Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michael Eklund
6.2
Poker Night (2014)
Breaking Bad ထဲမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ GiancarloEsposito တို့ ဇာတ်ကြမ်းမင်းသားကြီး Ron Perlman တို့အပြင် တခြားသောဂန္တဝင်မင်းသားကြီးတွေပါဝင် သရုပ်ဆောင်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Old But Goldဇာတ်ကားဟောင်းလေးတစ်ကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Poker Night ဖြစ်ပြီး IMDbRating 6.2 အထိရရှိခဲ့တဲ့ မှုခင်းသည်းထိပ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။လူရယ်လို့ ဖြစ်လာရင် ဉာဏ်ပညာနဲ့ လွန်မှရတဲ့ အသိဆိုတာလူတိုင်းမှာရှိစမြဲပါပဲ။ဉာဏ်ပညာဆိုတဲ့အရာမှာ အတွေ့အကြုံကနေရလာတဲ့ ဉာဏ်ပညာတွေက ပြဿနာတစ်ခုခု ကြုံလာရရင်ကိုယ့်ကိုချက်ချင်း မကူညီပေးနိုင်ပဲနဲ့ နောက်တစ်ခါကျရင် အဲ့လိုထပ်မဖြစ်အောင် ကူညီပေးနိုင်လောက်တဲ့အထိပဲစွမ်းဆောင်ပေးနိုင်ပါတယ်။ထိုနည်းတူ လွန်မှရတဲ့ အသိဆိုတာကလည်းကိုယ်တစ်ခုခု အမှားလုပ်မိလိုက်တော့မှ သိလာရတဲ့အသိမျိုးဖြစ်တဲ့အတွက် ကိုယ့်အတွက်ကတော့ အရမ်းကြီးအရေးမပါလှပါဘူး။ဒါပေမယ့်ရဲတွေ စုံထောက်တွေရဲ့လုပ်ငန်းခွင်မှာတော့ အဲ့ဒီဉာဏ်ပညာနဲ့ လွန်မှရတဲ့အသိဆိုတာမျိုးက ကိုယ့်နောက်ကရောက်လာတဲ့နောင်လာနောက်သားလူသစ်တွေအတွက်ကတော့ အရမ်းအရေးကြီးလွန်းပါတယ်။အဲ့လို ကိုယ့်အတွေ့အကြုံတွေကို မျှဝေမှပဲလူသစ်တွေကကိုယ်မှားခဲ့တဲ့ အမှားတွေထပ်မဖြစ်တော့ပဲနဲ့ မှုခင်းတွေကို အန္တရာယ်ကင်းကင်း ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။အဲ့ဒီလိုမျိုး ကိုယ်ဖြစ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွေကိုပြန်လည်မျှဝေဖို့အတွက်ဇာတ်ကားနာမည်အတိုင်း ပိုကာကစားတဲ့ညတစ်ည သတ်မှတ်ထားကြပြီး အဲ့ဒီညမှာအကြမ်းဆုံးရဲတွေစုစည်းပြီး ကိုယ်ကြုံတွေ့ခဲ့ရတဲ့ ဇာတ်လမ်းတွေကိုလူသစ်လေးတွေကိုပြောပြကြပါတယ်။ဒီတစ်ခါမှာတော့ လူသစ်လေးကစတန်လို့ ...
