Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michael Feast
5.5
The Deaths of Ian Stone (2007)
အီယန်က ကောလိပ်တစ်ခုကကျောင်းသားတစ်ဖြစ်လည်း ကျောင်းကဟော်ကီအသင်းဝင်တစ်ယောက်ဆိုလည်းမမှားပါဘူး။တစ်နေ့ဟော်ကီပွဲအပြီး ချစ်သူကောင်မလေးဖြစ်တဲ့ ဂျန်နီကိုအိမ်ပြန်လိုက်ပို့ပေးပြီးအပြန်လမ်းမှာ တစ္ဆေလိုလို မကောင်းဆိုးဝါးတစ်ကောင်ရဲ့လက်ချက်ကြောင့် အသက်ပါသွားတယ်။အဲ့နောက် အီယန်ဟာ ရုံးခန်းတစ်ခုမှာ ရုံးဝတ်စုံနဲ့ပြန်နိုးလာတယ်။ သူ့ကိုယ်သူလည်းဘာဖြစ်ခဲ့မှန်းမသိဘဲ အခြားလူတစ်ယောက်ပုံစံအဖြစ်နဲ့လည်းပုံမှန်နေ့စဉ်ဘဝလိုနေထိုင်နေတယ်။အဲ့ညနေခင်းမှာပဲ သူဟော်ကီကစားခဲ့တယ်ဆိုတဲ့ တကယ်မရှိခဲ့တဲ့မှတ်ဉာဏ်က တရေးရေးပြန်ပေါ်လာပေမဲ့ ကျောင်းမှတ်တမ်းတွေကိုပြန်ကြည့်လိုက်တဲ့အခါမှာလည်း ဟော်ကီအဖွဲ့ထဲ သူမဝင်ခဲကြောင်းသိလိုက်ရတယ်။ တချိန်တည်းမှာပဲ သူ့ကိုတစ္ဆေသရဲလိုအကောင်တွေက လိုက်ပြီးခြောက်လှန့်နေတဲ့အခါမှာတော့ အီယန်တစ်ယောက် ဘာတွေဖြစ်နေတာလဲ ဘယ်လိုတွေအဖြေရှာမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမဲ့ ဇာတ်ကားဟောင်း ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။( အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ Khant Sett Naing ပါ )File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:27:00 Genre_Horror, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie
The Deaths of Ian Stone (2007)
7.3
Sleepy Hollow (1999)
IMDb Rating (7.3) / Rotten Tomatoes (70%)Sleepy Hollow လို့ပြောရင် သိတဲ့သူနည်းတယ်ဆိုပေမယ့် ခေါင်းပြတ်နေတဲ့မြင်းစီးသရဲကြီးက ခေါင်းလိုက်ဖြတ်တဲ့ကားလေ လို့ပြောရင် တော်တော်များများသိထား ကြည့်ဖူးပြီးသားဖြစ်ကြမှာပါ။ဟုတ်ပါတယ် ဒီဇာတ်ကား က ၁၉၉၉ ကရိုက်ခဲ့တဲ့ မင်းသားကြီး Johnny Depp ရဲ့ ဇာတ်ကားပါ။ Stephen King တို့နဲ့ပြိုင်နာမည်ကြီးတဲ့ စာရေးဆရာ Washington Irving ရဲ့ဝတ္တုကို ခပ်ဆန်းဆန်းပုံစံတွေနဲ့ တင်ဆက်တတ်တဲ့ နာမည်ကြီး ဒါရိုက်တာ Tim Burton ကရိုက်ကူးထားတာဖြစ်ပါတယ်။ကျိုးကြောင်းဆင်ခြင်တတ်ပြီး ယုတ္တိကျကျ အတွေးရှိလို့ ခေတ်နောက်ပြန်ဆွဲနေတဲ့ အထက်လူကြီးတွေက ရာထူးအနိမ့်ဆုံးထိချထားခြင်းခံရတဲ့ ရဲသားကရိန်း(Johnny Depp) တစ်ယောက် Sleepy Hollow ဆိုတဲ့ရွာငယ်လေးက လေးလောင်းပြိုင်ခေါင်းဖြတ်သတ်မှုတွေ အကြောင်းကို ဖိအားပေး စုံစမ်းဖို့စေလွတ်ခြင်းခံရပါတယ်။ယုတ္တိကျတာကိုပဲ ယုံတတ်တဲ့ရဲသားကရိန်းတစ်ယောက် သဘာဝလွန်ဖြစ်ရပ်များနဲ့ကြုံတွေ့လာတဲ့အခါ သူ့ရဲ့ငယ်ဘဝအတိတ်ဆိုးတွေကြောင့် ဖြစ်နေတဲ့ အကြောက်လွန်ရောဂါကိုဘယ်လိုကျော်လွှားပြီး သဘာဝလွန်အမှုတစ်ခုကို သိပ္ပံပညာနဲ့ပေါင်းစပ်ပြီး ...
