင်အားဖြည့်စေဖို့အတွက်တိုက်တွန်းမှုတွေများစွာလုပ်ခဲ့ရပါတယ်။ နယ်မြေ ၁၂ကိုပြန်လည်သွားရောက်ကြည့်ရှုလိုက်တဲ့အချိန်မှာတော့ ကတ်နစ်ဟာတော်လှန်ရေးထဲကိုပါဝင်တော့မယ်ဆိုပြီး ဖြစ်လာပါတယ်။ ဒါပေမယ့် ပီတာနဲ့တခြားသောအောင်နိုင်သူတွေကိုကယ်တင်ဖို့ကလဲရှိပါသေးတယ်။ဒီအပိုင်း မှာတော့တိုက်ခိုက်မှုနည်းနည်းနဲ့ အခြေအနေကိုသုံးသပ်ပြီးတော့ရိုက်ကူးထားတဲ့အကြောင်းကိုကြည့်ရှုရမှာပါ။ ကတ်နစ်အဲဗားဒင်းနဲ့ ကတ်ပီတယ်ကနေကယ်ထုတ်လာရတဲ့ ပီတာမယ်လာ့ခ်တို့ရဲ့ပြန်လည်တွေ့ဆုံတဲ့အခြေအနေကတော့ တကယ့်ကို စိတ်မကောင်းစရာလို့ပဲဆိုရမှာပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။File size…(3 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC Format…mkv/mp4 Duration….02:02:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Aye Chan Su
movie
The Hunger Games: Mockingjay – Part 1 (2014)
2014
4K HEVC
7.3
Apollo 10½: A Space Age Childhood (2022)
Apollo 10 ½=============== လူသားမျိုးနွယ်ရဲ့ အာကာသခရီးဟာ ၁၉၆၉ခုနှစ် ဇူလိုင်လ ၁၆ရက်က လွှတ်တင်တဲ့ Apollo 11နဲ့အတူအစပျိုးခဲ့ပါတယ်။ လိုက်ပါသွားခဲ့တဲ့ Neil Armstrong နဲ့အဖွဲ့သားတွေဟာ လပေါ်ကို ပထမဆုံးအခြေချနိုင်သူတွေ ဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် အမှန်တကယ် ပထမဆုံး အခြေချနိုင်သူဟာ NeilArmstrong မဟုတ်ဘဲ မူလတန်းကျောင်းသားတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင်…ထိုအချိန်က Huston နယ်မြေမှာ အရာရာတိုင်းက အာကာသနဲ့ပတ်သက်တာတွေချည်း ဖြစ်ခဲ့တာပေါ့။ မူလတန်းကျောင်းသားလေး Stan အပါအဝင် ကလေးတော်တော်များများရဲ့ အိပ်မက်ဟာအာကာသယာဉ်မှူးကြီးဖြစ်ဖို့ပါပဲ။ တစ်နေ့မှာတော့ NASAက လူတချို့ဟာ Stan ကိုခေါ်ပြီးအာကာသယာဉ်ထိန်းခန်းဆောက်လုပ်ရာမှာ တွက်ချက်မှုအမှားလေးတွေကြောင့်သာမန်ထက်အနည်းငယ် သေးငယ်သွားပြီး အဲဒီယာဉ်ကိုမောင်းနှင်ပြီး လပေါ်ကိုသွားဖို့ကလေးတစ်ယောက်ကိုလိုက်ရှာနေတာဖြစ်ကြောင်း ပြောပြပါတယ်။ အဲဒီအကြံကို Stan ကလဲလက်ခံခဲ့ပြီး လပေါ်ကို ခရီးသွားနိုင်ခဲ့ပါတယ်။ အဲဒီပရောဂျက်ဟာ Apollo 10 ½ လို့ခေါ်ပြီး Apollo 11မတိုင်ခင် ဖြစ်ခဲ့တာပေါ့။ သို့သော် ဒီဖြစ်ရပ်ကို ပါးစပ်ပိတ်ထားရတဲ့ ...