movie
Poker Night (2014)
5.6
The Package (2018)
ကဲ Netflix ရဲ့ နောက်ထပ် ရုပ်ရှင်တစ်ခုကိုထပ်တင်ပေးလိုက်ပါပြီနော်...ဒီရုပ်ရှင်ကားကလဲ 18+ ပါပဲ18+ ပေမယ့် ဟာသ ကားလေးမို့ အတော်ရယ်ရပါတယ်လိင်အင်္ဂါပုံတွေ ထင်ထင်ရှားရှားပြသပြီးသွေးထွက်သံယိုတွေ နဲ့ ညစ်ညမ်းစကားလုံးတွေပါတဲ့အတွက် မိသားစု နှင့် အတူမကြည့်သင့်ပါရုပ်ရှင် ရဲ့ ပုံစံကတော့ မိမနိုင် ဖမနိုင်လက်မြောက်ထားရတဲ့ ယောင်္ကျားလေး ၃ ယောက်မိန်းကလေး ၂ ယောက် ကျောင်းသား လူငယ်အုပ်စုဟာအားလပ်ရက် အပန်းဖြေရန် တောအုပ်တစ်ခုထဲသို့ခရီးထွက်ခဲ့ပါတယ်...စုံတွဲ တစ်ခုကတော့ Ex တွေဖြစ်ပြီး မတည့်လို့လမ်းခွဲလိုက်ကြတာ ဖြစ်ပြီး နောက်တစ်ယောက်ကတော့FA ကောင်ပါ ....နောက်ထပ် ကောင်လေး နဲ့ ကောင်မလေး ကတော့အမွှာတွေ ဖြစ်ပြီး အမွှာအကိုက ညီမဖြစ်သူကိုFA ကောင် သူငယ်ချင်းနဲ့ အတင်းပေးစားဖို့ကြံစဉ်နေသူပဲဖြစ်ပါတယ်..ဒီခရီးစဉ်မှာ သူ့ ညီမကို ဘွတ်ဖို့ သူငယ်ချင်းဖြစ်သူကိုအတင်းစည်းရုံးခဲ့ပါတယ်...:Pဒီလိုနဲ့ စိတ်ဆိုးပြီး ကွဲနေတဲ့ Ex အတွဲလဲ ပြန်အဆင်ပြေစပြုအမွှာညီမ ကို FA ကောင်က ချိန်နေတာ အောင်မြင်ခါနီးအကို ဖြစ်သူက မူးမူးရူးရူး နဲ့ ရှုးသွားပေါက်ပါတယ်...ရူးပေါက်နေရင်း သူ့အိတ်ဆောင် ဓါးမြောင်လေး နဲ့သေးတန်း ကို လိုက်ဖြတ်ပြီး ဆော့ကစားနေရင်းမတော်တဆ ငယ်ပါ ကို ဖြတ်မိသွားပါလေရော :3အဲ့ဒီမှာတင်ပဲ အားလုံး အရေးကြီးကိစ္စတွေနောက်ထားပြီးငယ်ပါ ပြတ်သွားသူ ရဲ့ ဖွားဖက်တော် လေးကိုညကြီး မှောင်မှောင်မှာ စမ်းတဝါးဝါး ...
movie
The Package (2018)
2018
5.1
Hunt to Kill (2010)
တစ်ခေတ်တစ်ခါက အက်ရှင်ဇာတ်ကြမ်းကားတွေထဲမှာအလွန်နာမည်ကြီးခဲ့တဲ့ မင်းသားဟောင်းကြီး Steve Austin ရဲ့2010 တုန်းကထွက်ရှိခဲ့တဲ့ Hunt To Kill ဆိုတဲ့ အက်ရှင်ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.1 ရရှိထားပြီး Rotten Tomatoes မှာ 34%သာရရှိထားပေမဲ့ ဇာတ်ကားကသူ့ခေတ်သူ့အခါအတိုင်းအတာနဲ့အထိုက်အလျောက်တော့ကြည့်ကောင်းပါတယ်။ဂျင်မ်ဆိုတဲ့လူတစ်ယောက်က ရဲတပ်ဖွဲ့ကဖြစ်ပြီးလုပ်ငန်းခွင်အတွင်းဖြစ်ရပ်ဆိုးတစ်ခုကြောင့် သူ့ တွဲဖက်ဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့အခါမှာ သမီးဖြစ်သူနဲ့အတူပြန် အနားယူနေခဲ့ပါတယ်။သမီးဖြစ်သူကလည်း