movie
Sleepy Hollow (1999)
4K HEVCHDR
6.9
Velvet Goldmine (1998)
မင်းသားကြီး Christian Bale ငယ်စဉ်ကသရုပ်ဆောင်ထားတဲ့ 1998 ခုနှစ်က ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Glam-rock အဆိုတော် ဘရိုင်ယန်စလိတ်ဒ်ဟာ စင်ပေါ်မှာဖျော်ဖြေနေတုန်း သေနတ်အပစ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နောက်နေ့ကျမှ သေနတ်ပစ်ခံရတာဟာ သရုပ်ဆောင်တာသာဖြစ်ကြောင်း၊ စတန့်ပြကွက်တစ်ခုသာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီပြကွက်နောက်ပိုင်း ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေခံရ၊ ရောင်းအားတွေလည်းကျဆင်းပြီး စလိတ်ဒ်တစ်ယောက် ဘယ်ရောက်သွားမှန်းမသိအောင်ကို အစပျောက်သွားခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်အပြီး ၁၀ နှစ်အကြာမှာ အမေရိကန်သတင်းဌာနတစ်ခုကနေ အဆိုတော် ဘရိုင်ယန်စလိတ်ဒ်ဘာဖြစ်သွားလဲ၊ ဘယ်ရောက်နေလဲဆိုတာ စုံစမ်းခိုင်းဖို့ သတင်းထောက် အာသာကို လွှတ်လိုက်ပါတယ်။ သတင်းထောက်အာသာဟာ ငယ်စဉ်တုန်းက အဲဒီအဆိုတော် ဘရိုင်ယန်စလိတ်ဒ်ကို အရူးအမူးအားပေးခဲ့သူပဲဖြစ်ပါတယ်။ ဘရိုင်ယန်စလိတ်ဒ်ရဲ့ လိင်တူနှစ်သက်မှုကို ပွင့်လင်းမြင်သာစွာ ဖွင့်ဟထားမှုတွေ၊ ထုံးတမ်းကိုဆန့်ကျင်တဲ့ ဝတ်စားဆင်ယင်မှုတွေက အာသာအနေနဲ့ သူ့ရဲ့စိတ်ဆန္ဒတွေကို ဖွင့်လှစ်ပြဖို့ အားတက်စေခဲ့တဲ့အရာတွေ ဖြစ်ခဲ့တာပါ။ စလိတ်ဒ်သေနတ်ပစ်ခံရပုံဟန်ဆောင်ပြတဲ့ ဖျော်ဖြေပွဲညတုန်းက ပွဲထဲမှာ အာသာပါရှိနေခဲ့တာပါ။ အခုအခါမှာတော့ သူတစ်ချိန်ကအရူးအမူးကြိုက်ခဲ့တဲ့ အဆိုတော်အကြောင်း ...
movie
Velvet Goldmine (1998)