movie
Apollo 10½: A Space Age Childhood (2022)
2022
12 Mighty Orphans(2021)
မိဘမဲ့ကလေးတွေကို ဘောင်အပြင်ကလူတွေလို အပယ်ခံတွေအဖြစ်နဲ့ တစ်ဆင့်နှိမ့်ပြီး သတ်မှတ်တတ်ကြပါတယ်။သနားစရာကောင်းရင်ကောင်း၊ မကောင်းရင် ကြောက်စရာကောင်းတယ်လို့ မြင်တတ်ကြပါတယ်။Youtube မှာတွေ့လိုက်တဲ့ အပြေးပြိုင်ပွဲလေးတစ်ခုအကြောင်းကို သွားပြီးသတိရပါတယ်။ ပြိုင်ပွဲဝင်တွေအားလုံးကို တညီတည်းရပ်စေပါတယ်။ မိဘရှိသူကို ခြေတစ်လှမ်းတိုးခိုင်းတယ်။ နေစရာရှိသူကို တစ်လှမ်းတိုးခိုင်းတယ်။ အလုပ်ရှိသူ၊ ဘွဲ့ရသူ စတဲ့ အားသာချက်တစ်ခုတိုင်းအတွက် ခြေလှမ်းတစ်လှမ်းစီရှေ့ကိုခိုင်းပါတယ်။နောက်ဆုံး အားလုံးအတွက် နေရာသတ်မှတ်ပြီးတဲ့ အချိန်မှာ အနောက်ဆုံးက လူတွေဟာ သနားစရာအကောင်းဆုံး (သို့) ကြောက်စရာအကောင်းဆုံးလိုလူတွေပဲ ကျန်ခဲ့ပါတယ်။ဒါပေမဲ့ ဒီပြိုင်ပွဲမှာတော့ သူတို့က တခြားသူတွေလိုပဲပြိုင်ပွဲဝင်ပါပဲ။ အနောက်ဆုံးမှာဆိုပေမဲ့ သူတို့မှာ ဝင်ရောက်ပြိုင်ဆိုင်ခွင့်၊ ပန်းတိုင်ကို အောင်မြင်စွာရောက်နိုင်ခွင့်ရှိနေပါတယ်။တခြားသူတွေက သူတို့ကို အထင်သေးအမြင်သေးဖြစ်နေပေမဲ့ သူတို့ကိုယ်သူတို့ "ငါသည်လည်း ပြိုင်ပွဲဝင်တစ်ယောက်ပဲ" ဆိုတဲ့ လေးစားသမှုလေးဝင်ပြီး ပထမရဖို့ကို အားကုန်ပြေးခဲ့ကြပါတယ်။ လူ့လောကကို အပြေးပြိုင်ပွဲလေးတစ်ခုနဲ့ ဥပမာပြသွားတာ အရမ်းကိုသေသပ်ပါတယ်။ နောက်ဆုံးကနေတာထွက်ရတဲ့သူက ပထမမရဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ။နောက်ဆုံးကနေတာထွက်ရတောင် လောကအလည်မှာ ပထမနေရာဆိုတာကို ရနိုင်တဲ့အကြောင်းကို စွမ်းပကားကြီးတဲ့ မိဘမဲ့ကလေး ၁၂ ယောက်က ဒီဇာတ်ကားမှာ သက်သေပြသွားကြမှာပါ။မိဘမဲ့ဂေဟာမှာရှိတဲ့ ကလေးတွေကို အနှိမ်ခံအပယ်ခံဘဝကနေ ...
movie
12 Mighty Orphans(2021)
2021
6.4
Scary Stories to Tell in the Dark (2019)
မကြာသေးခင်ကမှ ရုံတင်သွားတဲ့ Horror ကား ကောင်းကောင်းလေးပါဗျ။ဇာတ်လမ်းတွေက နာကျင်စေတယ်။ဇာတ်လမ်းတွေက အနာကျက်စေတယ်။ဇာတ်လမ်းတွေက ကျွန်တော်တို့ ဘယ်သူဘယ်ဝါရယ် လို့ ပုံဖော်ပေးတယ်။ခင်ဗျားတို့ရော ကိုယ်ရဲ့ ရှေ့ဖြစ်ဇာတ်လမ်းကို ကြိုသိရပါမယ် ဆိုပါစို့။အကောင်းတွေတော့ မဟုတ်ဘူးနော်။အဆိုးတွေ..... ကံကြမ္မာဆိုးတွေ ဇာတ်လမ်းကတော့ ဒီလိုပါ။ဟောလိုဝင်းနေ့မှာ ကလေးတစ်သိုက်က သရဲခြောက်တဲ့အိမ်ကြီးတစ်အိမ်ကို ရောက်သွားတယ်။အဲဒီအိမ်မှာ ဒဏ္ဍာရီတစ်ခု ရှိတယ်။အဲဒီအိမ်က အမျိုးသမီးရဲ့ဇာတ်လမ်းကို နားထောင်ပြီးတဲ့ကလေးတိုင်းပျောက်ဆုံးသွားလေ့ ရှိတယ်။မမျှော်လင့်ဘဲ အဲဒီအမျိုးသမီးကြီးရဲ့ ဇာတ်လမ်းတွေ ရေးထားတဲ့ စာအုပ်ကို ရခဲ့တယ်။စာအုပ်ထဲမှာ ဇာတ်လမ်းတွေ အလိုလိုပေါ်လာခဲ့တယ်။ပေါ်လာခဲ့တဲ့ ဇာတ်လမ်းတွေကလည်း တကယ်ဖြစ်လာခဲ့တယ်။အဲဒီကံကြမ္မာဆိုးကို သူတို့ ဘယ်လို ရှောင်လွှဲကြမလဲ?????ရှောင်လွှဲဖို့ရော ဖြစ်နိုင်ပါ့မလား?????စာအုပ်ကရော ဘာရာဇဝင်တွေ ရှိနေတာလဲ?????ဇာတ်လမ်းက ကြောက်ဖို့ကောင်းသလို ...
movie
Scary Stories to Tell in the Dark (2019)
2019