လူငယ်ပီပီပြဿနာ မီးခွက်ထွန်းရှာတဲ့အခါမှာတော့ ရဲစခန်းရောက်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့ သမီးဖြစ်သူကိုပြန်လိုက်ရွေးဖို့လိုက်သွားခဲ့တဲ့အခါမှာတော့ ရဲစခန်းမှာထိတ်လန့်စရာမြင်ကွင်းကိုမြင်လိုက်ရပါတော့တယ်။အဲ့ဒါကတော့လူဆိုးတစ်သိုက်က ရဲစခန်းကိုဝင်စီးထားတဲ့မြင်ကွင်းပါပဲ။သမီးဖြစ်သူက လူဆိုးတွေကြားမှာရှိနေပြီးတော့ရဲမှူးကလည်း အသတ်ခံလိုက်ရပါတယ်။နောက်မှသိလာရတာကအဲ့ဒီလူဆိုးတွေက ဘဏ်ဓားပြတိုက်တဲ့လူတွေဖြစ်ပြီး ပိုက်ဆံတွေအကုန်ယူပြီး ထွက်ပြေးသွားတဲ့ သူတို့ထဲကလူတစ်ယောက်ကိုလိုက်ရင်းနဲ့ ဒီကိုရောက်လာတာပါပဲ။နေရာမှားကို အချိန်မှားရောက်သွားခဲ့တဲ့ ဂျင်မ်တို့သားအဖသူတို့ လက်ကနေလွတ်မြောက်နိုင်ဖို့အတွက် အဲ့ဒီလူကိုရှာဖို့ ကူညီပေးရပါတော့တယ်။ဒီလိုနဲ့ သူတို့သားအဖနဲ့ လူဆိုးတစ်သိုက်တောထဲမှာ ထွက်ပြေးသွားတဲ့လူကိုလိုက်ရှာရင်းဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး ဘာတွေဖြစ်ကြမယ်ဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…2.07GB / 1.14GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 38m Genre ….. Action , Thriller Subtitle….Myanmar Subtitle ...
movie
Hunt to Kill (2010)
The Marine 3: Homefront (2013)
The Marine 3: Homefront - Reviewဇာတ်ကာကတော့ နပန်းအကျော်အမော် John Cena ရောဇာတ်ကားရော အရမ်းကို လူကြိုက်များသွားခဲ့တဲ့ The Marine ရဲ့အဆက်ထဲက ၃ ကားမြောက်ပါ။မရိန်းတပ်သားတစ်ယောက် အိမ်ကိုခဏအပြန်မှာကြုံလိုက်ရတဲ့ အဖြစ်အပျက်ကို ကြည့်ရမှာ ဆိုပါတော့။ ဇာတ်လမ်းက အက်ရှင်ကားတော်တော်များများလိုပဲ အရမ်းကြီးဆန်းပြားမနေပါဘူး။ဒါပေမယ့် အကြမ်းအရမ််း အက်ရှင်ကားအနေနဲ့ ကြည့်ဖို့ကတော့Entertaining ဖြစ်ပါတယ်။IMDb တွေ Rotten Tomato တွေ သိချင်ရင်တော့ 4.8/10 နဲ့ 34% ပါတဲ့။Rating တွေက သိပ်မဟုတ်လှပေမယ့် အက်ရှင်ကားအနေနဲ့ကတော့ ကြည့်ပျော်ပါတယ်။ ကြည့်ပျော်စရာလေးတွေ ထပ်ပြောရရင် ရှေ့က The Marine လိုပဲ ဒီဇာတ်ကားမှာလည်း နပန်းချန်ပီယံက သရုပ်ဆောင်ထားတာပါပဲ။ ကြိုးဝိုင်းထဲမှာလည်း Mike The Miz လို့ သိကြတဲ့ မင်းသားက သရုပ်ဆောင်ထားတာပါ။ သူက The Marine ဇာတ်ကား ...
