Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michael Cram
7.1
Tommy Boy (1995)
တွမ်မီ..လူလေးတွမ်မီလို့ ချစ်စနိုးခေါ်တဲ့ ဝတုတ်လေးတစ်ယောက်ရှိပါတယ်။ဘယ်နေရာမှာမှ မထူးချွန်ပေမယ့် လူချစ်လူခင်တော့ ပေါရှာသူပေါ့။ကောလိပ်ကို ၇နှစ်လောက်တက်ပြီးခါမှ ကပ်သီးလေးနဲ့ အောင်ပြီး အဖေရှိရာဆီ ပြန်ခဲ့ချိန်မှာတော့ အဖေဟာ သူ့အတွက် စပရိုက်ကြီး ၂ခုကို စီစဉ်ထားခဲ့ပါတယ်။တစ်ခုကတော့ ဖခင်ရဲ့ကားလုပ်ငန်းစက်ရုံမှာ ရုံးခန်းတစ်ခုပေးပြီး ရာထူးပေးတာဖြစ်ပြီး နောက်တစ်ခုကတော့ .... အဲ့လို စပရိုက်စ်အကြီးစားကြီး ၂ခုပေးပြီး တစ်ခုကို မပြီးပြတ်ခင်မှာပဲအဖေဟာ ဆုံးပါးသွားပါတယ်။ လူလေးတွမ်မီ ဘယ်လိုရှေ့ဆက်မလဲ File size… 2.6 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Comedy/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Z
movie
Tommy Boy (1995)
7.5
Miss Sloane (2016)
Miss Sloane (2016)အယ်လီဇဘတ် ဆလွန်းဟာ အောင်မြင်တဲ့မဲဆွယ်သူတစ်ယောက်ဖြစ်ပြီးတော့ သူရဲ့အလုပ်ပေါ်အရမ်းရူးသွပ်တဲ့သူဖြစ်ပါတယ်။ စိတ်ဓါတ်မာကြောပြီး ကိုယ့်ရဲ့အောင်မြင်မှုအတွက်ဆို ဘယ်သူ့ကိုမှမငဲ့ညှာတတ်တာကြောင့် နိုင်ငံရေးနယ်ပယ်မှာ သူ့ကိုမုန်းတီးနေသူတွေလည်းအများကြီးပါပဲ။အမေရိကမှာ သေနတ်ပစ်ခတ်မှုတွေအမြဲဖြစ်ပျက်နေပြီး နစ်နာသူအများစုက ဆယ်ကျော်သက်လူငယ်တွေ၊ ကလေးသူငယ်တွေပါပဲ။ ဒါကိုရပ်တန့်ဖို့အတွက်ဆိုရင် အမေရိကမှာ သေနတ်တွေကို အလွယ်တကူဝယ်ယူနိုင်တာကို ထိန်းချုပ်ဖို့လိုအပ်တယ်လို့ လူအများစုကထင်မြင်ကြပါတယ်။ အဲဒါကြောင့် သေနတ်ရောင်းတဲ့အခါ ဝယ်သူရဲ့ နောက်ခံအချက်အလက်ကိုစီစစ်ပြီး မှတ်တမ်းတင်ထားဖို့ ဥပဒေတစ်ခု လွှတ်တော်ကိုတင်သွင်းခဲ့ပါတယ်။ ဆလွန်းဟာ အဲဒီဥပဒေအတွက်မဲဆွယ်သူအဖြစ်တာဝန်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဥပဒေကိုဆန့်ကျင်တဲ့သူတွေက ဆလွန်းရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုပါသုံးပြီး ဆလွန်းကိုတိုက်ခိုက်လာကြပါတော့တယ်။ထက်မြက်ပြီး ဉာဏ်ကောင်းတဲ့ ဆလွန်းက ဒီပြဿနာတွေကို ဘယ်လိုလှည့်ကွက်တွေနဲ့ ကိုင်တွယ်ဖြေရှင်းမလဲဆိုတာကြည့်ရှုရမှာပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Yee Wai ပါ။)File Size : 1.8GB, 675MB, 382MB Quality :1080p Blu-ray AAC ...