movie
The Marine 3: Homefront (2013)
7.6
Watchmen (2009)
ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စူပါဟီးရိုးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ Watchmen ကို ဘာသာပြန်၊ ကွာလတီ အကုန်စိတ်ကြိုက်ပြင်ပြီး ပြန်တင်ပေးထားပါပြီ။ Watchmen ဟာ Version ၃ မျိုးရှိပြီး ခုတင်ဆက်လိုက်တဲ့ Ultimate Cut ကတော့ အရှည်ဆုံး Cut ဖြစ်တဲ့ ၃ နာရီ ၃၅ မိနစ်ကျော်ကြာမြင့်တဲ့ Version ဖြစ်တာမလို့ အပြည့်စုံဆုံး Version ပါပဲ။Watchmen ရုပ်ရှင်ဟာ နောက်ပိုင်း မာဗယ်နဲ့ဒီစီနှစ်ခုလုံးမှာထွက်နေတဲ့ပေါ့ပေါ့ပါးပါးနဲ့ ဘဝအမောပြေစေတဲ့ကားမျိုးမဟုတ်လို့ စူပါဟီးရိုးရုပ်ရှင် မှောင်မှောင်လေးကြိုက်သူတွေကြည့်သင့်ပါတယ်။ Watchmen ဆိုတဲ့နာမည်ဟာ ရောမစာရေးဆရာ ဂျဗီနယ် ၁ ရာစုလောက်မှာ ရေးသားခဲ့တဲ့ နာမည်ကြီး လက်တင်ကဗျာထဲကနေ ဆင်းသက်လာတာပါ။noui consilia et ueteres quaecumque monetis amici, "pone seram, cohibe". sed quis custodiet ipsos custodesငါ့မိတ်ဆွေတွေ အမြဲပြောနေတဲ့ စည်းကမ်းထိန်းသိမ်းရေး၊ မိန်းမတွေကို စည်းကမ်းတင်းကြပ်ထားဆိုတာ၊ ဒီကင်းသမားတွေကို ဘယ်သူကင်းပြန်စောင့်မလဲ ဆိုတဲ့ ကဗျာပါ။ ရောမခေတ်ရဲ့ အမျိုးသမီးဖိနှိပ်မှုတွေကိုထောက်ပြထားတာဖြစ်ပြီး အာဏာပိုင်တွေကို ဘယ်သူက ထိန်းကျောင်းမလဲဆိုပြီး ...
movie
Watchmen (2009)
2009
4K HEVC
5.8
The Divide (2011)
2011 ခုနှစ်ထွက် Science-Fiction ကားတစ်ကား တင်ဆက်ပေးပါရစေ။အမေရိကန်နိုင်ငံကို နျူကလီးယားဗုံးကျဲအပြီးမှာ အသက်ရှင်ကျန်ရစ်သူတွေဟာတိုက်ခန်းမြေအောက်ထပ်မှာ စုပြုံနေကြပါတယ်။ နျူကလီးယားလက်နက်အစွမ်းကြောင့် ဓာတုအဆိပ်သင့်မှုမပြီးမချင်း မြေအောက်ခန်းမှာပဲအလုံပိတ်နေကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲဒီအချိန်မှာ ဇာတ်လမ်းစပါပြီ။ လူဆိုတာကတော့ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့အတိုင်းအရေးကြုံလာရင် တစ်ကိုယ်ကောင်းဆန်တာတွေ ကတုံးပေါ်ထိပ်ကွက်တာတွေလုပ်ချင်ကြစမြဲပါပဲ။ အစားအစာခွဲတမ်းတွေ၊ ရေခွဲတမ်းတွေစတာတွေနဲ့အချင်းချင်းစမန်ခုတ်ကြနဲ့ အချင်းချင်း သံသယတိုးပွားလာမှုတွေအပြင်ပြင်ပကရန်ပြုသူတွေပါ ထပ်ရောက်လာတဲ့အခါ...။ ပြင်ပရန်သူကိုတိုက်ထုတ်ဖို့နေနေသာသာ မိမိတို့အဖွဲ့ထဲမှာတင် စိတ်ဝမ်းကွဲနေပါရော။မြေအောက်ခန်းထဲမှာ သူတို့ဘယ်လောက်ကြာကြာဆက်နေနိုင်မလဲ၊ရန်သူတွေကိုရော ဘယ်လိုရင်ဆိုင်မလဲ၊ ပြင်ပကိုရော အန္တရာယ်ကင်းစွာထွက်လာနိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှူလိုက်ပါဦးနော်။ File size…2.43GB/ 765MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Drama , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JANE
movie
The Divide (2011)
5.2
The Day (2011)
The Day (2011)သွေးသံတရဲရဲနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အတိုက်အခိုက် ဇာတ်ကားမျိုး Zombie ဇာတ်ကားမျိုး သဘောကျတဲ့ ရုပ်ရှင်ချစ်သူတို့အတွက် The Day (2011) ဇာတ်ကားလေးကို ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ဒီကားလေးက အဖြူအမည်းနဲ့ production budget လျှော့ချပြီး ရိုက်ထားပေမဲ့ Cartlonian Film Festival မှာ Best Motion Picture award အတွက် စံကာတင် အရွေးခံခဲ့ရတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကတော့ တစ်ကမ္ဘာလုံး ကပ်ဘေးကျရောက်ပြီး လူမကျ ဇွန်ဘီးမကျတဲ့ လူသားစား အကောင်တွေရဲ့ လိုက်လံ သတ်ဖြတ် စားသုံးခြင်းကို ခံနေရတဲ့ ခေတ်ကာလကြီးဖြစ်ပါတယ်။အဲ့ကာလမှာ လူ ၅ ယောက်တစ်စုဟာ ထွက်ပြေးတိမ်းရှောင်ရင်း အိမ်တစ်အိမ်မှာ အခြေချကာ သွေးဆာနေတဲ့ လူသားစားအကောင်တွေကို လက်ကျန်ကျည်ဆန်လေးနဲ့ ရင်ဆိုင် တိုက်ခိုက်ရတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလှည့်ကွက်လေးတွေလည်း ပါတာမလို့ စိတ်ဝင်စားဖို့ကောင်းပြီး ရိုက်ချက်တွေကလည်း မိုက်တာမလို့ ...
movie
The Day (2011)
2011
3.8
Detective Knight: Rogue (2022)
Detective Knight: Rogue (2022) ======================Halloween ရာသီမှာ ဇာတ်လမ်းတွေနဲ့ Chill ကြမယ့် ရုပ်ရှင်ပရိသတ်တွေ အတွက် မင်းသားကြီး Bruce Willis ရဲ့ စုံထောက်ရုပ်ရှင်အသစ်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။လော့အိန်ဂျယ်လိစ် မြို့မှာ ပိုက်ဆံတွေတင်လာတဲ့ ထရပ်ကားကို အဖွဲ့တစ်ဖွဲ့က ဓားပြဝင်တိုက်ပါတော့တယ်။ စုံထောက် နိုက်တ်နဲ့ သူ့တွဲဖက် ဖစ်ဇ် တို့လည်း ဓားပြတွေကို ဖမ်းဆီးဖို့ ကြိုးစားရင်း၊ ဖစ်ဇ်တစ်ယောက် သေနတ်အပစ်ခံရပြီး အရေးပေါ်ကိုရောက်သွားပါတော့တယ်။နိုက်တ်လည်း အဆိုပါအဖွဲ့ကို လိုက်ဖမ်းဖို့ ရေကုန်ရေခမ်းကြိုးစားပါတော့တယ်။ သို့သော် ထိုအဖွဲ့က မြို့တွေ တစ်မြို့ပြီး တစ်မြို့သွားပြီး ဓားပြတိုက်နေသလို ခြေရာလက်ရာဖျောက်တဲ့နေရာမှာလည်း သေသပ်တာမို့ ဖမ်းလို့မမိဖြစ်နေပါ တော့တယ်။ နိုက်တ်လည်း ထိုအဖွဲ့ကို နယူးယော့ခ်မြို့မှာ ခြေရာခံမိရင်း အတိတ်က ပတ်သက်ခဲ့ဖူးတဲ့ သတင်းပေး ဝင်းနာ ဆိုတဲ့လူနဲ့ ပြန်လည်တွေ့ဆုံရာကနေ ဘယ်လိုမျိုး အလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာကို အက်ရှင်ခန်းတွေနဲ့ ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ နိုက်တ်အနေနဲ့ သရုပ်ဆောင်ထားတာကတော့ အားလုံးရဲ့အချစ်တော် မင်းသားကြီး Bruce Willis ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)File Size..........(1.68 ...