movie
Miss Sloane (2016)
2016
6.6
To Catch a Killer (2023)
To Catch a Killer (2023)ဒီရုပ်ရှင်ကတော့ အခု ၇၆ ကြိမ်မြောက် Cannes ရုပ်ရှင်ပွဲတော်မှာ ဒိုင်တစ်ဦးအဖြစ်ပါဝင်သွားမယ့် Damián Szifron ရဲ့ ပထမဆုံးအင်္ဂလိပ်စကားပြော ရုပ်ရှင်ပါ။နှစ်သစ်ကူးည ဘော်လ်တီမောမြို့မှာ တစ်မြို့လုံးကလူတွေ ပျော်ပါးကခုန်နေကြတုန်း ဘယ်ကမှန်းမသိတဲ့ ကျည်ဆန်တွေကြောင့် လူတွေအစုအပြုံလိုက် အသက်ဆုံးရှုံးသွားတယ်။ ဒီလို အစုလိုက်အပြုံလိုက်လူသတ်မှုအတွက် စုံစမ်းစစ်ဆေးဖို့ စုံထောက်ကြီး လမာ့ခ်က တာဝန်ပေးခံရတယ်။အယ်လနောကတော့ သာမန်ရဲတပ်သား။မူးယစ်ဆေးသုံးစွဲမှုကြောင့် FBI ကပယ်ချခံထားရပေမယ့် လမာ့ခ်က သူ့ရဲ့ပါရမီကိုမြင်တာကြောင့် လူယုံတော်အဖြစ် သူ့ဘေးမှာထားပြီး ဒီအမှုကို အတူဖော်ထုတ်ကြတယ်။သေနတ်သမားကလည်း တကယ့်ဆရာကြီး။ တစ်ယောက်ကို တစ်ချက်တည်းအပြတ်ပစ်သွားတာ။ ဘာသဲလွန်စမှ မချန်ဘူး။ လူမျိုးဘာသာမရွေးသုံးဆောင်နိုင်တဲ့ အာလူးကြော်လိုပဲ တန်းတူညီမျှအကုန် ပစ်သတ်သွားတယ်။အဲဒီတော့ ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတဲ့အကြောင်းကိုလည်းမသိ။ ဘယ်သူမှန်းလဲမသိ။တစ်ယောက်တည်းလှုပ်ရှားသလား အဖွဲ့လိုက်လှုပ်ရှားသလားဆိုတာကိုလည်းမသိ။မသိတာတွေချည်းစုံနေတဲ့အချိန်မှ ပစ်ခတ်မှုတစ်ခု ကုန်တိုက်မှာထပ်ဖြစ်သွားတယ်။လက်သည်ကတော့ တစ်ယောက်တည်းပဲ။သေနတ်သမားကလည်း ခြေရာဖျောက်ကောင်းတဲ့လူ။ ကုန်တိုက်မှာလည်း လူတွေအများကြီးကိုသတ်ပြီး လွတ်သွားပြန်တယ်။ဒီလောက်တောင်လုပ်တာ မမိရကောင်းလားဆိုပြီး စုံထောက်လမာ့ခ်ကော အယ်လနောကော အဖြုတ်ခံလိုက်ရပါလေကော။ ...