movie
Detective Knight: Rogue (2022)
2022
6.8
The Imaginarium of Doctor Parnassus (2009)
The Imaginarium of Doctor Parnassus (2009) ~ The Last Of Heath Ledger ~ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအဆုံးမှာ " A Film From Heath Ledger and Friends " လို့ ရေးထိုးထားပါတယ်။ အတော်၀မ်းနည်းစရာကောင်းတဲ့ စာကြောင်းပါပဲ။"Heath Ledger, Johnny Depp, Jude Law, Colin Farell, Christopher Plummer, Andrew Garfield" ဒီရုပ်ရှင်လောက် နာမည်ကြီး ထိပ်တန်း cast တွေစုနေတဲ့ ရုပ်ရှင်မရှိလောက်ဘူးလို့ ပြောရမယ်။ ဒီလိုလူတွေကို တစ်စုတစ်စည်းထဲမြင်ရတာ ၀မ်းသာစရာကောင်းလားပြောရရင်လည်း ဘာကြောင့် ဒီလိုဖြစ်သွားလဲဆိုတဲ့အချက်က အတော် ၀မ်းနည်းစရာကောင်းပါတယ်။ အကြောင်းရင်းကတော့ ဒီရုပ်ရှင်ရိုက်ကူးနေရင်း တန်းလန်းမှာပဲ Heath Ledger ဟာ အဆုံးမဲ့လွင်ပြင်တစ်ခုဆီ ပျံသန်းထွက်ခွာသွားခဲ့လို့ပါပဲ။ Heath မရှိတော့တဲ့နောက် သူ့သူငယ်ချင်းတွေက ...
movie
The Imaginarium of Doctor Parnassus (2009)
2009
4.9
Welcome to Sudden Death 2020
အညွှန်း ဘတ်စကတ်ဘောကွင်းကို အကြမ်းဖက်သမား အုပ်စုတစ်ခုက ဝင်စီးပြီး ဝင်ပေါက်တိုင်းမှာ ဗုံးထောင်ပြီး ငွေညှစ်ပါတယ်။ အဲဒီ ကွင်းမှာ လုံခြုံရေးလုပ်နေတဲ့ ဂျက်ဆီက မရင်းတပ်သားဟောင်း ဖြစ်တဲ့အတွက် အကြမ်းဖက်သမားတွေနဲ့ ရင်ဆိုင်ဖူးတဲ့ အတွေ့အကြုံ ရှိတဲ့လူပါ။ အခု ဒီကစားပွဲကို သူ့ကလေးနှစ်ယောက်နဲ့အတူ လာကြည့်တဲ့အခေါက်ကျမှ တိုက်တိုက်ဆိုင်ဆိုင် အကြမ်းဖက်ရန်နဲ့ လာတွေ့ကြုံရတဲ့အခါ ဖခင်တာဝန်ကျေပွန်အောင်ဖို့အပြင် လူတွေရဲ့ အသက်ကိုကယ်ဖို့ ကြိုးစားရပါတော့တယ်။Welcome to sudden death (2020) ဟာ Die Hard (1988) ရဲ့ အငွေ့အသက်တွေ ပြန်လည်ခံစားရမယ့် အက်ရှင်ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size… 1Gb Quality… Bluray 1080p Format…mp4 Duration….01:21:00 Genre ... Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Translated by Htet Wai Lwin Encoded by Littleneo
movie
Welcome to Sudden Death 2020
6.0
88 Minutes (2007)