movie
To Catch a Killer (2023)
2023
6.7
Defendor (2009)
Defendor (2009)~ IMDb - 6.7/10, Rotten Tomatoes - 75% ~နေ့ခင်းဘက်မှာ ဆောက်လုပ်ရေးသမား... ညဘက်ကျတော့ စူပါဟီးရိုး...အာသာပေါ်ပင်တန်ဟာ ရုပ်ပြတွေထဲက စူပါဟီးရိုးတွေကိုသိပ်အားကျတဲ့လူတစ်ယောက်ပါ။ ဒါကြောင့်လည်း သူဟာ သူ့နည်းသူ့ဟန်နဲ့ စေတနာ့ဝန်ထမ်းစူပါဟီးရိုး Defendor အဖြစ် အသွင်ယူပြီး ညဘက်မှာဒုစရိုက်သမားတွေကို ပရဟိတ နှိမ်နင်းပါတော့တယ်။ ရုပ်ရှင်တွေရုပ်ပြတွေထဲက စူပါဟီးရိုးတွေဖြစ်တဲ့ ဘတ်မန်းတို့ အိုင်းရွန်းမန်းတို့က သာမန်လူတစ်ယောက်အနေနဲ့ဆိုရင် ဘီလျံနာသူဌေးကြီးတွေဖြစ်ပေမယ့် အာသာကတော့ နေစရာအိမ်တောင်မရှိတဲ့ စူပါဟီးရိုးတစ်ယောက်ပါ။သူ့မှာ ရိုးသားမှု ကြင်နာမှု နဲ့ စူပါဟီးရိုးဖြစ်ချင်စိတ်ပဲရှိပါတယ်။ ဇာတ်လမ်းအစမှာ မင်းသားခံရတယ်ဆိုတဲ့အတိုင်း အာသာကတော့ ဇာတ်လမ်းစစ ဆုံးဆုံး သူချည်းခံနေရတဲ့ စူပါဟီးရိုးပါ။တစ်နေ့မှာတော့ ကတ်ဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီး သူလိုက်ရှာနေခဲ့တဲ့ ဗီလိန်ကြီးဟာ မြို့ရဲ့မူးယစ်ရာဇာကြီးမှန်းသိလိုက်ရတဲ့အခါမှာတော့ သူကိုယ်တိုင်ရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ရယ်လည်းရယ်ရ သနားစရာလည်းကောင်းတဲ့အပြင် အာသာရဲ့ လူသားဆန်မှုနဲ့ အလွဲတွေကို ဟာသနှောပြီးရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ပါတဲ့သူတွေကလည်း ကိုယ်တွေမစိမ်းတဲ့ မင်းသားကြီး Woody Harrelson ...
movie
Defendor (2009)
2009
6.4
Every Day (2018)
Every Day (2018) IMDb - 6.4/10_____Rotten - 63% မိုးလင်းတိုင်း ဘဝအသစ်တစ်ခုမှာ လူအသစ်တစ်ယောက်လိုနေ့တိုင်းနိုးထလာရတဲ့ .... နေ့တိုင်းနေ့တိုင်းဘဝအသစ်တစ်ခုမှာရှင်သန်ရင်း သူ့ကိုယ်တိုင်ဖြစ်တည်မှုကိုတောင် မေ့လျော့လုဆဲဆဲအချိန်မှာပဲ သူဝင်ရောက်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင် ဂျပ်စတင် ရဲ့ချစ်သူ ရီအန်နွန်နဲ့ တွေ့ဆုံလာခဲ့ရတဲ့အခါ... နေ့တိုင်းခန္ဓာကိုယ်ပြောင်းလဲနေပေမယ့် မပြောင်းလဲတဲ့ သူ့အချစ်စိတ်ကို ရီအန်နွန် သိအောင်ဘယ်လိုထုတ်ပြမလဲ? ရီအန်နွန်ကရောဘယ်လိုတံုံ့ပြန်မှာလဲ? ဘာတွေဆက်ဖြစ်မှာလဲ? ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ကားလေးတစ်ကားပါ။ အားမလို အားမရမှုတွေ၊ကြည်နူးမှုတွေ စိတ်ခံစားချက်မျိုးစုံကိုခံစားရင်း အဆုံးထိဆွဲခေါ်ပေးသွားနိုင်တဲ့ကားလေးတစ်ကားဆိုလဲ မမှားပါဘူး။ ရိုးရိုးဇာတ်အိမ်တွေထဲကဖောက်ထွက်ထားတဲ့ ဒီကားသစ်လေးကတော့ Everyday (2018)ပါ။ Dramanကားကောင်းလေးတွေကြိုက်တဲ့CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ မအေးမွန်ကျော် ပါ) File Size : (800 MB) Quality : WEB-DL 720p Running Time : 1hr 37min Format : Mp4 Genre : Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-FGT Translated by Aye Mon ...
movie
Every Day (2018)
2018