88 Minutes (2007)==============IMDb Rating - 6.0/10#Unicode2007 ကထွက်ခဲ့ပြီး . Rating အများစုရရှိထားတဲ့ Crime, Drama, Mystery ဇာတ်ကားလေးပါ။ဒီကားက ဇာတ်စ ဇာတ်လယ် ဇာတ်ဆုံး ထိ ကြည့်နေတဲ့သူကို ဆွဲခေါ်သွားနိုင်တဲ့ကားမျိုးပါ။ တကယ်လို့လူသတ်သမားက ၈၈ မိနစ် အသက်ရှင်ဖို့ပေးထားမယ်ဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ဂျွန်ဖော်စတာက စိတ္တဇလူသတ်သမား။ သူ့ကိုထောင်ချလိုက်တာက စိတ်ရောဂါကုမှုခင်းဆရာဝန် ဂျက်။ဂျက်က နေ့ဘက်ဆို ဆရာဝန်၊ ညဘက်မှာ party ပေးပြီး ကဲတဲ့သူ။ ဂျက်မှာ ၈၈ မိနစ်ဘဲ အသက်ရှင်မယ်ဆိုပြီးခြိမ်းခြောက်ဖုန်းခေါ်ဆိုမှုခံရတယ်။ ဂျက်မှာလဲ အတိတ်ဟောင်းရှိခဲ့တယ်။ အတိတ်ဟောင်းနဲ့ ၈၈မိနစ်က ဘယ်လိုပတ်သတ်နေလဲ။ ဂျွန်ဖော်စတာက ဂျက်အတိတ်ဟောင်းကိုပြန်တူးဆွပြီး လူသတ်မှုတွေကိုထောင်ထဲကနေ ထပ်ဖန်တီးတယ်။ သူထောင်ကျလျက်နဲ့ လူသတ်မှုဖြစ်ရင် သူ အပြစ်လွတ်မှာမို့လို့။ ဂျွန်ကဘယ်လိုမျိုး လူတွေထပ်သတ်တာလဲ။ ဂျက်ကကော အမှုမှန်ပေါ်အောင်လုပ်နိုင်မှာလားဆိုတာ စိတ်ဝင်တစားကြည့်ရမှာပါ။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Z ...
movie
88 Minutes (2007)
2007
6.5
Cold Pursuit (2019)
ဒီတစ်ခေါက်တော့CMပရိသတ်ကြီးအတွက် လတ်တလောထွက်ရှိလာတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်က Cold Pursuit (2019)ပါ။နာမည်ကျော်မင်းသားကြီး Liam Neeson ကအဓိကခေါင်းဆောင်မင်းသားအနေနဲ့ သရုပ်ဆောင်ထားပါတယ်။Drama Thriller Actionကားလေးတစ်ကားဖြစ်တဲ့ ဒီကားလေးကတော့Imdb Rating 6.4/10 Rotten Tomatoes 69%ရရှိထားတာမလို့စိတ်ဝင်စားစရာအက်ရှင်ကားလေးတွေကိုမျှော်လင့်နေတဲ့ပရိသတ်ကြီးအဖို့ အကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းအကျဉ်းလေးကိုလဲပြောပြချင်ပါသေးတယ်။နဲလ် ကော့စ်မန်းဆိုတဲ့ လူကြီးက ချစ်မြတ်နိုးရတဲ့ ဇနီးသည်ရယ်သားတစ်ယောက်ရယ်နဲ့ ဘဝကို လမ်းတွေပေါ်က နှင်းရှင်းပေးတဲ့ အလုပ်ကိုလုပ်ရင်းအေးဆေးစွာနေထိုင်လာခဲ့သူပါ။ကီးဟိုးမြို့ရဲ ့တစ်နှစ်တာ စံပြနိုင်ငံသားဆုပါရရှိခဲ့တဲ့အထိ အေးချမ်းစွာအများအကျိုးဆောင်ရင်းနေလာခဲ့ပေမယ့်တစ်နေ့မှာ ဂြိုဟ်ဆိုးဝင်လာပါတော့တယ်။သူ့သားလေး အသတ်ခံလိုက်ရတာပါပဲ။ဆေးစစ်ချက်အရ ဆေးလွန်ပြီးသေတယ်လို့ပြောကြပေမယ့်သားဖြစ်သူမူးယစ်ဆေးမစွဲတာ သူအသိဆုံးပါ။သူ့သာသေဆုံးမှူနောက်ကွယ်က ဖြစ်ရပ်တွေကိုလိုက်စုံစမ်းရင်းသူဘာတွေသိလာခဲ့ရသလဲ?သားဖြစ်သူကို ဘယ်သူကဘာ့ကြောင့်သတ်လိုက်တာလဲ?သူကရော ဘယ်လိုအကွက်ချကာ လက်စားချေမလဲ?ဆိုတဲ့မေးခွန်းတွေနဲ့ စိတ်လှုပ်ရှားစွာ အဆုံးထိ မပျင်းမရိကြည့်ရှုရမယ့်ဇာတ်ကားလေးပါ။ဇာတ်လမ်းကောင်းလေးတွေကိုမျှော်လင့်နေတဲ့ CMပရိတ်သတ်ကြီးအတွက်ဒီကားလေးက အကြိုက်တွေ့စေမှာအမှှန်ပါပဲ...File Size : (974 MB) & ( 355 MB)Quality : 1080p HC HDRIPRunning Time : 1 hr 59 minFormat ...
movie
Cold Pursuit (2019)
2019
6.7
The Call (2013)
The Call (2013)IMDb - 6.7/10_____Rotten - 44% 2013 ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb Rating မှာ 6.7 ရရှိထားတဲ့ The Call ဆိုတဲ့ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်... အရေးပေါ်ဖုန်းခေါ်စင်တာ မှာ အလုပ်လုပ်တဲ့ ဝါရင့်အော်ပဗေရေ တာ ဂျော်ဒန်ဟာ သူမရဲ့ နေ့စဉ်အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်..အကြမ်းဖက်မှုတွေ အန္တရာယ်ဖြစ်မှုတွေကို ဖုန်းခိုးနားထောင်ရင်းနဲ့ ကယ်တင်လေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်.... တစ်နေ့မှာတော့ အမျိုးသမီးငယ်တစ်ဦးပြန်ပေးဆွဲခံလိုက်ရတဲ့အချိန်မှာ သူမကယ်တင်နိုင်ခဲ့တဲ့အတွက် အရမ်းကိုယူကြုံးမရဖြစ်ခဲ့ပါတယ် ဒီလိုနဲ့သူဟာ ဖိအားများများနဲ့ အလုပ်တွေကိုပိုမိုကြိုးစားတဲ့အပြင်ကွင်းဆင်းလေ့လာပြီး ကူညီဖို့ပါပြင်ဆင်ပါတော့တယ်...ပြန်ပေးဆွဲသူဆီက ဖုန်းဝင်လာတဲ့အခါမှာတော့ ဂျော်ဒန်တစ်ယောက်အရင်တုန်းကသူမ တစ်ခါမှမလုပ်ဖူး..တာဝန်မယူဖူး ခဲ့တဲ့ အလုပ်တွေကို လုပ်ပြီးကောင်မလေး ကို ကယ်တင်ဖို့ကြိုးစားပါတော့တယ်.. ဒီဇာတ်ကားကို Blu-Ray720p ကို ဖိုင်ဆိုဒ်အသေးဖြင့်တင်ဆက်ထားပြီး ကြည်ကြည်လင်လင် ကြည့်ရှုခံစားရမှာဖြစ်ပါတယ် Filesize : 505 MB Quality : Blu-Ray Rip 720p Format : mkv Duration : 1:34:00 Subtitle : Myanmar Subtitle ( Hardsub ) Encoder : LK
movie
The Call (2013)
2013